Jan 2, 2013

ဂျပန်နိုင်ငံမှ ပြုပြင်တည်ဆောက်မည့် ရန်ကုန်မြို့ပတ်ရထားလမ်း စီမံကိန်း၏ Main plan တွင် သီလ၀ါအထူးစီးပွားရေးဇုန်အထိ ဖောက်လုပ်မည်

ဂျပန်နိုင်ငံမှ ပြုပြင်တည်ဆောက်မည့် မြို့ပတ်ရထားလမ်း စီမံကိန်း၏ Main Plan တွင် သီလ၀ါဆိပ်ကမ်းအထိ ဖောက်လုပ်မည်ဖြစ်ကြောင်း မီးရထားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ပတ်ရထားလမ်း စီမံကိန်းအား လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှစ၍ ဂျပန်နိုင်ငံမှ လေ့လာတိုင်းတာမှုများနှင့် ပြုပြင်စမ်းသပ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ယင်းနောက် ဒီဇိုင်းဆွဲခြင်း၊ အဆင့်ဆင့် အပိုင်းလိုက် အကောင်အထည်ဖော်မှုများနှင့် Main Plan အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သီလ၀ါဆိပ်ကမ်းအနီး အသုံးမပြုတော့သော ရထားလမ်းပိုင်းတစ်ခုနှင့် ရထားတွဲဟောင်းအား တွေ့ရစဉ်

ဂျပန်နိုင်ငံမှ ပြုပြင်တည်ဆောက်သွားမည့် ရန်ကုန်မြို့ပတ်ရထားလမ်း Main Plan တွင် သီလ၀ါဆိပ်ကမ်း စီမံကိန်းအထိ မြို့ပတ်ရထားလမ်း ဖောက်မည်ဆိုသည်မှာ အများပြည်သူသွားလာနိုင်ရေး အဓိကကျသည့်နေရာ ဖြစ်လာနိုင်သောကြောင့်ဟု အဆိုပါ တာဝန်ရှိသူက ဆိုပါသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းစီမံကိန်း၌ဖြတ်လမ်းကျယ်များလည်းထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိရန်ကုန်မြို့ ပတ်လမ်းဒီဇိုင်းကို အခြေပြုကာ ပြုပြင်ရေးဆွဲတည်ဆောက်မည် ဖြစ်ကြောင်း ၎င်း၏အဆိုအရ သိရသည်။

မီးရထားဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးဝင်းနောင်က “ကျွန်တော်တို့အနေနဲ့ အဓိကတိုးချဲ့ဖောက်လုပ်ရာမှာ လူသိပ်သည်းမှုများတဲ့ နေရာတွေကို ဦးစားပေးဖောက်လုပ်သွားမယ့် အစီအစဉ်တွေ ရေးဆွဲသွားဖို့ ရှိပါတယ်။ နောက်ပြီး သီလ၀ါပရောဂျက်က အလုပ်အကိုင်အခွင့်အလမ်းတွေ အများဆုံးဖြစ်ပေါ်လာမယ့် နေရာဖြစ်နိုင်တဲ့အတွက် ထည့်သွင်းရေးဆွဲပြီး အကောင်အထည်ဖော်ဖို့ စီစဉ်သွားမယ်” ဟု ၎င်းက ပြောကြားသည်။

ယခုဖော်ထုတ်မည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် နောင်လာမည့် ရထားလမ်းစီမံကိန်းများတွင် ဂျပန်နိုင်ငံမှ အတိုးနှုန်းသက်သာသော ချေးငွေများကိုလည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်မြို့တွင် ပြေးဆွဲနေသော မြို့ပတ်ရထားလိုင်းပေါင်း ၂၁ လိုင်းရှိပြီး ငါးမိနစ်လျှင်တစ်ကြိမ် ပြေးဆွဲလျက်ရှိကာ တစ်ရက်လျှင်ခေါက်ရေ ၂၀၀ ခန့် ပြေးဆွဲလျက်ရှိကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ်မတိုင်မီ သီလ၀ါဆိပ်ကမ်းအား အပြီးသတ်ဖွင့်လှစ်နိုင်ရန် ဂျပန်-မြန်မာနှစ်နိုင်ငံ စာချုပ်ချုပ်ဆိုထားကြောင်း၊ ထို့ပြင်သီလ၀ါ အထူးစီးပွားရေးဇုန်အား ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ရန် အတည်ပြုခဲ့ပြီး ဂျပန်-မြန်မာပူပေါင်းကာ ဟက်တာ ၄၅၀ အား ပထမအဆင့်ဖြင့် အကောင်အထည်ဖော်မည် ဖြစ်ပြီး လုပ်သားအင်အား ၄၅၀၀၀ ခန့်ကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

From:[_ကိုသန်းထွန်း _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ