Oct 22, 2012

ပြည်သူလူထုအတွင်း ဖြစ်ပျက်နေသည့် တကယ့်အခြေအနေကို သမ္မတနှင့်အစိုးရဖွဲ့ မျက်ခြေမပြတ် စောင့်ကြည့်နေသည်

ပြည်သူလူထုအတွင်းအောက်ခြေက ဖြစ်ပျက်နေသည့် တကယ့်အခြေအနေကို သိပါသလားဟု ပြည်မြန်မာဂျာနယ် မှ မေးမြန်းချက် အား သမ္မတကြီး ဦးသိန်းစိန်မှ အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ် ။



ခင်ဗျား ရန်တွေ့တာတော့ မဟုတ်ပါဘူးနော်။ အခြေအနေမှန်ကို သိပါရဲ့လားဆိုတော့ သိသင့်သိထိုက်တဲ့ဟာတွေ လည်း ကျွန်တော်တို့ သိပါတယ်။ မသိတာတွေလည်း ရှိမှာပါ။ ဒါကို အမှန်အကန်အတိုင်း ကျွန်တော်တို့ ပြောရတာ ဖြစ်ပါတယ်။ စောစောက ခုနလို လာဘ်ပေးလာဘ်ယူမှုတွေ၊ ခြစားမှုတွေ ဒါတွေက အစိုးရအဖွဲ့အတွင်းတင် ရှိတာ မဟုတ်ပါဘူး။ ကျန်တဲ့အဖွဲ့တွေမှာလည်း ရှိပါတယ်။ ဒါတွေက ကျန်တဲ့ ဒီ အလွှာတွေမှာလည်း ရှိနေတာဖြစ်ပါတယ်။ ဒါတွေက ချက်ချင်းလက်ငင်း အာလာဒင် အုံဖွပြီးစေ ဆိုပြီးတော့ ဒီလိုကျွန်တော်တို့ လုပ်လို့ မရပါဘူး။ မန်းမှုတ် ပြီးတော့ လုပ်လို့ မရပါဘူး။ အချိန်ယူပြီးတော့ ပြင်ရမှာဖြစ်ပါတယ်။ အချိန်ယူပြင်ရတဲ့ အပိုင်းမှာ ပထမပိုင်းက ခုနကလို အသိပညာပိုင်းတွေ ပေးရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ခုနကလို စားဝတ်နေရေးအပိုင်းတွေ အဆင်ပြေအောင် လုပ်ပေးရမှာဖြစ်ပါတယ်။ အဲဒီတော့ စားဝတ်နေရေးအဆင်မပြေပဲနဲ့ ကျွန်တော်တို့ စကားပုံရှိ ပါတယ်။ အူမ မတောင့်ပဲနဲ့ သီလမစောင့်နိုင်ဘူး ဆိုတာရှိပါတယ်။ အဲဒီတော့ စားဝတ်နေရေးတွေ ဒါတွေ ကျွန်တော်တို့ အဆင်ပြေအောင် လုပ်ပေးရမှာပါ။ တစ်ခါစားဝတ်နေရေးတွေ အဆင်ပြေအောင် လုပ်ပေးဖို့အတွက် တိုင်းပြည်က စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လိုပါတယ်။ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဒါတွေက ကျွန်တော်တို့ လုပ်ရပါမယ်။ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတဲ့ အမျှ လူတွေက စားနိုင်တယ် ဝတ်နိုင်တယ် နေနိုင်တယ် ခုန လို ဘယ်သူ့ကိုမှ ခုနကလို ကျွန်တော်တို့ ဘယ်သူ့ဆီကမှ လက်ဖြန့်ပြီးတော့ တောင်းနေစရာ မလိုဘူးဆိုရင် စောစော က ဒါတွေကလည်း တဖြည်းဖြည်းနဲ့ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ အဲဒါ ချက်ချင်းတော့ ပပျောက်အောင် လုပ်ဖို့က ကျွန်တော်တင် မဟုတ်ပါဘူး လုပ်နိုင်တဲ့လူဆိုရင်လည်း ကျွန်တော်တို့ လာပြီးတော့ လုပ်စေချင်ပါတယ်။ မရနိုင်သေး ပါဘူး။ ဒါပကတိအမှန်တရားပဲဖြစ်ပါတယ်။ နောက်တစ်ခုက မြေယာတွေသိမ်းတယ် ပြုတယ် ဘာညာ ဒီကိစ္စတွေကတာ့ ကျွန်တော်ပြောရဲပါတယ် ကျွန်တော်တို့ အစိုးရလက်ထက်မှာ မြေတစ်ကွက်မှ ကျွန်တော်တို့ သိမ်းတာ မရှိ ပါဘူး။ ဒါအရင်တုန်းက ပြဿနာပါ။ အဲဒီတော့ ဒီပြဿနာတွေ ဖြေရှင်းဖို့အတွက်ကလည်း ကျွန်တော်တို့မှာ မခက် ပါဘူး။ ဥပဒေတွေရှိပါတယ်။ ခုနကလို ဥပဒေရှိပါတယ်။ အဲဒီတော့ သိမ်းတဲ့သူရယ် အသိမ်းခံရတဲ့သူရယ် ဥပဒေရယ် တရားရုံးရယ် အဲဒီတော့ ဒီလေးယောက်ဖြေရှင်းလိုက်လိုရှိရင် အဲဒီပြဿနာက ပြေလည်သွားမှာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ဒီကနေ့ ထုတ်ပြန်ထားတဲ့ ဥပဒေ လယ်ယာမြေဥပဒေဆိုတာလည်း ရှိပြီးဖြစ်ပါ တယ်။ နည်းဥပဒေတွေလည်း ထွက်ပြီးဖြစ်ပါတယ်။ မြေလွတ်မြေရိုင်း ဥပဒေတွေလည်း ရှိပြီးဖြစ်ပါတယ်။ အဲဒီတော့ ဒီပြဿနာကို ဘယ်သူရှင်းရမလဲဆိုတော့ တိုင်တဲ့လူရယ် အတိုင်ခံရတဲ့လူရယ် နောက်တစ်ခါ ဥပဒေရယ် တရားရုံး ရယ် အဲဒီတော့ ဒီလေးယောက် မျက်နှာချင်းဆိုင်ရှင်းလိုက်တဲ့အခါ ပြီးသွားမှာပါ ခုနကလို။ ကဲ ဒီအတိုင်းပဲ ကျွန်တော် ဒီလောက်ပဲဖြေပါရစေ။

(မောင်ကျောက်ခဲ အဖွဲ့)
_______________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဟဟဟဟဟ
ပုံကရေရေလည်လည်ထိတယ်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ