May 5, 2012

KIA ဗဟိုက မေလမှစတင်ပြီး ရထားလမ်း၊ ကားလမ်းနှင့် အချက်အချာနေရာများကို ရနိုင်သလောက် တိုးမြှင့်ဖောက်ခွဲဖျက်ဆီးဖို့ ညွှန်ကြားထား

ကချင်လက်နက်ကိုင်တပ်တွေအနေနဲ့ ယခုနှစ်ဧပြီလမှစပြီး ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ရထားလမ်း၊ ကားလမ်းတွေကို ဖောက်ခွဲဖျက်ဆီးပြီး အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက်ပြုလုပ်နေပါတော့တယ်။ တစ်ချို့နေရာ တွေမှာ အစိုးရဘက်က ကြိုတင်သတင်းရမှုတွေရှိနေတာကြောင့် ဖောက်ခွဲ ဖျက်ဆီးမှုတွေ ထင်သလောက်ဖြစ်မလာတာတွေရှိလို့မို့ KIA စစ်ဦးစီးချုပ် ဂမ်ရှောင်အနေနဲ့ အရမ်းကိုဒေါသထွက်လျက်ရှိနေပြီး  ဖောက်ခွဲဖျက်ဆီးမှု အသစ်တွေလုပ်ဆောင်ဖို့ KIA တပ်ဖွဲ့က ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတွေနဲ့ ဗိုလ်မှူးအဆင့်ရှိသူတွေကို တိတိကျကျနဲ့ နယ်မြေပိုင်းခြား တာဝန်ပေးအပ် ထားတယ်လို့ သိရှိရပါတယ်။


     KIA က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အဇီးဇော်နော်ကတော့ သူတို့အဖွဲ့အနေနဲ့ ထိုင်ရာယန်ဒေသနဲ့ ဒါဝယ်ဒေသတွေမှာ တာဝန်ယူရမှာဖြစ်ပြီး သူတို့နယ်မြေထဲမှာရှိနေတဲ့ ကချင်တွေအနေနဲ့ သွားလားလှုပ်ရှားမှုတွေ ဆင်ခြင်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။ အလားတူပဲ ဗိုလ်မှူးအဆင့်ရှိ မခေါတူးကလည်း သူတို့ရဲ့ နယ်မြေမှာရှိနေတဲ့ ခရစ်ယာန်ကချင်တွေကို မှာထားတယ်လို့ သိရှိရပါတယ်။ ဗိုလ်မှူးအဆင့်ရှိ အနှိုင်းဇော်ခေါင်နဲ့ အဖွဲ့ကတော့ ဧရာဝတီမြစ်ရိုးတစ်လျှောက် ဆင်ဘိုမြို့နယ်ထဲ ဝင်ရောက်လာတဲ့ လှေ/သင်္ဘောတွေကို ပစ်ခတ်ဖို့တာဝန်ယူထားရတယ်လို့ သိရပါတယ်။
KIA တပ်တွေအနေနဲ့ ကချင်ပြည်နယ်မှာရှိနေတဲ့ ကချင်လူမျိုး အချင်းချင်းမှာတောင် အိန္ဒိယနိုင်ငံက ဇာတ်အနိမ့်/အမြင့် ခွဲခြားမှုတွေ ရှိနေသလို ခွဲခြားဆက်ဆံ သတ်ဖြတ်ချင်းတွေ ရှိနေတာကြောင့် ကချင်အချင်းချင်းမှာကို စိတ်ဝမ်းကွဲမှုတွေ ရှိနေပါတယ်။

နောက်ပြီး KIA က ဂမ်ရှောင်နဲ့ အင်ဘန်လတို့က ကချင်လူမျိုး အချင်းချင်း သွေးခွဲဆက်ဆံအုပ်ချုပ်၊ အကြမ်းဖက်လုပ်ရပ်တွေကို လည်း အဆက်မပြတ်လုပ်ဆောင်နေတော့ ကချင်ပြည်သူပြည်သားတွေအားလုံး မြေဇာပင်ဖြစ်နေရပါတယ်။

အစိုးရတပ်စခန်းတွေကို မတိုက်ရဲတာနဲ့ သက်မဲ့ပစ္စည်းတွေဖြစ်တဲ့ ရထားလမ်း၊ ကားလမ်းတွေ ဖောက်ခွဲဖျက်ဆီး နေတော့ ကချင်ပြည်နယ်ကောင်းစားရေးလား၊ ကချင်လူမျိုးကောင်းစားရေးလားဆိုတာ KIA ခေါင်းဆောင်ကြီးများ ကွဲကွဲပြားပြား သိသင့်ပါတယ်။ ကိုယ့်လူမျိုးစုတွေကို ဒုက္ခရောက်သေကြေပျက်ဆီးအောင် လုပ်ဆောင်နေတဲ့ KIA ခေါင်းဆောင်ကြီးများရဲ့ဘဝဟာ ဇာတ်သိမ်းမလှနိုင်ဘူးဆိုတာ ထာဝရဘုရားသခင်ကိုယ်တော်တိုင်က အမိန့်ချဒဏ်ခတ် ပါလိမ့်မယ်။

Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

WTN said...

မန်မာစစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စွပ်စွဲလိုက်သည်။

http://burma.irrawaddy.org/archives/10338

My friend read carefully this true stories/events of Human right abuses committed by your good brother Burmese government troops on Kachin ethnic civilians during civil war in fighting with KIA/KIO in Kachin land. OK?????

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ