Readmore »
May 5, 2012
ခွေးပြေးပြေးရတဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ..နယ်ခြားစောင့်တပ်ကိုတောင် မနိုင်ပဲ အစိုးရတပ်ကို တိုက်ချင်သေးတယ်
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 11:00 PM 0 ယောက် ဆွေးနွေးခဲ့တယ်
လွယ်ဂျယ်ကိုတိုက်ရန် KIA ဗဟိုက အမိန့်ပေးလိုက်ပြီ
KIA တွေအနေနဲ့ ဒီတစ်ခါ လွယ်ဂျယ်ကို တိုက်ရင်တော့ အနိုင်ရအောင်တိုက်မယ်လို့ ကြုံးဝါးထားပါတယ်။ ဒါကြောင့်မို့ အဖက်ဖက်ကပြင်ဆင်တဲ့အနေနဲ့ စစ်ရေးမှာ လိုအပ်ရင် အသုံးပြုဖို့ အရပ်သားတွေကိုလဲ ဖမ်းထားသလို ရိက္ခာ နဲ့ ဆက်ကြေးတွေလဲ အတင်းအကြပ်ကောက်ခံနေပါတယ်။ ၀ိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာနားမှာ ရွှေကျင်း လုပ်ကိုင်နေတဲ့ လုပ်သား(၃၀)နဲ့ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအရှေ့တောင် နန့်ပန်းအောင်ချောင်းဖျားမှာ အလုပ်လုပ်နေတဲ့ရွှေမှော် လုပ်သား(၄၃)တို့ကို KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီလိုမျိုးအတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ သူတွေအားလုံးကို တိုက်ပွဲဖြစ်တဲ့နေရာတွေ ခေါ်သွားပြီး အထမ်းသမားများအဖြစ် အသုံးပြုဖို့စီစဉ်နေတယ်လို့ လိုင်ဇာမှာရှိနေတဲ့ KIA အရာရှိတစ်ဦးပြောပါတယ်။ လွယ်ဂျယ်ကို တိုက်တာနဲ့တပြိုင်နက် အနီးပတ်ဝန်းကျင်မှာရှိတဲ့ လမ်း၊ တံတားတွေပါ တစ်ပါတည်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးပစ်ဖို့ စီစဉ်ထားတယ်လို့ KIA ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရှိရပါတယ်။ KIA တပ်တွေအနေနဲ့ ကချင်ပြည်နယ်ရဲ့ နေရာအနှံ့မှာ အဖျက်လုပ်ငန်းတွေလုပ်နေတာဟာဖြင့် အလွန်ကို အကျည်းတန် ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ ဖြစ်နေပါတယ်။ လူသားချင်းစာနာထောက်ထားခြင်းမရှိသလို ကချင်ပြည်နယ်ကြီးအေးအေးချမ်းချမ်းဖြစ်နေမှာကိုလဲ မလိုလားပါဘူး။ ဒါကြောင့် KIA တပ်တွေဟာအဖျက်လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်နေသလို စစ်တပ်နဲ့ရဲစခန်းတွေကို လဲ လူအင်အားနဲ့တိုက်ခိုက်ဖို့ ပြင်ဆင်နေခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 7:30 PM 1 ယောက် ဆွေးနွေးခဲ့တယ်
KIA ဗဟိုက မေလမှစတင်ပြီး ရထားလမ်း၊ ကားလမ်းနှင့် အချက်အချာနေရာများကို ရနိုင်သလောက် တိုးမြှင့်ဖောက်ခွဲဖျက်ဆီးဖို့ ညွှန်ကြားထား
ကချင်လက်နက်ကိုင်တပ်တွေအနေနဲ့ ယခုနှစ်ဧပြီလမှစပြီး ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ရထားလမ်း၊ ကားလမ်းတွေကို ဖောက်ခွဲဖျက်ဆီးပြီး အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက်ပြုလုပ်နေပါတော့တယ်။ တစ်ချို့နေရာ တွေမှာ အစိုးရဘက်က ကြိုတင်သတင်းရမှုတွေရှိနေတာကြောင့် ဖောက်ခွဲ ဖျက်ဆီးမှုတွေ ထင်သလောက်ဖြစ်မလာတာတွေရှိလို့မို့ KIA စစ်ဦးစီးချုပ် ဂမ်ရှောင်အနေနဲ့ အရမ်းကိုဒေါသထွက်လျက်ရှိနေပြီး ဖောက်ခွဲဖျက်ဆီးမှု အသစ်တွေလုပ်ဆောင်ဖို့ KIA တပ်ဖွဲ့က ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတွေနဲ့ ဗိုလ်မှူးအဆင့်ရှိသူတွေကို တိတိကျကျနဲ့ နယ်မြေပိုင်းခြား တာဝန်ပေးအပ် ထားတယ်လို့ သိရှိရပါတယ်။
KIA က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အဇီးဇော်နော်ကတော့ သူတို့အဖွဲ့အနေနဲ့ ထိုင်ရာယန်ဒေသနဲ့ ဒါဝယ်ဒေသတွေမှာ တာဝန်ယူရမှာဖြစ်ပြီး သူတို့နယ်မြေထဲမှာရှိနေတဲ့ ကချင်တွေအနေနဲ့ သွားလားလှုပ်ရှားမှုတွေ ဆင်ခြင်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။ အလားတူပဲ ဗိုလ်မှူးအဆင့်ရှိ မခေါတူးကလည်း သူတို့ရဲ့ နယ်မြေမှာရှိနေတဲ့ ခရစ်ယာန်ကချင်တွေကို မှာထားတယ်လို့ သိရှိရပါတယ်။ ဗိုလ်မှူးအဆင့်ရှိ အနှိုင်းဇော်ခေါင်နဲ့ အဖွဲ့ကတော့ ဧရာဝတီမြစ်ရိုးတစ်လျှောက် ဆင်ဘိုမြို့နယ်ထဲ ဝင်ရောက်လာတဲ့ လှေ/သင်္ဘောတွေကို ပစ်ခတ်ဖို့တာဝန်ယူထားရတယ်လို့ သိရပါတယ်။
KIA တပ်တွေအနေနဲ့ ကချင်ပြည်နယ်မှာရှိနေတဲ့ ကချင်လူမျိုး အချင်းချင်းမှာတောင် အိန္ဒိယနိုင်ငံက ဇာတ်အနိမ့်/အမြင့် ခွဲခြားမှုတွေ ရှိနေသလို ခွဲခြားဆက်ဆံ သတ်ဖြတ်ချင်းတွေ ရှိနေတာကြောင့် ကချင်အချင်းချင်းမှာကို စိတ်ဝမ်းကွဲမှုတွေ ရှိနေပါတယ်။
နောက်ပြီး KIA က ဂမ်ရှောင်နဲ့ အင်ဘန်လတို့က ကချင်လူမျိုး အချင်းချင်း သွေးခွဲဆက်ဆံအုပ်ချုပ်၊ အကြမ်းဖက်လုပ်ရပ်တွေကို လည်း အဆက်မပြတ်လုပ်ဆောင်နေတော့ ကချင်ပြည်သူပြည်သားတွေအားလုံး မြေဇာပင်ဖြစ်နေရပါတယ်။
အစိုးရတပ်စခန်းတွေကို မတိုက်ရဲတာနဲ့ သက်မဲ့ပစ္စည်းတွေဖြစ်တဲ့ ရထားလမ်း၊ ကားလမ်းတွေ ဖောက်ခွဲဖျက်ဆီး နေတော့ ကချင်ပြည်နယ်ကောင်းစားရေးလား၊ ကချင်လူမျိုးကောင်းစားရေးလားဆိုတာ KIA ခေါင်းဆောင်ကြီးများ ကွဲကွဲပြားပြား သိသင့်ပါတယ်။ ကိုယ့်လူမျိုးစုတွေကို ဒုက္ခရောက်သေကြေပျက်ဆီးအောင် လုပ်ဆောင်နေတဲ့ KIA ခေါင်းဆောင်ကြီးများရဲ့ဘဝဟာ ဇာတ်သိမ်းမလှနိုင်ဘူးဆိုတာ ထာဝရဘုရားသခင်ကိုယ်တော်တိုင်က အမိန့်ချဒဏ်ခတ် ပါလိမ့်မယ်။

ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 6:07 PM 1 ယောက် ဆွေးနွေးခဲ့တယ်
May 4, 2012
အိမ်နောက်ဖေး မှာ မြွေးပွေးတစ်ကောင်ရှိတယ်
ရိုဟင်ဂျာဟူသည်ကား ၂၀၀၉ ခုနှစ် ဘီဘီစီမှ စခဲ့သော လန်ကြုတ်ဇာတ်လမ်း
တစ်ခုပင် ဖြစ်သည်။ ထိုစဉ်က ဘင်ဂလီကို ရှုံ့ချ ဆန့် ကျင်သော မျိုးချစ်
တိုင်းရင်းသားများ ရှိခဲ့သလို မယုံချင်စရာ ဘင်ဂလီဘက်မှ မားမား မတ်မတ်
ရပ်တည်ကူညီခဲ့သော ပညာတတ် မြန်မာပြည်ဖွား အမျိုးကောင်းသားများလည်း
ရှိခဲ့သည်။
.
ဒေါ်လာမျက်နှာ တစ်ကမ္ဘာထင်သူများကား ရေငတ်တုန်း ပင်လယ်ထဲ ပြုတ်ကျသကဲ့သို့  မုသားဖက်သော အသပြာများကို ငိုကာ ရယ်ကာ ရှာကြကုန်၏။ သူရို့၏ အားထုတ်မှုများကား အံ့မခန်းပေ။ သူရို့ကြောင့် ရိုဟင်ဂျာဟူသော အမည်ကို ကမ္ဘာမှ သတိမူလာ၏။
.
ကျွန်မတို့ မြန်မာများသည် အလွန် မေ့တတ်သော လူမျိုးများ ဖြစ်သည်။ ယခုကိစ္စတွင်လည်း အိမ်နောက်ဖေးပေါက်မှ ပေါက်ရန် ချောင်းမြောင်းနေသော မြွေပွေးကို ကာလအတန်ကြာသော် မေ့လျော့ကုန်၍ အိမ်ရှေ့ဘက်မှ ရွှေပြည်သစ်ကို မျှော်ငေးကြကုန်၏။ ထိုမြွေပွေးသည်ကား အိမ်နောက်ဖေးဝယ် ရရာရှာစား၍ တနေ့ တခြား ကြီးထွားလာ၏။ မြွေပွေးပေါက်ကလေးများသည် မြောင်းတို မြောင်းငယ်တို့ မှတဆင့် လျှောကနဲ လျှောကနဲ အိမ်ထဲ ဝင်လာကြ၏။ အိမ်ကြီးရှင် မောင်နှမများမှာမူ သတ်ကောင်းဆဲ ဖြစ်၏။
.
စိတ်ကူးယဉ်ဆန်ဆန် ပြောပါရစေ။ အချို့သော ရုပ်ရှင်များထဲတွင် ဓါတုဆေးဝါးနှင့် ထိတွေ့လေသော တိရိစ္ဆာန်များ အဆမတန် ကြီးထွား၍ လူသားများကို အန္တရာယ်ပြုသည်ကို မြင်ဖူးပါသည်။ ယခု မြွေပွေးသည်လည်း ထိုနည်းလည်းကောင်းပင်။ အနောက်အရပ်မှ ဒေါ်လာတည်းဟူသော ဆေးကောင်းဝါးကောင်းကို ကာလအတန်ကြာ မှီဝဲလာသောအခါ အိမ်ပင် ဖြိုနိုင် လောက်အောင် သန်စွမ်းကောင်း သန်စွမ်းလာပြီ ဖြစ်သည်။
.
အိမ်ရှင်များက နတ်ကရာ ကျီးမောနေချိန်ဝယ် မြွေပွေးအိုက အိမ်ထုတ်တန်းပေါ်တက်ကာ တရွှီရွှီ အသံပေး၍ ပေါက်ရန် အားယူ နေချေပြီ။ မြန်မာအမျိုးကောင်းသားများက သင်္ကြန်တွင်းမှ အဖော်အချွတ်ကိစ္စများ ဆွေးနွေးနေစဉ်ဝယ် သူရို့က အသံလွှင့်ဌာနများ တွင် ဝါဒဖြန့် ရန် အားထုတ်ကောင်း အားထုတ်နေလိမ့်မည်။
.
'ကဲ .. တိုတိုပဲ ပြောပါရစေ။ အိမ်နောက်ဖေးမှာ မြွေပွေး တစ်ကောင် ရှိပါသည်။ မမေ့ကြပါနှင့်။'
ရှင်မင်းယာ(ဖေ့ဘုတ်)

ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 3:56 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
ဆုငွေဘတ် ၁ သန်းတန် မူးယစ်ရာဇာ စောလားပွယ်ကို ထိုင်းအစိုးရက လာပြီးအဖမ်းခံဖို့ တောင်းဆိုနေပြီ
ဗိုလ်နှုတ်ခမ်းမွှေး(ခေါ်)ဗိုလ်ချုပ်စောလားပွယ်ဟာ
ကလို့ထူးဘောတပ်ဖွဲ့ ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင် ကနေ ထိုင်းအစိုးရကို အာခံအံတုပြီး
ထိုင်းနိုင်ငံ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်စီးလုပ်မယ့်အကြောင်း၊ နယ်စပ်ဒေသ မတည်မငြိမ်ဖြစ်အောင်
လုပ်မယ့်အကြောင်း၊ ထိုင်း-မြန်မာ နယ်စပ်တံတားကို အသုံးပြုလို့မရအောင် ပိတ်ပင်သွားမည့်
အကြောင်းနဲ့ ထိုင်းဒုဝန်ကြီးချုပ် ချရုမ်လ်ယူဘန်းရှုး(Chalerm Yoobamrung) ကိုလည်း မမှန်မကန်စွပ်စွဲမှုအတွက်
ဖြေရှင်းပေးရမည်ဟု သတင်းထောက်တွေရဲ့ရှေ့မှာ ကမ္ဘာသိ စိန်ခေါ်အံတုနေလို့ ထိုင်းအစိုးရက
စောလားပွယ်ကို ထိုင်းအစိုးရထံ လာရောက်အဖမ်းခံဖို့ ထိုင်းရုပ်သံကနေတဆင့် တောင်းဆိုထားပါတယ်။
ဒီနေ့ နယ်စပ်ကရရှိတဲ့သတင်းများအရ ကလို့ထူးဘောတပ်ဖွဲ့လှုပ်ရှားရာဒေသရှိ
နယ်စပ်တလျှောက် ဖုတ်ဖဒေသနှင့် အုန်းဖန်ဒေသတွေမှာ ထိုင်းစစ်တပ်မှ လုံခြုံရေးတပ်များ
အင်အားတိုးမြှင့်ပြီး တင်းကြပ်စွာ ချထားကြောင်း၊ နယ်စပ်ရှိ ထိုင်း ပြည်သူများကိုလည်း
ကလို့ထူးဘောတပ်ဖွဲ့နယ်မြေအတွင်းသို့ ဖြတ်သန်း သွားလာခြင်းမပြုရန် ထိုင်းစစ်တပ်မှ ပိတ်ပင်တားဆီးထားကြောင်း
သိရှိရပါတယ်။
စောလားပွယ်ဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ
လှည့်လည်ကျက်စားနေပြီး မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းဝယ်ခြင်းနှင့် ဓါတ်သတ္တု၊ ခဲမဖြူ၊
ခနောက်စိမ်း စတာတွေကိုလည်း တရားမဝင်တူးဖော်ကာ စီးပွားရှာလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံက အလိုရှိနေတဲ့ မူးယစ်ရာဇာတစ်ဦးဖြစ်သလို မြန်မာအစိုးရအနေဖြင့်လည်း မူးယစ်ဆေးဝါးနဲ့ပက်သက်လာရင်
လက်ခံမှာမဟုတ်ပါဘူး၊ ထိုင်းအစိုးရရဲ့ တရားဝင်တောင်းဆိုမှု မရှိသေးလို့သာ အခြေအနေကိုစောင့်ကြည့်နေတာ
ဖြစ်နိုင်တယ်လို့ ထိုင်း-မြန်မာနယ်စပ်မှ နိုင်ငံရေးစောင့်ကြည့်လေ့လာသူ မြဝတီမြို့သားတစ်ဦးက ဝေဖန်ပြောကြားခဲ့ပါတယ်။
ထိုင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် နယ်စပ်တလျှောက်ရှိ
နှစ်နိုင်ငံ ပြည်သူလူထုများကလည်း စောလားပွယ်ရဲ့ ကလို့ထူးဘောတပ်ဖွဲ့များနှင့် ထိုင်းစစ်တပ်ကြား
ပဋိပက္ခဖြစ်ပြီး စစ်ပွဲများဖြစ်လာမှာကို စိုးရိမ်ကြောင်းနှင့် ထိုင်းအစိုးရအနေဖြင့်
မူးယစ်ရာဇာ စောလားပွယ်ကို ဘယ်လိုကိုင်တွယ်သွားမယ်ဆိုတာကို အထူးစိတ်ဝင်စားလျက်ရှိပြီး
စောင့်ကြည့်နေကြပါတယ်။
_______________________________________________________________
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 12:00 AM 1 ယောက် ဆွေးနွေးခဲ့တယ်
May 3, 2012
ရထားလမ်းကားလမ်းတံတားများကို အဆက်မပြတ် မိုင်းထောင်ဖောက်ခွဲနေသော KIA
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 10:07 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ကေအိုင်အေ လုပ်ခဲ့သမျှကို အစဆွဲထုတ်လိုက်သော်
ကချင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့
ဒီရက်ပိုင်းအတွင်း ပြည်သူလူထုတွေအပေါ်မှာ နိုင့်ထက်စီးနင်းလုပ်ရပ် တွေ ပိုမိုများပြားလာနေပါတယ်။
ဒီလိုဖြစ်လာရတဲ့အကြောင်းတွေမှာ KIA တပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက်အစိုးရ ထံအလင်းဝင်ရောက်မှုတွေရှိနေတာရယ်၊
အစိုးရနဲ့လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးအောင်မြင်မှုမရှိတာတွေကြောင့် အခုဆိုရင် KIA
ဟာဒေသခံပြည်သူတွေအပေါ်ဖိနှိပ်မှုတွေပိုပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ လေ့လာသူတွေက ပြောဆိုနေ
ပါတယ်။အစိုးရနဲ့ဆွေးနွေးပွဲတွေအောင်မြင်မှုမရတဲ့အတွက် ကချင်လူထုရဲ့စိတ်ထဲမှာ မချင့်မရဲခံစား
နေရပါတယ်။ နှစ်ပေါင်း (၆၀)ကျော် တော်လှန်ရေးလုပ်နေတဲ့ ကရင်အမျိုးသားတွေတောင်ငြိမ်းချမ်းရေး
အောင်မြင်အောင်လုပ်နိုင်ရက်နဲ့ကချင် ပြည်နယ်မှာ အောင်မြင်မှုမရတာဟာ KIO/KIA ခေါင်းဆောင်တွေကြောင့်
ဆိုတာသိသာထင်ရှားနေပါတယ်။
ဒါကြောင့်လဲ KIA တပ်ဖွဲ့ဝင်တွေ အခွင့်သင့်ရင်သင့်သလို
အစိုးရထံအလင်းဝင်ရောက် နေကြတာဖြစ်ပါတယ်။ ကချင် တပ်တွေမှာအင်အားလျော့နဲနေမှုတွေ ဖြည့်ဆည်းဖို့
အဓမ္မလူသစ်စုဆောင်းတာတွေ လုပ်ဆောင်နေရပါတယ်။ ငွေကြေးရရှိဖို့ အတွက်လဲကုမ္ပဏီတွေ၊လုပ်ငန်းရှင်တွေနဲ့
ခရီးသွားလာနေတဲ့သူတွေဆီကနေ မရရတဲ့နည်းနဲ့ လုယက် တောင်းခံနေရပါတယ်။ ဒီခြားထဲမှာ KIAဆိုတာနဲ့
ပြည်သူတွေဖိန့်ဖိန့်တုန်အောင် ကြောက်နေဖို့ မိုင်းထောင်ဖောက်ခွဲမှုတွေ ပိုပြီးလုပ်နေပါတယ်။
အရင်တုန်းကလူသစ်စုတာ၊ ငွေတောင်းတာ၊ မိုင်းခွဲတာ၊ ခြုံခိုတိုက်တာလောက်ပဲရှိခဲ့ပေမဲ့
အခုခါမှာတော့ ပြန်ပေးဆွဲတဲ့ လုပ်ငန်း၊ လူကုန်ကူးတဲ့လုပ်ငန်းတွေပါ တိုးချဲ့လုပ်နေပါတယ်။
ဧပြီလ
၂၄ ရက်နေ့ကမြစ်ကြီးနားပူတာအိုလမ်းမှာသွားလာနေတဲ့ ဆိုင်ကယ်တွေ၊ကားတွေကိုရပ်ပြီးလူတွေဖမ်း၊
ငွေတွေယူလုပ်ခဲ့ပါတယ်။အဲဒီနေ့ကခရီးသွားတဲ့လူ(၄၅)ဦးကိုဖမ်းထားပြီး အဲဒီမှာပါတဲ့အသက်၁၈နဲ့၂၀ကြား
ကောင်မ လေး(၅)ယောက်ကိုခေါ်သွားခဲ့ပါတယ်။ ဧပြီလ ၂၈ ရက်နေ့မှာ ၀ိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲမှာရှိတဲ့
အုပ်ချုပ်ရေးမှူးရုံး ကို ကချင်တပ်ဖွဲ့တွေဝင် ပစ်လိုက်လို့ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး
ဦးခင်မောင်စန်းနဲ့(၄)ဦးသေဆုံးသွားပါတယ်။ဝန်ထမ်း(၃)ဦး ကိုလဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဧပြီလ ၂၉ ရက်နေ့ကလဲ မိုးကောင်းမှာရှိတဲ့ ကားဂိတ်ကဂိတ်မှူးတွေကိုဖမ်းဆီး ခေါ်ဆောင်သွားပြီး
ဂိတ်မှူးတွေကို ဂိတ်တစ်ဂိတ်ကို(၈)သိန်း ပေးနိုင်တဲ့သူမှ ပြန်လွှတ်ပေးခဲ့ပါတယ်။အဲဒီနေ့မှာပဲ
မိုးညှင်းမြို့နယ်၊ နန်းပေါင် ချောင်းဖျား ရွှေမှော်မှာအလုပ်လုပ်နေတဲ့လူငယ်(၃၀)ကျော်ကိုဖမ်းပြီးခေါ်ဆောင်သွားပြီး
KIA တပ်ဖွဲ့ဝင် လုပ်ခိုင်းပါတယ်။
ကချင်ဒေသခံတွေသွားလာမှုခက်ခဲပြီး ကုန်ဈေးနှုန်းတွေကြီးမြင့်နေရင်
အစိုးရအပေါ်မကောင်းမြင်လာကြမှာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်အောင် ကချင်လက်နက်ကိုင်တွေအနေနဲ့
ဧပြီ ၂၉ ရက်နေ့က နန့်စီးအောင်နဲ့မြစ်ကြီးနားအကြား မှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့လို့
မန္တလေး မြစ်ကြီးနားရထားမှာပါလာတဲ့သူတွေ တော်တော်လေးသေသွားပါတယ်။ မေလ ၁ ရက်နေ့မှာလဲ
ဆားမှော်ဘူတာနဲ့ ၁မိုင်အကွာမှာ မီးရထားသံလမ်းကို (၂)ကြိမ်တိုင်တိုင်မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။
အဲဒီနေရာတစ်ဝိုက်မှာ မပေါက်ကွဲသေးတဲ့ မိုင်းတွေလဲရှာတွေ့ခဲ့ပါသေးတယ်။
ကချင်လက်နက်ကိုင်တွေအနေနဲ့
ကချင်ပြည်နယ်နေရာအနှံ့မှာ အဖျက်လုပ်ငန်းတွေပိုပြီး လုပ်ဆောင်နိုင်ဖို့အ တွက် မော်တော်ဆိုင်ကယ်တွေနဲ့
ခရီးသည်ဟန်ဆောင်ပြီး လက်နက်ငယ်တွေပို့ဆောင်နေပါတယ်။ မေလ၁ရက်နေ့က မန်စီမြို့နယ် မဲခေါင်ရွာအနီးမှာ
မော်တော်ဆိုင်ကယ်တစ်စီးကို စစ်ဆေးတဲ့အခါ ရပ်မပြေးဘဲမောင်းထွက်သွားတဲ့အတွက် လိုက်လံဖမ်းဆီးခဲ့ရပါတယ်။အဲဒီမှာ
ပစ္စတိုသေနတ်၂လက်၊ကျည် (၁၁)တောင့်၊တရုတ်ဖုန်း(၁)လုံး၊မိုင်းနဲ့ဆက်စပ်ပစ္စည်း တွေ သိမ်းဆည်းရမိခဲ့ပါတယ်။
မော်တော်ဆိုင်ကယ်မောင်းတဲ့သူဟာ KIAတပ်ဖွဲ့က တပ်ကြပ်ကြီးဘရန်ဂျာဖြစ်ပြီး KIA ဗဟိုက ခေါင်းဆောင်တွေရဲ့စေခိုင်းချက်နဲ့
မြို့ပေါ်နေ ပြည်သူလူထုအား မိုင်းထောင်ပေါက်ခွဲရန် လုပ်နေတယ်ဆိုတာ လက်တွေ့သာဓကတစ်ခုဘဲလို့ဒေသခံတွေကပြောပါတယ်။
KIA အနေနဲ့ အစိုးရတပ်တွေအပေါ်မှာတိုက်ပွဲကြီးတွေ
ဖန်တီးတိုက်ခိုက်ဖို့ပြင်ဆင်နေသလို ဒေသခံပြည်သူတွေ အပေါ်မှာလဲ အကြောက်တရားနဲ့အနိုင်ကျင့်
လုပ်ဆောင်နေပါတယ်။အစိုးရကြောင့် ဒုက္ခသည်တွေများလာတယ်ဆိုတဲ့ အဖြစ်မျိုးဖြစ်လာအောင် ရွာတွေမှာရှိနေတဲ့
ဒေသခံတွေကို ပြောင်းရွှေ့ခိုင်းနေပါတယ်။ ကဆုန်းခကျေးရွာမှာနေတဲ့ အိမ်ထောင်စု(၁၁)စု လူဦးရေ(၇၄)ဦးကို
နမ္မတီးမှာသွားရောက်နေထိုင်ခိုင်းခဲ့ပါတယ်။ အလားတူ အခြားရွာ တော်တော် များများကိုလဲ
အတင်းအကြပ်ပြောင်းရွှေ့ခိုင်းနေပါတယ်။ ရွာတွေကနေလစဉ် မပေးမနေရ ပေးနေရတဲ့ငွေကိုလဲ ရွာသားတွေရဲ့
သဘောဆန္ခအတိုင်းပေးတာဖြစ်တယ်လို့ KIA ကပြောခိုင်းထားပါတယ်။
KIA တပ်မဟာ(၂)က တပ်မဟာမှူးဒါရှီဘရနန်က သူ့ရဲ့အောက်မှာရှိတဲ့တပ်တွေအနေနဲ့
တနိုင်း-နမ္မတီးကားလမ်းနဲ့ယင်းနယ်မြေအတွင်းမှာ လှုပ်ရှးနေတဲ့ အစိုးရတပ်တွေကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ဖို့
ညွန်ကြားထားတဲ့အတွက် KIA ငယ်သားတွေအနေနဲ့ စစ်မတိုက်ဘဲ အစိုးရထံမှာလက်နက်ချဖို့ပြင်ဆင်နေပါတယ်။
ခုခါမှာတော့ ချီဗွေရေအားလျှပ်စစ်မှာလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေလဲ KIAရဲ့နှိပ်စက်မှုဒဏ်မခံနိုင်လို့
တရုတ်ပြည်ဘက်ကိုပြန်လည်ရွှေ့ပြောင်းနေကြပါတယ်။
KIAအကြမ်းဖက်အဖွဲ့အနေနဲ့ အစိုးရနဲ့ငြိမ်းချမ်းရေးဟန်ပြလုပ်ပြီး
အမြတ်ထုတ်ဖို့ကြိုးစားခဲ့ပေမယ့် နိုင်ငံတော် သမ္မတကိုယ်တိုင်က အစစအရာရာလိုက်လျောမှုတွေကြောင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားနေတာဟာ KIA ကြောင့်ဆိုတာ သိသာထင်ရှားနေပါတယ်။ဒါပေမဲ့KIAဘက်ကတော့
အစိုးရကြောင့် ငြိမ်းချမ်းရေးပျက်ရတာလို့ သတင်းလွှင့်ထားပြီး ကချင်ပြည်နယ်မှာရှိနေတဲ့
အစိုးရ၀န်ထမ်းတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေလုပ်ဆောင်နေပါတယ်။ ကချင်ပြည်နယ်တည်ငြိမ်မှုမရှိအောင်
မိုင်းထောင်ဖျက်ဆီးမှုတွေ အရင်ကလိုပဲ ပြန်လုပ်နေပါတယ်။
ဒီလိုမျိုးလုပ်နေတာတွေဟာ ပြည်သူအပေါ်သက်သက်မဲ့
လက်နက်အားကိုးအနိုင်ကျင့်နေတာဖြစ်ပါတယ်။KIA အကြမ်းဖက်အဖွဲ့အနေနဲ့ ၀န်ထမ်းတွေကိုသတ်၊
ရွာသားတွေဖမ်း၊ မိန်းမလေးတွေကို မုဒိန်းကျင့်၊ ကိုယ့်လူမျိုး အချင်းချင်းဖြစ်တဲ့ အင်အားနည်းတဲ့
နယ်ခြားစောင့်တပ်တွေကိုတိုက်ခိုက်၊ ရထားလမ်း ကားလမ်းတွေကို မိုင်းထောင်လုပ်နေမဲ့အစား
အစိုးရတပ် စခန်းရှိတဲ့နေရာတွေကိုသွားပြီး သူပစ်ကိုယ်ပစ်တိုက်ခိုက်တာဟာ KIAအတွက်အသင့်တော်ဆုံး
လုပ်ရပ်တစ်ခု ဖြစ်ပါ လိမ့်မယ်။ အစိုးရဘက်က တဖက်သတ် အပစ်ရပ်ထားတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး
ထင်တိုင်းကြဲနေတဲ့ KIA ကြောင့် ကချင်ပြည်နယ်လူထုတစ်ရပ်လုံးက တစ်နေ့တစ်ခြား မခံမရပ်နိုင်ဖြစ်နေကြတယ်လို့
သိရှိရပါတယ်။
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 3:44 PM 1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = စစ်ရေး
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ | ကြိုဆိုသူများနဲ့ အင်တာဗျူး |
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ | ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ |
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ | မြန်မာ့သိုင်းအစွမ်း |
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် | ပြောင်ကြီးဘာလို့ထောင်ကျ |