From:The Voice Weekly
မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ပူတာအိုမြို့နယ် လုံရှာရန် ကျေးရွာတွင် ကျောင်းသားများ အပါအဝင် ဒေသခံ ၂၂ ဦးကို ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တပ်ရင်း ၇ မှ ဖမ်းဆီး သွားကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ်ပြောကြား သည်။
ကေအိုင်အေမှ ဗိုလ်ကြီး လခန် နှင့် ဗိုလ်ကြီး ဇော်လှိုင်တို့ ဦးစီးသော တပ်အင်အား ၃၀ ခန့်သည် အောက်တိုဘာ ၂၃ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် လာရောက် ဖမ်းဆီးခြင်း ဖြစ်ပြီး ဖမ်းဆီး သွားသည့် ဒေသခံ ၂၂ ဦးတွင် ဒသမတန်း ကျောင်းသား ၂ ဦး ၊ နဝမတန်း ကျောင်းသား ၃ ဦးနှင့် အဌမတန်း ကျောင်းသား ၁ ဦး ပါဝင်နေကြောင်း ၄င်းတို့က ရှင်းပြသည်။
(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________________

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။