Oct 27, 2012

ကမ္ဘာ့ဘဏ် သန်း ၈၀ အကူအညီ တိုက်ပွဲများဖြစ်နေသော ကချင်ဒေသမပါ

 ကမ္ဘာ့ဘဏ် သန်း ၈၀ အကူအညီ အပစ်ရပ်ဒေသများ အတွက်သာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်မှ ဆောင်ရွက်မည့် ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ (Community Driven Development – CDD) သည် အပစ်အခတ် ရပ်စဲထားသည့် ဒေသများ အတွက်သာ ပါဝင်ကြောင်း ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စတာ ခန်သန်ရှန်ကာ (Kanthan Shankar) က ပြောသည်။


ကျနော်တို့ဟာ စီးပွားရေး အဖွဲ့အစည်း ဖြစ်တဲ့ အတွက် နိုင်ငံရေးမှာ ပါမှာမဟုတ်ပါဘူး။ ဘာလုပ် မလဲဆိုတော့ CDD လိုမျိုး အစီအစဉ်တွေကို အပစ် ရပ်ထားတဲ့နေရာတွေမှာ လုပ်ပါမယ်။ အဲဒီဒေသက ပြည်သူတွေက ရွေးချယ်ရပါလိမ့်မယ်။ CDD နဲ့တော့တူမယ်။ ဒါပေမယ့် အဲဒီအစီအစဉ်လုပ်ဖို့ အပစ်အခတ် ရပ်စဲထားတဲ့နေရာ ဖြစ်ရပါမယ်” ဟု မစ္စတာ ခန်သန်ရှန်ကာက မြန်မာနိုင်ငံမှ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ်ပြောခဲ့သည်။ မြန်မာနိုင်ငံအတွက် ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ရန်ပုံငွေ ဒေါ်လာ သန်း ၈၀ သတ်မှတ်ထားပြီး ယင်းလုပ်ငန်းများကို ၂၀၁၃ တွင် စတင်နိုင်ရန်မျှော်လင့်ထားသည်။ စီမံကိန်းများကို မည်သည့် ပုံစံဖြင့် ဖော်ဆောင်မည်ဟူသော စီမံကိန်းအစီအစဉ်ကို နိုဝင်ဘာလတွင် ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့က ဆုံးဖြတ်ချက် ချတော့မည် ဖြစ်သည်။ ကမ္ဘာ့ဘဏ်က ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုင်တွယ် အကောင် အထည်ဖော်ရန် မြန်မာအစိုးရ၏ ကျေးလက်ဖွံ့ဖြိုးရေးဌာနကို ရွေးချယ်ထားပြီး ရန်ပုံငွေများသည် ယင်းဌာနမှတဆင့် စီးဆင်းမည်ဖြစ်သည်။


အစိုးရ စီမံမည်ဖြစ်သောကြောင့် အရပ်ဖက်လူ့အဖွဲ့အစည်းများက ပွင့်လင်းမြင်သာမှုရှိရေးနှင့် ခြစားမူ ကင်းစင်ရေးအတွက် သံသယရှိသော်လည်း ကမ္ဘာ့ဘဏ်၏ လမ်းညွန်ချက်နှင့်အညီ လုပ်ကိုင်ရမည်ဖြစ်ပြီး ယင်းနည်းလမ်းသည် အာဖဂန်နစ္စတန်၊ အရှေ့တီမော၊ အင်ဒို ကဲ့သို့သော နိုင်ငံများတွင် အလုပ်ဖြစ်ခဲ့သဖြင့် မြန်မာပြည်တွင်လည်း အသုံးတည့်မည်ဖြစ်ကြောင်း မစ္စတာ ခန်သန်ရှန်ကာက ပြောသည်။

 ကမ္ဘာ့ဘဏ်၏ CDD အစီအစဉ်သည် ပဋိပက္ခဖြစ်ပွားသည့် နိုင်ငံများတွင် အလျင်အမြန် နာလန်ထနိုင်ရန်အတွက် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပြီး လမ်းဖောက်၊ တံတားဆောက်၊ ရေကန်တူးခြင်းကဲ့သို့သော ဒေါ်လာ ၂ သောင်း ပတ်ဝန်းကျင် ကုန်ကျမည့် အသေးစား စီမံကိန်းများဖြစ်ကြောင်း၊ တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ ဆင်းရဲမွဲတေပြီး အစိုးရအထောက်အပံ့ ပြတ်လပ်နေသည့် မြို့နယ် ၁၅ ခုတွင် အကောင်အထည် ဖော်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့အပေါ် တင်နေသည့်အကြွေးများကို၂၀၁၃အမီ ပေးဆပ်ရမည် ဖြစ်ပြီး ကြွေးဟောင်းများကင်းပါက ကြွေးသစ်များ ချေးယူနိုင်မည်ဖြစ်သည်။ ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံ အကြွေးများ ဆပ်ပြီးပါက စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်မီးကဏ္ဍနှင့် အများပြည်သူအတွက် ကြီးမားစွာအကျိုးရှိမည့် ကဏ္ဍများတွင် ၀င်ရောက်မြှုပ်နှံလိုသည်ဟု မစ္စတာ ခန်သန်ရှန်ကာက ပြောသည်။

(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ