Oct 23, 2012

ရင်းနှီးမြှုပ်နှံတယ် ဆိုတာ ဒီနိုင်ငံကို ချစ်လွန်းလို့ လာတာမဟုတ်ပါဘူးဆိုတာကို သိပါတယ်လို့အစချီပြီး သမ္မတကြီးဖြေကြားခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်နှင့် ပတ်သက်ပြီး Xinhua(ဆင်ဟွာ) သတင်းဌာန၏ မေးမြန်းချက်

From:မှူးဇော်
                                         [ သမ္မတကြီး၏ ဖြေကြားချက် ]
အဲတော့ ခက်တာက ရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း ထွက်လာရင်တော့လည်း ကျွန်တော်တို့ ဒါအသေးစိတ် ပါလာမယ်နော် အဓိက ကတော့ ခင်ဗျားပဲ ဖြစ်ဖြစ် ကျွန်တော် ပဲ ဖြစ်ဖြစ်ပေါ့ဗျာ ငွေထုတ်ကြီးပိုက်ပြီးတော့ ကျွန်တော်တို့ သွားပြီးတော့ နိုင်ငံ တစ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှာ အဲတော့ ငွေထုတ်ကြီးပိုက်ပြီးတော့ ရင်းနှီးမြှုပ်နှံတယ် ဆိုတာ ဒီနိုင်ငံကို ချစ်လွန်းလို့ လာတာမဟုတ်ပါဘူး။ သူ့အကျိုးကိုယ့်အကျိုးလဲ သူက ကြည့်ရတာပါ။ နောက် ဒီနိုင်ငံအကျိုးလဲ ပါတာပေါ့။ သူ့အကျိုးလဲ သူကြည့်ရတယ်။ အဲတော့ ငွေထုတ်ကြီး ပိုက်ပြီးတော့ သူများနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ လာတဲ့လူက ဒါသူ့ သဘာဝပဲ။ ဘာစဉ်းစားနေမလဲ။

 တစ်အချက်က ငါတို့ကို ဘာအကာအကွယ်ပေးမလဲ။ ဘာတွေ အကာအကွယ်ပေးထားသလဲ။
 နှစ် အချက်က ငါတို့ကို ဘာတွေများ ခုနကလို ဆွဲဆောင်မှူ ပေးထားသလဲ။ အဓိကက ဒီနှစ်ချက်ပါပဲ။ အဲတော့ ဒီရင်းနှီးမြှုပ်နှံမဲ့သူတွေကို အကာအကွယ် ပေးမဲ့ ဟာတွေက ကျွန်တော်တို့ ဒါ နိုင်ငံတော်တော်များများနဲ့ ကျွန်တော် တို့ ဒါ လေ့လာပြီးတော့မှ ရေးဆွဲထားတာ ဖြစ်ပါတယ်။ အခု အိန္ဒယရဲ့ ဒီရင်းနှီးမြှုပ်နှံမှု ဥပဒေလဲ ကျွန်တော်တို့ ကြည့်ပါမယ်။ နောက်တစ်ခါ တရုတ်၊ နောက် ဒီဘက်က ကျွန်တော်တို့ ထိုင်း၊ နောက်တစ်ခါ မလေးရှား၊ နောက်တစ်ခါ စင်ကာပူ စသည်ဖြင့် နိုင်ငံ ခြောက်နိုင်ငံလောက် ရှိပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့ အာဆီယံနိုင်ငံတွေ အဲတော့ အာဆီယံ နိုင်ငံတွေက နောင်ကျရင် ၂၀၁၅ တို့ ဘာတို့ နောက်ပိုင်းကျလို့ရှိရင် ဒါ အာဆီယံ ပေါင်းစည်းရေး တို့ဘာတို့ ဆိုတာ ဒါတွေလည်း ကျွန်တော်တို့ ဖြစ်လာပါမယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဒီအခွန်ကောက်ခံ စီက ပြန်လို့ ကွဲပြားခြားနားမှုတွေ ကျွန်တော်တို့ ဟုတ်လား ဒီများပြားနေလို့ ကြီးမားနေလို့ ကျွန်တော်တို့ မရပါဘူး။ အဲတော့ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကျွန်တော်တို့ ဒါရေးဆွဲထားတာ ဖြစ်တယ်။ အဲတော့ ဒီထဲမှာ ခုနကလို လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံမဲ့ လူတွေကို အကာအကွယ် ပေးထားတဲ့ ဥပဒေတွေ ကျွန်တော်တို့ ပါပါတယ်နော်။ နောက်တစ်ခါ ရင်းနှီးမြှုပ်နှံမဲ့ လူတွေကို ခုနကလို ဆွဲဆောင်နိုင်တယ်နော် ဒီလိုဟာမျိုးတွေ ဥပဒေမျိုးတွေ ကျွန်တော်တို့ဒါ ထည့်သွင်းထားပါတယ်။

(မောင်ကျောက်ခဲ အဖွဲ့)
____________________________________________________________________ 
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ