Oct 25, 2012

လမ်းပြင်တဲ့ လမ်းကြိတ်စက်တောင် ချောက်ထဲကျတဲ့ ဘားအံ-က္ကောကရိတ်-မြဝတီလမ်း

From:နဒီမြင့်မိုရ်[မြဝတီ]

 ဘားအံ-ကော့ကရိတ်-မြဝတီလမ်း အပိုင်းကို တာဝန်ယူဆောင်ရွက်နေသော လမ်း  တတာံးတာဝန်ခံများမှလမ်း မကြီး ၏ပျက်စီးနေမှူများအား လမ်းခင်းကျောက် များခင်း ခြင်း ။ ကတ္တရာလောင်း ခြင်း ဆောင်ရွက်မှူများပြုလုပ်နေစဉ် အောက်တိုဘာ ၁၇ ရက်က လမ်းကြိတ်စက်မှာ လမ်းချိုင့်ခွက်ကြီးများအား ရှောင်ရာမှမြောင်း ထဲသို၌ ထိုးကျခဲ့ခြင်းဖြစ်သည်၊။

လမ်းပြင်ရင်းမြောင်းထဲထိုးကျတဲ့ လမ်းကြိတ်စက်
အဆိုပါလမ်းအပိုင်းတွင်လမ်း မှာ ကောင်းမွန်ခြင်းမရှိဘဲ ယခင်ကဆိုလျှင် ကားများချိုင့်ခွက်ထဲကျ၍ ကားလေးများကျိုးပျက် စီးပြီး ကားလမ်းခရီးမှာလည်း ခနခန ပိတ်ဆို့ခဲ့ရသည်၊ ယင်းချိုင့်ခွက်များအား ရှောင် ကွင်းမောင်းနင်ရာမှ ကားများလမ်း ဘေး မြောင်းထဲသို၌ ထိုးကျခဲ့ရသော ကား များလည်း ယခုတိုင်ရှိနေဆဲဖြစ်သည် ။ မန္တလေး-နေပြည်တော်-ရန်ကုန်ကားလမ်း ။ ဘားအံ-မော်လမြိုင်-ရန်ကုန် ကား လမ်းအပိုင်းကို တာဝန်ယူသော လမ်း- တံတားတာဝန်ခံတွေက ပြုပြင်ထိန်းသိမ်း မှူကောင်းမွန်ခြင်းကြောင့် လမ်းမှာ ညီညာ ချောမွေ့လျက်ရှိရာ ခရီးသွားမော်တော် ယာဉ်များ ကောင်းမွန်ချောမွေ့စွာမောင်း နှင်သွားလာရသည်မှာ စိတ်ချမ်းမြေ့စရာ ကောင်းလှသည်၊

ထို့အတူ ဘားအံကော့ကရိတ် မြဝတီလမ်းအပိုင်းကို လည်း လမ်း-တံတားတာဝန်ခံများမှ ကောင်းမွန်စွာ ထိန်းသိမ်းပြုပြင်လျှင် ခရီးသွားပြည်သူများမှာ စိတ်ချမ်းမြေ့စွာဖြင့် အချိန်နှောင့်နှေးမှုမရှိပဲ မော်တော်ယာဉ် များမောင်းနှင်သွားလာနိုင်မည်ဖြစ်သည်။ ယခုတော့ လမ်းတွင် အန္တရာယ်ကင်းဝေးရေးနှင့် ယာဉ်ပိတ်ဆို့များ မဖြစ်ရန် စိုးရွံ့စွာဖြင့် ရတက်မအေးနိုင်ဘဲရှိရသည်၊။ ဘားအံ-ကော့ကရိတ်-မြဝတီလမ်းမကြီးအမြန်ဆုံး ကောင်းမွန်လာစေရန်လမ်းများကိုလည်း ပြုပြင်ရန်လိုအပ်သေး၍ ခရီးသွားပြည်သူများ ရတက်မအေးနိုင်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်၊

(မောင်ကျောက်ခဲ အဖွဲ့)
____________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ိ်မြန်မြန်ပြင်ရင်အကောင်းဆုံးပါ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ