Apr 30, 2012

ကေအိုင်အေ ရဲ့ ယုတ်မာမှူတွေ မျက်နှာဖုံးကွာကျလာပြီ


၂၀၁၂ရက်နေ့ ဧပြီလ (၂၉) ရက်နေ့မနက် ၁နာရီလောက်က မန္တလေးမြို့ကနေ မြစ်ကြီးနားမြို့ကို

 မောင်းနှင်လာတဲ့ အမှတ်(၃၃)အဆန် အိပ်စင်အထူးရထားဟာ မိုးညှင်းမြို့နယ်၊ နန့်စီအောင်ကျေး
ရွာနဲ့ မော်ဟန်ကျေးရွာကြား ကြေးနန်းတိုင်အမှတ်၊ ၆၁၆/၁ နဲ့ ၆၁၆/၂ ကြား တံတား အမှတ် ၅၃၄၊
 အရှည်၂၀ ပေရှိတဲ့ သံဘောင်ဘေလီတံတားမှာ ကေအိုင်အေ အကြမ်းဖက်အဖွဲ့က ထောင်ထား
တဲ့ မိုင်းပေါက်ကွဲမှု ကြောင့် တံတားရဲ့ တောင်ဘက်ခြမ်း အုတ်ခုံကြေမွ ပျက်ဆီးခဲ့ရသလို ရထားသံ
လမ်း ပြတ်တောက် ပျက်ဆီးခဲ့ရတဲ့အတွက် ရထားတွဲ (၁၂)တွဲမှာ ရှေ့(၃) တွဲမြောက်ကစပြီး (၁၀) တွဲ
 မြောက် အထိ ရထားဘီးသံလမ်းဘေးပြုတ်ကျကာ (၃၀)ဒီဂရီလောက်တိမ်းစောင်းသွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီးတော့ လူသေဆုံးမှု မရှိပေမဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ များတယ်လို့ သိရ ပါ

တယ်။ ရထားကြမ်းခင်းမှာလည်းပေါက်ပြဲသွားတဲ့အတွက် အတွဲ(၃)မှာလိုက်ပါလာသူ မောင်မျိုးမင်းထိုက်
 (၂၈)နှစ် ၀ဲဘက်ခြေထောက်ကျိုးပြီး အရှင်စန္ဒောဘာသ (၁၃)နှစ်တို့ ခြေမျက်စိဒဏ်ရာ ရရှိခဲ့ပြီး ခြေထောက်
တစ်ဖက် ဖြတ်တောက်ပစ်ရတယ်လို့ သိရပါတယ်။

အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကေအိုင်အေ အကြမ်းဖက်အဖွဲ့တွေ အနေနဲ့ လူစိတ် ကင်းမဲ့စွာ

 ပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေ၊ ခရီးသွားတွေ အနေနဲ့ သွားရေးလာရေးတွေ ခက်ခဲကြပ်
တည်းနေကြရပြီး ဘယ်မှ မသွားရဲမလာရဲအောင်ဖြစ်နေပါတယ်။ လူသူအများကို ထိခိုက်စေလိုတဲ့ 
ရည်ရွယ်ချက်နဲ့ အများပြည်သူသွားရာလာရာ လမ်းတွေ၊ တံတားတွေမှာ အခုလို မိုင်းတွေထောင်ပြီး 
လူသတ်နေတဲ့ အတွက် အပြစ်မဲ့ ရဟန်းရှင်လူ ကလေးတွေမှာ ကျွဲကြားက မြေဇာ၊ မြေဇာပင်ပေါ်က
 ဖုန်တွေလောက်များပြားနေခဲ့ပါပြီ။ အကြမ်းဖက် လူသတ်နေရုံတင် မကသေးပါဘူး။ နေရာဒေသ
 တော်တော်များများမှာလည်း ၀င်ရောက်စီးနင်းတိုက်ခိုက်တာမျိုးတွေ၊ အကြောင်းမဲ့ပစ်ခတ်တာမျိုးတွေ၊ 
မတရား လူသစ်စုဆောင်းတာမျိုးတွေ ကြောင့် ကျေးလက်တွေမှာ ပြည်သူတော်တော်များများ ဒုက္ခ
 ရောက်နေကြရပါတယ်။ အခုလို လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ဒေသခံပြည်သူတွေအနေနဲ့
 “ကေအိုင်အေ အဖွဲ့ ဆို တော်ပါပြီ၊ ကြောက်ပါပြီ၊ အသံတောင်မကြားချင်ပါဘူး” ဆိုပြီး ဘုရားတ
 မသွားရဲ မလာရဲအောင် ကို ဖြစ်နေကြပါတယ်။



(၂၈)ရက်နေ့ မနေ့က ညနေကလည်း ၀ိုင်းမော်-ချီဖွေကားလမ်းပေါ်မှာရှိတဲ့ မလိယန်(ဘန်ဘင်)မှာ

 ရွှေမှော်လုပ်ကိုင်နေတဲ့ လုပ်သားယောင်္ကျား(၁၀၀)ဦးခန့်လောက်ကို မေခမြစ်ကိုကူးပြီး လူသစ်အဖြစ်
 အလို မတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ အဲဒီနေ့ထဲမှာလည်း ၀ိုင်းမော်၊
 ဆဒုံးအုပ်ချုပ်ရေးရုံးကို ၀င်ရောက် စီးနင်း ပစ်သတ်ခဲ့ရာမှာ အုပ်ချုပ်ရေးမှူး အပါအ၀င် (၄)ဦးသေဆုံးပြီးတော့
 (၃)ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တယ်လို့သိရပါတယ်။




_________________________________________________________________________

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ