Feb 16, 2012

စိုင်းစိုင်း ၊စန္ဒီနှင့် ယုန်လေး တို့ဆွဲဖွင့်လိုက်သောယဉ်ကျေးမှူတံခါးများ

မြန်မာဟစ်ဟော့ဂီတလောကတွင် စိုင်းစိုင်းခမ်းလှိုင်နှင့်ယုန်လေးတို့ ၏ အနုပညာများကို
လူငယ်များသာမက လူလတ်ပိုင်းများပါ အရူးအမူး စွဲလန်းကြသည်။လူငယ်တို့ ၏ စံ အဖြစ်ပင်
သတ်မှတ်လောက်အောင် ချွန်ထွက်သော အနုပညာရှင်များ ဖြစ်လာကြပါသည်။
သို့သော် ပွင့်လင်းမြင်သာမှူနှင့် ယခင်အစိုးရ၏ ပိတ်ပင်မှူတို့ကို ရုတ်တရက်ဖွင့်ချလာသောအခါ
စပိန်ရိန်တစ်ခုကို ဖိထားသည်မှ ရုတ်တရက် လွှတ်လိုက်ကဲ့သို့ ဗြုန်းခနဲ ခုန်ထွက်လာကြပါသည်။
ဤသို့လူငယ်များ၏ စံ အနုပညာရှင်များ၏ အပြုအမူသည် လူငယ်ပတ်ဝန်းကျင်ကို လွှမ်းမိုးမူရှိ
ခြင်းကြောင့် အနုပညာ၏ အစွမ်းကို အလွယ်သုံးစား လုပ်၍ မရပါ...။
ယခု အခါ အနုပညာသမားများ၏ ပြည်သူကိုထုတ်ပြသော ဝတ်စားဆင်ယင်မူများကလည်း မြန်
မာ မျက်စိဖြင့် မသင့်တော်သော ဒီဇိုင်းများဝတ်ဆင်ခြင်းနှင့်လွှမ်းမိုးလာကြပါသည်..။
မော်ဒယ်များ၏ SEXY ပုံများ ဗီဒီယိုများသည် အင်တာနက်စာမျက်နှာနှင့် +18 ဟုခေါ်သော ကာမဆိုင်ရာ အပြာဆိုဒ်များတွင် ထိုသို့ဝတ်ဆင်သော အနုပညာရှင်များ၏ ပုံများက နေရာပြည့်လျှက်ရှိသည်။အချို့မော်ဒယ်များကလည်း တမင်ပင် ထိုသို့ဝတ်ဆင်ကာ ဓါတ်ပုံအရိုက်ခံသည်။ စပွန်ဆာ ရှာသည်ဟုပင် တွယ်ကျင်လာသည် ။

မြန်မာလူငယ်များအနေဖြင့် ဒီမိုကရေစီသဘောတရားကို နားမလည်ကြသေးပဲ ဒီမိုကရေစီရသည်ဆိုသည်မှာ မိမိလုပ်ချင်တာကို လုပ်လို့ရသည်..။တရားဥပဒေနှင့်ညှိစွန်းမှသာ 
အရေးယူထောင်ချခြင်းခံရမည်.။သို့မဟုတ်ပါက မိမိနေချင်သလိုနေ လုပ်ချင်သလိုလုပ်၍ ရခြင်းကို ဒီမိုကရေစီဟုခေါ်သည် ဟု သတ်မှတ်နေသည်မှာ လွန်စွာ သနားဖွယ်ကောင်းလှသည်။ မြန်မာလူမှူပတ်ဝန်းကျင်တွင် ချစ်သူချင်း Kissing နှုတ်ခမ်းခြင်းတေ့စုပ်နမ်းခြင်းကို ဗြောင်ပြူလုပ်လာသည်.။
အနုပညာရှင်များကလည်း ယခင်က ဆင်ဆာမိ၍ ခိုးထွက်လာသော +18 သီချင်းများကို ဗြောင်ပင် စင်ပေါ်တတ်ဆိုလာသည်။လမ်းမပေါ်၌ ဆိုင်ကယ်အုပ်စုမောင်းခြင်းများ ယာဉ်စည်းကမ်းနှင့် မညီညွှတ်သော နည်းလမ်းများ ပြုလုပ်ခြင်းတို့ ကို ဒီမိုကရေစီအားသားချက်ဟု ထင်နေသည်..။
သမီးရီးစားများ ကာမဆက်ဆံနိုင်ရန် အခန်းများငှားခြင်းကို ဆိုင်းဘုတ်ကြီးများတင်၍ ကြေငြာလာကြသည်။ထိုလုငယ်များ၏ ပါးစပ်က တောင့်တနေသော 
ဒီမိုကရေစီ ဆိုသည်မှာ အဘယ်ကိုဆိုလိုပါသနည်း။


    စိုင်းစိုင်းနှင့်စန္ဒီမြင့်လွင်တို့ ၏ လူငယ်များ စံထားရာ အားကျစရာ အတုယူစရာ ဖျောဖြေမှူ

ယခုလည်း ဟစ်ဟော့အဆိုတော် ယုန်လေးနှင့်စိုင်းစိုင်းတို့ ၏ ပရိသတ်ဖြေဖျော်မှူ ကို လွန်စွာ
ရွှံမုန်းဖွယ်တွေ့လိုက်ရပါသည်.။
ယခင်က အထင်ကြီးခဲံ့သော စိတ်များ မြောင်းထဲသို့ လွှင့်ပစ်
လိုက်ပါသည်။စင်ပေါ်တွင် အမျိုးသမီး၏ စကတ်လှန်ကြည့်ခြင်း /ရင်သားကိုင်တွယ်ခြင်း /အမျိုးသမီးအကျီဆွဲလှန်ကြည့်ပြခြင်းတို့ မှာ အနုပညာမည်သည်ပါလား..။

                       ယုန်လေး၏ အထင်ကြီးဖွယ်လေးစားဖွယ် ဖျော်ဖြေမှူ
  အဘယ်နည်းးးး
မြန်မာနိုင်ငံသို့  အဘယ်ယဉ်ကျေးမှူများ သွတ်သွင်းနေပါသနည်း..
ထိုသို့ ဖျော်ဖြေလိုပါက အနောက်နိုင်ငံက ကလပ်များတွင် သွားရောက်ဖျော်ဖြေပါ
သို့မဟုတ် အိမ်နီးချင်း ထိုင်း နိုင်ငံသို့ သွားရောက်၍ ဖျော်ဖြေမှူလုပ်ပါ..
မြန်မာ လူမျိုး မဟုတ်ပါလော..
မြန်မာ လူမျိုးများလက်ခံသော အနုပညာကို သာ တင်ဆက်ကြပါ...။အနုပညာရှင်များ လိုချင်
သော ဆင်ဆာ ကင်းလွတ်ရေး အော်ဟစ်နေမှူကို ယခင်က အားပေးသော်လည်း ယခု အခါ
သံသယ ဝင်လာပါတော့သည်။
မကြာသေးခင်ကာလက လည်း စင်ပေါ်တွင် ဖာ လုပ်မည် သီချင်းကို ဗြောင်သီဆိုသည်ကို
ကျွန်တော်တို့ ရဲ့ အနုပညာသူရဲကောင်းကြီးသဖွယ် အဲ အခန်းဖြတ် ဇာတ်ကားဖြင့် နာမည်ကျော် ဒါရိုက်တာကြီးက မည်သို့မျှမတားဆီးပဲ မဝေဖန်ပဲ မသိချင်ယောင်ဆောင်နေပါ
သည်။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံရာ ရောက်သလို အားပေးရာလည်းရောက်သည်။

အဆိုပါအနုပညာရှင်တို့ ၏ လူရှေ့သူရှေ့တွင် အနုပညာကို မည်မျှချစ်ပါသည်။မည်မျှမြတ်နိုးပါသည်။အနုပညာ ကိုတိုးတတ်အောင် မည်သို့ကြိုးပမ်းမျှ စကား တို့ကို ယခုအချိန်မှစ၍ ဘီဘီစီမှလာသော ဟာသ သတင်းများကို နားဆင်သကဲ့သို့ 
ပြုံးပြီးသာ နားထောင်နေတော့မည်ဖြစ်သည်။
 




Print Friendly and PDF

42 ယောက် ဆွေးနွေးခဲ့တယ်:

တိမ်ကြားမင်းခေါင် said...

ကိုကျောက်ခဲရေ----ဗိုလ်ချုပ်ပြောတဲ့ဖာသည်လိုနိုင်ငံမျိုး ဖြစ်ဖို့နည်းနည်းလေးပဲလိုတော့တယ်။လေတိုက်လိုက်ရင်ကိုဖာသည်နိုင်ငံဖြစ်နေပြီဗျ။မိဘပြည်သူတွေက ဒါတွေကိုမတားကျတော့ဘူးတဲ့လား။မိမဆုံးမ၊ဖမဆုံးမသားသမီးတွေပဲအားပေးနေကျတယ်လို့ကျွန်တော်ထင်တယ်။အမျိုးကောင်းသားသမီးတွေ မြန်မာ့ယဉ်ကျေးမှုကိုထိမ်းသိမ်းကျပါ။တိုက်တွန်းပါတယ်။နှိုးဆော်ပါတယ်။ဖြစ်လဲဖြစ်သင့်ပါတယ်။ဒါကနိုင်ငံရေးမဟုတ်ပါဘူး။အမျိုးသားရေး၊ဘာသာရေး နဲ့ လူမျိုးရေးပါ။အရမ်းအရေးကြီးပါတယ်။သတိရှိကျပါ။ထိထိရောက်ရောက်ဆန့်ကျင်သင့်ပါတယ်။

တိမ်ကြားမင်းခေါင် said...

ထပ်ပြီးပြောပါရစေ။ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ဒီလိုအရှက်တရားလုံးဝမရှိတဲ့လူတွေကို မြန်မာလူမျိုးလို့ကိုမကန့်ကွက်ဘူး။ဒီမိုကရေစီကိုကျွန်တော့်အမြင်လေးတစ်ခုပြောမယ်နော်။အန်တီစုသယ်လာတဲ့အနောက်နိုင်ငံကဒီမိုကရေစီက ကျွန်တော် တို့ ယဉ်ကျေးမှု၊ကျွန်တော့်တို့ဘာသာနဲ့မကိုက်ညီဘူးလို့မြင်မိပါတယ်။ဒီမိုကရေစီဟာဘယ်သူမှရယ်လို့ ဖြစ်မှမဟုတ်ပါဘူး။ကိုယ့်ဘာသာကိုယ့်သာသနာနဲ့အမျိုးဂုဏ်ကိုစောင့်ထိန်းပြီး နည်းလမ်းမှန်မှန်အသုံးချသင့်တယ်လို့ထင်မြင်မိပါတယ်။ဝိုင်းဝန်းအကြံပေးကျပါ။မရိုင်းကျပါနဲ့ဗျာ။ခုလိုတောင်ဖြစ်နေကြပြီဆိုရင် ကျွန်တော်တို့ညီမတွေကျရင်အတုယူမှားကြရင်ဘယ်လိုလုပ်ကျမလဲဗျာ။ပြီးတော့ကျွန်တော်တို့ သားတွေသမီးတွေကျရင်ရော ဘယ်လိုဖြစ်သွားမလဲဗျာ။သာသနာတော်ပျေက်ကွယ်သွားမှားလား။ယဉ်ကျေးတဲ့မြန်မာလူမျိုးဆိုတာ ပျောက်ကွယ်သွားမှာလား။ကျွန်တော်တို့လူငယ်တွေကိုယ်တိုင်ထိန်းသိမ်းဖို့အချိန်ရောက်နေပြီဆိုတာလေးကိုပြောချင်ပါတယ်။ဝိုင်းဝန်းဆုံးဖြတ်ကျပါ။အန်တီစုအနေနဲ့လဲ ဒီလိုဖြစ်နေတာတွေကိုထိန်းသိမ်းပေးဖို့တောင်းဆိုချင်တယ်။ဘယ်ကိုတောင်းဆိုရမလဲ။သူကိုယ်တိုင်ကလဲအနောက်နိုင်ငံမှာနှစ်ပေါင်းများစွာနေခဲ့လို့များလက်ခံလေရော့သလားဗျာ။တွေးကြည့်ရင်ရင်နာလွန်းလို့ပါ။ဘယ်လိုပုံစံတွေနဲ့ ရှေ့ဆက်ပြီး လျှောက်လှမ်းကျမလဲ။အရမ်းရင်လေးမိတယ်။အောက်တန်းကျလိုက်ကျတာဗျာ။မြန်မာလူမျိုးတွေကောဟုတ်ကျသေးရဲ့လား။ပြောကြပါအုံးဗျာ။

Anonymous said...

တိမ်ကြားမင်းခေါင် ....
ဘာတွေပြောနေတာတုန်း....လူမှားနေပြီဗျ...။ အန်တီစုက နိုင်ငံတော်ကို အုပ်ချုပ်နေတာဟုတ်ဘူး။ ပါတီဥက္ကဋ္ဌတဦးသာဖြစ်တယ်။ ခင်ဗျားပြောရမှာက သမ္မတ ဦးသိန်းစိန် အစိုးရကို ပြောရမှာလေ။ အားအားနေ မကောင်းတာလေးတခုမြင်တိုင်း အန်တီစုကိုပဲ လာတိုက်ခိုက်နေပါလား။ ခင်ဗျားကိုယ်တိုင် မသိတာလား။ တုံးတာလား.။ လူ့ ငနွားရဲ့ ။

Anonymous said...

အင်းနည်းနည်းလောက်ပေးခဲ့အုံးမယ်
ဒီကောင်တွေက အနုပညာသည်တွေဆိုပြီး ငါလုပ်ချင်တိုင်းနာမည်ရနေတာပဲဆိုပြီး လုပ်ချင်တိုင်းကိုလုပ်နေတာ တကယ်တော့ မူးမူးနဲ့သီချင်းတွေတက်ဆို လူငယ်တွေကို လုပ်ပြ ဟိုကောင်မတွေကလည်း ဒီလိုပဲလေ မင်းသားတိုင်းအကိုင်ခံနေတာဆိုတော့ မဆန်းတော့ဘူး အောက်ကကြည့်တဲ့သူတွေကိုလည်း ဒီလိုမျိုးတွေလုပ်လို့ရတယ်လို့ကြေငြာနေကြတာ ပက်ဆံတော့လိုမယ်ပေါ့နော်..တကယ်တော့ မင်းသမီးအားလုံးကို မပြောလိုပါဘူး တော်တော်များများက ဒီလိုအစားတွေပဲ ပက်ဆံဒါမှမဟုတ် ပေးနိုင်ကြွေးနိုင်ရင် ဘာလုပ်မလဲ ကြိုက်တာလုပ် ခေတ်ကြီးက ပွင့်ထွက်နေတော့ နောက်ဆို ဖင်ပြောင် တောင်နိုင်ငံခြားမှာ လျှောက်နေတာကို အဟုတ်မှတ်ပြီး သူတို့လည်းလုပ်နေကြအုံးမှာ မင်းသမီးတွေမင်းသားတွေက နာမည်ကိုကြီးဖို့ပဲ ကြိုးစားနေတာ ဘယ်လိုကြီးကြီး ခုလည်း ရွေးကောက်ပွဲဘက်ကိုလိုက်နေကြပြန်ပြီ အရင်ကတော့ သီချင်းဆိုမှ အငြိမ့်ကမှ အမယ်စုံလို့ တကယ်တော့ လူကွယ်ရာမှာ ဆိုရင် ဖာသာသာပဲ ရှိတဲ့ဟာတွေပါ အားလုံးကိုမဆိုလိုဘူးနော် တစ်ချို့တော်တော်များများ ကိုပြောတာပါ..

အမြင်မှန်စေချင်သူ said...

ဘယ်သူ့ဘယ်သူမှအပြစ်ပြောမနေပါနဲ့။ ကိုယ်ပိုင်အသိနဲ့အရင်ဆုံးကိုယ့်မိသားစုထဲမှာဒါမျိုးမရှိအောင်..ပြီးရင်ကိုယ့်ပတ်ဝန်းကျင့်၊ကို့မြို့နယ်၊ကိုယ့်တိုင်းပြည်ပေါ့..ဒီလိုတွေထပ်ဆိုးမလာဘို့ကိုယ်ကိုတိုင်မှာတာဝန်ရှိတာပါ။ ဒေါ်စုကိုပြောစရာရှိလာတာလဲသူကဗိုယ်ချူပ်သမီးဖြစ်နေလို့ဗိုယ်ချူပ်ကိုယ်စားပုဂ္ဂိုလ်ရေးအရချစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့History ကနိုင်ငံခြားသားယူတာတခုနဲ့တင်အကြီးကြီးဖောင်းနေလို့ပြောစရာရှိနေတာပါ။သွေးနှောခံရတာသူ့သားတွေလာတုန်းကရုပ်လက္ခဏမြင်ရတာနဲ့တင်မြန်မာတယောက်အနေနဲ့ရင်နာရတယ်။ အခုလဲတိုင်းပြည်အကျိုးသူဘာလုပ်မလဲစောင့်ကြည့်ရအုံးမှာပါ။ သူဘာလုပ်လုပ်အမှန်လို့အတ္တစွဲမရှိသင့်ဘူး။ ယ္ခူလက်ရှိသမ္မတလဲသူ့လုပ်ရပ်ကိုအားလုံးလေ့လာနေဆဲပါ။မှန်ကန်ရင်အားပေးရမှာပါ။ မြန်မာတွေလွတ်ချင်တိုင်းလွတ်နေတာစိတ်ဓါတ်ကြံခိုင်မူ့နည်းလို့ပါ။အလွယ်တကူနားယောင်တက်၊အလွယ်တကူယုံလွယ်တက်ပြီးအမျိုးဘာသာအပေါ်ခံယူချက်နည်းနေတာကြောင့်ပါ။ဒါအားလုံးမှာတာဝန်ရှိတာပါ။သူများကိုလက်ညှိးထိုးနေမဲ့အစားကိုယ်ကိုတိုင်အရင်ကျိုးစားပြင်ပါ။

တိမ်ကြားမင်းခေါင် said...

ကျူပ်ကအန်တီစုကို နိုင်ငံကိုအုပ်ချုပ်နေတာလို့ပြောမိလို့လားဗျာ။သူလက်ခံထားတဲ့ဒီမိုကရေစီ ကိုပြောတာပါ။ခင်ဗျားသေသေချာချာမဖတ်ဘူးလား။ပြီးတော့အန်တီစုအနေနဲ့လဲ လူထုခေါင်းဆောင်ရယ်လို့သတ်မှတ်ထားကျတော့ကာ၊ သူ့ရဲ့ဟောပြောပွဲတွေမှာလဲဒီလိုမျိုးလေးတွေကိုထည့်သွင်းပြီးဟောပြောစေချင်တဲ့သဘောနဲ့ပြောတာပါ။ဒါကိုနာမလည်တာလား။စာမဖတ်တာလား။စာတစ်ကြောင်းရဲ့အသွားအလာကိုမသိတာလား။အန်တီစုနိုင်ငံခြားသားယူတိုင်း ကျူပ်တို့မြန်မာမလေးတွေသရုပ်ပျက်စရာမလိုဘူးလို့ထင်တယ်လေ။ခင်ဗျားကရော အမျိုးဖျက်မဲ့ကောင်လား။တဖြေးဖြေးနဲ့ NLD ကတစ်ချို့သောသူတွေ လုပ်ရပ်နဲ့၊အပြောအဆိုတွေဟာကွန်မြူနစ်ဆန်လာတယ်။ကြောက်မိပါရဲ့ဗျာ။သမ္မကြီးလဲတော်တော်ပင်ပန်းနေရှာလျော့မယ်ဗျာ။မွေးကင်းစမြန်မာပြည်လေးတော့လေ-------------အင်းးးးးးးးးးးးးးးးးးးးတိုင်းပြည်ကနုနုမုန်တိုင်းကထန်ထန် ---ဆိုတဲ့စကားလေးကိုပြန်အမှတ်ရနေမိပါတယ်။သိအောင်လုပ်ပါ။တတ်အောင်သင်ပါ။တိုင်းပြည်ကိုချစ်တတ်ကျပါစေ

Anonymous said...

There is a saying in Myanmar society " If the sons and daughters have bad manner, it is responsibility of their parents.Who are their parents?We can define them "like fathers like sons".

Anonymous said...

တာလီဘန် ခေါ်ပြီး စင်ပေါ်တက်နေတုံး အသေသာဆော်လိုက်ပေတော့..။

Anonymous said...

နိုင်ကို့(နို့ကိုင်) အဖန်လှုပ်(အဖုတ်လှန်) အဲဒါ..အဲဒါ..ဟစ်ဟော့လို့ခေါ်သည်။

Anonymous said...

မင်းတို့ထင်နေတဲ့လူက စိုင်းစိုင်းမဟုတ်ဘူး....မဟုတ်ဘဲနဲ့ သေချာမသိဘဲနဲ့ နာမည်မတတ်သင့်ဘူး

Anonymous said...

"မင်းတို့ထင်နေတဲ့လူက စိုင်းစိုင်းမဟုတ်ဘူး....မဟုတ်ဘဲနဲ့ သေချာမသိဘဲနဲ့ နာမည်မတတ်သင့်ဘူး" So, Who is he?

Soul Demon said...

စိုင်းစိုင်းဖြစ်ပါတယ်.အဲနေ့ညက ကျနော်ညီမလေးကို ကျနော်ကိုယ်တိုင်အဲဒီပွဲကိုလိုက်ပို့ပေးခဲ့တာပါ

Anonymous said...

ဖင်ုကားမင်းခေါင်... အန်တီစုက ဘယ်လိုဒီမို ကရေစီမျိုး မြန်မာပြည်ကို သယ်လာတာလဲ ပြောပြပါဦး။ ဘယ်လိုဒီမိုကရေစီမျိုးက မြန်မာပြည်နဲ့ ကိုက်ညီပြီး ဘယ်လိုမျိုးက မကိုက်ညီလဲ ရှင်းပါဦး။ ဒီမိုကရေစီကို စာလုံးတောင် ပေါင်းတတ်ရဲ့လား။ ပညာတတ် တစ်ယောက်ကို ဝေဖန်ချင်ရင် မင်းကိုယ်တိုင် စာများများဖတ်ဦး၊ မဟုတ်လို့ ကတော့ မင်းလို လမ်းဘေးကောင်တွေနဲ့ပဲ စကားသွားပြော၊ ဒီပေါ်တက်မလာနဲ့ ကျက်သရေ ယုတ်တယ်။

Anonymous said...

သန်း ၅၀ ကျော် ၆၀ နီးပါးလူတွေကို ကိုယ့်စိတ်တိုင်းကျဖြစ်အောင်ဘယ်လိုမှလုပ်မရဘူး။ နိုင်ငံ တစ်နိုင်ငံမှာ ဆိုက်သမားလည်းရှိရမယ်။ ပြည့်တန်ဆာလည်းရှိရမယ်။
သူတို့လုပ်ပြတဲ့တွေ က သူတို့ဘယ်သူတွေ ပါလို့ပြောနေတာပဲ။

taw thar gyi said...

မြွေပဲ..ဒီမိုကရေစီ..ဘာမှန်းမသိပဲ..နဲ့..
ခုလိုအကျင့်ပျက်တာ..ဒီမိုကရေစီနဲပ..မဆိုင်ဘူး..မင်းပထွေးစစ်တပ်က..ပု
ဆိုးဝတ်လာတဲပ..ကောင်တွေက..ဥပဒေကိုမလေးစားလို့..ဖြစ်နေတာ..မင်း
ထွေးတွေကဒါမျိုးတော့..မတားဘူး..မဆီးဘူး..ဘာတဲ့..နာရေးအသင်းက
တူညီဝတ်စုံလေးတွေဝတ်တာကြတော့..ပြန်လဲတို့..မ၀င်ရတိုပလုပ်တယ်.ဘာ
လဲမင်းပြောချင်တာက..ဒေါ်စုအဲကောင်တွေကိုသွားဆွဲချရမှာလား..ခုလော
ဆယ်..အာဏာလုထားတဲ့မင်းပထွေးတွေကဘာလုပ်လဲ..ဘာမှမလုပ်ဘူး
ဘာဖြစ်လို့လဲသိလား..သူတို့စာခွက်မထိလို့..သူတို့စားခွက်တွေကိုထိမယ့်..ဟာတွေကြတော့..စာ၇ွှက်လေးတစ်ရွက်..email လေးတစ်ကြောင်း..
တစ်စောင်နဲ့..၆၅နှစ်တို့..ချတာတွေမင်းမမြင်လို့လား.ဟင်.ပိတ်ပါ့လား.အဲ
ကောင်အဲကောင်မတွေကို..နောက်မဆိုဖို့..ဟင်..ရွေည၀ါဆရာတော်ာက
တော့..ပိတ်တယ်..ဘာလဲရွေည၀ါဆရာတော်က..ပြည်သူတွေကို..ခိုးပါ
ဝှက်ပါလူသတ်ပါလို့သင်ပေးနေလို့လား..သောက်ရူး..ပြန်လေ့လာလိုက်ဦး.

MassMovementCommittee (MMC) said...

အေးးးးးးးးး မင်းတို့ကိုသေချာမှာထားမယ်

နိုက်ကလပ်တွေ...KTVတွေ အနိပ်ခန်းတွေ တောင်ပေးဖွင့်နေတာ
သီချင်းဆိုပြီးပြတာလောက်ကတော့ ကိစ္စမရှိဘူး ဆက်လုပ်ရတယ်..
ကြားလား ပွဲပါမစ်ပေးပြီးမှဆိုတာပဲ ကိစ္စမရှိဘူး အကုန်ချွတ်လည်းရတယ်
အေး....နိုင်ငံရေးတို့ တရားပွဲတို့တော့လာမလုပ်နဲ့
ဘုန်းကြီးကျောင်းပါချိတ်ပိတ်ပစ်မယ် ဘာမှတ်နေလည်း ငါကွ..
ဟားဟားဟားဟား..........

Anonymous said...

လူ့ ငနွား တိမ်ကြားမင်းခေါင်

တိမ်ကြားမင်းခေါင် said...

လူပိန်းတွေများလှချည် လားဗျာ။ဒါကြောင့်လဲကျူပ်တို့နိုင်ငံခုထိမတိုးတက်သေးတာ။ဒီမိုကရေစီကိုတောင်စာလုံးမပေါင်းတတ်ဘူးလို့ပြောသွားတဲ့နောင်တော်လေး ဒီမိုကရေစီ အကြောင်းကိုခင်ဗျားသေသေချာချာ သိရင်ပြောပြပါလား။ရေးပြပါလား။ကျူပ်တစ်ခုတော့ပြောမယ်။ခင်ဗျားတို့တွေကို ကျူပ်က၀င်ဖြေရှင်းတဲ့နေရာမှာ သိစေချင်လို့ဝင်ဖြေရှင်းတာ။ကျူပ်က နိုင်ငံရေးသမား တွေလောက် ဒီမိုကရေစီကိုမသိပေမယ့် ခင်ဗျားတို့တွေနဲ့တော့ကောင်းကောင်းကြီးဆွေးနွေးလို့ရအောင်ကျူပ်လေ့လာထားပါတယ်။ခင်ဗျားတို့တွေ က အန်တီစုကိုချစ်လို့သာတစ်ဖက်သက်ဝင်ပြောနေတာ။ဒါပေမယ့်ခင်ဗျားတို့တွေမှာ ဘာမှ ဗဟုသုတမရှိဘူး။မလေ့လာကျဘူး။တစ်ခါတစ်လေကျရင်ဇာဂနာလိုလူပျက် တစ်ယောက်ပြောတဲ့ စကားလုံးတွနဲ့ပြောနေတယ်။သူများစကားတွေအတိုင်းသံယောင်လိုက်နေတယ်။အဲဒါဟာခင်ဗျားတို့အဆင့်အတန်းကိုပြောလိုက်တာနဲ့တူတူပဲလေ။ကျူပ်ကိုလူ့ငနွားလို့ပြောတဲ့သူကရှိသေးတယ်။ကဲ--ကြည့်လေ ခင်ဗျားတို့အဆင့်အတန်းကို။ဘယ်လောက် အောက်တန်းကျလိုက်လဲဆိုတာကို။ပြောတော့ လူအခွင့်အရေးအပြည့်ရှိရမယ်တို့၊လူသားခြင်းစာနာရမယ်တို့။ကျူပ်တော့နားမလည်ဘူးခင်ဗျားတို့စိတ်ဓာတ်တွေကို။အန်တီစုက သူ့ပါတီအတွက် ဆွယ်တရားဟော တာကိုခုလက်ရှိအစိုးရက ဘယ်မှာလိုက်ပိတ်နေလို့လဲ။လုံခြုံရေးမရှိတဲ့ဒေသတွေမှာ သာ ဟောပြောခွင့်ကိုပိတ်တာ။ဒါကလဲ အန်တီစုအတွက်နဲ့ ပြည်သူတွေအတွက်ပဲလေ။ဗိုလ်ချုပ်အောင်ဆန်းတောင် အသက်ခံရသေးတာ။အန်တီစုကရော ဘာသားနဲ့ထုထားတာမလို့လဲ။ကချင်ပြည်နယ်မှာသွားဟောရင်အသတ်မခံရဘူးလို့မပြောနိုင်ဘူးလေ။သူအသတ်ခံရတာ ဟာ နိုင်ငံရဲ့အုပ်ချူပ်ရေး လုပ်ငန်းကိုဘာမှတော့မထိခိုက်ဘူး။ဒါပေမယ့် အကြီးအကျယ်ကိုပြသာနာဖြစ်လာနိုင်တယ်ဆိုတာကိုတွက်မိလို့ပဲ။ဗြဟ္မာကြီးဦးခေါင်းဖြစ်နေလို့ဘယ်မှာမှထားမရဘူးဖြစ်နေရတဲ့အထဲ ဒီလိုသာဖြစ်သွားရင်တော့ ပြသာနာကအကြီးကြီးပဲလေ။တစ်ခုတော့ခင်ဗျားတို့တွေကိုပြောလိုက်အုးမယ်။တစ်နိုင်ငံလုံးက အန်တီစုကိုချစ်တာမဟုတ်ဘူး။ခင်ဗျားတို့ လိုဦးနှောက်မရှိပဲ လူပေါ်လူဇော်လုပ်ချင်တဲ့ကောင်တွေလောက်သာချစ်နေကြတာ။ဒီတော့ အန်တီစုချစ်တဲ့လူများကိုတစ်ခုမေးချင်ပါတယ်။ပြန်ဖြေပေးကျပါ။အန်တီစုက ဘာဖြစ်လို့နိုင်ငံခြားသားကိုလက်ထပ်ရတာလဲ။နိုင်ငံခြားမှာအနှစ်သုံးဆယ်ကျော်လောက်နေရလို့ပါလို့တော့မပြောနဲ့နော်။ပြီးတော့မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ စောင့်ထိန်းအပ်တဲ့ အစဉ်အလာကိုလဲတစ်ခါထဲပြောလိုက်ပါ။ရှင်းသွားအောင်လို့။အိုးချင်းထား အိုးခြင်းငြိတတ်တဲ့စိတ်ဓာတ်လောက်နဲ့များ နိုင်ငံတော်ကိုဘယ်လိုအုပ်ချုပ်မလဲမသိဘူး။လေတိုက်တိုင်းယိမ်း နေတဲ့စိတ်ဓာတ်နဲ့။အဘိုးကိုခေါင်းဖြတ်သတ်ခဲ့တဲ့လူမျိုး၊ အဖေလက်ထပ်ကျတော့ မရရအောင်အဆင်းရဲမျိုးစုံခံပြီးတော့တိုက်ထုတ်ခဲ့တဲ့လူမျိုး။ဗိုလ်ချုပ် သေလောက်အောင်မုန်းတဲ့လူမျိုး ကို သမီးလုပ်တဲ့လူကလင်တော်တယ်။ဘာလဲလူသားခြင်းစာနာထောက်ထားတာပေါ့လေ။ဟုတ်လား။ဂလိုဘယ်လ်လိုက်ဇေးရှင်း ပေါ့ဟုတ်လား။ရှင်းပြကြပါအုံး။အန်တီစုအချစ်တော်ကြီးတွေ။ကျူပ်က နိုင်ငံရေးကို ပေါ်ပင်မလုပ်ပါဘူး။အန်တီစုကိုလဲ တိုက်ခိုက်ချင်တဲ့သဘောမဟုတ်ပါဘူး။ခင်ဗျားတို့တွေ မေးသလိုပြန်မေးကြည့်တာပါ။ဒါပေမယ့်ခုလိုမေးတာကတော့ကလေးဆန်ပါတယ်။ခင်ဗျားတို့နဲ့တန်သလိုလေးပဲမေးတာပါ။ဖြေကြည့်ပါအုံး။ဟုတ်ပြီလား

မြင့်မြတ်သူ said...

ဗျို့ တိမ်ကြားက ကိုမင်းခေါင်၊ တစ်ခုတော့ ပြောချင်ပါတယ်။ မြန်မာလိုရေးရင် လက်မသွက်လို့ အင်္ဂလိပ်လို ရေးမယ်နော်။ Now I'm working in S'pore as an operation incharge at F&B Co., and last year I married Thai girl here. I understand that we, all human are the same in right and I love Myanmar so much as well as she, my wife, also love Thailand so much. I do hope there's no patriotic between love. Love is understanding and life is passing from time to time. Now I can speak my mother tongue, Myanmar, English & Thai very well. I'm working here with different nationalities and I'm the best in English, speaking & writing among them. Why? I studied in English at BEHS (1) DAGON and Yangon University. If I'll be the best in Myanmar speaking, I can't stand proudly here as a Myanmar. Many S'porean, Malaysian, European & Thai people respect to my language capablity mainly in English. They believe that Myanmar is the best in English after England. Our National Hero General Aung San was also the best in English among all of us. I must stop here & if you wish to become a citizen of a modern country, you must love English truly, language & literature as you loved as Myanmar. Moreover, please consider yourself why Myanmar Government train & use alzation dogs at check point? Why don't they train & use Myanmar dogs?

Anonymous said...

ဟားဟားဟား ဒီတိမ်ကြားကဖင်ဂေါင်းကတော်တယ်ဗျာ တော်တော်တော့လေ့လာထားတယ်ထင်ပါ့ ကျုပ်ကတော့ဒေါ်စုတွေဘာတွေ လူမျိုးရေး နိုင်ငံရေးတွေမသိပါဘူးဗျာ မသိတာလေးတွေမေးကြည့်ချင်တာ ကချင်ပြည်နယ်မှာဟောပြောပွဲလုပ်ရင်ဘယ်သူတွေကလုပ်
ကြံမှာလည်းဗျ ဒီပဲရင်အရေးခင်းလိုလားဗျ စစ်တပ်ကကာကွယ်တယ်ဆိုတာရော ဘယ်လိုမျိုးလည်း ဒီပဲရင်းရေးခင်းမှာလည်း မန္တလေး
ကစထွက်ထဲက ဒေါ်စု ယာဉ်တန်းနောက်နဲ့ မလှမ်းမဝေးမှာ စစ်တပ်ရော ရဲပါ လိုက်ပါလာတယ်နော် အဲဒီတပ်ဖွဲ့တွေကတော့ကာကွယ်
ရေးဆိုတာနားမလည်ဘူးထင်ပါ့ ဒါကြောင့်မကာကွယ်နိုင်တာထင်တယ်နော်........

တိမ်ကြားမင်းခေါင် said...

အပေါ်က နောင်တော် လေး အစိုးရက ဒီပဲရင်းအရေးအခင်းလို့မသုံးပါဘူး။ဆူပူမှုပဲသုံးနှုန်းခဲ့တာပါ။ကချင်ပြည်နယ်မှာ ဟောပြောပွဲလုပ်ရင်ဘယ်သူကကြံမှာလဲဆိုတာတော့ ကျူပ်လဲမသိပါဘူးခင်ဗျား။ဖြစ်နိုင်ခြေလေးပြောပြတာပါ။အန်တီစု လုံခြုံရေးအတွက် ပဲပြောတာမဟုတ်ပါဘူး။မြန်မာနိုင်ငံအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ သိက္ခာကျစရာဖြစ်မှာစိုးလို့ပါ။အန်တီစုမရှိလဲ နိုင်ငံရဲ့ဒီမိုကရေစီလမ်းစဉ်ဟာဘယ်တော့မှပျောက်သွားတော့မှာမဟုတ်ဘူးဆိုတာတော့သိစေချင်တယ်။ဒီပဲရင်း ဆူပူမှုတုန်းက ရဲနဲ့တပ်မတော် ပါခဲ့တာ ဟာဘာအတွက်လဲ ဆိုတာကို ခင်ဗျားစဉ်းစားပါ။နိုင်ငံတော်အေးချမ်းမှုတည်ဆောက်နေစဉ်ကာလ မှာ ဆူပူမှုတစ်ခုဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ရိုက်ခတ်လာခဲ့မယ်ဆိုရင် ကျူပ်တို့ပြည်သူ၊ပြည်သားတွေ ဘယ်တော့မှ ရတက်အေးရတော့မှာလဲ။ဒါကြောင့်သူတို့ ပါတီရဲ့ လမ်းသရဲတွေ ဆူမှာပူမှာကို လိုက်ထိမ်းဖို့ နောက်ကနေလိုက်နေရတာ။ပြီးတော့တပ်မတော် မှာ အမိန့်ဆိုတာရှိတယ်။အမိန့်အောက်မှာရှင်သန်တယ်။နေရာတိုင်းမှာ ပြေလည်အောင်လုပ်ရမယ်ဆိုပြီး တိကျတဲ့မူတစ်ခုမရှိရင် ဘယ်အဖွဲ့အစည်းမှ မတည်မြဲဘူး။တိကျတဲ့၊စည်းကမ်းရှိတဲ့၊ပြတ်သားတဲ့မူတစ်ခုတော့ ရှိမှကိုရမယ်။ဒါကြောင့် အထက်ကနေ အန်တီစုကိုကာကွယ်ပါဆိုရင် ကျူပ်တို့ကအသေအလဲကာကွယ်ရမှာပဲလေ။အမိန့်မရရင်တော့ ဘာမှမတတ်နိုင်ပါဘူး။ကိုယ်ကိုကိုယ်တိုင် ချွန်လုပ်ရင်တော့ လုပ်တဲ့လူကော၊နောက်လိုက်တွေပါ၊အရေးယူခံရတော့တာပေါ့ဗျာ။မြောက်ကိုရီးယား က ဗုံးခွဲတဲ့ကောင်တုန်းကဖြစ်စဉ်ကိုပဲကြည့်ပါ။အရှင်လိုချင်တယ်ဆိုလို့ သူကိုယ်သူ လက်ပစ်ဗုံးနဲ့ပြန်ခွဲတာတောင် လက်ပစ်ဗုံးကို ကိုယ်လုံးနဲ့ဖိပြီး အဲဒီကောင် မသေ အောင် အသက်နဲ့ရင်းလုပ်ရတာ။အကျိုးရလဒ်ကတော့ နိုင်ငံသိက္ခာမကျတော့ဘူးပေါ့ဗျာ။ဒီလိုပါပဲ။ကာကွယ်ရေးကိုခင်ဗျားတို့ထက် အဆပေါင်းများစွာနားလည်ပါတယ်။လုံခြုံရေးဆိုတာကိုလဲ ဗိုလ်ချူပ်အသတ်ခံရတဲ့ဥပမာတစ်ခုထဲနဲ့ လုံလောက်စေခဲ့တယ်။ဒါလေးကိုသိစေချင်တယ်။ဒါပေမယ့်ခုချိန်မှာ တော့ အန်တီစုအာ တရားဝင်ပါတီတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်နေပါပြီ။ဒီအတွက်ကြောင့် အစိုးရ က အန်တီစု အတွက်လုံခြုံရေးတာဝန်ယူခိုင်းရင် ကျူပ်တို့အသက်နဲ့လဲဆိုလဲ လဲရမှာပဲ။

တိမ်ကြားမင်းခေါင် said...

ဟိုအပေါ်က ဒဂုံ(1) ထွက် မျိုးမစစ်လေး။ကြွားတာများပြီး ကိုယ်တိုင်မျိုးမစစ်တာကို လာဖော်နေသေးတယ်။သိပ်လေလုံးမထွားနဲ့ နော်။ခင်ဗျားက ဘယ်လောက်တော်နေလို့လဲ။ဘာသာစကား တွေတတ်တာချီးကျူးပါတယ်။ခင်ဗျားရဲ့ကြိုးစားမှုရလဒ်ပေါ့။ဒါပေမယ့် စိတ်ထဲရှိတဲ့အတိုင်းပြောရင် ခင်ဗျားကိုလုံးဝအထင်မကြီးဘူး။မျိုးမစစ်တဲ့ ကောင်ဖြစ်လို့ကိုချဉ်သွားတာ။ခင်ဗျားလိုတိုင်းတပါးကိုအရမ်းအထင်ကြီးတဲ့ကောင် ကို စကားတောင်ပြန်မပြောသင့်ဘူး။ဒါပေမယ့်တစ်ခုတော့ပြောလိုက်အုံးမယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာအင်္ဂလိပ်စာကို တတ်အောင်ကြိုးစားခဲ့တာဟာ အင်္ဂလိပ် ဆီကနေလွတ်လပ်ရေးယူဖို့အတွက် အသုံးပြုခဲ့တာ။တကယ်လို့များ အင်္ဂလိပ်နေရာမှာ ဂျပန်ဖြစ်နေခဲ့မယ်ဆိုရင် ဗိုလ်ချုပ်ဟာ ဂျပန်လိုတတ်အောင်ကြိုးစားပါလိမ့်မယ်။အစိုးရ ရဲ့လမ်းစဉ်ဟာမှားနေတယ်ဆိုရင် ခင်ဗျားထောက်ပြပါလား။ဘယ်နေရာမှဘယ်လိုပြင်သင့်တယ်ပေါ့ဆိုပြီးလေ။ကိုယ့်ဂုဏ်ကိုယ်ဖော်မသူတော်ဆိုတာကြားဘူးတယ်မလားမျိုးမစစ်ကလေး။လဒလောက်တော့ငှက်တိုင်းလှပါတယ်ကွာ။ဟုတ်ပြီလား။မင်းထက်တော်တဲ့လူတွေ၊ငါတို့တိုင်းပြည်မှာလဲတစ်ပုံကြီးပါ။သိပ်ပြီး တိုင်းပြည် ချစ်ပြမနေနဲ့။ထိုင်းမကိုယူထားပြီးတော့။ ကိုယ့်ကိုကိုယ်တော်လှပြီလို့ထင်ပြီးနထင်သွေးရောက်မနေနဲ့။မျိုးမစစ်ကောင်လေး ရေ မင်းလိုငတိမျိုး ကို ဘယ်ကောင်မှအထင်မကြီးဘူး။မှတ်ထား အမျိုးယုတ်ခွေးဝဲစားလေးရေ။စောင့်လေမျိုး နွယ် ဆိုတဲ့ဆုံးမစကားတောင် မသိခဲ့တဲ့ မင်းဘ၀ပါလားနော်။---(မြန်မာလူမျိုးစစ်စစ်ဖြစ်တဲ့အတွက်မြန်မာလိုပဲရေးလိုက်ပါတယ်။ကိုယ့်ကိုကိုယ် သိပ်တော်နေတယ်ထင်ရင် နားလည်တဲ့ဘာသာစကားနဲ့ပြန်ဆိုနိုင်ပါတယ်။)

တိမ်ကြားမင်းခေါင် said...

myanmar ဆိုတဲ့စကားလုံးနဲ့ dogs ဆိုတဲ့စကားလုံးကိုတွဲပြီးသုံးထားတဲ့အတွက် အပေါ်က အမျိုးယုတ်ကလေးကိုခွေးနဲ့နှိုင်းလိုက်ရတာပါ။ကျွန်တော်ရိုင်းမိသွားတဲ့အတွက်တောင်းပန်ပါတယ်။အလည်လာသူမိတ်ဆွေများ ခွင့်လွှတ်ကျပါလို့တောင်းပန်ပါရစေ။

တိမ်ကြားမင်းခေါင် said...

မြန်မာတွေစည်းကမ်းဖေါက်လို့၊

ထီးနန်းပျောက်ဖြစ်ပြီ၊

မှီးကွန်းထောက် အသစ်မှီတယ်၊

ညစ်ပလီ လူမျိုး၊

မိပစ်လို့ ဖ ရှောင်သွေသည်၊

ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။

မြန်မာများ ကြွားချင်၊

ဓားပြသွင် လူဆိုး၊

ကုလားမြင် သူ့အမေရိုးတော့မလို၊

ခုမြေလျှိုးပုန်းရှောင်၊

မိုက်ပနော် ပြုမဟေးတို့က၊

သူ့ပထွေးတော့ ခွေးသို့မဟောင်။

ပြောရောဟဲ့ရာဇဝင်ပြောင်အောင်၊

စာဇင်တောင် ဦးချလို့၊

ပလူးရ ပြေးကြို့ခါခါ၊

ခွေးသို့ပမာ၊

တွေးမိတိုင်း အရိုးနာသည်၊

အမျိုးပါ ဆဲချင်ပေါ့လေး။ ။

(အချုပ်တန်းဆရာဖေ)

တိမ်ကြားမင်းခေါင် said...

ဗိုလ်ချူပ်ပြောခဲ့တဲ့စကားလေးတစ်ခွန်းရှိတယ်။သိကြမှာပါ။
"ကျူပ်ကိုယ်ကျူပ် လပ်ပြာခုံရုံးရှေ့မှာအစစ်ခံရဲတယ်"------ဆိုတဲ့စကားလေ။ခုနိုင်ငံရေးလောကမှာ ဘယ်သူတွေများ ဗိုလ်ချူပ်ပြောတဲ့လိပ်ပြာခုံရုံးရှေ့မှာအစစ်ခံရဲသလဲ လို့သိချင်တယ်။ကျူပ်ကတော့ အမှန်အတိုင်းဝန်ခံတယ်။အစစ်မခံရဲဘူး။ဘယ်သူအစစ်ခံရဲသလဲဆိုတာကိုသိချင်တယ်။ကျူပ်ကိုပဲမေးနေကျတာ။ကျူပ်မေးထားတာလေးကိုပြန်မဖြေနိုင်ကျတော့ဘူးလား။

Anonymous said...

ဖွတ်ကျားမင်းခေါင်ေ၇မဟုတ်တာတွေ၇ပ်တန်းက၇ပ်ဗျ...............

Anonymous said...

လူငယ်တွေဆိုတော့ လူငယ်စိတ်ပဲရှိကြမှာလေ။ မမှားပါဘူး။ သူတို့လေးတွေမှာ အိမ်နဲ့စိတ်အခန့်မသင့်တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ အခြားစိတ်မကြည်လင်စရာတွေကိုဖြစ်ဖြစ်ကြုံလာပြီး ဒီလိုစာမျက်နှာတွေကနေ စိတ်ထွက်ပေါက်ရှာပြီး ရေးသင့်၊မရေးသင့် ပြောသင့်မပြောသင့်မတွေးတော့ဘဲ စိတ်ထွက်ပေါက်တစ်ခုလိုရေးကြ၊ ပြောကြတယ်ထင်ပါတယ်။ ဒီလိုအရေးအသားတွေကို ငါ့လည်းသူမသိ၊ သူ့လည်းငါမသိ ဘာဖြစ်လဲရေးတယ်ကွာဆိုပြီးရေးကြတာပါ။ ဒါပေမယ့်ဒါတွေက ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး။ မြန်မာစကားနားလည်တဲ့သူ၊မြန်မာစာအရေးအသားကိုလေ့လာတဲ့သူတွေ ဒီလိုဝက်(ဘ်)ဆိုဒ်မျိုးကို တွေ့သွားရင် တစ်ချိန်က ယဉ်ကျေးလှပါတယ်ဆိုတဲ့မြန်မာဆိုတာ ပုံပြင်ထဲမှာများလားလို့တွေးထင်ပြီးကဲ့ရဲ့ကြတော့မယ်။ တို့မြန်မာတွေက ကောင်းတဲ့အတုကိုလိုက်တုဘို့ကြရှက်ကြတယ်။ မဟုတ်တဲ့ဟာတွေကြတော့အတုခိုးမှားတယ်လို့မထင်ပဲ အဟုတ်ကြီးထင်နေကြတယ်။ တို့မြန်မာတွေ ဒီနေ့မှာ ဒီလိုဖြစ်နေကြတာ အတုခိုးတွေမှားခဲ့ကြလို့။ အတုခိုးမှားခဲ့တာတွေ၊ မှားနေတာတွေများလွန်းလို့ အချိန်ရရင် ဆွေးနွေးကြည့်ပါမယ်။ အခုကိုယ်ရေးလိုက်တာနဲ့ပါတ်သက်လို့ လှောင်ကြမယ်၊ ဆဲမယ်လို့ ပြင်နေမယ့်သူတွေ ကိုယ်ပြောတာဟုတ်မဟုတ် မိမိတို့သက်ဆိုင်ရာ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတွေကိုမေးကြည့်ပြီးမှ ကိုယ့်ကို လှောင်ခြင်လှောင်၊ ဆဲခြင်ဆဲပေါ့။ ကိုယ်ကတော့ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ စိတ်ဓာတ်၊ ယဉ်ကျေးမှု၊ ကြီးပွားတိုးတက်မှုတွေကို တိုင်းတစ်ပါးကထက် ကိုယ့်လူမျိုးကပြန်ပြီးဖျက်ဆီးသွားမှာကိုတွေ့နေမြင်နေရသလိုပဲ။

Anonymous said...

စိုင်းစိုင်းခမ်းလှိုင်နဲ့ ယုန်လေး အဲလို နှမချင်း မစာနာ လုပ်တာကိုတော့ လုံးဝအားမပေးဘူး။ ဘယ်ဘက်ကမှ မဟုတ်ဘူးနော်။ အစိုးရဘက်ကလဲ မဟုတ်ဘူး အတိုက်ခံဘက်ကလဲ မဟုတ်ဘူး။ သရုပ်ပျက်တာကို ဝေဖန်ယုံသက်သက်ပါ။ ဒါပေမဲ့ ဒေါ်စုကို ဆွဲမထည့်သင့်ဘူး တိမ်ကြားမင်းခေါင်ရေ.... လုပ်နေတာ ဒေါ်စုမှ မဟုတ်ဘဲ။

Anonymous said...

ကိုတိမ်ကြားမင်ခေါင်ရေ......
ကျွန်တော်တစ်ခုလောက်တော့မေးချင်တယ်ဗျာ...
ခင်ဗျားရော နိုင်ငံအတွက် အင်တိုက်အားတိုက်ဘာတွေလုပ်ပြီးပြီလဲ့။
သူများလုပ်နေတာတွေကိုမနာလိုမဖြစ်စမ်းပါနဲ့ဗျာ...မုဒီသာပွားစမ်းပါ
နိုင်ငံအတွက် အများကြီးမဟုတ်တောင် တစ်ထောင့်တစ်နေရာကပါစမ်းပါ
ဟိုစကားပုံကြားဘူးတယ်မှုတ်လား.....တင်သူမရှက်...ဖတ်သူရှက်တဲ့၊
တကယ်လို့ နိုင်ငံတော် အတွက်အများကြီးမဟုတ်တောင် တစ်ထောင့်တစ်နေရာက ကပြအသုံးတော်ခံခဲ့တယ်ဆိုရင် ဘယ်အခန်ကဏ္ဍကပါဝင်အသုံးတော်ခံခဲ့ပါသလဲ ..သိချင်ပါတယ်ဗျာ...
မင်းကော နိုင်ငံတော်အတွက် ဘာတွေလုပ်နေလဲ့ လို့ မမေးပါနဲကဗျာ...
နိုင်ငံတော်အတွက်ကြီးလေးတဲ့တာဝန်ထမ်းဆောင်နေတဲ့သူတစ်ယောက်ပါ...

မှတ်ချက်....ယဉ်ယဉ်ကျေးကျေးမေးထာပါသဖြင့် ယဉ်ယဉ်ကျေးကျေး ပြန်လည်ဖြေပေးပါ။
ကျေးဇူးတင်ပါတယ်-----

Anonymous said...

အပေါ်ကလူ ကြီးလေးတယ်ဆိုတာ ရဲဘက်စခန်းမှာ ကျောက်ထုနေရတာကို ပြောတာလား ဟာ ဟ

Anonymous said...

ဖာကောင်းမင်းခေါင်...ငါက ဘာမှ နားမလည်ဘူး..ဒါပေမယ့် မင်းရေးတဲ့ စာဖတ်ပြီး မင်းကို ခုတွေ့ ခုချဉ်သွားတယ်ကွာ..ဖာကောင်းမင်းခေါင် ဖာကောင်းမင်းခေါင် ဖာကောင်းမင်းခေါင် ဖာကောင်းမင်းခေါင်

မြင့်မြတ်သူ said...

ဗိုလ်ချုပ်အောင်ဆန်း တော်လှန်ခဲ့တာ အင်္ဂလိပ်၊ ဂျပန် လူမျိုးများ မဟုတ်ပါ။ စံနစ်များကိုသာ တော်လှန်ခဲ့တာပါ။ မြန်မာနိုင်ငံ သူ့ကျွန်ဘဝ ရောက်ရတာ စံနစ်မတူခဲ့လို့ပါ။ Moreover, please consider yourself why Myanmar Government train & use alzation dogs at check point? Why don't they train & use Myanmar dogs? "myanmar ဆိုတဲ့စကားလုံးနဲ့ dogs ဆိုတဲ့စကားလုံးကိုတွဲပြီးသုံးထားတဲ့အတွက် အပေါ်က အမျိုးယုတ်ကလေးကိုခွေးနဲ့နှိုင်းလိုက်ရတာပါ"။ မင်း ငါရေးတဲ့ သဘောကို နားမလည်ဘဲ စော်ကားခဲ့တယ်နော်။ စစ်ခွေးတွေမှာ ဘာကြောင့် အလ်ဇေးရှင်း ခွေးတွေ သုံးနေရတာလဲ ဆိုတာ မင်းလေ့လာလိုက်ပါလေ။ ငါဟာ please ဆိုတဲ့ စကားကို ယဉ်ကျေးစွာ သုံးခဲ့ပေမယ့် မင်းက ရိုင်းစိုင်းစွာ တုန့်ပြန်ခဲ့တယ်။ ငါဟာ အ.ထ.က ( ၁ ) ဒဂုံ က ဆယ်တန်းအောင်ခဲ့တာကို မင်းစော်ကားစွာ သုံးနှုန်းဘို့ ရေးခဲ့တာ မဟုတ်ဘူး၊ ငါ ထိုင်းအမျိုးသမီးကို လက်ထပ်ခဲ့တာ မျိုးရိုးဂုဏ်ကို ဘာကြောင့် မင်းစော်ကားရတာလဲ။ ဂုဏ်သရေရှိတဲ့ မြန်မာမိသားစုမှ ကြီးပြင်းလာခဲ့တဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ ရိုင်းပြစွာ မပြောကြဘူးဆိုတာ မင်းသိနိုင်ပါစေ။ အတိုချုပ်ရေးလိုက်ပါတယ်။

မြင့်မြတ်သူ said...

မြန်မာပြည်က ခွေးကို အင်္ဂလိပ်လိုရေးရင် ဘယ်လိုရေးရမှာလဲ။ Myanmar dog လို့ နားလည်လွယ်အောင် ရေးလိုက်တာလေ။ မင်းနားလည်သင့်တယ်ကွာ။ ဆရာဦးအောင်သင်း ဆီမှာ လေ့လာသင်ယူသင့်တယ်။

မြင့်မြတ်သူ said...

ကဲ.... မင်းခေါင် ၊ မင်းတို့ ဘာကြောင့် ငါရေးတဲ့ စာတွေကို မတင်သေးတာလဲ။ နေ့တိုင်း ငါ ကြည့်နေတယ် ခုချိန်ထိ မင်းတို့ဘာကြောင့် ငါရေးတဲ့ ငါ့ရဲ့သမိုင်းအကျဉ်းနဲ့ ဒီပဲရင်း အကြောင်းကို အတိုချုပ်ရေးထားခဲ့တာတွေ မတင်ပေးတော့တာလဲ။ မင်းလည်း ရဲရင့်သူတစ်ယောက်ဆိုရင် မင်းရဲ့သမိုင်းကို အမှန်အတိုင်း တင်ထားနိုင်ရမှာပေါ့ကွ။ "မျိုးမစစ်တဲ့ ကောင်ဖြစ်လို့ကိုချဉ်သွားတာ။ခင်ဗျားလိုတိုင်းတပါးကိုအရမ်းအထင်ကြီးတဲ့ကောင် ကို စကားတောင်ပြန်မပြောသင့်ဘူး" ဟုတ်လား မင်းငါ့ကို စော်ကားခဲ့တာလေ။ မင်းက တိုင်းတစ်ပါးကို အထင်မကြီးဘူးပေါ့။ ဒါဆို မင်း online ပေါ်ကို တက်မလာသင့်ဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီ website တွေ online တွေဟာ တိုင်းတစ်ပါးကလေကွာ၊ တို့မြန်မာနိုင်ငံက ထုတ်လုပ်တာ မဟုတ်ဘူးလေ။ မင်းတိုင်းတစ်ပါးကို အထင်မကြီးရင် မလာနဲ့၊ မသုံးနဲ့ပေါ့ ကွ။ မင်းမှာ hand phone တော့ရှိမှာပေါ့။ မင်းမှာ မျိုးချစ်စိတ် ပြင်းပြရင် မသုံးနဲ့လေကွာ။ အဲဒါ တို့မြန်မာပြည်က ထုတ်နိုင်တာမှ မဟုတ်ဘဲ။

Anonymous said...

lee bal

မြင့်မြတ်သူ said...

တိမ်ကြားက မင်းခေါင် ဆိုတဲ့လူ ရှိသေးရဲ့လား၊ သေသွားပြီလား။ ဒါမှမဟုတ် လေသင်တုန်းဖြတ်သွားပြီလား။ ဒီပဲရင်းအရေးတုန်းက ငါ့သူငယ်ချင်း DSA -၃၈ က ဗိုလ်ကြီးကို ဗိုလ်ချုပ်စိုးဝင်းကိုယ်တိုင် အမိန့်ပေးပြီး ခိုင်းခဲ့တယ်ဆိုတာ မင်းတို့ဘက်က ငြင်းမယ်ဆိုရင် ငါအသေးစိတ် ထပ်ပြောပြမယ်။ ငါ့ရဲ့စာတွေကို တင်ပေးဘို့တော့လိုတယ်ဟေ့။

သန့်ဇင် said...

ငါလိုးမသား မင်းခေါင်။ မြင့်မြတ်သူ က တရားဝင် ထိုင်းမကိုလက်ထပ်ပြီးလိုးနေတာ မင်းကမျိုးမစစ်လို့ ဘာလို့ပြောတာလဲ ငါလိုးမသားရဲ့။ မင်းဖင်ကိုသူလိုးမှ မင်းကမျိုးစစ်တယ်လို့ ထင်တယ်လား ဟင် ငါလိုးမသားရဲ့၊
ညီလေးမြင့်မြတ်သူ- အစ်ကိုကြီးက DSA အပတ်စဉ် ၂၈ က သန့်ဇင် ပါကွာ။ (ကကလှမ်း) မှာ ဒု-မှူးကြီး ရာထူးကနေ ထွက်ခဲ့တာကွ၊ ငါလိုးမသားမင်းခေါင် ဆိုတဲ့ကောင်ကို မင်းကိုယ်စား ဆဲနေတာလေ။ မင်းကတော့ နာမည်နဲ့လိုက်ပါပေတယ်၊ ကိုယ့်ကို ဒီလိုရိုင်းပြစော်ကားတာ ယဉ်ကျေးစွာတုန့်ပြန်ပေမယ့် ငါကတော့ စစ်သားပီပီ ဆဲရမှ ဖြစ်မယ်ဟေ့။ ငါ့ကိုရိုင်းရိုင်းစိုင်းစိုင်းရေးချင်တဲ့ကောင်တွေရှိရင် မင်းတို့ရဲ့ဖင်ပေါက်ကို တံတွေးအရင်ဆွတ်ထား ဟေ့။ နားလည်လား ငါလိုးမသား မင်းခေါင်။နာမည်ကမင်းခေါင် နေသင့်တာက ဖာသည်မ စောက်ခေါင်းထဲမှာ

naing said...

မြင့်မြတ်သူ သိစေရန်
I learn English to use,not to admire.

Anonymous said...

မြင့်မြတ်သူဆိုတဲ့သူက ... မြန်မာစကားပုံတစ်ခုနဲ့တော့ သွားတူသွားတယ်ထင်တယ် ... အဲဒီစကားပုံတစ်ခုကပဲ သူ့ဘ၀တစ်ခုလုံးနဲ့ သူ့နိုင်ငံတစ်ခုလုံးကို အထင်သေးရက်စွာပြောဆိုဆက်ဆံသွားတယ်ထင်တယ် ...အဲဒီစကားပုံကတော့ “ မိန်းမကြိုက်တော့ စိုက်စိုက်လာ” တဲ့ .. မိန်းမ တစ်ယောက် မတူတဲ့ အမျိုးသမီးတစ်ယောက်ကို ယူပြီးရင် အဲအမျိုးသမီးဘက်က ပါတော့တာပါပဲ ... ဒေါ်စုလည်းဒီအတိုင်းပဲ ...
ဒီလိုလူတွေက နည်းပညာတွေပါ ယှဉ်လာနေတယ် ဖုန်းသုံးတာကအစ ... လျှောက်ပြောနေတယ် ... နောက်ကျကျန်နေတာကို အပြစ်မြင်နေတယ် ... ဒီတော့ မြင့်မြတ်သူဆိုတဲ့ ငတိကို မေးချင်တာက ဘာသာစကားတွေ တော်တော်များများတတ်တယ်ဆိုရင် ... အဲဒီတတ်ထားတဲ့ ဘာသာစကားတွေနဲ့ အဲဒီနိုင်ငံတွေမှာပဲ လှည့်ပတ်နေပေါ့ကွာ ... တို့နိုင်ငံမှာနေရင်တော့ တို့လူမျိုး တို့ယဉ်ကျေးမှုနဲ့ တို့ပညာ တို့မာန ... တို့စာ တို့စကားကိုတော့ လာမစော်ကားနဲ့ ... မထိပါးနဲ့ .. မြန်မာထဲကမှ မျိုးမစစ်တစ်ယောက်ကိုရှင်းထုတ်ဖို့အတွက် ကျန်တဲ့မြန်မာတွေကလည်း ၀ိုင်းဖိအားပေးကြမှာပဲ ... မင်းပြောတဲ့ တစ်ချို့ အကြောင်းအရာတွေက ... မင်းနားထင် မင်းဘ၀င်နဲ့ ပြောနေတာ ... ခု ထိုင်းမှာ မင်းဘာလုပ်စားနေလဲ ... အဆင်ပြေတဲ့ နေရာတစ်ခုကိုရောက်ရင် လူတွေ အသိတွေ အမြင်တွေ ကြွယ်လာကြတယ် ... အဲဒါကို လူတိုင်းလက်ခံတယ် .. ဒါပေမယ့် ဝေဖန်ထောက်ပြမှုမှာတော့ .. ငါတို့က သူများနိုင်ငံနဲ့ယှဉ်ပြီးရင် တို့နိုင်ငံတို့လူမျိုးနဲ့ တို့တိုးတက်မှုတွေကိုတော့ ... အပြစ်မမြင်တတ်ဘူး .. ကောင်းမွန်စွာပဲ ..ဆက်လက်တွန်းအားပေးသွားမယ် ကောင်းတဲ့ဘက်ကနေ .. မင်းမှတ်ထား naing ပြောသလိုပဲ တို့လည်း I learn English to use,not to admire. ( ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ ပုဂ္ဂိုလ်ကို သူ့အစ်ကို အောင်သန်းကပြောတယ် မင်း အင်္ဂလိပ်စာတတ်ပြီးတော့ရော ဘာလုပ်လို့ရမှာ အောင်ဆန်းရာတဲ့ .. ဒီတော့ အောင်ဆန်းကလည်း ပြောလိုက်တယ် အနည်းဆုံးတော့ သူတို့ကို အင်္ဂလိပ်လို ပြန်ဆဲလို့ရတာပေါ့တဲ့) .. မင်းလည်း ထိုင်းလိုဆဲ .. ဂျာမန်လိုဆဲ အင်္ဂလိပ်လို ဆဲတတ်ပါစေ တို့လူမျိုးကိုမဟုတ်ဘူးနော် .. တစ်ခြားလူမျိုးကိုပြောတာ ... အေး မဆဲတတ်ရင်တောင်မှပဲ .. အဲဒီဘာသာတွေနဲ့ အဲဒီနိုင်ငံရဲ့  ယဉ်ကျေးမှုနဲ့ နည်းပညာတွေကိုလေ့လာပေါ့ကွာ .. ဒါပေမယ့် တို့နိုင်ငံက တို့လူမျိုးကိုတော့ လာမစော်ကားနဲ့ ... မင်းကို ခု လာဝင်ရေးတဲ့ကောင်က တိုင်းတပါးသူလည်း လက်ထပ်ယူမထားသလို ... လူပျိုလူလွတ်လည်းဖြစ်တယ် .. ငါ့အတွက်တော့ ငါ့စာ ... ငါ့ဘာသာ .. ငါ့ယဉ်ကျေးမှု ငါ့အမျိုးကလွဲလို့ ကျန်တာတွေက သဘောတရားနဲ့လေ့လာမှုတွေပဲ .. ဖြစ်နေစေရမယ် ..အထင်ကြီးသင့်တာကိုပဲ အတုယူမယ် .. ငါ့လူမျိုးကို လာစော်ကားရင်တော့ ... အဲဒီတိုင်းတပါးသား/သူလည်း ငါ့ရန်သူပဲ

Anonymous said...

စိုင်းစိုင်း ၊စန္ဒီနှင့် ယုန်လေး တို့ ရဲ့ ခုဆိုထားတဲ့ သီချင်းလိုချင်ပါတယ် MP4 ဖိုင်ပေါ့ ရမလားမသိဘူး

မြင့်မြတ်သူ said...

Anonymous ဆိုတဲ့ကောင်က သွေးကြောင်လိုက်တာ၊ မင်းရဲ့နာမည် ဘာကြောင့် အမှန်အတိုင်း မဖေါ်ပြရဲတာလဲ။ ငါ မြင့်မြတ်သူ လေ။ ဘာဖြစ်လဲ။
"နောက်ကျကျန်နေတာကို အပြစ်မြင်နေတယ်" - ဟုတ်လား။
ဘာကြောင့်နောက်ကျကျန်နေတာလဲ။ ဖြေလေကွာ။

မင်းက သာမန်ယောက်ျား ၁-ယောက်ဆိုရင် မင်းရဲ့နာမည်၊ ပညာအရည်အချင်း၊ ပညာသင်ခဲ့တဲ့ကျောင်း၊ ဖေါ်ပြရဲလိမ့်မယ်လို့ ထင်တယ်၊ ကိုယ့်ကိုယ်ကို မလိမ်ကြေးပေါ့ကွာ။ ယောက်ျားဘဲ။

မင်း တော်တော်ရိုင်းတဲ့ကောင်ဘဲ၊ ဒေါ်အောင်ဆန်းစုကြည် ကို ဘာလို့ ဒေါ်စု လို့ခေါ်ရတာလဲ။ မင်းထက် အသက်ကြီးရင် ရိုသေလေးစားရမယ် ဆိုတာ မသိဘူးဆိုတော့ ဘယ်လို ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တယ်ဆိုတာ ထင်ရှားနေတယ်။ ဒီလိုသာ နာမည်အပြည့်အစုံခေါ်ချင်လည်းခေါ်၊ မခေါ်ချင်လည်း ရတယ်လို့ မင်းနားလည်ထားရင် မင်းကို စာပေပညာ သင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေ ကျောင်းထားပေးခဲ့တဲ့မိဘတွေ မင်းလည်း ကြိုးစားခဲ့တဲ့အချိန်တွေ တန်ဘိုးမဲ့ဖြစ်စေတယ်။

မင်းမှတ်ထားပါ။ ငါ အခု စင်္ကာပူမှာ နေတယ်။ မင်းရောက်လာခဲ့မယ်ဆိုရင် ကြိုပြောထား၊ ငါလာတွေ့ရဲတယ်။ မြန်မာပြည်မှာဆိုရင်လည်း ရန်ကုန်မြို့မှာ နေတယ်၊ မင်းနဲ့ ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ ပြော၊ ငါ လာတွေ့မယ်။
ငါဟာ DSA အပတ်စဉ် ၃၈-မှာ တစ်နှစ်ပြည့်ခါနီးအထိ တက်ရောက်ခဲ့တယ်ဆိုတာ မင်းမှတ်ထားပါ။ ရန်သူ၊ မိတ်ဆွေ အားလုံးကို ရင်ဆိုင်ရဲတယ်။ မိဘ၊ ဆရာသမားတို့ရဲ့ သွန်သင် ဆုံးမမှုတွေကို အမြဲနာခံ လိုက်နာနေခဲ့တယ်။ ဂါရဝတရားကို လေးစားလိုက်နာတယ်။

မင်းလို ပုဆိုးခြုံထဲက လက်သီးပြရဲတဲ့ကောင်ကို သာမန် ပူရိသ ယောက်ျား လို့  မထင်ဘူး၊ အပူရိသ (သို့) နပူရိသ လို့ဘဲ မှတ်တယ်။

မြင့်မြတ်သူရဲ့ ဖခင် said...

သား မြင့်မြတ်သူ မင်းဘာလို့ ကိုယ့်လူမျိုးတွေ ကိုစော်ကား နေ တာလဲ။ မင်း ကိုဗိုလ် သင် တန်း ကစည်း ကမ်း မလိုက်နာ လို့ ထုတ်လိုက်တာကို မင်းက ပေါက်ကွဲ နေ တာလား သားရဲ့။မင်းစိန် ခေါ်နေတဲ့ လူတွေက မြန်မာ ပြည် ထဲမှာဘဲ ရှိပါ တယ်သားရဲ့ ဘယ်မှ ထွက် မပြေးပါဘူး ။မင်း အဖေ့ကို သတိရင် ပြန်လာပေါ့ သားရယ်။မင်း ပြန်လာ တော့ မှအဖေတို့ စကား ဆက်ပြော ကြ တာပေါ့ကွာ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ