Jan 1, 2013

လိုင်ဇာအတွက် အရေးပါဆုံး လဂျားယန်တောင်ပေါ်ရှိ ပွိုင့် ၇၇၁ စခန်းအား တပ်မတော်မှ နိုင်ငံတော်အား နှစ်သစ်ကူးလက်ဆောင်အဖြစ် ပြန်လည်ရယူပေးခဲ့

 ကျွန်တော်တို့ ဒီဇင်ဘာ (၃၀)နေ့လည်လောက်က လဂျားယန်တောင်ကြောကအမြင့်ဆုံးတောင်ကုန်းဖြစ်တဲ့ ပွိုင့် ၇၇၁ တောင်ကုန်းက KIA စခန်းကိုရပါတယ်။ တရုတ်နိုင်ငံလုပ် ၁၂၀ မမစိန်ပြောင်းကြီးအပါအ၀င် လက်နက်ငယ်နဲ့ မိုင်းတွေ၊ လက်ပစ်ဗုံးတွေအများအပြားသိမ်းမိပါတယ်။ ဒါ့အပြင် စိတ်ကြွဆေးနဲ့မှုးယစ်ဆေး အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

လိုင်ဇာကိုစိုးမိုးထားသည့် လဂျားယန်တောင်ကြောရှိ အမြင့်ဆုံးစခန်း ပွိင့် ၇၇၁ တောင်ကုန်း

 ဖမ်းမိခဲ့တဲ့ KIA စစ်သည်တွေရဲ့အဆိုအရ KIA အရာရှိတွေဟာ KIA စစ်သားတွေကို စိတ်ကြွဆေးနဲ့မူးယစ်ဆေးဝါးတွေတိုက်ပြီးအသေခံတိုက်ခိုင်းခဲ့ပါတယ် ပိုပြီးဝမ်းနည်းဖို့ကောင်းတာKIAစစ်သားတစ်ချို့ကိုထွက်ပြေးလို့မရအောင်ခြေထောက်တွေကိုသံကြိုးနဲ့သော့ခတ်ပြီး အသေခံတိုက်ခိုင်းသွားတာပါဘဲ အထောက်အထား ဓာတ်ပုံတွေလဲရှိပါတယ် ဆက်ပြီးပေးပို့သွားပါမယ်။ သေဆုံးသူတွေရဲ့ဓာတ်ပုံတွေရှိပေမဲ့ သေဆုံးသူရဲ့ မိသားစုကိုငဲ့ညာပြီးမတင်တော့ပါဘူး။သေဆုံးသူအားလုံးကို ကောင်းမွန်စွာ မြေမြုပ်ပေးခဲ့ပါတယ်။ 

ကေအိုင်အေ စခန်းမှသိမ်းဆည်းရမိသော တိုက်မိုင်းများ

ကျွန်တော်တို့တပ်မတော်က မလွဲသာလို့ ကျွန်တော်တို့တပ်တွေကို ခနခနမိုင်းဆွဲတိုက်နေလို့သာ တက်သိမ်းရတာမူးယစ်ဆေးဝါးသိမ်းဆည်းရရှိမှု ကိုလည်း အသေးစိတ်စာရင်းကိုပြုစုနေပါတယ်။ သိမ်းဆီးရမိတဲ့လက်နက်ခဲယမ်းနဲ့ မှုးယစ်ဆေးဝါးတွေများလွန်းလို့ စာရင်းမချုပ်နိုင်သေးပါဘူး ဒါဏ်ရာနဲ့ ဖမ်းဆီးရမိ တဲ့ KIA စစ်သားတွေလဲ စိတ်ကြွဆေးတွေသုံးထားတာကိုတွေ့ရပါတယ်။

ကေအိုင်အေ နှင့် ABSDF တို့ဆီမှ သိမ်းပိုက်ရရှိသော စစ်အသုံးအဆောင်တစ်ချို့

လဂျားယန်စခန်းကိုသိမ်းတဲ့အခါ ကျွန်တော်တို့တပ်ကစစ်သည် (၇) ယောက်ကျဆုံးပါတယ်။ စခန်းသိမ်းပြီး ရန်သူအလောင်း ၆၃ လောင်း စခန်းမှာကျန်ခဲ့ပါတယ်။ ဗိုလ်မှုးအဆင့် နဲ့တစ်ယောက် ABSDF က၁၂ယောက် တို့ဖြစ်ပါတယ်။။
ရွှာအဝင်တွင်တပ်မတော်သားတို့အား ချောင်းမြောင်းတိုက်ခိုက်သည့် ကေအိုင်အေနှင့်ABSDF တို့၏ ကတုတ်ကျင်းငယ်များ


From:[_Yan Naing Aung _]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

11 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

နောက်ဆုံးတော့ တရားသောစစ်ပဲအောင်နိုင်တာပါဘဲ။ ဟို ၈၈ ကျောင်းသားဆိုတဲ့ တိုင်းမှူး။ ညွှန်ကြားရေးမှူးချုပ်တွေထက် အသက် ၅နှစ်-၆နှစ်လောက်ကြီးပြီး၊ အခုအချိန်ထိ လွယ်အိတ်ကြီးလွယ်၊ (ဘာစာတွေသင်လဲ ကျောင်းသားလဲတော့မသိ)မိုးလင်းတာနဲ့ အမေအိုကြီးဆီကလက်ဖက်ရည်ဖိုးလက်ဖြန့်တောင်း လမ်းတကာလှည့်နေတဲ့ ကိုကိုတို့ က ကချင်စစ်ရပ်အောင် ကြိုးပမ်းမယ်ဆိုတာလေ။ တိုက်ပွဲတွေဖြစ်နေချိန်ကျတော့ သူတို့ က မသွားကြဘူး။ စစ်ပြီးတော့ မှ သောက်ရှက်မရှိ လိုင်ဇာတို့ လဂျာယန်တို့ကိုလာကြပြီးသြ၀ါဒါတွေလာချွေလိမ့်မယ်။ ကေအိုင်အေတွေထောင်ထားတဲ့မိုင်းတွေအကုန်မရှင်းနဲ့အုံး။ အလည်လာတဲ့ ဆန်ကုန်မြေလေးကြီးတွေအတွက် လက်ဆောင်ထားလိုက်အုံးရှင့်။

Anonymous said...

ကောင်း လေ ပ။

generals said...

ဟုတ်ကဲကျနောကပဲတာဝန်ယူပြီး လက်ဆောင်တွေသိမ်းထားပေးပါမယ်

Anonymous said...

လွယ်အိတ်ကြီးထဲမှာ အာလူးတွေ အများကြီးထည့်ထားတာလေ။ ရောက်တဲ့ အရပ်မှာ ရှိတဲ့သူတွေရဲ့အရိပ်အယောင်အပေါ် မူတည်ပြီး အာလူးဖုတ်ရမှာက အဲဒီကောင်တွေရဲ့ အလုပ်ပေါ့။ အဲဒီလို လူတွေအပေါ် လူညွှန့်ခူးစားနိုင်မှ နိုင်ငံရေး သမား ပီသမှာလေ။ အားလုံးပြီးမှ စိတ်ချရမှာ သွားမှာ ၊စိတ်မပူနဲ့၊ သေမဲ့နေရာဆို အဲဒီကောင်တွေ ဘယ်တော့မှ မသွားဘူး။ ဂစ်တာတီးပြီး အခြေအနေ ကြည့်နေတာ။ ဒီနေ့တောင် ရွှေတိဂုံဘုရားပေါ်မှာ အခြေအနေ ဘာဖန်တီးရ မလဲလို့ ဂွင်လိုက်ရှာနေတဲ့သေခါနီး ကျောင်းသားဆိုတဲ့ကောင် တစ်ကောင်တွေ့ခဲ့သေးတယ်။ ဘုရားပေါ်မှာ ကျက်သရေရုတ်မှာစိုးလို့ မဆဲခဲ့တာ။

Anonymous said...

အောင်မြင်ပါစေမြန်မာတပ်မတော်။ နှစ်ကူးမှာ KIO/KIA တွေဘဝကူးသွားအောင် ဆော်ပစ်လိုက်စမ်းပါဗျာ။

Anonymous said...

88;$schoolboyd are lyers of our nations.

Anonymous said...

တ၇ားသောစစ်ပွဲအောင်နိုင်ပါစေမြန်မာ့တပ်မတော်...

Anonymous said...

၈၈ ကျောင်းသားဆိုတဲ့ ကိုကိုလူပျိုကြီးတို့ရှင့်...ဘိုးဘွားရိပ်သာအထိကိုဘဲ အဲဒီ့ လွယ်အိတ်ကြီးတွေလွယ်ပြီး သွားအုံးမှာလား။ ၂ နစ်လီ၎၊ ၃ နှစ်လီ ၆ သူငယ်တန်းအလီတွေ နှင်းဆီကုန်းမှာကောကျက်အုံးမှာလား။ တရားဘာဝနာပွားများဖို့ အချိန်ရောက်နေပါပြီရှင်။ မွေးမေမေတွေ..၀မ်းရေ၊ဖင်ရေ အကုန်စပ် အောင်မွေးကျေးဇူးဆပ်နေကြတာလား.. ဝေလေလေကြီးများရှင့်...

Anonymous said...

Go on..we all with myanmawtatmataw.

Anonymous said...

၈၈ ပြီးမှ မွေး 2005 မှာ တက္ကသိုလ် တက်တဲ့ ကျွန်တော်တောင် ဘွဲ့ ရတာ ကြာပြီ

၈၈ တွေ ကတော့ ကျောင်းသားဖြစ်နေတုံး ပါလား ???

(ပုံ zzz)

Unknown said...

အင်း ... ကျောင်းသားဖြစ်တာလဲ မပြောနဲ့လေဗျာ ... စာမှ ကောင်းကောင်းမသင်ခဲ့ရတာကိုးဗျ ... အခုထိ စာပြန်သင်နေရတုန်း ... အဲ ဘယ်လောက် သင်သင် မတတ်တာလေးပဲ ပြောစရာဖြစ်နေတာပါ ...

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ