Jan 3, 2013

တပ်မတော်မှ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ များ၏ စခန်း ပွိုင့် ၇၇၁ကို တက်ရောက် သိမ်းပိုက်စဉ် သိမ်းဆည်း ရမိသည့် လက်နက် ခဲယမ်းများ၏ မှတ်တမ်း ဓာတ်ပုံများ





  ပွိုင့် ၇၇ ၁ စခန်းအား စစ်တပ်မှ ပြန်လည်သိမ်းပိုက်ပြီး ကေအိုင်အေသူပုန်များထံမှ သိမ်းမိသော စစ်လက်နက်များ


တပ်မတော်သည် ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင်ပါဝင် တက်ရောက်ခြင်း၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်းမှလွဲ၍ စခန်းများအား စတင်တိုက်ခိုက်ခြင်းမပြုပဲ သီးခံဆောင်ရွက်ထားပါသည် ။ မိမိတပ်များအနေဖြင့် မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်း အနီးတွင် လုံခြုံရေးအရ တပ်စွဲထားသည့် လဂျားယန် စခန်းသို့ ရိက္ခာပို့ဆောင်ရေး ဆောင်ရွက်ရန် ကိစ္စရှိလာတိုင်း သက်ဆိုင်ရာမှ တစ်ဆင့် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများထံ ကြိုတင်အသိပေးခဲ့သော်လည်း ရိက္ခာပို့ခဲ့သည့် ၃ ကြိမ်လုံးတွင် မိမိရိက္ခာပို့ စစ်ကြောင်းများအား ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် မိမိ အရာရှိ/စစ်သည်များ ထိခိုက်ကျဆုံးခဲ့ရပါသည်။ အလားတူ ရိက္ခာပို့ဆောင်ရန် ရှိကြောင်း ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူများထံ ၂၃-၁၂-၂၀၁၂ ရက်နေ့တွင် ကြိုတင် အကြောင်းကြားခဲ့သည့် ကြားမှ မိမိတပ်ဖွဲ့များကို အင်အားအသုံးပြု တိုက်ခိုက်ခဲ့သဖြင့် မိမိစစ်သည်များစွာ ထိခိုက်ကျဆုံးမှု ရှိခဲ့ပါသည်။ဒေသအတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လဂျားယန်စခန်းသို့ ရိက္ခာပို့သည့် လမ်းကြောင်းတွင် အဓိက ပိတ်ဆို့သော နေရာ၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းအား အဓိက နှောင့်ယှက် ပိတ်ဆို့ လျှက်ရှိပြီး ၎င်းတို့၏ ဌာနချုပ် လိုင်ဇာအတွက် အဓိက စခန်းထောက် နေရာဖြစ်သည့် ကချင်ပြည်နယ် အရှေ့ပိုင်းရှိ ပွိုင့်-၇၇၁ တောင်ကုန်းနှင့် ဝန်းကျင်အား လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ရာ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် ၎င်းနေရာအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ပါသည်။ စခန်းအတွင်းမှ ၁၂၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ လက်နက်မျိုးစုံ ၁၃ လက်၊ လက်ပစ်ဗုံး မျိုးစုံ ၅၀၀ လုံး၊ ဗုံးသီးမျိုးစုံ ၂၇၀ လုံး၊ မိုင်းမျိုးစုံ ၅၂ လုံး၊ ကျည်မျိုးစုံ ၄၀၀၀ တောင့်၊ ယမ်းကြိမ်း ၂ ခွေ သိမ်းဆည်း ရရှိခဲ့ပါသည်။ ဆက်လက်၍ ကားလမ်း တစ်လျောက် ဝန်းကျင်အား အသေးစိတ် ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။






[_မြဝတီ _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ကျွန်တော် ZZZ သည် သာမန် အရပ်သား တစ်ဦးသာ ဖြစ်ပါသည်။ သို့သော် KIA လုပ်ရပ်ကို လက်မခံ နိုင်ပါ။
ထိုကြောင့် ကချင်ပြည်နယ်တွင် တိုက်ပွဲဝင်နေသူများကို ကျွန်တော် ZZZ အောက်ပါ ကဗျာဖြင့် ဂုဏ်ပြုလိုက်ပါသည်။

နှစ်ကူးလက်ဆောင်

ငြိမ်းချမ်းရေးစကား နှုတ်ကပွား၍
လုယက်ရမ်းကား၊ လမ်းတံတားကို
သောင်းကျမ်းသူများ ဖျက်ကြသည်။

ခြေလျှင်အမြောက် နယ်ခြားစောင့် နှင့်
ပြည်သူ့စစ်များ လေကြောင်းအား တို့
ပူးပေါင်းစစ်ဆင် တိုက်ခိုက်သော်
ရန်သူ့စခန်း လဂျားယန်သည်
တို့ခြေဖ၀ါးအောက် ရောက်ခဲ့သည်။

တပ်မတော်အား စွမ်းပကားကြောင့်
သတ္တိခဲကောင် မောင်ဂန်ရှောင်လည်း
(ဂန့်) မှာကြောက်လို့ (ရှောင်) လေပြီ

တပ်မတော်သား ဇာနည်ဘွားသည်
စွမ်းရည်ပြလျှက် နိုင်ငံအတွက်
နှစ်ကူးလက်ဆောင် ပေးလိုက်သည်။
ZZZ

Anonymous said...

ဟုတ်ပါတယ်
အရပ်သားစစ်စစ်ပါ
ကျွန်တော်လဲ
kia ရဲ့လုပ်ရက်ကိုလုံးဝလက်မခံနိုင်ပါ

Unknown said...

ကေအိုင်အေ.....ကဘယ်လောက်တော်လဲ...

Anonymous said...

ဖားတုလို့ ခရုခုန်လို့မရဘူးလေ။ နံရံကို ခေါင်းနဲ့စောင့်ရင်တော့ ခေါင်းကွဲမှာပေါ့။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ