Oct 26, 2012

မြစ်ဆုံစီမံကိန်းမှ တရုတ်ကုမ္မဏီ လက်ကျန်ပစ္စည်းများသိမ်း၍ ပြန်တော့မည်ဖြစ်သော်လည်း ကေအိုင်အေက တံတားများချိုးထားပြီး ပြန်ဆောက်ခွင့်မပေးသည့်အတွက် မပြန်နိုင်သေး

From:7daynews
 ဧရာဝတီမြစ်ဆုံစီမံကိန်းမှCPI(ChinaPowerInvestment)ကုမ္ပဏီက ပြန်ရန်အတွက် နောက်ဆုံးကျန်ရှိသော စက်ပစ္စည်းများကို သိမ်းဆည်းနေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက
 ပြောကြားသည်။ “အခုပြန်ဖို့ နောက်ဆုံးအသုတ်ပစ္စည်းတွေ သိမ်းနေပြီ၊ ပစ္စည်းတွေသိမ်းပြီး ပြန်ကြတော့မယ်”ဟု ဦးအောင်မင်းက အောက်တိုဘာ ၂၁ ရက်တွင် ပြောသည်။ စက်ပစ္စည်းများ သယ်ယူရန် မြန်မာအစိုးရက ခွင့်ပြုပြီးဖြစ်သော်လည်း ကေအိုင်အေနယ်မြေအတွင်းရှိ ခုနစ်ရောင်ခြယ်တံတားကျိုးနေပြီး၊ ကေအိုင်အေက တံတားပြန်ဆောက်ရန် ခွင့်မပြုသည့်အတွက် သယ်မရသေးကြောင်း CPI ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ မစ္စတာ Xia Zhong က သြဂုတ်လကုန်ပိုင်းက ဘေဂျင်းမြို့ရှိ ၎င်းတို့၏ရုံး၌ 7Day News နှင့်တွေ့ဆုံစဉ် ဖြေကြားခဲ့သည်။

(မောင်ကျောက်ခဲ အဖွဲ့)
___________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ