Jan 2, 2013

လုပ်သင့်သည်များကို မလုပ်ခဲ့သည့်အတွက် ကေအိုင်အိုအဖွဲ့၏ နေ၀င်ချိန်

လုပ်သင့်သည်များကို မလုပ်ခဲ့သည့်အတွက် ကေအိုင်အိုအဖွဲ့၏ နေ၀င်ချိန် စတင်ဖွဲ့စည်းကတည်းကိုက ကချင်လူမျိုးကောင်းစားရေး ဆိုသည့် ရည်ရွယ်ချက်မရှိဘဲ ဘဏ်ဓားပြ များဖြင့် ဖွဲ့စည်းခဲ့သော ကေအိုင်အေသည် ပြည်တွင်း ဗကပတို့၏ သောင်းကျန်းမှုများ နိဂုံးချုပ်သည့် အခါ ကချင်လူမျိုးကို ကိုယ်စားပြုသည့်အသွင်ဖြင့် ရပ်တည်ခဲ့ကြသည်။ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် တည်ငြိမ်အေးချမ်းစေရန် ရည်ရွယ်၍ သောင်းကျန်းသူများအား အပစ်အခတ်ရပ်စဲပြီး လက်တွဲ ဆောင်ရွက်စေသည့် မူဝါဒများ ချမှတ်ချိန်တွင် ကေအိုင်အိုတို့ လိုင်ဇာဌာနချုပ်မှ နေ၍ ကိုယ်ကျိုးရှာခဲ့ ကြလေသည်။

ကချင်လူမျိုးကောင်းစားရေးဟု ဆိုသော်လည်း ကေအိုင်အိုတို့သည် ဆက်ကြေးကောက်နိုင်သော နေရာများမှ လွဲ၍ မည်သည့်နေရာမှ မရောက်။ မြစ်ကြီးနား၊ဗန်းမော် မည်သည့်မြို့တွင်မှ ဖွံ့ဖြိုးတိုးတက် ရေးများ လုပ်ဆောင်ခဲ့ခြင်းမရှိသည့်အချိန်တွင် ရရှိလာသော ငွေကြေးများဖြင့် ကာစီနို လောင်းကစား ၀ိုင်းများ၊ တစ်ဖက်နိုင်ငံမှ ပျော်ပါးနိုင်သည့် နေရာများတွင်သာ အချိန်ကုန်ခဲ့ကြသည်။ရရှိလာသော ဆက်ကြေးငွေများ၊ ဒုစရိုက်လုပ်ငန်းများမှ ရရှိလာသော ငွေများဖြင့် ကချင်ပြည်နယ် အတွင်းရှိ ဘိန်းစိုက်ခင်းများအား လက်ဖက်၊လိမ္မော် စိုက်ခင်းများဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်း မရှိ။ တိုက်ပွဲအတွက် ခေတ်မီလက်နက်များ ၀ယ်ယူ၊ လိုင်ဇာဌာနချုပ်တွင် နည်းပညာမြင့် ပစ္စည်းများ တပ်ဆင်ချိန်တွင် ကချင်ပြည်နယ်အတွင်းမှ ကျောင်းသားများအတွက် ခေတ်မီ စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်း၊ ကျန်းမာရေးအတွက် ဆေးရုံများ ပံ့ပိုးပေးခြင်းများအား ဆောင်ရွက်ခြင်းမရှိ။


ကေအိုင်အို၊ ကေအိုင်အေ ခေါင်းဆောင်များ ကြိကြိတက် ချမ်းသာနေချိန်တွင် ကေအိုင်အေ၏ သြဇာ သက်ရောက်သည့် ဒေသများရှိ ကချင်ပြည်သူများမှာ ဆင်းရဲတွင်း နက်သထက် နက်လာကြသည်။ ကျောက်စိမ်းကြောများ အထက်တွင် နေထိုင်ရသော်လည်း အကျိုးအမြတ်အားလုံးမှာ ကေအိုင်အို တို့ အတွက် ဖြစ်ခဲ့ရသည်။တပ်မတော်မှ မြို့ရွာများအား တာဝန်ယူစောင့်ရှောက်ချိန်တွင် ကေအိုင်အို တို့ နယ်စပ်မှ တစ်ဆင့်မူးယစ်ဆေးဝါး၊လက်နက် နှင့် ပြည်တွင်း သယံဇာတများကို ပြည်ပသို့ ခိုးထုတ်၍ ကိုယ်ကျိုးရှာခဲ့ကြ သည်။ ကချင်မြေမှ ရသော ငွေကြေးများဖြင့် ကချင်ပြည်သူတို့၏ လမ်းပန်းဆက်သွယ်ရေးများ ဖျက်ဆီး ကာ ကချင်လူထုကို စစ်ထဲ ဆွဲသွင်း အဓမ္မ လူသစ်စုဆောင်းခဲ့ကြသည်။

ယခုတော့ ထိုသို့ထပ်မံပြုလုပ်ရန်အတွက် အခွင့်မရှိတော့။ တံတားများဖျက်ဆီး၊ အသစ်ပြန်ဆောက်၊ လူငယ်လူရွယ်များ စစ်ထဲသွင်းသည့် လုပ်ရပ်များ၊ ကချင်ပြည်နယ် အတွက် ကောင်းကွက်တစ်ခုမှမရှိသည့် ကေအိုင်အို ခေါင်းဆောင်များအတွက် နောက်ဆုံးနေ၀င်ချိန်များကတော့ တစ်ဖက်နိုင်ငံတွင် သာ ဖြစ်ပေတော့မည်။
 From:[_ http://singaporefeel.blogspot.com/2012/12/blog-post_6079.html_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဗိုလ်မှူးမင်းဌေး ဆိုပီး ကချင်စစ်ပွဲနဲ့ပတ်သက်ပီးအာချောင်နေသူက...ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..ေ၇ာ်နယ်အောင်နိုင် လက်အောက်ကကောင်ပါ

ကချင်စစ်ပွဲ၌၀င်တိုက်နေသော ABSDF (မြောက်ပိုင်း)ခေါင်းဆောင် ဦးလှဆိုင် ဆိုသူမှာ...ကျောင်းသားခေါင်းဆောင်..ကိုထွန်းအောင်ကျော်၏ခေါင်းအား သစ်တုံးပေါ်တင်ခိုင်း၍ ကိုယ်တိုင် ရက်၇က်စက်စက် ဓါးမ နှင့် ခုတ်ဖြတ်ခဲ့သူ ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..လှဆိုင်း ဖြစ်ပါတယ်

လင်းယုန် said...

Absdf. သု တောင်းစား ဒေကိုနေ၇ာ မ ပေးသင့် ဘုးလေ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ