Jan 2, 2013

တာလီဘန်များက သေနတ်ဖြင့်ပစ်ပြီး သေပြီဆိုကာ ပစ်ထားခဲ့သည့် ၆ နှစ်သမီးလေး အခြေအနေပြန်ကောင်းလာ


အာဖဂန်နစ္စတန်တွင် တာလီဘန်အကြမ်းဖက်သမားများသည် အသက် ၆ နှစ်သမီးလေးကို သေနတ်ဖြင့် မျက်နှာကို ပစ်ခတ်ကာ သေပြီးဆိုပြီး ပစ်ထားခဲ့ကြသည်။ ထိုကလေးငယ်ကို အမေရိကန်တို့က ဆေးကုသ ပေးခဲ့ရာ ယခုအခါတွင် အခြေအနေပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ဆေးဝါးရန်ပုံငွေဖြင့် ဖွင့်လှစ်ထားသော အယ်လစ်စာ မွန်တန်တီဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသော ကလေးငယ်မှာ မျက်လုံးတစ်လုံးသာ အစားထိုးကုသပေးရန် ကျန်တော့သည်ဟုဆိုသည်။ ကလေးငယ်ကို သေနတ်ဖြင့် အပစ်ခံရပြီးနောက် ဖခင်ဖြစ်သူက ကားထဲဝှက်ကာ သေနတ်သမားများ စောင့်ကြပ်နေသည့်ကြားမှ ကယ်ထုတ်လာခဲ့ရခြင်းဖြစ်သည်။ သူမသည် ၃ နာရီခန့် ဆေးကုသမှု မခံယူရဘဲ မေ့မြောနေခဲ့ရာမှ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ခဲ့ရခြင်းဖြစ်သည်။


ပလပ်စတစ်ဆာဂျင်ခွဲစိတ်ကုသပေးသော ဆရာဝန်များက ထိုသတင်းကိုကြားပြီးနောက် ဆေးရုံသို့လာကာ ကလေးငယ်၏မျက်နှာကို မူလအတိုင်း ပြန်လည်ပြုပြင်ကြရာတွင် ယခုအခါ မျက်လုံးတစ်လုံးသာ ထည့်သွင်း ပေးရန် ကျန်တော့သည်။

ကလေးငယ်၏အမည်နှင့် ဖခင်အမည်ကို ကွယ်ဝက်ထားကြောင်း၊ ဒဏ်ရာများ ပျောက်ကင်းပြီး အိမ်ပြန်လျှင် လည်း ကလေးနှင့်တကွ ဖခင်ဖြစ်သူ၏ အသက်အန္တရာယ်ပါ စိုးရိမ်နေရကြောင်း သိရသည်။ အကယ်၍ အမေရိကန်အစိုးရအနေဖြင့် ကလေးနှင့် မိသားစုအသက်ကို ကယ်တင်နိုင်လျှင် ပိုကောင်းမည်ဟု ဆေးရုံမှ တာဝန်ရှိ အဖွဲ့အစည်းများက ပြောကြားသည်။ 


From:[_ မောက္ခနိုင်ငံတကာသတင်း_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ