Jan 3, 2013

လဂျားယန်စခန်းတွင် စိတ်ကြွဆေးနှင့် မူးယစ်ဆေးဝါး အမြောက်အများသိမ်းဆည်းရမိခဲ့

KIA ၏ လိုင်ဇာဌာနချုပ်ကို အကာအကွယ်ပေးစိုးမိုးထားသည့် လဂျားယန်စခန်းအား အစိုးရ တပ်များက သိမ်းပိုက်ခဲ့ရာတွင် စိတ်ကြွဆေးအပါအ၀င် မူးယစ်ဆေးဝါးအမြောက်အများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရ သည်။ “ကျွန်တော်တို့ မနေ့နေ့လည်လောက်က လဂျားယန်တောင်ကြောက အမြင့်ဆုံး တောင်ကုန်း ဖြစ်တဲ့ ပွိုင့် ၇၇၁ တောင်ကုန်းက KIA စခန်းကိုရပါတယ်။ တရုတ်နိုင်ငံလုပ် ၁၂၀ မမ စိန်ပြောင်းကြီး အပါအ၀င် လက်နက် ငယ်နဲ့ မိုင်းတွေ၊ လက်ပစ်ဗုံးတွေ အများအပြား သိမ်းမိပါတယ်။ ဒါ့အပြင် စိတ်ကြွဆေးနဲ့ မူးယစ်ဆေးအများ အပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ဖမ်းမိခဲ့တဲ့ KIA စစ်သည်တွေရဲ့ အဆိုအရ KIA အရာရှိတွေဟာ KIA စစ်သားတွေကို စိတ်ကြွဆေးနဲ့ မူးယစ်ဆေးဝါးတွေ တိုက်ပြီး အသေခံ တိုက်ခိုက် ခိုင်းခဲ့ပါတယ်။


ပိုပြီး ၀မ်းနည်းဖို့ကောင်းတာက KIA စစ်သားတစ်ချို့ကို ထွက်ပြေးလို့မရအောင် ခြေထောက်တွေကို သံကြိုး နဲ့ သော့ခတ်ပြီး အသေခံ တိုက်ခိုင်းသွားတာပါပဲ။ အထောက်အထား ဓာတ်ပုံတွေလည်းရှိပါတယ်။ ဆက်ပြီး ပေးပို့ သွားပါမယ်။ မူးယစ်ဆေးဝါး သိမ်းဆည်းရရှိမှုကိုလည်း အသေးစိတ် စာရင်းပြုစုနေပါတယ်။ သိမ်း ဆည်း ရမိတဲ့ လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးတွေများလွန်းလို့ စာရင်းမချုပ်နိုင်သေးပါဘူး။ ဒဏ်ရာနဲ့ ဖမ်း ဆီး ရမိတဲ့ KIA စစ်သားတွေလဲ စိတ်ကြွဆေးတွေသုံးထားတာကို တွေ့ရပါတယ်” ဟု ၎င်းတိုက်ပွဲတွင် ကိုယ်တိုင် ပါဝင်ခဲ့သည့် အစိုးရစစ်တပ်မှ အရာရှိတစ်ဦးမှ ဆိုသည်။ ကျွန်တော်တို့ ဒီစခန်းကိုတိုက်တော့ KIAတွေ အနေနဲ့ မဆုတ်တန်းခံစစ်ထားပြီး အသေအကြေခုခံမယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း တိုက်တော့ ခုခံမှုတောင် သိပ်မရှိပါဘူး။ KIA နဲ့ ABSDF ခေါင်းဆောင်တွေက တိုက်ပွဲမစခင် ကတည်းက အခြေ အနေ မကောင်းတာနဲ့ စခန်းကနေကြိုပြီး ပြေးသွားကြပါတယ်။ ကျန်ခဲ့တဲ့ သူတွေ ဟာလည်း စိတ်ကြွေ ဆးတွေ မူးယစ် ဆေးဝါးတွေတိုက်ပြီး အသေခံတိုက်ခိုင်းထားတဲ့ လူတွေနဲ့ သံကြိုး ခတ်ပြီး အသေခံ တိုက်ခိုက်ခိုင်းထားတဲ့လူတွေပဲ ကျန်ပါတယ်ဟု ပြောဆိုသွားပါသည်။

စိတ်ကြွဆေးတိုက်၊ ခြေကျင်းခေတ်ကာ အသေခံတိုက်ခိုင်းခြင်းခံရသော ကေအိုင်အေတပ်သားတစ်ဦး



KIA ဌာနချုပ် လိုင်ဇာအား စိုးမိုးထားသည့် လဂျားယန်တောင်ကြောအား အစိုးရတပ်များမှ သိမ်းယူ သွားကြောင်း KIA စစ်တပ်နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ ကြားသိရသော်လည်း အစိုးရအနေဖြင့် ၎င်း ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ လိုင်ဇာရှိ KIA ခေါင်းဆောင်များနှင့် ၎င်းတို့၏ ဆွေမျိုးများမှာ လဂျားယန်စခန်းအား အစိုးရတပ်များမတိုက်မီကပင် တရုတ်နိုင်ငံအတွင်းသို့ ရှောင်တိမ်း သွား ကြောင်း မျက်မြင်သက်သေများက ပြောကြသည်။

From:[_ ကချင်နေ့စဉ်သတင်း_] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ