Jan 3, 2013

ဟိုပင် ဘူတာနှင့် နန့်ခွင် ဘူတာ အကြားတွင် မိုင်း ကွဲပြန်ပြီ(ဓါတ်ပုံများ)

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့ည ၁၁ နာရီ ၁ဝ မိနစ်က မန္တလေး- မြစ်ကြီးနား လမ်းရှိ ဟိုပင် ဘူတာနှင့် နန့်ခွင် ဘူတာ အကြားတွင် မိုင်း ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အမှတ်(၄၃) အဆန် ပါဆယ် ရထားသည် အဆိုပါ ဘူတာ နှစ်ခု အကြားရှိ ကြေးနန်းခန်း အမှတ် (၃)နှင့် (၄)သို့ အရောက်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် အနောက်ဘက် သံလမ်း နှစ်ပေခန့် ပြတ်ထွက်၍ သစ်သား ဇလီဖား နှစ်တုံး၊ ကွန်ကရစ် ဇလီဖား တစ်တုံး ပျက်စီးခဲ့ပြီး ဘရိတ်တွဲ အမှတ် BBEZ 10584 လေးဘီး လမ်းချော် ခဲ့ကြောင်း၊ လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် လမ်းပိုင်း အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် မြန်မာ့မီးရထား ဝန်ထမ်းများက ပြုပြင် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

From:[_မြဝတီ _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Nor aung said...

Burst their road and post by firing and mining and then kill their head.

Anonymous said...

kiaဆိုတာအရပ်ဘက်ပစ်မှတ်တွေကိုပဲရွေးပြီးတိုက်တဲ့အဖွဲ့လား ကိုယ့်လူတို့ရှက်တတ်ရင်ရှက်စရာ
ကြီးနော် မရှက်ဘူးလား

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ