ခေါင်းစဉ်ဖြင့် ရေးသားထားမှုကို ပြန်လည်ကန့်လန့်တိုက်လိုက်ပါသည်။
တပ်မတော်သည် စတင်ဖွဲ့စည်းကတည်းက ယခုအချိန်ထိ စည်းကမ်းနှင့်စိတ်ဓါတ် ကိုအခြေခံသော တပ်မတော်ပင်ဖြစ်သည်။နိုင်ငံတကာတွင်ရှိသော တပ်မတော် များသည်လည်း ယခုကဲ့သို့ပဲ ဖြစ်သည်။
တပ်မတော်ဟူသည် အမိမြေ(တချို့နိုင်ငံများတွင် အဖမြေ ဟူ ခေါ်ကြသည်)နှင့် ပြည်သူလူထုအား ကာကွယ်သောစောင့်ရှောက်သော တခုတည်းသောနိုင်ငံပိုင် လက်နက်ကိုင်ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည်။
နိုင်ငံတနိုင်ငံတွင် တပ်မတော် တစ်ခုသာရှိသည်။ရှိရမည်။ရှိကိုရှိရမည်။ထိုသို့နိုင်ငံပိုင်၊ပြည်သူပိုင်တရားဝင် ကာကွယ်ရေးတပ်ဖွဲ့ နှင့်အပြိုင် တရားမ၀င် လက်နက်ကိုင်အဖွဲ့အစည်းရှိလာလျှင်၊ထိုအဖွဲ့သည် နိုင်ငံနှင့်လူမျိုးအတွက် အန္တရာယ် ပေးနိုင်သည်ဟု တပ်မတော်မှ ဆုံးဖြတ်လျှင် အလိုအလျှောက် ထိုအဖွဲ့ အစည်းသည် သောင်းကျန်သူ (black list)ပင်ဖြစ်သည်။ထိုအဖွဲ့ အားချေမှုန်းရန်တာဝန်ရှိသူမှာလည်း နိုင်ငံတပ်မတော်ပင်ဖြစ်သည်။ဆိုခဲ့သည့်အတိုင်း နိုင်ငံတပ်မတော်သည် ပြည်သူတပ်မတော်ဖြစ်သည်။ထိုပြည်သူတပ်မတော်မှ နိုင်ငံကာကွယ်ရေးအတွက် ကျန် လက်နက်ကိုင်
သောင်းကျန်းသူများအားတိုက်ခိုက်သည်ဟုဆိုလျှင် ပြည်သူလုထုတရပ်လုံးကတိုက်ခိုက်သည့်သဘောပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား မည်သူများလိုလားနေပါသနည်း။
မြန်မာနိုင်ငံလောက် သမိုင်းတွင် များပြားသော လက်နက်ကိုင်သူပုန်များ ၊ များပြားသော ပါတီများ မည်သည့်နိုင်ငံသမိုင်းတွင်ရှာတွေ့နိုင်ပါသနည်း။
စစ် ဟူသည် နိုင်ငံရေး သံတမာန်ရေးနည်း တိုစသည့် ဖြင့် ဖြေရှင်းနိုင်သည့် အရာအားလုံးနှင့် မရတော့သည့်နောက်ပိုင်းတွင်မှ မလွှဲမသွေ ဖြေရှင်းရမည့် နည်းဖြစ်သည်။
စစ်ဖြစ်လာရင်အရင်ဆုံးကျဆုံးသူကား အမှန်တရား ဟူသောဆိုရိုးရှိသော်လည်း
ထိုစကားဆိုလိုရင်းမှာ စစ်ဟူသည်လည့်ဖျားရ်ျတိုက်ရခြင်း ဟူသော စကား၏ ဆင်တူ ပင်ဖြစ်သည်
သို့သော် ယခုအခါ နှစ်ဦးနှစ်ဘက် တိုက်ပွဲဝင်သူတို့၏ လှည့်ဖျားတိုက်နေရခြင်းထက်
တိုက်ပွဲမ၀င် /တိုက်ပွဲမ၀င်ရဲသူ တို့၏ လှည့်ဖျားမှုများကား အော့နှလုံးနာစရာကောင်းလှပါသည်
ယခုလပထမပတ်က ခေါင်းစဉ်ပါဖြစ်စဉ်သည် လူ့ုအခွင့်အရေးချိုးဖောက်မှုဖြင့် ၊ နိုင်ငံတကာ၏ အသနားခံမှု တို့ကို
ရယူလိုသောကြောင့် စကားကြီးစကားကျယ်သုံးထားသော သတင်း/အတင်း တစ်ပုဒ်ဖြစ်သည်ဟု မောင်ကျောက်ခဲမှ
ဆိုလိုက်ချင်သည်။
မောင်ကျောက်ခဲ အနည်းငယ်ထပ်မံရှင်းပြချင်ပါသည်။
စစ်တိုက်ရာတွင် ခံစစ်တည်ဆောက်ရ်ျ စစ်ပြင်ရသကဲသို့ ထိုသို့ ခံစစ်အား တိုက်ခိုက်ခြင်း
ရန်သူလာရာအားချူံခိုခြင်း တို့စသည်ဖြင့် စစ်တိုက်နည်းဗျူဟာများရှိသည်ကို လူတိုင်းသိရှိပါသည်။
ချူံခိုတိုက်ရာတွင်
၁၊ အမြန်တိုက်(ရန်သူအား)
၂၊အမြန်ကောက်(ရန့်သူလက်နက် ။ ပစ္စည်း စသည်)
၃၊အမြန်ဆုတ်(ပျာယာခတ်သွားသော ရန်သူသည် ပြန်လည်စုစည်းပြီး ပြန်မတိုက်မီ)
စသည်ဖြင့် နည်းနာနိသယ ရှိသကဲ့သို့
ခံစစ်ပြင်ဆင်ထားသော စခန်းတခုအား တိုက်ရာတွင် လည်းမိမိဘက်မှ အသာစီးရရန် ထိုစခန်းအားမည်သို့ ရယူရမည်ဟူသော အချက်ကို ဦးစားပေး စဉ်းစားသည်မှာ စစ်တိုက်ဖူးသူတိုင်း
နားလည်တတ်မြောက်ကြပါသည်။ခံစစ် မည်သို့ပြင်ဆင်ရသည်။တိုက်စစ်မည်သို့ပြင်ဆင်ရသည်ကို စစ်ဘက်အသူံးအနှူံးဖြင့် အသေးစိတ်ရေးရန်
မသင့်လျှော်သောကြောင့် နားလည်အောင် ရှင်းပြပါမည်။
ယခုလ ပထမအပတ်က အထက်တွင် ဖော်ပြထားသော မြန်မာစစ်တပ်က ကျောင်းသားများကိုအကာအကွယ်ယူရ်ျ KIA ကိုတိုက် ခေါင်းစဉ်နှင့်ပတ်သတ်ရ်ျ
ဖြစ်စဉ်အသေးစိတ်အား ထိုဒေသတွင် အခြေပြုလှူပ်ရျားသော စစ်ဗျူဟာရုံးခွဲအား ဆက်သွယ်ရာ စစ်ရေးသတင်းများအပြင်သို့ မေ၇ာက်စေရန် ပြောကြားခွင့်မပြုဟု တပ်မတော်မှ(ဗိုလ်ကြီး)အဆင့်ရှိ့အရာရှိတစ်ယောက်က
ပြန်လည်တုံပြန်ပြောကြားပါသည်။
မောင်ကျောက်ခဲထိုဒေသတွင်တိုက်ပွဲမ၀င်ဖူးပါ။သို့သော် ချင့်ချိန်နိုင်သည်။မှန်းဆနိုင်သည်။တွက်ချက်ရှင်းပြနိုင်သည်။ကျွန်တော် တွေးတော့ဆုံးဖြတ်မှုသည် ရာခိုင်နူန်းနီးပါးမျှ-အတိအကျဆိုရပါမှု(၉၉.၅၀ %)မှန်ကန်ကြောင်း ပြောရဲပါသည်။
ခံစစ်ပြင်ဆင်ထားသော စခန်းတခုအား တိုက်ရာတွင် လည်းမိမိဘက်မှ အသာစီးရရန် ထိုစခန်းအားမည်သို့ ရယူရမည်ဟူသော အချက်ကို ဦးစားပေး စဉ်းစားသည် ဟု အထက်တွင်ပြောခဲ့ပါသည်။
ထိုခေါင်းစဉ်၏အောက်တွင်မရေတွက်နိုင်သော ခေါင်းစဉ်ငယ်လေးများစွာရှိနေသည်။
မည်သို့တိုက်မည်နည်း။မည်မျှအင်အားနှင့်တိုက်ရမည်နည်.။မည်သည့်လက်နက်များဖြင့်တိုက်ရမည်နည်း။ရန်သူသည်မည်သို့ပြန်လည် ရင်ဆိုင်မည်နည်း။အကယ်ရ်ျ သိမ်းပိုက်နိုင်ခဲ့သော်--သို့မဟုတ်-မသိမ်းပိုက်နိုင်ခဲ့သော်..
စသည်ဖြင့် များစွာ စဉ်းစားဆုံးဖြတ်ရသည့်တိုက်ပွဲဝင်ခေါင်းဆောင်၏ ခေါင်းမှာ မီးတောက်မတတ်ပူထူနေတတ်သည်။တဖန် အထက်နှင့် အချင်းချင်းနှင့် လက်အောက်စစ်သည်တို့ နှင့် ညှိနိုင်းရပြန်သည်။ထိုသို့အဖက်ဖက်မှ ထောက်ပြသော လက်မခံသော လက်ခံသော အချက်များတဖန်ပေါင်းစပ်ရ်ျ စဉ်းစားပုံဖော်ယူရပြန်သည်။
ထို့နောက် ရန်သူသည် ၄င်းတို့ စခန်းအား မည်သည့်အချိန်တွင် စောင့်ကြည့်မှု ထိန်းသိမ်းမှု အားနည်းသနည်း။
မည်သည့်အချိန်တွင် ၀င်ရောက်တိုက်ခိုက်နိုင်သနည်း။စသည့်အချက်ကို ဦးစားပေးစဉ်းစားရသည်.။
စုဆောင်းသောအချက်အလက်များအရ ရန်သူ သည်(*)အချိန်တွင်ပေါ့လျော့သည် ဟုတွေ့ရှိလျှင်ထိုအချိန်တွင်မလွဲမသွေ တိုက်မည် ဖြစ်သည်။
မိမိဘက်က ရန်သူအား ထိုအချိန်တွင်တိုက်ယူရ်ျရနိုင်သည်ဟု သေချာသည်နှင့် (H-HOUR)သတ်မှတ်လိုက်သည်။
[ ဒုတိယအချက်အနေဖြင့်  ကျယ်ပြန့်သော စစ်မြေပြင်တွင် တပ်ပေါင်းများစွာပါဝင်ရ်ျ တိုက်နေရသောအချိန်တွင် မည်သည့်တပ်က မည်သည့်နေရာကို မည်သည့်အချိန်တွင်း တိုက်ခိုက် /သိမ်းပိုက် /နေရာယူ/ဆုတ်ခွါ ရမည် စသည်ဖြင့် နယ်မြေဒေသကြီးတခုလုံးအလိုက် ကွင်းဆက်မိမိ တိုက်ကွက်ဖော်နိုင်ရန် အချိန် -နေ့ရက်-သတ်မှတ်ပေးလိုက်သည်။ထိုအခါ ထိုအချိန်မှ မိမိ မလှုပ်ရှားလျှင် ကျန်နယ်မြေတွင် လှုပ်ရှားနေသော စစ်ကြောင်းများ တပ်ဖွဲ့များ ကမောက်ကမ ဖြစ်နေတော့မည်။ထို့ကြောင့် ကျောင်းဆင်းချိန် ဖြစ်သည့် ၃နာရီနောက်ပိုင်းတွင် မိမိတို့စစ်ဆင်ရေးစမည့်အချိန် (h-hour)ရောက်ရှိလာရသည်ဖြစ်မည်။]
ထိုအချိန်အတိ စခန်းအားတိုက်ခိုက်ရမည်။သို့မဟုတ် ရန်သူစခန်းမည်သည့်နေရာအထိတတ်ရောက်ပြီးဖြစ်ရမည်။ယင်းအချက်ကိုစစ်သားတိုင်းနားလည်ပြီးဖြစ်သည်။
ယခုဖြစ်စဉ်သည် KIA သည် ညနေ ၃ နာရီမှနေရ်ျ ညနေ ၆ နာရီနေမ၀င်ခင်အထိ စပ်ကြား ပေါ့လျော့မှု အမြဲရှိနေတတ်သည်ကို တပ်မတော်မှ စုံစမ်းသိရှိပြီး ဖြစ်နေလိမ့်မည်။ထို့ကြောင့်၎င်းတို့ အားနည်းသည့်အချိန် အားလှော့သည့်အပိုင်းအား H-HOUR)နဂိုကတည်းက သတ်မှတ်ပြီးဖြစ်လိမ့်မည်။(D-DAY)တိုက်ပွဲဝင် ရမည့်ရက်သည် သာမာန်ပေါ့လျော့နေသည်ထက် ပိုရ်ျလျှော့နေနိုင်သည်ဟု ယူဆရ်ျ တိုက်ခြင်းဖြစ်သည်။
ကျောင်းသားများအားအဘယ့်ကြောင့်