Dec 31, 2012

ပြတ်တောက်နေသော လျှပ်စစ်ဓါတ်အားလိုင်းအား ပြုပြင်ရန် သွားသော အဖွဲ့အား ကေအိုင်အေမှ ပစ်ခတ်သတ်ဖြတ်ရန်ကြိုးစား

 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်မှ ဆင်ဖြူတော်ရုပ်ပစ်ချ ယတြာချေဟူသော သတင်းများနှင့်ပတ်သတ်၍ ဖြစ်ရပ်မှန်အား ဖြေရှင်းခြင်း

ဒီဇင်ဘာ ၁၀ ရက်နေ့ တပ်မဟာ ၅ နယ်မြေပေါ်သို့ မြန်မာစစ်တပ်မှ ဆင်ဖြူတော်ရုပ်ပစ်ချ ယတြာချေဟူသော ပုံဖြင့် ကေအိုင်အေ ဝါဒဖြန့် သမားများဆီမှ ထွက်ပေါ်လာပါသည် ။ထိုသို့သော အခြေအနေအား ယုံကြည်ကြသော မြန်မာအမျိုးကောင်းသား အမျိုးကောင်းသမိးများကလည်း စုံလုံးကန်း ယုံပစ်လိုက်ကြသည် ။ထို့အပြင် မြန်မာစစ်ကြောင်းတွင် ဘုန်းကြီးတစ်ပါးပါဝင်ပြီး ထိုအခြေအနေကို မှန်ပြောင်းဖြင့် ကြည့်ရှူကြောင်းလည်း တမင် ပိုပိုသာသာ ရေးသားကြပါသည် ။

ထိုကဲ့သို့ အင်တာနက်တွင် ပျံနှံလာသော ဓါတ်ပုံများအား ကျွန်တော်တို့မောင်ကျောက်ခဲအဖွဲ့မှ အနီးကပ်သေချာစွာဆန်းစစ်ကြည့်သောအခါ တကယ့်ဖြစ်စဉ်အမှန်မဟုတ်ပဲ ကွန်ပြူတာနည်းပညာဖြင့်ပြူပြင်ဖန်တီးထားသော ပုံသာဖြစ်နေသည်ကိုတွေ့ရပါသည် ။ထိုပုံအကြောင်းကို အနီးကပ်zoom ဆွဲကြည့်သော အခါ အောက်ပါအတိုင်း တွေ့ရှိရပါသည် ။

ပုံတွင် တပ်ထားသော နံပါတ်စဉ်အလိုက်ကြည့်ပါ ။
ပထမ ဦးဆုံး နံပါတ်(00) မှာ ကေအိုင်အေ ၏ ဝါဒဖြန့် သမားတို့ဖြန့်ချီထားသော အင်တာနက်တွင်ပျံနှံနေသော ပုံဖြစ်ပါသည် ။ ပုံအမှတ်(0.1 ) နှင့်(0.2)မှာ  အနီးကပ်ဆွဲယူစစ်ဆေးထားသော ပုံဖြစ်ပါသည် ။ 
ပုံအမှတ်စဉ်လိုက် ရှင်းပြပါမည် ။

  • (၁)ဆင်ရုပ် ဟုဆိုသော ပုံရိပ်၏ ပေါင်ပိုင်းမှာ တိမ်မျှင်များဖြစ်နေပါသည် ။
  • (၂)ဆင်ရုပ်၏ ခါးပိုင်းဟု ခေါ်ဆိုရမည့် အပိုင်းမှာ လေးထောင့်အရာဝတ္ထုသဏ္ဍာန်တစ်ခုဖြစ်ပြီး ကွန်ပျူတာနည်းပညာဖြင့် အရောင်မှိန်စေကာ အရောင်များဖြန့်ထွက်စေသော နည်းဖြင့် ပြုလုပ်ထားခြင်းဖြစ်သည် ။
  • (၃)ဆင်ရုပ်၏ လက်ဟုဆိုသော အပိုင်းမှာ ခြေထောက်ပိုင်းရှိ တိမ်မျှင်အပိုင်းအား ပွါးယူကာ လက်ပုံသဏ္ဍာန်ပေါ်စေရန် လုပ်ယူထားသဖြင့် တိမ်များပြတ်တောက်နေသည့်ဟန်ဖြစ်နေပါသည် ။
  • (၄)နှာမောင်းပေါင်းမှာ  ဓါတ်ပုံများအားကွန်ပျူတာနည်းပညာ ဆော့ဝဲလ် များတွင် ပါရှိသော ဆေးမှူတ်သည့် tools ဟုခေါ်သည့် ဖန်တီးမှူဖြင့် ရေးဆွဲထားခြင်းဖြစ်သည် ။
  •  

ပုံများအား မသဲကွဲပါက မိမိတို့ ကွန်ပျူတာ /ဖုံး/tablet အတွင်း ဒေါင်းလုတ်(download) ယူ၍ ပုံကြီးချဲ့ကြည့်နိုင်ပါသည် ။

အမှန်တကယ်သာ တပ်မတော်လေတပ်မှသာ ထိုသို့အရုပ်မျိုးသာ ကြဲချခြင်းမဟုတ်ပဲ ဖော်ပြပါပုံကဲ့သို့ လိုင်ဇာကို မသိမ်းရ၍ ဒေါသထွက်နေသော တပ်မတော်သားများက ကေအိုင်အေ အားလှောင်ပြောင်သည့်အနေဖြင့် Fuck You ဟု အဓိပ္မါယ်ရသည့် မြန်မာလို ( -ီးပဲ)ဟုဆိုလိုသည့် လက်သင်္ကေတ အရုပ်ကြီးသာ ဖြစ်ရမည်ဟု ခန့်မှန်းမိပါသည် ။


ယခုအခါ ကေအိုင်အေ အနေဖြင့် လိုင်ဇာတမြို့ထဲတွင်သာ ပိတ်မိနေပြီး ထွက်ပေါက်ဆိုသည်မှာ မြန်မာစစ်တပ်၏ လက်အောက်တွင် သာ ရှိသွားပြီဖြစ်ပါသည် ။ယခုအခါ လိုင်ဇာ မြို့အား လိုင်းနှစ်လိုင်းဖြင့်ကာရံထားပြီး ABSDF ကျောင်းသားသူပုန်တပ်ဖွဲ့မှာ ပထမလိုင်း တွင် ရှိနေပြီး ကေအိုင်အေမှ ဒုတိယ လိုင်းတွင် ရှိနေသည် ။ ထိုလိုင်းနှစ်လိုင်းကြားတွင် ရွှေ့ပြောင်းဒုက္ခသည်စခန်းများအား ထားရှိထားပါသည် ။ထို့ကြောင်းစစ်တပ်အနေဖြင့် လိုင်ဇာမြို့အားတိုက်မည်ဆိုလျှင် အပြစ်မဲ့ ရွှေ့ပြောင်းဒုက္ခသည်များ အားထိခိုက်မည်ဖြစ်သဖြင့် လိုင်ဇာအား မသိမ်းပိုက်သေးပေ ။ကေအိုင်အေ အနေဖြင့် ခေါင်းဆောင်ပိုင်းတို့မှာ တရုတ်ပြည်နယ်သို့ ထွက်ပြေးသွားပြီ ဖြစ်ပြီး လိုင်ဇာတမြို့လုံးအား မိုင်းများတပ်ဆင်ထားပြီး မြေလှန်ပစ်ရန်ကြံစည်ထားသည်။ ထို့အပြင် ၈၈ ကျောင်းသားဆိုသူ မြအေးမှလည်း ယခု လိုင်ဇာဌာနချုပ်အား တပ်မတော်စစ်ကြောင်းများဝိုင်းလိုက်သောအခါမှသာ စစ်ပွဲရပ်ရန်ဆိုပြီး " ပြည်တွင်းစစ်များရပ်ဆိုင်းရန်လူမှု အဖွဲ့အစည်းများတောင်းဆို" ဟု သတင်းစာရှင်းလင်းပွဲထလုပ်ပါသည် ။
88 ကျောင်းသားသူပုန်အဖွဲ့ တပ်မတော်သားများကိုသတ်ခဲ့စဉ်က ABSDF အား ဆုတော်ငွေ သိန်း ၅၀ နှင့် သိန်း ၃၀ ဖို့ ဆေးဝါးနှင့် အသင့်စားရိက္ခာဗူးများ ပေးပို့သူ ၈၈ ကျောင်းသားဟောင်း မြအေးနှင့် အပေါင်းအပါများမှ ယခု ABSDF စစ်ရှုံးသည်နှင့် တိုက်ပွဲရပ်ရန် မလိမ့်တပတ် ဖြင့် သတင်းစာ ရှင်းလင်းပွဲလုပ်ခဲံပြီး ABSDF အား ကယ်တင်ရန်ကြိုးစားနေစဉ်

 မြအေး အနေဖြင့် ABSDF အား သိန်း ၃၀ ခန့်တန်ဖိုးရှိသော ဆေးဝါးများနှင့် အသင့်စားရိက္ခာဗူးများ ပေးပို့ထားသည်ကို လိုင်ဇာပတ်ဝန်းကျင်သာမက ရန်ကုန်မြို့နယ် ၈၈ ကျောင်းသားမျိုးဆက်အဖွဲ့တစ်ခုလုံးသိသော်လည်း နှုတ်ဆိတ်နေကြသည် ။

 (မောင်ကျောက်ခဲ အဖွဲ့)
____________________________________________________________________
Readmore »

Dec 30, 2012

အကယ်ဒမီပေးပွဲမှ ပေါ်ပင် သရုပ်ဆောင်တို့အကြောင်း

ဆယ်စုနှစ်တွေနဲ့ချီပြီး ပေးခဲ့တဲ့ အကယ်ဒမီပေးပွဲတောက်လျှောက် ဘယ်တိုင်းရင်းသား သရုပ်ဆောင်ကမှ 
တိုင်းရင်းသားဝတ်စုံနဲ့ ပွဲမတတ်ခဲ့ဘူး..။အံမယ်.အခု အစိုးရက ကေအိုင်အေကိုလည်း သုတ်ရော .။ကချင်မျိုးနွယ်ဝင်တွေက တိုင်းရင်းသားဝတ်စုံတွေနဲ့ ပွဲလာတတ်တယ် ။ အံရောကွယ်လက်ဖျားတောင်ခါမိရဲ့ ။ဒင်းတို့ ဘယ်အကွက်ခင်းတယ်ဆိုတာ မောင်ကျောက်ခဲတို့က ကြိုတောင်မြင်သေး ။ ဘာမှမဟုတ်ဘူး ။ ကေအိုင်အေနဲ့ မီဒီယာပေါင်း၊ ၈၈ တွေပါပေါင်းပြီး အစိုးရက ကချင်တိုင်းရင်းသားတွေကို နှိပ်ကွပ်ပါတယ်ဆိုပြီး ဝိုင်းအော်နေချိန်၊ တမင် ပေါ်ပင် ဝတ်တာ ။ဆယ်စုနှစ်နဲ့ချီပေးလာတဲ့ ပွဲမှာတောက်လျှောက် မဝတ်ခဲ့ပဲ အခုမှ ဝတ်တာကတော့ တိုက်ဆိုင်လွန်းအားကြီးနေလေရဲ့ ။တော်သေးတာပေါ့ နာဂ လူမျိုးတွေ သရုပ်ဆောင်ထဲမရှိလို့ နို့မို့ဆိုလား မောင်းကွင်းလေးတွေ ငယ်ပါအုပ်ပြီး ပွဲတတ်နေရမှာ ။


 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

စင်ကာပူနိုင်ငံ ချယ်ရီမေစားသောက်ဆိုင်မှာမြန်မာလူငယ်တို့ရဲ့ သွေးစည်းမှူ ရိုက်ပွဲထိုးပွဲကြီး(ရုပ်/သံ)

စင်ကာပူနိုင်ငံ ချယ်ရီမေစားသောက်ဆိုင်မှာမြန်မာများမှ ဒုတ်တပြတ် ဓါးတစ်ပြတ် နှာခေါင်းအပြတ်ပြတ်သွေးတွေထွက်ဟူသော အကယ်ဒမီဇာတ်ဝင်ခန်းရိုက်ကူးကာ ဤသို့ မြန်မာကွ ဟုသော သတ္တိကို ပြသခဲ့ပါတယ် ။



(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ကေအိုင်အေ နောက်ဆုံးခံစစ်ကြောင်း လဂျားယန် တောင်ကြောကြီးတပ်မတော်လက်အောက်ရောက်ရှိ ။ လိုင်ဇာအား သိမ်းပိုက်ရန် မဖြစ်နိုင်သေး

တပ်မတော်စစ်ကြောင်းများသည်ကေအိုင်အေ၏ နောက်ဆုံးခံတပ် လဂျားယန်တောင်ကြောတစ်ခုလုံးရှိ ကေအိုင်အေ စခန်းများအား တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ပါသည် ။သို့သော် ရွှေ့ပြောင်းဒုက္ခသည်နှင့် မြို့နေလူထုဖြင့် ခံစစ်ကာထားသော လိုင်ဇာမြို့အား မြို့နေလူထုနှင့် ဒုက္ခသည်များအား တိုက်ပွဲကြား ဆုံးရုံးပျက်စီးမူ မရှိစေရန် တပ်မတော်စစ်ကြောင်းများမှ လိုင်ဇာအား သိမ်းပိုက်ရန် မဖြစ်နိုင်သေးကြောင်း မသိမ်းပိုက်သေးကြောင်း ပြောလိုက်ပြီဖြစ်ပါတယ် ။

 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ကေအိုင်အေနှင့် မြန်မာမီဒီယာကြီးတွေပူးပေါင်းပြီး လက်ရှိအစိုးရကို တိုက်ပြီ

 မြန်မာနိုင်ငံ၏ အဓိက ဂျာနယ်နှစ်ခုဖြစ်သော Eleven Media Group နှင့် The Voice Weekly ဂျာနယ်တိုက်နှစ်ခုတို့ပူးပေါင်းပြီး ကချင်ပြည်နယ် လိုင်ဇာပတ်ဝန်းကျင်သို့ သတင်းထောက်များ စေလွတ်ပြီးကေအိုင်အေ ဘက်မှ သတင်းယူမည် ။ ဝါဒဖြန့်ပေးမည် ။Eleven Media  Group မှ ဒုက္ခသည်စခန်းများနှင့် ပြည်သူလုထု ပုံများကိုရိုက်ယူပေးကာ ကချင်ဒုက္ခသည်များအကြောင်း သနားအောင် ဝါဒဖြန့်မည်ဖြစ်ပြီး ကေအိုင်အေအား သူရဲကောင်းသဖွယ် ရေးသားမည် ။The Voice Weekly မှ ကချင်သူပုန်တပ်ဖွဲ့နှင့် လိုက်ပါကာ ကချင်သူပုန်တို့အကြောင်းကို သနားအောင် ရိုက်ယူမည်ဖြစ်သည် ။နိုင်ငံတစ်နိုင်ငံတွင် တစ်ခုတည်းရှိရမည့် နိုင်ငံပိုင်တပ်မတော်နှင့်အတူတူ လိုက်လံသတင်းမယူ တပ်မတော်သားတို့၏ ဘဝကို သတင်းမယူသော်လည်း ကချင်ပြည်နယ် ဟု ဆိုကာ ခွဲထွက်ရေးလုပ်နေသည့် ခွဲထွက်ရေးသမား သူပုန်တို့နှင့် ဆက်သွယ်ကာ သတင်းလိုက်ပါယူပြီး မြန်မာနှင့်ကမ္ဘာကို ဝါဒဖြန့်လိမ်လည်မည် ။အကယ်၍တိုက်ပွဲများကြားတွင် အဆိုပါသတင်းထောက်တို့သေဆုံးခဲ့ပါက မြန်မာ့တပ်မတော်မှ သတင်းထောက်များအားသတ်ဖြတ်ဟု ထပ်မံကြေငြာကာ အပုတ်ချတော့မည်ဖြစ်သည် ။ထို့ကြောင့် အဆိုပါ ဂျာနယ် နှစ်စောင်အား ပြည်သူများ သတိထားမိ စေရန် လက်တို့သတိပေးလိုက်ပါသည် ။အောက်ပါပုံများမှာ အဆိုပါသတင်းထောက်တို့ကိုယ်တိုင် ကချင်ပြည်နယ်တွင်း သတင်းဆင်းယူထားသော ပုံများဖြစ်သည် ။





(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

လိုင်ဇာတမြို့လုံးကို ဗုံးခွဲမြေလှန်ပြီး ထွက်ပြေးမည့် ကေအိုင်အေ၏ အကြံဆိုး

ကေအိုင်အေ စစ်ဦးစီးချုပ် ၏ အမိန့်ဖြင့် ယခုအခါ လိုင်ဇာတမြို့လုံး မိုင်းများ လိုက်လံတပ်ဆင်နေကြောင်း
လိုင်ဇာမြို့ တစ်မြို့လုံးအား မိုင်းခွဲကာ မြေလှန်စနစ်ဖြင့် ဖျက်ဆီးပြီးမှ နောက်ဆုတ်မည်ဖြစ်ကြောင်းယခုနာရီပိုင်းလေးအတွင်းမှာပင် သတင်းရရှိထားပါသည်။

တပ်မတော်စစ်ကြောင်းများသည်လိုင်ဇာနောက်ဆုံးခံစစ်စည်းကိုကျော်သည်နှင့် ကေအိုင်အေ၏ လက်ရွှေးစင်သစ္စာခံများသည် မိုင်းကွင်းများခင်းကာ ကြိုစောင့်နေပြီး တောင်စောင်းများ၊ ဖုံးကွယ်ထားသော ကွန်ကရစ်ဘန်ကာများထဲမှစိန်ပြောင်းများဖြင့်တိုက်ခိုက်မည်ဖြစ်သည်။ထိုသို့မှမထိန်းနိုင်ပါကတပ်မတော်စစ်ကြောင်းများ မြို့တွင်းရောက်သည်နှင့် မြို့အတွင်းတွင်အသင့်ထောင်ထားသော
 မော်တာ ဗုံးသီးများအား ဝါယာကြိုးများဖြင့် ဗုံးတစ်တွဲလျှင် ၁၆ လုံးစီပါရှိသည့် ပဒေသာ မိုင်းတွဲဟု ခေါ်ဝေါ်သည့် မိုင်းများဖြင့် တစ်မြို့လုံးအား ဖောက်ခွဲပြီး မြေလှန်ဖျက်ဆီးထားခဲ့မည်ဖြစ်သည် ။လိုင်ဇာမြို့ထဲ ခြေချလာမည့် တပ်မတော်စစ်ကြောင်းများကိုသာမက မြို့နေလူထုကိုပါ တစ်ပါတည်း သတ်ဖြတ်ကာ မြေလှန် လက်စတုန်းမည့် နည်းဗျူဟာ ဖြစ်သည် ။


ယခုအခါ မြို့တွင်း ရှိ မြို့နေလူထုနှင့် ဒုက္ခသည်များအား မည်သည့်နေရာမှ ထွက်ခွါခွင့်မပေးသည့်အပြင် အိမ်ပြင်ထွက်ခွင့်ပင်မပေးတော့သည့် အခြေအနေသို့ရောက်ရှိနေပါသည်  ။လွန်ခဲ့သော ၄ နာရီခန့်က မြစ်ကြီးနားမြို့နေ ဒေါ်အေးအေးဝင်းဆီသို့ လိုင်ဇာမြို့တွင် ခင်ပွန်းဖြစ်သူနှင့်နေထိုင်နေသော ညီမဝမ်းကွဲမှ"မမရေ.ဒို့တတွေ ဒီတစ်သက်ပြန်တွေ့ဖို့မဖြစ်နိုင်တော့ဘူး"ဟု ငိုယိုကာဖုန်းဆက်လာသဖြင့် အကျိုးအကြောင်းမေးမြန်ဖုန်းပြောနေရင်းဖုန်းလိုင်းအဆက်အသွယ်ပြတ်တောက်သွားပါသည်။လိုင်ဇာမြို့တွင်အကြီးဆုံးအရာရှိမှာဗိုလ်မှူးကြီး၂ဦးသာကျန်ရှိနေပြီးဗဟိုကော်မတီဝင်ခေါင်းဆောင်ကြီးများနှင့် ကေအိုင်အေ စစ်ဘက်အရာရှိကြီးတို့သည်လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်။တမြို့လုံးအပြောအရဟိုဘက်ကမ်း(တရုတ်)သို့ကူးသွားပြီဟု
အခိုင်အမာပြောဆိုခဲ့ပါသည် ။



 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Dec 29, 2012

Who's who 2012- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာသုံးရပ် သီးခြားစီ ခွဲခြားကျင့်သုံး အုပ်ချုပ် သည့် စနစ်သို့ ပြောင်းသွားပြီး နောက် ယခင်နှစ် ၂၀ နိုင်ငံတော် အာဏာကို ချုပ်ကိုင်ခဲ့သည့် တပ်မ တော် သည်လည်း မြန်မာ့တပ်မတော် အနေနှင့် သီး ခြားစွာ တည်ရှိကာ တိုင်းပြည်အေးချမ်း သာယာရေး ကို

ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းနှင့် ပြည်ပ ရန်စွယ်များကိုတွန်းလှန်တိုက်ခိုက် ခြင်းဟူသည့် တပ်မတော်၏ မူလတာဝန် နှစ်ရပ် ကိုသာ တစ်စိုက်မတ်မတ် ထမ်းဆောင်လာစေရန် ဦးဆောင်ဦးရွက် ပြုနေသူ တစ်နည်းအားဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်း ကာလကို အေးချမ်း တည်ငြိမ်မှု ရှိရန် အကူအထောက်ပြုသူ၊ စစ်တက္က သိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၁၉) ဆင်း၊ သထုံ အခြေစိုက် တပ်မ (၄၄) တပ်မမှူး ၊ တြိဂံတိုင်းဒေသ စစ်တိုင်းမှူး၊ တပ်မတော်အမှတ် (၂) အထူး စစ်ဆင်ရေး အဖွဲ့မှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး စသည့် ရာထူး အဆင့်ဆင့်တို့ ထမ်းဆောင်ခဲ့ပြီး လက်ရှိ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေသူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ယခုနှစ် အတွင်း ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။
ယခုနှစ်ဆန်းပိုင်း သမိုင်း တွင်မည့် ထိုင်း နိုင်ငံအလည်အပတ် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့် တွေ့ဆုံစဉ် မြန်မာ့ တပ်မတော်အနေနှင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး၊ ဒီမိုကရေစီ တည်တံ့ခိုင်မြဲရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ဒီမိုက ရေစီ အပြောင်းအလဲတွင် တပ်မတော်သည် နောက် ပြန်လှည့်ရန် အခြေအနေ မရှိကြောင်း ပြောဆိုခဲ့ခြင်း မှာ တပ်မတော်ခေါင်းဆောင် တစ်ဦး၏ ယခုနှစ် အတွင်း ထူးခြားစွာ မှတ်တမ်းတင်ရမည့် ကတိ စကားများ ဖြစ်သည်။

အခြားတစ်ဖက် တွင်လည်း မည်သို့သော ပကတိ အခြေအနေများ၊ အကြောင်းပြချက်များ ရှိ နေစေကာမူ ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်ခြင်း များ ရပ်တန့် ထားရန်နှင့် ခုခံသည့် အနေနှင့်သာ ပြန်လည် တိုက်ခိုက်ရန် နိုင်ငံတော်သမ္မတ ကိုယ်တိုင် တပ်မတော်ကို အမိန့် ပေးထားသည့်ကြားက မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေ အကြား ယနေ့ အချိန်အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဆက် လက် ဖြစ်ပွားနေခြင်း၊ လွှတ်တော် အတွင်းရှိ အခြားအရပ်သားနှင့် တိုင်းရင်းသားပါတီ ကိုယ်စားပြု လွှတ်တော် အမတ်များနှင့် ခင်မင် ရင်းနှီးစပြုနေပြီ ဖြစ်သော တပ်မတော်သား ကိုယ်စားလှယ် အချို့ ကို မကြာခဏ အစားထိုး လဲလှယ်ခြင်း တို့အပေါ် ဝေဖန်သုံးသပ်မှုများ ရှိနေပါသည်။ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်၍ မရနိုင်ရန်နှင့် အတိုက်အခံပါတီ ကိုယ်စားပြု လွှတ်တော်အမတ် များ၏ အဆိုမှန်သမျှ ကန့်ကွက်မဲ ပေးရန် လွှတ်တော် အတွင်း တမင်သက်သက် နေရာယူ ထားသည်ဟု မူလက ယူဆနေကြသည့် ၂၅ ရာခိုင်နှုန်း သော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များ သည် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် အဆိုကို ထောက်ခံမဲ ပေးခဲ့ကြခြင်း၊ ပညာရေး နှင့် ကျန်းမာရေးဆိုင်ရာ အဆိုပြုချက်၊ ဥပဒေကြမ်း များကိုလည်း ထောက်ခံမဲပေး ခဲ့ကြခြင်းတို့မှာ ယင်းထင်မြင်ချက်များ လွဲမှားကြောင်း တပ်မတော်၏ လက်ရှိ အကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် က ပြသလိုက်ခြင်း ပင်ဖြစ်သည်။ ထို့အပြင် အိမ်နီးချင်းနှင့် ပြည်ပ နိုင်ငံအချို့သို့ သွားရောက်၍ ယင်းနိုင်ငံ တပ်မတော်များကို လေ့လာခဲ့ခြင်း၊ ပြည်ပနိုင်ငံ များမှာ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ခြင်း၊ ကာလကြာရှည် ဆက်ဆံရေး အေးစက်ခဲ့သည့် အမေရိကန် ပြည်ထောင်စု၏ ကြည်း၊ ရေ၊ လေတပ် များနှင့် ပြန်လည် ဆက်ဆံရေး စတင်ခဲ့ပြီး ၂၁ ရာစုနှင့် အညီ အရည်အချင်းရော အရည် အသွေးပါ မြင့်မားသည့် တပ်မတော် အဖြစ် မြှင့်တင် တည်ဆောက်ရန် ပြင်ဆင်လာခြင်း အပြင် အမေရိကနှင့် အရှေ့တောင်အာရှ နိုင်ငံအချို့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည့် Cobra Gold စစ်ရေးလေ့ကျင့်မှုကို ပထမဦးဆုံး အကြိမ် မြန်မာ့ တပ်မတော်မှ ကိုယ်စားလှယ် သုံးဦးကို လေ့လာသူ အဖြစ် ဖိတ်ကြား ခံရခြင်းတို့မှာလည်း ၄င်း၏ ထူးခြားသော အောင်မြင်မှုများဟု ဆိုနိုင် ပါသည်။

မည်သို့ပင်ဖြစ်စေ နှစ် ၅၀ ခန့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို တပ်မတော်က တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထိန်းချုပ် ကွပ်ကဲလာခဲ့ရာမှ ဒီမိုကရေစီ စနစ်နှင့်အညီ အာဏာသုံးရပ်နှင့် သီးခြား ဖြစ်သော တပ်မတော်တစ်ရပ် အဖြစ် ပြည်သူလူထု နှင့် နိုင်ငံတကာကို ပြသနိုင်ခဲ့ခြင်း၊ အမှန်တကယ် အရည်အချင်း၊ အရည်အသွေး ရှိသော အင်အားရှိ တပ်မတော်အဖြစ် ထူထောင်ရန် ပြင်ဆင်လာခြင်းတို့ ကြောင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယခုနှစ်အတွင်း ထူးခြားထင်ရှားသူ တစ်ဦး အဖြစ် ရွေးချယ်ရခြင်း ဖြစ်ပါသည်။
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

၂၀၁၂ ခုနှစ်အတွင်း ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရသည့် ဦးဇော်ဌေး

အင်တာနက်နှင့် ယဉ်ပါးသော မြန်မာလူမျိုး တို့၏ အသည်းစွဲ လူမှုကွန်ရက် Website စာမျက်နှာ ဖြစ်သည့် Facebook မှ တစ်ဆင့် နိုင်ငံတော်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များ၊ သတင်းအချက် အလက်များကို ဖြန့်ဖြူး ဝေငှခြင်းဖြင့် ထိပ်တန်း သတင်း အရင်းအမြစ်အဖြစ် လည်းကောင်း၊ တစ်ဦး တည်း မီဒီယာ (one-person-media) အဖြစ်လည်း ကောင်း၊ သတင်းနှင့် ပြန်ကြားရေး လောက (News and Information) ကို သြဇာ သက်ရောက်ခဲ့သူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ၂၀၁၂ ခုနှစ်အတွင်း ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။ ဦးဇော်ဌေးသည် သမ္မတသို့မဟုတ် အစိုးရ အဖွဲ့၏ တရားဝင် ပြောရေးဆိုခွင့် ရှိသူ (Official Spokesperson) မဟုတ်သော်လည်း ၄င်း၏ Facebook စာမျက်နှာကို သတင်းမီဒီယာ များက အမြဲတစေ လေ့လာ စောင့်ကြည့်ပြီး သတင်းရယူ ခဲ့ ခြင်းဖြင့် တရားဝင် မဟုတ်သော “တရားဝင်ပြောရေး ဆိုခွင့်ရှိသူ” (Unofficial Official Spokesperson) ဖြစ်လာခဲ့သည်။


အစိုးရအတွက် ပြည်သူကို ဖြေရှင်းရန် လိုအပ်သော်လည်း တရားဝင် ဖြေရှင်းသည်အထိ မလိုသော ကိစ္စရပ်များကို ပြည်သူများ အကြား ရောက်ရှိစေရန်နှင့် ပြည်တွင်းပြည်ပ မီဒီယာ များ၏ ရေးသား ဖော်ပြမှုများအပေါ် ထိန်းညှိရန် အတွက်လည်း များစွာ အသုံးဝင်သည့် တစ်ဦးတည်း မီဒီယာရင်းမြစ် တစ်ခုဖြစ်လာသည်။ ဦးဇော်ဌေး (ဗိုလ်မှူးဟောင်း)၏ Facebook အမည် မှူးဇော်မှာ ၄င်း၏ ကလောင်အမည်လည်း ဖြစ်သည်။

Facebook ၏ သဘောသဘာဝ အရ ၄င်း၏ မှတ်ချက်များနှင့် အစိုးရ၏ ကြေညာချက်များ ရောထွေးစဉ်းစား ခံရနိုင်သော်လည်း ယခုနှစ်အတွင်း Facebook စာမျက်နှာတွင် မီဒီယာများနှင့် စာဖတ်ပရိသတ်များ ဂရုပြု စောင့်ကြည့်လာရ သည်အထိ လူသိများ ထင်ရှားလာသောကြောင့် ၂၀၁၂ခုနှစ် ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ထည့် သွင်း ရွေးချယ်ရခြင်းဖြစ်ပါသည်။

From:[_ မြန်မာ့သားကောင်း_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ကေအိုင်အေ နှင့် ABSDF မြောက်ပိုင်းတပ်ဦး တို့၏ နောက်ဆုံးသတင်းများ(၂၉-၁၂-၂၀၁၂)

(၁)ကေအိုင်အေ ခေါင်းဆောင်ကြီးတွေ တရုတ်ကို ပြေးနေပြီ
(၂)လိုင်ဇာဌာနချုပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦး ကေအိုင်အေ၏ DATA များအား ယူဆောင်ပြီးထွက်ပြေးနေ ။ မြန်မာ့တပ်မတော် ထံပူးပေါင်းမည်ဟု ယူဆသဖြင့် တွေ့သည့်နေရာတွင် သတ်ပစ်ရန် ကေအိုင်အေ ဗဟိုမှ ညွန်ကြားထား ။
(၃) ABSDF (မြောက်ပိုင်း) မှနေပြီး UNFC ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ နှင့်တိတ်တဆိတ် ဆက်သွယ်ပြီး ၄င်းတို့အား ကချင်ပြည်နယ်မှ သယ်ထုတ်ပေးရန် တောင်းဆိုခဲ့ ။ ၈၈ ကျောင်းသား ကိုမြအေး မှ  ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ ဦးလဆိုင်း ထံ မြန်မာငွေ သိန်း ၃၀ နှင့် ညီမျှသော ဆေးဝါးနှင့်အသင့်စားရိက္ခာဗူးများ ပေးပို့ထားခဲ့ ။

 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Dec 28, 2012

သက်မွန်မြင့် သရုပ်ဆောင်ရန် ငြင်းပယ်ခဲ့သော sexy အနမ်း ဇာတ်ဝင်ခန်းအား ဖွေးဖွေး သရုပ်ဆောင်မည်

sexy လိင်အသားပေး နှူတ်ခမ်းချင်းတေ့စုပ်နမ်းပြီးနောက် မင်းသား ရင်အုံကိုဆက်နမ်း ရမည့် ဇတ်ဝင်ခန်းကို မရိုင်နိုင်သောကြောင့် နှုတ်ထွက်သွားသော သက်မွန်မြင့် နေရာတွင် အနမ်းခံလိုသော ဖွေးဖွေး သရုပ်ဆောင်မည် ဟု သတင်းရရှိပါတယ်။


နမ်း ရမည့် ဇတ်ဝင်ခန်းကို မရိုင်နိုင်သောကြောင့် နှုတ်ထွက်သွားသော သက်မွန်မြင့် နေရာတွင် အနမ်းခံလိုသော ဖွေးဖွေး သရုပ်ဆောင်မည် ဟု သတင်းရရှိပါတယ်။ 



 မင်္ဂလာဦးညမှာ နှစ်ယောက်သား ကုတင်ပေါ်မှာ အကျီချွတ်နှင့် စောင်ခြုံထားချိန် ကောင်လေးကို နမ်းပြီး မုန်းတဲ့ စကားပြောတာကို ရိုမန်တစ် ဖြစ်အောင် ရိုက်ပြ မယ်လို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။

အဲဒီနောက်မှာ မင်းသမီးသက်မွန်မြင့် မှ  ပါးနမ်းတဲ့ အခန်းထိ ရိုက်ပေးမယ်။ ကျန်တဲ့ နှုတ်ခမ်းချင်း နမ်းပြီး လျှာသပ်တာ၊ ကောင်လေး အကျီင်္ကို ဆွဲဖြဲပြီး နှလုံးသားနေရာကို နမ်းတာ၊ အဲဒါတွေတော့ သက်မွန် မလုပ်နိုင်ဘူးလို့ ပြောခဲ့တဲ့ အကြောင်း ဂျာနယ်များမှ ဖော်ပြခဲ့ပါတယ်။



သက်မွန်မြင့် မှ ပြင်းပြင်းထန်ထန် ငြင်းဆန်နေသဖြင့် ရုပ်ရှင်လောကတွင် ရက်ရော သည်ဟု နာမည်ထွက်နေသော ဖွေးဖွေးကို ဒါရိုက်တာ ဝိုင်းမှ သက်မွန်မြင့်နေရာတွင် အစားထိုးဖို့ စီစဉ်ခဲ့ပါတယ်။

ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် "ကျွန်မ ကနှင်းဆီပါမောင်" ဇာတ်ကားကိုလည်း နေတိုးနဲ့ အတူ သရုပ်ဆောင်ဖို့ ရှိကြောင်း ပြောတဲ့ ဖွေးဖွေး ကို ဒီဇာတ်ကားလေးကို ဘယ်လို ကြောင့် လက်ခံဖြစ်သွား လဲဆိုတာကို မေးကြည့်တော့..

"ဒီကားလေးက ဇာတ်လမ်း တအားကောင်းတယ်။ ဖွေးဖွေးလည်း လုပ်နိုင် တယ်လို့ ထင်တယ်။ ကိုဝိုင်းက ကိုယ့်ရဲ့ဆရာထဲက တစ်ယောက်လည်း ဖြစ် တယ်။ ကိုဝိုင်းသာရိုက်မယ်ဆိုရင် တော့ လုပ်ရဲပါတယ်။ ကိုဝိုင်းကို ယုံကြည် တာလည်း ပါတယ်။ ဇာတ်လမ်းကိုလည်း ဖွေးဖွေးကြိုက်တယ်" လို့ ပြောပါ တယ်။ 


ဒါရိုက်တာဝိုင်းကတော့ " ပရိသတ်က ဇာတ် ကားထွက်ပြီးမှ ဒါရိုက်တာက တော် တော်မိုက်ရိုင်း တဲ့ကောင်လို့ပြောရင် လက်ခံမှာပါ။မရိုက်ကူးခင်မှာ ဘေး က ဝေဖန်တာမျိုး ကိုတော့ လက်မခံ နိုင်ဘူး။"

လို့ ဆိုပါတယ်။

ဆင်ဆာဌာန ဖြတ်သိမ်းပြီးနောက် မြန်မာကားအများစုတွင် ၁၀ ကားထွက်လျှင် ၅ ကားမှာ သရဲ ကားဖြစ်နေပြီး ဇတ်လမ်းအများအပြားမှာ မိဘ နှင့် သားသမီး အတူ မကြည့်သင့်သော လိင်အသားပေး ဇတ်လမ်းအများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါရိုက်တာ ဝိုင်း ဆိုသည်မှာ အနုပညာ နယ်ပယ်က အဲဒီအခန်းဖြတ် ဆိုတဲ့ ဆုရ ဒါရိုက်တာကြီးနဲ့ အကယ်ဒမီ မင်းသမီးတို့က ဒီလို ယဉ်ကျေးမှုတွေ အကြောင်း ပြော ကာ လူသိများလာသူ တစ်ဦးဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းလိုသူများကတော့ ဒါရိုက်တာဝိုင်း နှင့် မင်းသမီး ဖွေးဖွေး တို့ကို စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိပါတယ်။ 

ဒီမိုကရေစီ နိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာဖို့ လိုအပ်သဖြင့် NLD အမတ် ဒေါ်စန္ဒာမင်းမှ တရားဝင် ပြည့်တန်စာ များလုပ်ကိုင်ခွင့်ကို လွှတ်တော်သို့ တင်မည့် သတင်းအား http://www.myanmarexpress.net/2012/12/nld_24.html တွင် ဖတ်ရှုနိုင်ပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အိမ်အပေါ်ထပ်တွင် အမျိုးသမီးများ စုဝေးကာ လိင်ကိစ္စမှာ ရှက်စရာမဟုတ်ကြောင်း၊ အနောက်နိုင်ငံများတွင် မည်မျှ ပွင့်လင်းကြောင်း ကိုယ်တွေ့ဖြစ်ရပ်များကို ဝိုင်းဖွဲ့ပြောကြားခဲ့သည်ဟု NLD ပါတီ ဝင်တစ်ဦး မှ လမ်းခွဲရှင်းတမ်းတွင်း ပြောဆိုခဲ့မှုများကို  http://www.myanmarexpress.net/2012/03/blog-post_2749.html တွင် ဖတ်ရှုနိုင်သည်။



 From:[_www.MyanmarExpress.net _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

KIA ၏ဆိုးသွမ်းမှု အား ရှမ်းတိုင်းရင်းသားများ ကန့်ကွက်ပြီ

ယခုအချိန်တွင် တပ်မတော်နှင့် ကေအိုင်အို ၊ ကေအိုင်အေတို့အကြား တိုက်ပွဲ ဖြစ်ပွား နေသည်မှာ နှစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်ပါသည်။ ထိုစစ်ပွဲများကြောင့် ဒေသခံရှမ်း ၊ ကချင် ပြည်သူများ စစ်ဘေးရှောင် ဒုက္ခသည်များ အဖြစ်သို့ ရောက်ရှိနေပါသည်။ မိမိတို့၏ ကျေးရွာ၊ အိုးအိမ် များကို စွန့်ပစ်၍ လုံခြုံမှုရှိရာ ဒေသများတွင် ဖြစ်သလို နေထိုင် စားသောက် နေကြ ရပါသည်။ ကေအိုင်အေ တပ်ဖွဲ့ဝင်များသည် မီးရထား၊ လမ်းတံတား များကို ဖောက်ခွဲ ဖျက် ဆီးခြင်း၊ ရှမ်းနီ လူမျိုးများ ထံမှ ဆက်ကြေးများ ကောက်ခံခြင်း၊ စစ်သားများ အဖြစ် အဓမ္မ စုဆောင်းခြင်း၊ တိုက်ပွဲ များတွင် လူသားဒိုင်း အဖြစ် အသုံးချခြင်း၊ တပ်မတော်မှ ရှမ်းရွာသားများ အပေါ် အထင်အမြင် လွဲမှားစေရန် ရှမ်းရွာများ အနီး မိုင်းထောင် ဖောက်ခွဲခြင်း၊ ရှမ်းအမျိုးသမီး များအား မုဒိမ်းကျင့်ခြင်း စသည်ဖြင့် အနိုင်ကျင့် နှိပ်စက်လျက် ရှိပါသည်။ ဤဒေသ အတွင်းရှိ ရှမ်းနီ ပြည်သူများသည် မိမိ တို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်၍ အနိုင်ကျင့် ဗိုလ်ကျ နှိပ်စက်နေသော ကေအိုင်အေ တို့၏ အပြုအမူ များအား စက်ဆုပ်ရွံရှာ နေကြပြီ ဖြစ်ပါသည်။


ထို့အပြင် စစ်ပွဲများရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး အလျင်အမြန်ရရှိရန်သာ ဆန္ဒပြင်းပြနေကြ ပါသည်။သို့ဖြစ်ပါ၍ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ အောက်ပါ အတိုင်း ကြေညာချက် ထုတ်ပြန် လိုက်သည်။

(၁) ဤဒေသ အတွင်းနေထိုင်ကြသော တိုင်းရင်းသားများ အချင်းချင်း တစ်ဦး အပေါ် တစ်ဦး လူညွန့်ခူး ခေါင်းပုံဖြတ်ခြင်းကို လက်မခံပါ။

(၂) လက်နက်ဖြင့် အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးသော မည်သည့် အဖွဲ့အစည်း၏ လုပ်ရပ် ကိုမဆို ပြင်းထန်စွာ ရှုတ်ချသည်။

(၃) ကချင်ပြည်နယ်အတွင်း စစ်ပွဲများအမြန်ဆုံးရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေး ကြရန် တောင်းဆိုသည်။

(၄) ပြည်တွင်းစစ် ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင် ဒေသခံရှမ်းနီ ပြည်သူများ၏ ပူးပေါင်းဆောင် ရွက်မှု ရရှိမှသာ အောင်မြင်နိုင်မည်ဟု ယုံကြည် သည်။

From:[_ Shan News_]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ကချင်တိုင်းရင်းသား ကိုချစ်ပါတဲ့ ဆိုသော KIA ခေါင်းဆောင်များ တရုတ်ပြည်ကို ပြေးပြီ


KIA ဌာနချုပ် လိုင်ဇာ၏ အဓိကခံစစ် တောင်ကုန်းဖြစ်တဲ့ လဂျားယန်တောင်ကြောကို ဒီနေ့ မနက်(၉)နာရီ အချိန်ခန့်က မြန်မာအစိုးရ စစ်လေယာဉ်များမှ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်များ၏ တိုက်ခိုက်မှုကြောင့် KIA ဘက်မှ အထိအခိုက် အကျအဆုံးများပြီး ဒဏ်ရာရသူများကို လိုင်ဇာဆေးရုံကို သယ်ဆောင်နေကြောင်း မျက်မြင်တွေ့သူများမှ ပြောပါတယ်။

လက်နက်ကြီးပေါက်ကွဲသံများကိုလိုင်ဇာမြို့မှ ကြားနေရပြီး လိုင်ဇာမြို့တွင် ခြောက်ကပ်လျက်ရှိ ကာ ဈေး လဲ ပိတ်ထားကြောင်း သိရပါတယ်။

KIA ခေါင်းဆောင်ပိုင်းကတော့ မနေ့ညကတည်းက လိုင်ဇာ ဂိတ်ပေါက်ကနေ တရုတ်ပြည်ထဲ ၀င်ရောက်ခိုလုံနေပြီး တရုတ်နိုင်ငံတွင်းမှ စစ်ဆင်ရေးကို ကွပ်ကဲနေ တယ်လို့ သိရပါတယ်။ ယခု အစိုးရက အပြင်းအထန်တိုက်ခိုက်နေတဲ့ လဂျားယန်တောင်ကြောဟာ ဒီလ (၁၄) ရက်နေ့က ရိက္ခာပို့တဲ့မြန်မာ စစ်တပ် ကို KIAမှခြုံခိုတိုက်ခိုက်ပြီး မြန်မာစစ်သား(၅)ဦးဒဏ်ရာနှင့်အဖမ်းခံခဲ့ရတဲ့ နေရာလည်း ဖြစ်ပါတယ်။


KIA တွေက အများ အမြင်မှာတော့ ကချင်ပြည်နယ်ကို ကွာကွယ်ပါတယ်လို့ဆိုခဲ့ပေမဲ့ တစ်ကယ် တမ်း တိုက်ပွဲများ ဖြစ်လားသော အခါတွင် KIA ခေါင်းဆောင်များတရုတ်ပြည်တွင်းသို့ ထွက်ပြေးတိမ်းရှောင် နေပြီ ဖြစ်ကြောင်းသိရှိရပါတယ်KIA ခေါင်းဆောင်များမှကချင်ပြည်နယ်ကောင်းစားရေးဟု အမည်တပ်ကာ ကချင်တိုင်းရင်းသူများကိုလည်း ဖျက်ဆီးနေသူ များဖြစ်ပါတယ်.....

လိုင်ဇာဌာနချုပ်ထဲက ကျောက်စိမ်းတုံးများ
ဖြစ်ရပ်မှန် များကို မသိရှိသော တိုင်းရင်းသား ပြည်သူများမှKIA မှ မိမိတို့ အားလိမ်ညာနေသည်ကို မသိရှိသေးတဲ့ အတွက်အလွန်ပင် သနားစရာကောင်းလှပါတယ်.....။


From:[_ nay min_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ကေအိုင်အေတို့ ဆက်လက်လုပ်ဆောင်ရန် ကြံစည်နေသည့် အစီအစဉ်များ

၁။ တပ်မတော်မှ လမ်းကြောင်းရှင်း ခြောက်လှန့်ပစ်ခတ်သည့်အတွက် တိုက်ပွဲများ ဖြစ်ပွားရခြင်း အား ကချင် လူမျိုးအား ဗမာ လူမျိုးကြီး ၀ါဒဖြင့် နှိပ်စက် ပစ်ခတ်ကြောင်း ပြောမည်။

၂။ တပ်မတော်(လေ)မှ ဒုက္ခသည် စခန်းများ၊ လူနေရွာ များကို ပစ်ခတ်ကြောင်း ပြောမည်။ လိုအပ်လျှင် ကေအိုင်အေ ၀တ်စုံဖြင့်သေသော စစ်သားများအား ၀တ်စုံချွတ်ကာ ရွာသားလုပ်ခိုင်းပြီး ဓာတ်ပုံရိုက်မည်။

၃။ စစ်ကို သတိထားမိလာစေရန်၊ မြန်မာပြည်အနှံ့ ( အထူးသဖြင့် ကချင်ပြည်နယ်အတွင်း) မိုင်းထောင်၊ ဗုံးခွဲ မှုများ အကြီးအကျယ် ပြုလုပ်မည်။

၎။ ကမ္ဘာအနှံ့မြို့ရွာများမှ ကချင်ပြည်သူ အမည်ခံများက သံရုံးများရှေ့၊ လမ်းမ များပေါ် ဟိုတစ်ကွက် ဒီတစ်ကွက် မီဒီယာများ ခေါ်ကာ ကချင်စစ်ပွဲ ဆန့်ကျင်ကြောင်း ပြောမည်။

၅။ တပ်မတော်မှ ဓာတုလက်နက်များ အသုံးပြုကြောင်း၊ အစုလိုက် အပြုံလိုက်သေစေသော လက်နက် များ အသုံးပြုကြောင်း ပြောမည်။

၆။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လက်ခံမည် (သို့မဟုတ်) လူသား တံတိုင်းအသုံးချ၍ လိုင်ဇာမှ အသံကုန် အော်မည်။

၇။ ကုလသမဂ္ဂထံ စာပို့မည်။ ပြည်ပ အကူအညီများ တောင်းကြမည်။ တစ်ချိန်ထဲတွင် ခေါင်းဆောင်များ တရုတ် နိုင်ငံတွင်းသို့ ကြိုတင် ရွေ့ပြောင်းကြမည်။

From:[_ oppositeye_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Dec 27, 2012

ဂျော့ဆိုရော့ထိန်းချုပ်တဲ့ ကမ္ဘာ့သစ်အစီအစဉ်နဲ့ မြန်မာ့အရေး

နံနက်မိုးသောက် မျက်စေ့ကိုဖွင့် နားကိုစွင့်လိုက်တာနဲ့ မြန်မာအပါအ၀င် ကမ္ဘာတစ်လွှားမှ နောက်ဆုံးရသတင်းအစုံအလင်ကို ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ အင်တာနက်ကတစ်ဆင့် နေ့စဉ်ကြားမြင် နေရမှာဖြစ်ပါတယ်။ 

ကမ္ဘာ့နေရာဒေသအသီးသီးမှ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ပျက်စီးဆုတ်ယုတ်မှုတွေ အမျိုးစုံလင်ကြားသိရမှာဖြစ်ပါတယ်။ များသောအားဖြင့် ကပ်ဘေးအန္တရာယ်များ၊ ညှိနှိုင်းမရသော ပဋိပက္ခများ၊ အဖြေရှာမရသော ဆွေးနွေးမှုများ၊ ဖျန်ဖြေ၍မရနိုင်သော တိုက်ခိုက်သတ်ဖြတ်မှုများ စတဲ့ အကြောင်းအရာများကသာ ပိုများပါတယ်။ နိုင်ငံတစ်ခုအတွင်းပင်၊ မျိုးနွယ်တူအချင်းချင်းပင် ငြိမ်းချမ်း အေးဆေးစွာ လက်တွဲနေထိုင်လိုပါလျက် မငြိမ်းချမ်းနိုင်ဘဲ ဖြစ်နေရသည်မှာ ထိုသူများ၏အသိဉာဏ်ကို မည်သည့်တိမ်သလ္လာများက ဖုံးအုပ်ထား၍နည်း။ သို့တည်းမဟုတ် မည်သည့်ဘေးပယောဂများ ၀င်ရောက်ပူးကပ်နေ၍နည်း။ အဖြေရှာနိုင်ရန် ခက်ခဲလှပါတယ်။ 


တိုက်တိုက်ဆိုင်ဆိုင်ပင် ဝါရှင်တန်အခြေစိုက် ထောက်လှမ်းရေးနဲ့ နိုင်ငံတကာရေးရာ အထူး သတင်းထောက် ဝိန်းမက်ဆန်ရေးသားတဲ့ ဂျော့ဆိုရော့ထိန်းချုပ်သည့် ကမ္ဘာ့အစီအစဉ်သစ် (“A Soros-Made ‘New World Order’ Takes Shape at the US”) ဆောင်းပါးအား NSNBC သတင်း ၀ဘ်ဆိုက်မှာ နိုဝင်ဘာလ ၂၄ ရက်နေ့က ဖော်ပြထားတာကို ဖတ်ရှုလိုက်ရပါတယ်။ ဆောင်းပါးမှာ ဂျော့ဆိုရော့ရဲ့ ဘဏ္ဍာရေးအထောက်အကူပေးရေးအဖွဲ့၊ “အန်ဂျီအို”နဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းများကွန်ရက်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးနဲ့ ကုလသမဂ္ဂအထူးအေဂျင်စီများ အတွင်းရှိ လုပ်ငန်းတာဝန်များကိုထိန်းချုပ်လျက် ကမ္ဘာ့အထက်တန်းလွှာများနဲ့ ၀.၁ ရာခိုင်နှုန်းသာရှိတဲ့ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်များရဲ့ အကျိုးစီးပွားအတွက် ကမ္ဘာ့မြေပုံကိုပြန်လည်ရေးဆွဲဖို့ ရည်မှန်းချက် ထားရှိကြောင်း ဖော်ပြထားပါတယ်။

တစ်ချိန်က ပွင့်လင်းမြင်သာမှုရှိခဲ့တဲ့ ကုလသမဂ္ဂဟာ ယခုအခါ ဗျူရိုကရက်ဆန်လာပါတယ်။ ဆိုရော့နှင့် ဆက်စပ်မှုရှိတဲ့ “အန်ဂျီအို”အဖွဲ့ဝင်များနဲ့ ဖို့ဒ်၊ ရော့ဖဲလားဖောင်ဒေးရှင်းကဲ့သို့အဖွဲ့များ၊ စီအိုင်အေအရာရှိများ၊ အရာရှိဟောင်းများနဲ့ အဖွဲ့အစည်းကိုယ်စားလှယ်များပါဝင်တဲ့ အနောက်အုပ်စု သံတမန်များဟာ တံခါးပိတ်ဆွေးနွေးပွဲများပြုလုပ်ကာ အရေးပါတဲ့ဆုံးဖြတ်ချက်များကို ချမှတ်ကြ ကြောင်း၊ ယနေ့ကာလမှာ ကုလသမဂ္ဂအေဂျင်စီများနဲ့ အဖွဲ့ဝင်များစွာကို ပုဂ္ဂလိကချမ်းသာ ကြွယ်ဝသူ များက ငွေကြေးထောက်ပံ့ကူညီထားတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အရေးပါတဲ့ လက်ထောက်အများစုဟာ အမေရိကန်နိုင်ငံသား များဖြစ်ပြီး နေတိုးအဖွဲ့နဲ့ မဟာမိတ်နိုင်ငံများရဲ့ အကျိုးစီးပွားကို ပိုမိုအလေးထားသူများဖြစ်ပါတယ်။ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများကလွဲလို့ ကုလသမဂ္ဂအေဂျင်စီအသီးသီးမှာ ဆိုရော့နှင့် အဖွဲ့ဝင် များ၊ စီအိုင်အေများက လွှမ်းမိုးထားပါတယ်။ ဟန်ဂေရီနိုင်ငံသား ဘီလျံနာဂျော့ဆိုရော့အနေနဲ့ နာဇီ တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းခဲ့ဖူးသူဖြစ်ပြီး လက်ရှိမှာ ငြိမ်းချမ်းမှုထိန်းသိမ်းရေးလုပ်ငန်းကိုလည်း အဓိက ပစ်မှတ်ထားလျက်ရှိပါတယ်။

၎င်းအစီအစဉ်သစ်အရ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်(Global Compact)ကို အကောင် အထည်ဖော်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များမှ တစ်ဆင့် အထောက်အကူပေးလျက်ရှိပါတယ်။ ကုလသမဂ္ဂမှာ တံခါးပိတ်ဆွေးနွေးပွဲများ ကျင်းပပြုလုပ်လျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံများအပေါ် သေးငယ် သော အစိတ်အပိုင်းများပိုင်းခြားခွဲခြားရေး စာတမ်းဖတ်ပွဲများကို ကုလသမဂ္ဂကြိုတင်ကာကွယ်ရေး လုပ်ငန်းဆိုင်ရာ အေဂျင်စီအချင်းချင်း ပေါင်းစပ်ညှိနှိုင်းရေးမူဘောင်(Framework Team-FT)ပါ ညွှန်ကြားချက်များအရ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ FT မှာကုလသမဂ္ဂရုံးအသီးသီးနှင့် အထူးအေဂျင်စီ ၂၈ ခုမှ ကိုယ်စားလှယ်များပါဝင်ကြပါတယ်။

FT ရဲ့လုပ်ငန်းတာဝန်အများစုကို အမေရိကန်နိုင်ငံသူ ဂေးရော့စ်ဘလန်ကူးမားက ဦးဆောင် လျက်ရှိပါတယ်။ ဆိုရော့နဲ့ ၎င်းရဲ့ “အန်ဂျီအို”များ၊ စီအိုင်အေနဲ့ နိုင်ငံတကာဘဏ်လုပ်ငန်းရှင်များဟာ နိုင်ငံတကာကော်ပိုရေးရှင်းများ၊ အမေရိကန်နဲ့ နေတိုးအဖွဲ့တို့ရဲ့လိုအပ်ချက်များ ဖြည့်ဆည်းရေး အတွက် ကမ္ဘာ့မြေပုံပြန်လည်ရေးဆွဲရန် အလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ဆွေးနွေးပွဲအများစု မှာ လစ်ဗျား၊ ဆူဒန်၊ ဆီးရီးယားနှင့် အခြားနိုင်ငံများမှာ နိုင်ငံတကာကြားဝင်စွက်ဖက်ရေးဆိုင်ရာ အကာ အကွယ်ပေးရေး(Responsibility to Protect-R2P)ကို တွန်းအားပေးခဲ့သူ အီလီဝီဆဲ အပေါ်မှီခို အားထားလျက်ရှိပြီး ၎င်းဟာ နိုင်ငံအသီးသီးရှိ အလုပ်အကိုင်အခွင့်အလမ်းများအတွက် ကုလသမဂ္ဂကို အကြံပေးလျက်ရှိပါတယ်။

FT အဖွဲ့ဟာ သမ္မတအိုဘားမားရဲ့ သတင်းအချက်အလက် အကြံပေး ကတ်စ်ဆန်စတိန်း၊ ၎င်းရဲ့ဇနီး အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီက စမန်သာပါဝါနဲ့ အဲလ်ဘတ် အိုင်စတိုင်း အင်စတီ ကျူရှင်းက အယူအဆရေးရာပညာရှင် ဂီးရ်ရှပ်(ပ)တို့ရဲ့ အယူအဆများကိုလည်း ကျင့်သုံးလျက်ရှိပါ တယ်။ FT အဖွဲ့ဟာ အနောက်အုပ်စုလိုလားတဲ့ အစိုးရများရှိရာ ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ ကမ္ဘာ တစ်ဝန်းရှိ လှုပ်ရှားတက်ကြွသူများကို လေ့ကျင့်ပေးလျက်ရှိပါတယ်။ အဓိကအားဖြင့် အဆိုပါ အစိုးရ တွေအပေါ် ဆန့်ကျင်ဆန္ဒပြုမှု မပြုစေရေး လှုပ်ရှားတက်ကြွသူများကို အကြံပေးပါတယ်။ ဒီအဖွဲ့ရဲ့ လုပ်ငန်း တစ်ရပ်လုံးကို ဆိုရော့ရဲ့ငွေကြေးအကူအညီနဲ့ ထောက်ပံ့ပေးလျက်ရှိပါတယ်။
FT အဖွဲ့ရဲ့ အဓိကလုပ်ငန်းတစ်ရပ်မှာ ရှိရင်းစွဲနိုင်ငံငယ်များကို သေးငယ်တဲ့အစိတ်အပိုင်း အသီးသီးအဖြစ် ပိုင်းခြားခွဲခြမ်းရေးပဲဖြစ်ပါတယ်။ လတ်တလောပြုလုပ်ခဲ့တဲ့ “Nepal in Transition” ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ၎င်းတို့ရဲ့မဟာဗျူဟာကို ရှင်းလင်းစွာတွေ့ရပါတယ်။ နီပေါနိုင်ငံကို ဖက်ဒရယ်အစိတ်အပိုင်းများအဖြစ် ပိုင်းခြားခွဲခြားခြင်းမပြုမီ ပထမအဆင့်အဖြစ် ဖက်ဒရယ်ဝါဒသဘော ကို လေ့လာဆန်းစစ်တဲ့သဘောဖြစ်ပါတယ်။
ဒီ “နီပေါနိုင်ငံ” ပိုင်းခြားခွဲခြမ်းရေးမဟာဗျူဟာကို နီပေါရှိ ကုလသမဂ္ဂမစ်ရှင်ကို ဦးဆောင်တဲ့ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အီအန်မာတင် က ခေါင်းဆောင်ခဲ့ပါတယ်။ နီပေါရှိအဖွဲ့ အစည်းများ၊ နိုင်ငံသားများ၊ ဒါလစ်နဲ့ မွတ်စလင်ကဲ့သို့လူမျိုးများကို အခြေခံကာ ပြည်ထောင်စုသမ္မတ နိုင်ငံတစ်ရပ်အဖြစ် ကူးပြောင်းရေးဖြစ်ပါတယ်။ မာတင်ဟာ ဘော့စနီးယား-ဟာဇီဂိုးဗီးနားနဲ့ လစ်ဗျား နိုင်ငံတို့ကိုဖြိုခွဲပြီး ဖက်ဒရယ်စနစ်တည်ထောင်ရာမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ လစ်ဗျားအရှေ့ပိုင်း ဆိုင်ရီနိုင်ကာပြည်နယ်ဟာ ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုခဲ့ပါတယ်။

နီပေါအရေးမှာ ကုလတာဝန်ရှိသူအချို့ဟာ မော်ဝါဒီတွေကိုဖယ်ရှားပစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းကွန်းဖရင့်မှာ စီအိုင်အေနဲ့ ချိတ်ဆက်တဲ့ တောင်အာရှရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရောဘတ်အိုဘလိတ် ပါဝင်ခဲ့ပြီး သူဟာ ၂၀၁၂ ခုနှစ် မော်လ်ဒိုက် အာဏာသိမ်းမှုကိုကြိုးကိုင်ခဲ့ကြောင်း သတင်းထွက်ခဲ့သူဖြစ်ပါတယ်။ မော်လ်ဒိုက်ကို ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများအဖြစ် ပြိုကွဲသွားစေပြီး တရုတ်နိုင်ငံကို ဝိုင်းပတ်ပိတ်ဆို့ရေး အမေရိကန်ရဲ့ မူဝါဒ တစ်စိတ်တစ်ပိုင်းအဖြစ် မော်လ်ဒိုက်နိုင်ငံတောင်ပိုင်းမှာ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခု တပ်စွဲခွင့် ရရှိစေခဲ့ပါတယ်။
သီရိလင်္ကာဟာလည်း ဖက်ဒရယ်ကျင့်သုံးရေး လမ်းကြောင်းပေးနိုင်ငံရေးသမားများ ပစ်မှတ်ဖြစ် လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတလောင်း မဲဆွယ်စည်းရုံးစဉ်ကာလမှာ ဟီလာရီ ကလင်တန်နဲ့ အိုဘားမားတို့ဟာ သီးခြားပြည်နယ်ထူထောင်ရေး ကြိုးပမ်းနေတဲ့ တမီးလ်ကျားသူပုန်တွေ ဆီက မဲဆွယ်စည်းရုံးရေးရန်ပုံငွေ အများအပြားရခဲ့တယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တမီးလ်ကျားသူပုန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ယခင်ကသတ်မှတ်ထားပေမယ့် ယခုတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ အိုဘားမားအစိုးရ၊ ဆိုရော့နဲ့ နော်ဝေနိုင်ငံရှိ နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့တို့က သီရိလင်္ကာမှာ ဆင်ဟာလီစ်၊ တမီးလ်နဲ့ မွတ်စလင် ဖက်ဒရေးရှင်းတစ်ရပ် တည်ထောင်ကျင့်သုံးနိုင်ရေး တွန်းအားပေးခဲ့ပါတယ်။
နော်ဝေနိုင်ငံသားအများအပြားဟာ သီရိလင်္ကာမှာ ဖက်ဒရယ်စနစ်ကျင့်သုံးရေး နောက်ကွယ်က တွန်းအားပေးလျက်ရှိပါတယ်။ ဆိုရော့ရဲ့အားကိုးယုံကြည်တဲ့ ဒေါက်တာဂျိုဟန်ဂါတွန်က အဓိက ဖြစ်ပါ တယ်။ ဆိုရော့ရဲ့ အန်ဂျီအိုအဖွဲ့အစည်းများဟာ နိုင်ငံတကာဆက်ဆံရေး အစီအစဉ်များနဲ့အတူ အဓိက ကျတဲ့ တက္ကသိုလ်ကြီးတွေမှာ ပိုင်းခြားခွဲခြမ်းရေးအစီအစဉ်များကို လေ့လာမှုတွေပြုလုပ်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာလည်း ဖက်ဒရယ်ဝါဒီများနဲ့ ပိုင်းခြားခွဲခြမ်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ ဆိုရော့ရဲ့ ရည်မှန်းချက်က မြန်မာနိုင်ငံကို မျိုးနွယ်စုအခြေပြု နိုင်ငံငယ်များအဖြစ် ခွဲခြားပစ်ဖို့ဖြစ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် နေရာအချို့မှာ အမေရိကန်စစ်အခြေစိုက် စခန်းတည်ဆောက်နိုင်ရေး အထောက်အကူဖြစ်လာနိုင်ပြီး တရုတ်နိုင်ငံတောင်ပိုင်းကို ထိရောက်စွာ နှောင့်ယှက်နိုင်မှာဖြစ်ပါတယ်။ မြန်မာနဲ့တရုတ်နိုင်ငံအတွင်း သြဇာလွှမ်းနိုင်ဖို့ လူ့အခွင့်အရေး ချိုးဖောက် မှုပြဿနာတွေကို ဆိုရော့က လက်ကိုင်အသုံးပြုလျက်ရှိပါတယ်။

အီးယူ၊ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်နဲ့ ဆိုရော့ရဲ့မဟာမိတ်အဖွဲ့ရဲ့ အန္တိမရည်မှန်းချက်က အိန္ဒိယ၊ ရုရှား၊ အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံတို့ကို နိုင်ငံငယ်များအဖြစ် ပိုင်းခြား ခွဲခြမ်းပစ်ရေးပဲဖြစ်ပါတယ်။ 

 ဒါတွေကတော့ NSNBC လေ့လာရှာဖွေ တွေ့ရှိမှုတွေပဲ ဖြစ်ပါတယ်။ ဒီသတင်းဌာနကို ၂၈-၈-၂၀၁၁ ရက်နေ့မှာ “အမှန်တရားကို ထိန်းချုပ်ဖုံးကွယ်ထားသော အသင်း အဖွဲ့ပိုင်နဲ့ အစိုးရပိုင်မီဒီယာများအဆုံးသတ်စေရန်” ရည်ရွယ်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒေသ အသီးသီးမှ သတင်းထောက်များ၊ စာပေပညာရှင်များနဲ့ ကျွမ်းကျင်ပညာရှင်များထံက သတင်း ဆောင်းပါးများကိုရယူ ထုတ်ဝေနေတာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းနေ့စဉ်တိကျတဲ့ သတင်းပေးပို့ချက် တွေ၊ ကျယ်ပြန့်နက်ရှိုင်းတဲ့ အကဲဖြတ်ဆန်းစစ်ချက်တွေနဲ့ ထင်မြင်ယူဆချက်တွေကို စာဖတ်သူတွေထံ အရောက်ပို့လိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတယ်လို့ သိရပါတယ်။
ကောင်းပါပြီ။ ကျွန်တော်တို့မြန်မာပြည်အတွင်းမှာရော၊ ဆိုရော့ရဲ့ ကုလနဲ့ အန်ဂျီအိုတွေ၊ အရေခြုံပုဂ္ဂိုလ်တွေ အားလုံးနီးနီး ရောက်နှင့်ပြီးသားဆိုတော့ သူတို့တွေ ဘယ်လောက်အထိ ခရီးပေါက် နေပါပြီလဲ။

 နိုင်ငံတော်ရဲ့ မဏ္ဍိုင် ၃ ရပ်ထဲမှာ၊ အစိုးရနဲ့ဆန့်ကျင်ဘက်တွေအကြားမှာ၊ နိုင်ငံရေး ပါတီတွေ အချင်းချင်းအကြားမှာ၊ နိုင်ငံရေးပါတီတစ်ခုချင်းအတွင်းမှာ၊ တိုင်းရင်းသားလူမျိုးစုတွေ လက်နက်ကိုင်အဖွဲ့တွေအကြားမှာ ဆိုရော့ရဲ့ နိုင်ငံပိုင်းခြားခွဲခြမ်းရေး အစီအစဉ်တွေ ဘယ်လောက် အောင်မြင်နေပြီလဲဆိုတာ သုံးသပ်ကာကွယ်ရတော့မယ့် အချိန်ဖြစ်ပါတယ်။

ရှေး ဘိုးဘေးဘီဘင်တွေ လက်ထက်ကတည်းက ပေါင်းစည်းနေထိုင်လာခဲ့တဲ့ တိုင်းရင်းသား အချင်းချင်းမယုံကြည်ဘဲ ဒီလိုအကြံကြီးတဲ့ ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့ လှည့်ကွက်ထဲမှာ မဆင်မခြင်ယုံကြည်ပြီး လည်စင်းခံသွားကြမှာလား။ တိုင်းရင်းသားအချင်းချင်း  တိုက်ခိုက်မှုတွေဟာ သူတို့ရဲ့ လက်နက်ခဲယမ်းများ ရောင်းချရမယ့်ဈေးကွက်အဖြစ်ခံကြမှာလား။ လူမျိုလို့ လူမျိုးပျောက်မယ့် အရေးတွေကို လျှော့တွက်နေကြမှာလား။ အချင်းချင်း မညီမညွတ်ဖြစ်နေချိန်မှာ နောက်တိုးလာတဲ့ တိုင်းရင်းသားတွေရဲ့ ငြိမ်သက်စွာ စစ်ရေးပြင်ဆင်မှုတွေကို ထည့်မတွက်ကြတော့ဘူးလား။ 

ဒီလိုပဲ နိုင်ငံအတွင်းမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေ၊ ဆန္ဒပြမှုတွေ၊ လူမျိုးရေးပဋိပက္ခတွေ အရှိန်မြှင့် လုပ်ဆောင်လာတာနဲ့ မြန်မာနိုင်ငံကြီး ဒီမိုကရေစီအပြည့်အ၀ ရသွားမှာလား။ ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ “ကြက်လည်းမောယာလည်းညက်”တဲ့အချိန်မှာဆိုရော့ရဲ့ကမ္ဘာသစ်အစီအစဉ် အောင်မြင်သွား နိုင်သလားဆိုတာ အသိဉာဏ်လေးတစ်ချက်လက်ပြီး အားလုံးစည်းလုံးသင့်ကြပါပြီ။
 အောင်ဘာလေ
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Dec 26, 2012

လူ့အလိုနတ်မလိုက်နိုင်

ယခုအပတ်တွင်ထုတ်ဝေသော ဂျာနယ်အများစု၌ လက်ပံတောင်းတောင်ဖြစ်ရပ်နှင့် ပတ်သက် ပြီး မကျေနပ်သံတွေ ပလူပျံဆဲပင်။ မန္တလေး၊ ကလေး၊ မြောင်းမြ၊ ရန်ကုန် စသည့်မြို့တို့တွင် သံဃာတော်ရော၊ လူပါဆန္ဒထုတ်ဖော်ဆဲ။ ထုတ်ဖော်သည့်နေ့တွေက အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့၊ ၁၂-လေးခုဆုံသည့်အချိန်တို့ဖြစ်သည်။


တောင်းဆိုချက်တွေက “အကြမ်းဖက်ခံ သံဃာထု အတွက် သံဃာထုတစ်ရပ်လုံးကျေနပ်စေရန် နိုင်ငံတော်သမ္မတအနေဖြင့် ပွင့်လင်းမြင်သာစွာတောင်းပန် ရေး၊ အကြမ်းဖက်သံဃာထုနှင့် ပြည်သူလူထုအတွက် နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက်အနေဖြင့် မှန်မှန်ကန်ကန်တာဝန်ယူပေးရေး၊ လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်၍ ဖမ်းဆီးခံရသော ရဟန်းရှင်လူတို့အား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေး၊ ငြိမ်းချမ်းစွာဆန္ဒပြရဟန်းရှင်လူတို့အား အကြမ်းဖက်နှိမ်နင်းဖြိုခွင်းသော တာဝန်ရှိပုဂ္ဂိုလ်အားလုံးကို ဖော်ထုတ်အရေးယူဆောင်ရွက်ပေးရေး” ဟူ သည့်အချက် ၄ ချက်ဖြစ်သည်။


ဖြစ်ရပ်အားလုံးကို ခြုံငုံသုံးသပ်ကြည့်လျှင် နိုင်ငံရေးပယောဂမကင်းသော သွေးထိုးလှုံ့ဆော်မှု များ ပါဝင်ပတ်သက်နေကြောင်း တွေ့ရသည်။ ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သည့် သံဃာနှင့် လူတို့ကို မပါဝင်သည့်သံဃာနှင့် လူတို့ဖြင့် အချိုးချကြည့်လျှင်၊ သို့မဟုတ် ရာခိုင်နှုန်းဖြင့်တွက်ကြည့်လျှင် ပါဝင် သည့်ပမာဏမှာ မပြောပလောက်ပေ။ သို့သော် ဆန္ဒဖော်ထုတ်သည့်သံဃာနှင့် လူတို့က ၎င်းတို့သည် သံဃာထုတစ်ရပ်လုံးကိုသော်လည်းကောင်း၊ လူထုတစ်ရပ်လုံးကိုသော်လည်းကောင်း ကိုယ်စားပြုသည့် အသွင်ဟန်ရေးပြင်လှုပ်ရှားနေကြခြင်းမှာ “ရယ်(ရီ)လိုက်ချင်ရဲ့ဖတ်ဖတ်မော၊ ရင်ဘတ်နောက်ကကျော”   ဟုသာဆိုရပေမည်။




သာဓကပြရလျှင် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် Generation Wave အဖွဲ့က ဦးဆောင်ဆန္ဒ ဖော်ထုတ်ရာ၌ Generation Wave အဖွဲ့ဝင်များနှင့် ကျောင်းသားများအပါအ၀င် စုစုပေါင်းလေးဆယ် ကျော်သာရှိသည်။ သို့သော် “ယင်းဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ကိုဌေးကြွယ်က ယခုဆန္ဒထုတ်ဖော်သူများ၏ဆန္ဒသည် ပြည်သူများ၏ဆန္ဒပင်ဖြစ်ကြောင်း” (မြန်မာ ပို့စ်ဂလိုဘယ်၊ အမှတ် ၈၉) ဟု မျက်နှာပြောင်တိုက်ကာ လျှာအရိုးမရှိတိုင်းပြောနေသည်မှာ အော့နှလုံး နာစရာပင်။ သူတို့အား အဘယ်ပြည်သူက အဘယ်အချိန်မှာ ကိုယ်စားလှယ်လွှဲစာပေးလိုက်ပါလိမ့်။ ဆင်ခြင်စရာပင်။


လက်ပံတောင်းတောင်ဖြစ်ရပ်နှင့် ပတ်သက်၍ တာဝန်ရှိသူများက မုံရွာမြို့မှ ထေရ်ကြီးဝါကြီး ဆရာတော်များအားတောင်းပန်လျှောက်ထားခဲ့သည့်အပြင် ပြည်ထောင်စုအစိုးရကိုယ်စား သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သံဃနာယကဆရာတော်ကြီး ၂၉ ပါးအားလျှောက်ထား တောင်းပန်ခဲ့သည်။ နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒ န္တကုမာရဘိဝံသ ဆရာတော်ကြီးက ပုံပြင်နှစ်ပုဒ်ကို သာဓကဆောင်၍ တောင်းပန်သည့် အတွက်ခွင့်လွှတ်ကြောင်းနှင့် ယခုကဲ့သို့ထပ်မံမဖြစ်အောင် ရှောင်ကြဉ်ရန်လိုအပ်ကြောင်း သြ၀ါဒပေး ခဲ့ပြီးဖြစ်သည်။ ဤသို့တောင်းပန်သမှုပြုခဲ့သော်လည်း နိုင်ငံရေးလုပ်စားသူများက ပွဲဆူစေရန်ရည်ရွယ်၍ “ယင်းသို့ တောင်းပန်လျှောက်ထားရာတွင် မီးလောင်ဒဏ်ရာရရှိခဲ့သည့်သံဃာတော်များကို ၀န်ချ တောင်းပန်ခြင်းမရှိဘဲ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများကိုသာ တောင်းပန်သဖြင့် မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် ဝေဖန်သံများထွက်ပေါ်လျက်ရှိကြောင်းသိရသည်”(မြန်မာပို့စ်ဂလိုဘယ်၊ အမှတ်၈၉) ဟု နှပ်ကြောင်းပေးထားသည်ကို တွေ့ရသည်။ တာဝန်ရှိသူများက တောင်းပန်သဖြင့် ဥက္ကဋ္ဌ ဆရာတော်ကြီးကိုယ်တိုင်ခွင့်လွှတ်ပြီး ထပ်မံမဖြစ်ပွားအောင် သြ၀ါဒပေးခြင်းအပေါ် ဝေဖန်သံထွက်လာ သည့်အသိုင်းအ၀ိုင်းမှာ နိုင်ငံရေးအသိုင်းအ၀ိုင်းတစ်ခုတည်းကဖြစ်ခြင်း၊ ထိုဝေဖန်သံ တစ်နည်းအားဖြင့် နှပ်ကြောင်းပေးလိုက်ခြင်း၏ နောက်ဆက်တွဲအဖြစ် အထက်ဖော်ပြပါတောင်းဆိုချက် ၄ ချက်ထွက်ပေါ် လာခြင်းဖြစ်ကြောင်း ဆက်စပ်သုံးသပ်တွေ့ရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက် နေပြီဖြစ်ရာ မည်သို့ရလဒ်ထွက်ပေါ်လာမည်ကို စောင့်ကြည့်ရန် လိုအပ်သည်။ ယခုမူ ဤသို့မဟုတ်။ ကြီးသည့်အမှုငယ်စေ၊ ငယ်သည့်အမှုပပျောက်စေ ဖြစ်ရမည့်အစား ပြဿနာကို မီးထွန်းရှာနေကြခြင်း၊ သံဃာတော်အားလုံး၊ ပြည်သူအားလုံး၏ ကိုယ်စားလှယ်ပြောခွင့်ရပုဂ္ဂိုလ် လူပြိန်းကြိုက်ပြုမူပြောကြား နေကြခြင်းတို့မှာ စေတနာမမှန်ကြောင်း ထင်ရှားသည်။

ရဟန်းသံဃာတော်များ၏ အဓိကတာဝန်မှာ ဂန္ထဓူရ၊ ၀ိပဿနာဓူရဖြစ်ပြီး ရဟန်းကျင့်ဝတ်များ မှာ-“မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာ လည်းပြု၊ ရဟန်းမှု၊ ခြောက်ခုလွန်သေချာ”ဖြစ်သည်။ ဤတာဝန်ထမ်းဆောင်၍ ဤကျင့်ဝတ်ကိုလိုက်နာ ရန် ကျောင်းတိုက်အသီးသီးရှိ ပဓာန နာယက ဆရာတော်ကြီးများက တပည့်ရှင်ရဟန်းတို့ကို သွန်သင် ဆုံးမကြမည်မှာမလွဲပေ။ ချိုးဖောက်သောတပည့်များကိုလည်း ရေဒဏ်/သဲဒဏ် စသည့်ဒဏ်များပေး၍ ထိန်းကျောင်းတည့်မတ်ကြမည်မှာ ယုံမှားဖွယ်ရာမရှိပါ။ ဓမ္မစက်ဖြင့် ထိန်းကျောင်းသည်ကို မလိုက်နာဘဲ ကျောင်းမှာမနေ ပြင်ပသို့ထွက်လေသောအခါ အာဏာစက်နှင့် တွေ့တော့သည်။ “လူမှာစည်းကမ်း၊ ရဟန်းမှာဝိနည်း၊ ရွာကြီးမှာစည်းရိုး” ဟူသောစကားကို အလေးမထားဘဲ ပျက်ရယ်ပြုကြသောအခါ ခက်ဖွယ်ကြုံရတော့သည်။

ထို့ကြောင့် နိုင်ငံရေးလုပ်စားသူများနှင့် ကိုယ်ကျိုးစီးပွားရှာ ငို့ဘသမားများက သာသနာ့ဝန်ထမ်း များကို လမ်းပေါ်ထွက်အောင် သွေးမဆောင်ပါနှင့်။ “လူ့အလိုနတ်မလိုက်နိုင်” ဆိုသည်ကိုလည်း မမေ့ပါ နှင့်ဟု သတိပေးလိုသည်။ ပြည်သူ့ကောင်းကျိုးအမှန်တကယ်လိုလားပါလျှင် ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာမည့်နည်းလမ်းများ ရှာဖွေ၍ အပြုသဘော ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ကြောင်း အကြံ ကောင်းပေးလိုသည်။ စေတနာမမှန်လျှင် အကျိုးပေးမမှန်နိုင်ပါ။

မောင်မင်္ဂလာ(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

လက်ပံတောင်းတောင် အရေးအခင်းတွင် ရဲများ မီးလောင်ဗုံးသုံးခဲ့ဟု ဓါတုဗေဒ သဘောတရားကို သိသိကြီးနဲ့ပြောခဲ့သည်မှာ ၄င်းအမှားဖြစ်ကြောင်း ဒေါက်တာခင်မောင်ညို ဝန်ခံတောင်းပန်ခဲ့

လက်ပံတောင်းတောင်အရေးအခင်းတွင် ရဲတပ်ဖွဲ့ က မီးလောင်ဗုံးများ သုံးစွဲခဲ့ခြင်း ဖြစ်နိုင်သည် ဟု ကြိုတင်ခန့် မှန်း ပြောကြားခဲ့သည့်အတွက် အထူးပင် စိတ်မကောင်း ဖြစ်မိကြောင်း ဒေါက်တာ ခင်မောင်ညိုက ယန့  ထုတ်ဖော် ပြောကြားလိုက်သည်။

ယင်းကိစ္စတွင် မိမိအနေဖြင့် ရရှိသမျှ အထောက်အထားများကို အခြေခံ၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ အလဲဗင်းမီဒီယာ၊ ဒီဗွီဘီနှင့် အခြား မီဒီယာအချို့  က မိမိထံ လာရောက်၍ သဘောထားထင်မြင်ချက် တောင်းခံခဲ့ကြောင်း၊ ထိုသို့  ပြောကြားရာတွင် မိမိအနေဖြင့် ရရှိသမျှသော ဓါတ်ပုံများ၊ ဗီဒီယိုများ စသည်တို့ ကို လေ့လာကြည့်ရှု၍ ခန့် မှန်းပြောကြား ခဲ့ ခြင်း ဖြစ်ကြောင်း၊ သို့ ရာတွင် ခန့် မှန်းပြောကြားရာတွင်လည်း တစ်သက်လုံး သင်ယူလေ့လာခဲ့သော ဓါတုဗေဒ သဘောတရားများ၊ သီအိုရီများ စသည်တို့ နှင့် ချင့်ချိန်၍ ပြောကြားခဲ့ ကြောင်း၊ လက်တွေ့  အသုံးပြုခဲ့သော ဗုံးအစအနများ၊ ဗုံးနမူနာများ စသည်တို့ ကို ကြည့်ရှုစစ်ဆေးနိုင်ခြင်း မရှိသဖြင့် မှားယွင်းနိုင်သည် မှာလည်း မှန်ပါကြောင်း၊ ထိုအချိန်တွင် အစိုးရဘက်မှ သတင်းထုတ်ပြန်ချက် အားနည်းနေသဖြင့် ရရှိသမျှ သတင်းအချက်အလက်များကို အခြေခံရခြင်း ဖြစ်ကြောင်း အငြိမ်းစား ဓါတုဗေဒပါမောက ဒေါက်တာ ခင်မောင်ညိုက ပြောကြားသည်။





ဒေါက်တာခင်မောင်ညို၏ ပြောကြားချက်သည် အခြေအနေ ပိုမိုဆိုးဝါးသွားစေရန် မီးလောင်ရာ လေပင့် မဖြစ်ခဲ့ဘူးလား ဟု မေးမြန်းရာ မိမိအနေဖြင့် ထိုမျှအထိ မျှော်မှန်းထားခဲ့ခြင်း မရှိခဲ့ ကြောင်း၊ တတ်သည့်ပညာ မနေသာ ဆိုသလို အမေးရှိလာ၍ ဖြေကြားခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိမှ မီးလောင်ဗုံး ဖြစ်နိုင်သည ဟု သာ ပြောကြားခဲ့ခြင်း ဖြစ်ပြီး မျက်ရည်ယိုဗုံး မဖြစ်နိုင် ဟူ၍လည်း ပြောကြားခဲ့ကြောင်း၊ ယင်းပြောကြားချက်များကြောင့် အခြေအနေ ပိုမိုဆိုးဝါးစေခဲ့ပြီး သံဃာများ၏ ဒေါသကို နှိုးဆွသလို ဖြစ်စေခဲ့သည်ဆိုလျှင် မိမိ၏ ပညာရပ်ဆိုင်ရာ မှားယွင်းမှု ဟု ပြောကြားလိုကြောင်း ၄င်းက ဖြေကြားသည်။

 ဆက်လက်၍ ဒေါက်တာခင်မောင်ညိုက နိုင်ငံတကာတွင် မျက်ရည်ယိုဗုံး မီးမလောင် ဟု ပြောခဲ့ရခြင်းမှာလည်း နိုင်ငံတကာ အဓိကရုဏ်းများကို ထောက်ရှု၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ဓါတုဗေဒသဘောတရားတွင် မီးလောင်အောင် ဖော်မြူလာ ထုတ်လျှင်လည်း ရပါကြောင်း၊ မီးခိုးဗုံး ဆိုသော်လည်း မီးလောင်နိုင်သည့် မီးခိုးဗုံးများ ထွက်ပေါ်နေသည်ကိုလည်း သိရှိပါကြောင်း၊ မိမိ၏ ခန့် မှန်းချက် စောစီးစွာ ပေါ်ထွက်လာခဲ့ခြင်းမှာလည်း မီဒီယာများက လာရောက်မေးမြန်းသဖြင့် မိမိ သိရှိနားလည်ထားသမျှ ပညာရပ်ဆိုင်ရာများကို အခြေခံ၍ ပြောကြားခဲ့ခြင်းသာ ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

 ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ယင်းကိစကို စစ်ဆေးဖော်ထုတ်နေပြီ ဖြစ်ရာ မိမိ၏ ပြောကြားချက်များကြောင့် ကော်မရှင်အပေါ် ယုံကြည်မှု အားနည်းစေမည်ကိုလည်း မလိုလားကြောင်း၊ ကော်မရှင်မှာ လက်တွေ့  အသုံးပြုခဲ့သည့် ဗုံးစဗုံးနများကို သိပံနည်းကျ စစ်ဆေးဖော်ထုတ်မည် ဖြစ်၍ မိမိ၏ ခန့် မှန်းပြော ကြားချက်ထက် ပိုမို၍ တိကျခိုင်မာမည် ဟု ယုံကြည်ထားကြောင်း၊ မိမိအနေဖြင့် လေ့လာထားသော ပညာရပ်ဆိုင်ရာ ဗဟုသုတအပေါ်တွင် အခြေခံ၍ ပြည်သူများ သိရှိနားလည် စေရန် နိုင်ငံတကာတွင် မျက်ရည်ယိုဗုံး သုံးကြသော်လည်း မီးလောင်ခြင်း မရှိသည်ကို ထင်ရှားစေရန် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
လှောင်ပြောင်သရော်ထားခြင်းခံရသော မီးလောင်းဗုံးဟု ဆိုသော မီးခိုးဗုံးပုံ

 ရေနှင့် မီးစုန်း ဓါတ်ပြုလျှင် မီးလောင်ကျွမ်းသည် ဟူသည်ကို သိပါသလား ဟု မေးမြန်းရာ ဒေါက်တာခင်မောင်ညိုက မှန်ပါကြောင်း၊ မီးစုန်းသည် ရေနှင့်တွေ့လျှင် သေချာပေါက် မီးလောင်ကြောင်း၊ မီးစုန်းပါဝင်မှု အချိုးအစား အနည်းအများပေါ်မူတည်၍ မီးလောင်ကျွမ်းမှု အနည်းအများ ဖြစ်စေတတ်ကြောင်း၊ ယင်းကာလက မိမိအနေဖြင့် မီးစုန်းဓါတ် ပါဝင်နိုင်သည်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်း၊ ယင်းအတွက် မိမိအား မှားယွင်းသည် ဟု ပြောလျှင်လည်း ခံရမည်သာ ဖြစ်ကြောင်း၊ မိမိ၏ ပြောကြားချက်များ အလွန်အကျွံ ဖြစ်ခဲ့သည် ဟု ဆိုပါက ထိုအချိန်က တွေ့  ရှိရသော သတင်းဓါတ်ပုံများကို ကြည့်၍ ဖြစ်ပေါ်လာသော စိတ်ခံစားမှုကြောင့် ဖြစ်ခဲ့သည် ဟု ပြောကြားလိုကြောင်း၊ မိမိ၏ပြောကြားချက်များကြောင့် လူအများ၏ ဒေါသကို ပိုမိုဖြစ်စေခဲ့သည် ဟု ဆိုပါက မိမိအနေဖြင့် ပညာရှင်တစ်ယောက်၏ စိတ်ခံစားမှု ဟူ၍သာ နားလည်ပေးစေလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကော်မရှင်မှ စစ်ဆေးတွေ့ ရှိချက်သာ အစစ်အမှန် ဟု မိမိအနေဖြင့် လက်ခံမည် ဖြစ်ကြောင်း၊ မပြည့်စုံသော အထောက် အထားများကို အခြေခံ၍ ခန့် မှန်းပြောကြားလျှင် မိမိကဲ့သို့ ပင် မှားယွင်းနိုင်ပါကြောင်း၊ ပညာရှင်များသည် တိကျခိုင်မာမှသာ ပြောကြားသည်ဟူသော ဆိုရိုးကို မိမိလက်ခံပါကြောင်း၊ စောစီးစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်းအတွက် မိမိအနေဖြင့် စိတ်မကောင်း ဖြစ်ရပါကြောင်း အကျယ်တ၀င့် ရှင်းလင်း ပြောကြားသည်။


က်ပံတောင်းတောင်အရေးတွင် ရဲတပ်ဖွဲ့ ဝင်များက ရေဖြင့်ပက်ဖျန်းပြီးမှ မီးခိုးဗုံးများ အသုံးပြုခဲ့သည်ဟု သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။ ယင်းဖြိုခွင်းမှုကြောင့် သံဃာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရ သံဃာအချို့မှာ ထိုင်းနိုင်ငံသို့  ပို့ ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိသည်။ ထိုင်းနိုင်ငံမှဆရာဝန်များကမီးခိုးဗုံးနှင့် ရေထိတွေ့ ဓါတ်ပြုခြင်းကြောင်း လောင်ကျွမ်းရခြင်း ဖြစ်ကြောင်း ကောက်ချက် ချထားသည်။

(မောင်ကျောက်ခဲ အဖွဲ့)
_____________________________________________________________
Readmore »

ပွင့်လင်းမြင်သာရေးစကားသံများကျယ်လောင်လာသည်နှင့် မြန်မာမတွေ ဖင်ပေါ်အောင် ဝတ်ပြီး လဖ္ဘက်ရည်ဆိုင်ထိုင်ပြီ

၂၅.၁၂.၂၀၁၂ရက် မွန်းလွဲ ၁၂နာရီ ၁၅ မိနစ်အချိန်ခန့်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ လက်ရွေးစင်ကော်ဖီဆိုင် တွင် မြန်မာမိန်းခလေးတစ်ဦးသည် ပုံပါအတိုင်း ဖင်ပေါ်အောင် ဝတ်၍ ဦးလေးအရွှယ် အဖေအရွှယ် လူကြီးပိုင်းများအကြား ရည်းစားနှင့် ရဲရဲဝံ့ဝံ့ ဝင်ထိုင်နေသော ခေတ်ဖြစ်သည် ။



From:[_ Nay Htet Wai_]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

KIA အား မကျေနပ်၍ ပြည်တွင်း/ပြည်ပ ပညာရှင်များ မှ DDOS နည်းဖြင့် ပူးပေါင်း တိုက်ခိုက်

ကချင်ပြည်နယ်နှင့်ပတ်သတ်သော သတင်းများ၊ KIA အဖွဲ့နဲ့ပတ်သတ်သောသတင်းများကို အဓိက ထား ဖော်ပြလျက်ရှိသော kachinnews.com website သည် ၂၄.၁၂.၁၂ ရက်နေ့ ညပိုင်းလောက်ကစပြီး DDos နည်းပညာဖြင့်စတင်တိုက်ခိုက်ခံခဲ့ရကြောင်း၊ ခရစ္စမတ်နေ့ (၂၅ရက်နေ့) ညအထိ အသုံးပြု၍မ ရကြောင်း သိရှိရပါသည်။ ၄င်း Website ကို တိုက်ခိုက်မည်ဖြစ်ကြောင်း KIA ကိုမကျေနပ်သည့် လူငယ် များက ကြေငြာခဲ့ထားကြောင်းလည်းသိရှိရသည်။ ၄င်းတို့၏ ကြေငြာချက်တွင် Kachinnews Website အနေဖြင့် ငြိမ်းချမ်းရေးကို ပျက်ပြားစေသည့် သတင်းများမကြာခဏ ထုတ်လွှင့်နေခြင်း၊ ရှေ့တန်းတွင် အဖမ်းခံရသည့် စစ်သည်များ၏ ရုပ်ပုံများဖော်ပြ၍ ၀ါဒဖြန့်ချိခြင်းတို့ကြောင့် လူငယ်အများ စုမှ ကျေနပ်မှုမရှိကြောင်း ကေအိုင်အေ အားငြိမ်းချမ်းရေး စာပွဲပေါ်ရောက်သည်အထိ ဆက်လက် တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Kachinnews.com website ကိုပြည်တွင်းမှ Hacker လူငယ်တစ်ချို့နဲ့ ပြည်ပမှာရှိတဲ့ ပညာရှင်အချို့က ၀ိုင်းတိုက်ခိုက်တာဖြစ်နိုင်ပါတယ်။ Kachinnews Internet website သည် ကေအိုင်အေအဖွဲ့မှ တည်ထောင် ထားသော Internet website တစ်ခုဖြစ်ပြီး ကေအိုင်အေ အဖွဲ့မှ သတင်းထုတ်ပြန်ရန်နှင့် ၀ါဒဖြန့်ချိရန် အသုံးပြုလျက်ရှိသည်။ Kachinnews.com တွင် အစိုးရတပ်များ ကျဆုံးနေသည့် သတင်းများ၊ အစိုးရတပ် အဖမ်းခံရသည့်သတင်းများနဲ့ ကေအိုင်အေ၏ တိုက်ပွဲအောင်မြင်မှုသတင်းများ၊ ကိုဖော်ပြနေသော Internet website တစ်ခုလည်းဖြစ်ပါသည်။ Kachinnews website တွင် ကချင်၊ အင်္ဂလိပ်နဲ့ မြန်မာဘာသာ တို့ကို အသုံးပြုပြီး သတင်းများကို ဖြန့်ချိလျက်ရှိသည်။

From:[_ Nay Min_]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Dec 25, 2012

လေယာဉ်ပျက်ကျမှူဖြစ်စဉ်၏ လူသေဆုံးမှူအနည်းဆုံး ဖြစ်စဉ်ဖြစ်သည့် ဟဲဟိုးလေဆိပ်အနီး Air Bagan လေယာဉ်ပျက်ကျမှူ

လေယာဉ်မှူး ကို ချီးကျူးပါတယ်ရှင်
တကယ်တော့ ဒီနေ့ အဲယားပုဂံရဲ့ ဖြစ်စဉ်လေးဟာ အတော့်ကို အံ့သြစရာပါ၊ မြန်မာပြည်မှာ ပျက်ကျ တဲ့လေယာဉ်တိုင်း လူရှင်တယ်ဆိုတာ မရှိပါဘူး၊ ကားတောင် တိုက်မိရင်ဘယ်လိုနေမလဲ၊ ခုတော့ လေယာဉ်ပြေးနှုန်းနဲ့တိုင်းတာကြည့်ရင် ဒီနေ့ဖြစ်စဉ်ဟာ အင်မတန်မှ ကံကောင်းလွန်းတယ် လို့ထင်ပါတယ်၊ ထိခိုက်သေဆုံးမှုနည်းတာဟာ အင်မတန်မှ အံ့သြ၀မ်းသာစရာပါ ။

မနက်စောစော ဒီသတင်းကို ရတာနဲ့ လူတွေသေပြီလို့ထင်ပြီး ၀မ်းနည်းမှုကြောင့် မျက်ရည်ဝဲရပါတယ်၊ ဖြစ်ချင်တော့ တောင်ကြီးတစ်မြို့လုံးဟာ လျှပ်စစ်ပြတ်တောက်ခဲ့ရတယ် ဟိုက ဒီက ဖုန်းတွေဝင်လာလို့ ဖုန်းဓါတ်ခဲက ကုန်သွားတော့ သတင်းတွေဟာ လူမသေဘူးလို့ရတဲ့အထိ ပဲ သိရတယ် ညနေမှ 1750လောက်မှာ မီးတွေပြန်လာတော့ ဖုန်းအားသွင်းနေရင်း သတင်းတွေ ၀င်လာပါတယ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်သေတယ်တဲ့ ၊ သူ့အတွက်ရင်ထဲမှာ လုံးဝ မကောင်းပါဘူး၊
(တိုးရစ်ဂိုက်တစ်ဦး သေဆုံးခဲ့သည်ကို ကနဦးသတင်းများအရ ကလေးငယ်တစ်ဦးသေဆုံးဟု သတင်းပြန့်နှံခဲ့သည် )

ကံတရားကို ပြန်တွေးကြည့်တော့ ဒီလောက် ထက်ပိုင်းပြတ် မီးလောင်တဲ့ထဲမှာ တစ်ဦး ဆုံးရှုံးသွား တာကို ပဲ စိတ်မကောင်းစွာကြားသိရပြီး ၀န်ထမ်း၊ ခရီးသည် 71ဦးအနက် 70ဦးမှာ ထိခိုက်ဒဏ်ရာ ရတာ သိပ်မပြင်းထန်ဘူးတဲ့ အမေရိကန်(2)ဦး။ တရုတ်(1)ဦး၊ ပြင်သစ်(1)ဦး ၊ ပြည်တွင်းခရီးသည် (5)ဦးတို့ ဒဏ်ရာရတယ်တဲ့၊ လေယာဉ်မှူး မောင်မောင်ထွေးက ဒဏ်ရာရတယ်တဲ့၊ ဓါတ်အားလိုင်းကို ဘီးညိပြီး သစ်ပင်တွေနဲ့အတူ ဆင်းလာချိန်မှာ အောက်က ဆိုင်ကယ်သမား (1)ဦးသေဆုံး တယ်တဲ့၊ ဒီဖြစ်စဉ်ကို ပြန်တွေးကြည့်တော့ လေယာဉ်မှူး ကို ချီးကျူးပါတယ် လူ့အသက် (70)ကို ကယ်တင်နိုင်ခဲ့ပြီး နောက်ဆုံးအချိန်ထိ မြေပေါ်မှာ ဒရွတ်တိုက်ဆွဲပြီး ဆင်းလာနိုင်တဲ့အတွက်၊ သူတော်တော်ကြိုးစားခဲ့ရပါမယ်၊ လူတိုင်းဟာ မတော်တဆမှုနဲ့ကြုံတဲ့အခါတိုင်း သတိလစ် မေ့မျော တတ်ပါတယ်၊ ဒါမှမဟုတ် ကြောင်တက်ပြီး ဘာမှ မဆုံးဖြတ်နိုင်ဘူး၊ လေယာဉ်မှူးကို ချီးကျူးရတာ ကတော့ ကျွန်မအတွေးမှာ သူဟာ ဆင်းမှ ဖြစ်မယ့်အနေအထားမှာ သူပြန်လှည့်လို့မရနိုင်မှန်း သိလို့ ကွင်းကို တောင်းဆင်းတာဖြစ်လိမ့်မယ်၊


ကွင်းကလည်း ဆင်းခွင့်တော့ပေးမှာမဟုတ်ဘူးလေ၊ နှင်းကျ ပြီး ပိတ်နေရင် ၀ယ်သာမပေးရင် ဆင်းခွင့်ပေးမှာမဟုတ်ဘူး၊ ဒါပေမယ့် နောက်လှည့်ပြန်ဖို့အတွက် သူ့မှာ အခွင့်အရေး မရှိလို့သာ ဆင်းခွင့်တောင်းခဲ့တာဖြစ်ရမယ်၊ ဒီနေရာမှာ 50း50သာအခွင့်အရေး ရှိတာကို လေယာဉ်မှူးက 90း10အခွင့်အရေး ဖြစ်အောင် သူ့ရဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာပါ ၊ လေယာဉ်မှူးမှာသာ သတိမရှိရင် ဘီးနဲ့ဓါတ်အားကြိုးညိပါလာချိန်မှာ သူမှင်သက်ပြီး ဆုံးဖြတ်ချက် မှားခဲ့ရင် အဲဒီနေရာမှာတင် ပေါက်ကွဲမှုဟာ ပြင်းထန်ပြီး တစ်ယောက်မှ ရှင်မှာမဟုတ်ဘူး၊ သူ့မှာ ဓါတ်ကြိုးတွေ သစ်ပင်တွေပါလာတာတောင် မြေပြင်ကို ၀ပ်ဆင်းနိုင်အောင် ပဲ့ကိုင်နိုင်ခဲ့တယ်၊ မြေပေါ် ဒရွတ်တိုက် ၀ပ်ဆင်းခဲ့လို့သာ ပေါက်ကွဲမှုမဖြစ်ခဲ့တာ၊

လူတွေ (70)ကို (လုံးဝ၊ လုံးဝ)မယုံနိုင်အောင် အသက်ရှင်စေခဲ့တာ၊ ကျွန်မ အမြင်က သေးရင်သေးမယ်၊ ဒါပေမယ့် ကျွန်မ ဒီနေ့ အဖြစ်အတွက် ၀မ်းနည်းရသလို၊ လူ(70)အသက်မသေတာကို ၀မ်းသာမိတယ်၊ ဒါကြောင့် လေယာဉ်မှူးကိုချီးကျူးတယ်၊ဂုဏ်ယူပါတယ်၊ တော်ပါတယ်လို့ပြောချင်ပါတယ်ရှင်၊ မြေပြင်ပေါ်က ဆိုင်ကယ်သမားအတွက် ကတော့ စိတ်မကောင်းဝမ်းနည်းရပါတယ်၊ သူ့ကံကို က လေယာဉ်နဲ့များ သေဖို့ ကံပါသလားနော်၊ လေယာဉ်ကော တစ်ခါလောက်များ စီးဖူးပါရဲ့လားလို့ တွေးမိပါတယ်၊ သူသေရ တာကတော့ မတော်တဆမှုအတွက် ဖြစ်ပျက်သွားတဲ့ ရှောင်လွှဲမရနိုင်တဲ့ ရုတ်တရက်ခံစားသွား ရတာပါ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပါတယ်၊ (ဒီနေ့အဖြစ်လေးကို ၀မ်းနည်းလွန်းလို့ ဒီစာလေးကို ရေးတာပါ၊ လေယာဉ်မှူးကိုလည်း လူတိုင်း ချီးကျူးနိုင်ပါစေ အမှန်မြင်ကြည့်ရင် မြေပြင် ရောက်တဲ့အထိ သူဆင်းသက်နိုင်ခဲ့တာ၊ လူ(1)ယောက်ပဲ ဆုံးရှုံးခဲ့တာ ဟာ မြင်တတ်ရင်တော့ ချီးကျူးစရာ ဂုဏ်ယူစရာပါ)


From:[_ခင် ခင် http://www.facebook.com/himawaritgi _]

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ဟဲဟိုးလေယာဉ်ပျက်ကျရခြင်းမှာ မြန်မာမီဒီယာများဖော်ထုတ်ချက်အရ ၉၆ ပါးရောဂါနှင့် သွက်ချာပါဒလိုက်၍ ဖြစ်နိုင်ကြောင်း တွေ့ရှိရ

photo:facebook(ကို ကင်း)
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

လူအများ KIA ကို ဆန္ဒပြနေချိန် အင်တာနက်သုံးသူများ DDos နှင့် တိုက်ခိုက်ပြီး KIA ကို မလိုလားကြောင်း သဘောထားပြသကြပါစို့

လမ်းပေါ်ထွက်နိုင်သူ လူအများ KIA ကို ဆန္ဒပြနေချိန် အင်တာနက်သုံးသူများ DDos နှင့် တိုက်နေပါသည်။

အရပ်သားများကို သတ်ဖြတ်မှု၊ ရထားလမ်း/ တံတားများ အား မိုင်းထောင်မှု နှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်အား အကြောင်းမပြန်မှုအတွက် KIA အား DDos နှင့် စ တိုက်နေပြီဖြစ်သည်။

ယခု ပြည်တွင်းတွင် KIA ကို လူအများမှ စတင် ဆန္ဒပြနေကြပြီဖြစ်သည်။ အွန်လိုင်းမှ အင်တာနက်သုံးသူများ လည်း DDos နှင့် စတင် တိုက်ခိုက်နေပြီဖြစ်သည်။ ပါဝင်ရန် အတွက် http://www.autoriparatori.org/news/immagini/1/myanmar.php အား ဖွင့်ကာ Start Flooding ဟူသော ခလုပ်အား Click ပေး ပါ။

ယခု DDos တိုက်ခိုက်မှုသည် ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲ၊ ဝါဒ စွဲ ကြောင့်မဟုတ်ပဲ အပြစ်မဲ့ ပြည်သူများ သေဆုံးမှု၊ လမ်းတံတားများ ဖျက်ဆီးခံရမှုများကြောင့်သာ ဖြစ်ပြီး KIA အနေဖြင့် အစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုအား အမြန်လက်ခံ ရန် အတွက်သာဖြစ်သည်။

ယခု DDos တိုက်ခိုက်မှုအား ခရစ်စမက်နေ့မှ စ၍ အပတ်စဉ် အင်္ဂါနေ့တိုင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး KIA ခေါင်းဆောင်များ ငြိမ်းချမ်းရေး စားပွဲပေါ်သို့ ရောက်လာသည့်နေ့တွင် ရပ်တံ့ရမည်ဖြစ်သည်။

KIA အကြမ်းဖက် သောင်းကျန်းသူများသည် စစ်ရေးအရ မဟုတ်သော အရပ်ဘက် ပစ်မှတ်များ ကို ဖောက်ခွဲ ဖျက်ဆီးခြင်း၊ လူသွား လမ်းများပေါ်တွင် မိုင်းများ ထောင်ခြင်း၊ ရဲစခန်းများသို့ စီးနင်းဝင်ရောက် သတ်ဖြတ်ခြင်း၊ အပြစ်မဲ့ ရွာသူ၊ ရွာ သားများကို ဆက်ကြေးတောင်းခြင်း ၊ လူသစ်စုခြင်းများ ပြုလုပ်လျှက် ရှိသည်။

ဤ Campaign တွင် လူအများ ပါဝင်နိုင်ရန်အတွက် ဖြန့်ဝေပေးပါ။

http://www.autoriparatori.org/news/immagini/1/myanmar.php

Myanmar Express
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ