Oct 16, 2011

ချစ်နည်းမှန်ဖို့ တော့လိုလာပြီ... ညီအကိုမောင်နှမတို့

ကဲ----ကျွန်တော်တို့ နိုင်ငံတော်ကြီးကို တကယ်ရောချစ်တတ်နေပြီလား...။ဘယ်လိုစိတ်ထားတွေနဲံချစ်နေကြပါသလဲ...။
ဒို့တိုင်းရင်းသားတွေ တကယ်ရော ညီရင်းအကို မောင်နှမ စိတ်တွေရှိပါသေးလား..။
ကျွန်တော်တို့ ဟာ အမိမြေတနေရောတည်းက တအူထုံဆင်းတွေပါ...။
ကျွန်တော်တို့ ရဲ့ အမိမြေဟာ ကျွန်တော်တို့ လူသားမိခင်တွေလို သေမျိုးမဟုတ်ရပါဘူး...။
ကမ္ဘာတည်သရွှေ့  ရှိနေမဲ့ အမိမြေ ပါ...။
ဘာကြောင့် ဘယ်တော့မှ မသေတဲ့ အမိမြေ ကို ထာဝရ အသက်ရှင်နေပါလျှက်ကယ်နဲ့ အမွေခွဲနေကြတာလဲဗျာ 
အိမ်တစ်အိမ်မှာပေါ့ဗျာ...အဖေတွေအမေတွေ သက်ရှိထင်ရှားကြီးရှိနေပါလျှက် နဲံ သားသမီးတွေက
ထ ရန်သတ်ပြီး အမွေခွဲကြမယ်ဟေ့ ဆိုလိုက်ကြရင်ဖြင့် အမေတွေအဖေတွေ ဘယ်လိုခံစားရမလဲ...။
ဒါ သေမျိုးဖြစ်တဲံလူခံစားချက်ကိုပြောတာနော်...။
ကျွန်တော်တို့ ဧရာဝတီကို ချစ်ပြတာကရော အမွေလိုချင်လို့ မိဘကို ပြန်ဖော်လံဖား ကြတာလားခင်ဗျာ...။
 ကျွန်တော်တို့ရဲ့ ချစ်သော အမိမြန်မာနိုင်ငံကြီးဟာ ထာဝရတည်တံ့နေမဲ့ မိဘပါ...။
ဘာလို့ အမွေတွေခွဲနေကြတာလဲ...။ဒီအိမ်လေးတစ်လုံးကို စုပေါင်းဆောက်တည်ပြီး ခိုင်ခိုင်ခံခံ ညီညီညွတ်ညွတ် နေထိုင်ကြရအောင်လားဗျာ...။ရှိတာမှအိမ်လေးတစ်လုံးတည်း...။
ဒါကို ညီအကိုမောင်နှမ ၁၃၅ ယောက် နဲံတူတူမ တွေ များစွာ က ဝိုင်းပြီးအမွေခွဲကြစတမ်းဟေ့ ဆိုရင်တော့
ကျွန်တော်တို့ အိမ်လေးဟာ ထင်းပုံဖြစ်သွားပါလိမ့်မယ်..။
၁၈၈၅ နောက်ပိုင်းကတည်းက အိမ်လေးဟာ ထင်းဖြစ်ခဲံဖူးပြီ...။အခုလိုအိမ်လေးတစ်လုံး ပြန်ဖြစ်မြောက်ဖို့ 
ကျွန်တော်တို့ အဘိုးအဘွား ဘီဘင် နဲ့ ဦးကြီး ဒေါ်ကြီးတွေ သွေးတွေ အသက်တွေ ချွှေးတွေ နဲ့ ရင်းခြဲံ့ပီးပြီ..။
ကျွန်တော်တို့ ရဲ့ ဒီပြည်ထောင်စု အိမ်လေးကို ထင်း ဖြစ်တာမမြင်ချင်တော့ဘူး...။
ခေါင်မလုံလို့ မိုးယိုတာတို့ ..ထောက်(ဒေါက်)မခိုင်လို့ အိမ်ယိုင်တာတို့ ...နဲ့ တစ်ဦးကိုတစ်ဦးလွှဲချမနေပဲ စုပေါင်းဆောက်တည် နေရအောင်လားဗျာ...။ကျွန်တော်တို့ တစ်ဦးကိုတစ်ဦးထိုးချခဲံ့တဲ့ လက်ညျိးတွေ များခဲ့ရပြီ...။နှစ်တွေကြာခဲ့ပြီ...။အိမ်လေးထဲက မသာမယာ ဖြစ်နေတော့ အိမ်ပြင်ကလည်း မလေးစားဘူးဖြစ်တော့မယ်...။
ကျေးဇူးပြုပြီး တောင်းဆိုပါရစေ...။
ဒီအိမ်လေးကို အမွှေမခွဲကြပဲ အားလုံးအမွှေဆိုင်အိမ်လေးမှာ ချစ်ချစ်ခင်ခင် နေကြရအောင်လားဗျာ..။ဒီအိမ်(အမွှေဆိုင်အိမ်လေး)မှာ သားကြီးဖြစ်တဲ့
အိမ်ကိုစီမံခန့်ခွဲနေတဲ့အစိုးရကိုကူညီပြီး ကျွန်တော်တို့ စည်းလုံးကြအောင်လားဗျာ...။
အိမ်လေးထာဝရတည်တံ့နေဖို့ပါဗျာ....။ဒီအိမ်လေးကို ကျွန်တော်တို့ ညီအကိုမောင်နှမ ၁၃၇ ယောက် နဲ့ တူ ၊တူမ တွေက ဝိုင်းပြီး ငါတို့နဲ့ ဆိုင်တယ် ..စသည်ဖြင့် ခွဲယူလိုက်မယ်ဆိုရင်.........
.ပြာပုံထဲက ထင်းတွေဟာ ကျွန်တော်တို့ ချစ်တဲံ့အိမ်လေးဖြစ်မှာကို ကျွန်တော် မောင်ကျောက်ခဲတစ်ယောက်
ဒါတွေကြည့်ထားပေါ့ဗျာ.အိမ်သားတွေမညီညွတ်ခဲ့တော့ အိမ်ပြင်ကလူတွေ အကွက်ဝင်တာပေါ့
ယရစ်နဲ့ ကြောက် မိပါတယ်ခင်ဗျာ...။


ငါတို့ရဲ့ တထီးတနန်းနဲ့ရှိခဲ့တဲ့ နန်းတော်နားမှာ သူတို့ လေ့ကျင်းရေးကွင်းလုပ်ခဲ့ကြတယ်

 အိမ်သားတွေ မစည်းလုံးရင် ဒီလိုအဖြစ်မျိုး ဒုတိယအကြိမ် မလွဲမသွေ လာနိုင်တယ်နော်


              ကြည့်ပါအုံး...ကမ္ဘာပေါ်မှာ ဘယ်ဗိသူကာမှမတည်ဆောက်နိုင်အောင်လှတဲ့
              ကျွန်တော်တို့ရဲ့ အိမ်ကလေး..ကျက်သရေ ရှိလိုက်ပုံများဗျာ......... 
(ပုံ)
တိုင်းရင်းသားလူမျိုးကြီး ၈ မျိုး အပါအ၀င် စုစုပေါင်း လူမျိုးစု ၁၃၅ မျိုးနှင့် အခြားတိုင်းရင်းသားမျိုးနွယ်စုငယ်များပါ
စုပေါင်းနေထိုင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


                                                                                  မောင်ကျောက်ခဲ
Print Friendly and PDF

10 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အရမ်းကို ကောင်းတဲ. post လေးပါ အားပေးလျှက်ပါအကို...:)

cherry said...

nice idea.

Anonymous said...

good

Anonymous said...

MgKyaukKhe, karen is also wanting Irrawaddy delta and everywhere Phalantaungwhey is found.!!!!! Kachin also is wanting more than what was shown in the map. Plain of Bamaw etc. in fact these separatist terrorists have the plan to tear apart MyanmarPyi as we know and where we grow up with all our ethnics brothers sisters.

Anonymous said...

Kachin are claiming right.. If it's not easily offered, then there is no way for them to avoid it's geological fitted part to tear apart.. Kachin are federal builder group and righteous group., pls don't point or call as terrorist.. When right were not really in justice, people will find better way.

Anonymous said...

အရမ်းကောင်းတဲ့postပါဘဲ။တချိန်ကဓါတ်ပုံတွေကိုပြန်ကြည့်ရတာနဲ့တင်အဲ့လိုပြန်မဖြစ်အောင်ဝိုင်းပြီးကာကွယ်ရမယ်။ကာကွယ်နေတဲ့လူတွေကိုလဲအားပေးရမယ်။ကိုယ်မလုပ်နိုင်တဲ့အလုပ်ကိုသူများလုပ်နေတာကိုဝေဖန်နေတဲ့လူတွေတိုင်းပြည်ကိုဒေါ်လာနဲ့ရောင်းစားနေသူတွေဟာအတိတ်များမေ့နေကြရောသလားဗျာ......။

mary said...

well! very good ur post!i am not demo as well not eimo.i am simple myanmar but strong buddhiszen.want to say didnt like at all rohinja muslim to give place in our country!

Anonymous said...

ဒီထက်ကောင်းတာလေးတွေင်ပေးပါအုံးအကိုရေ။ဒါပေမယ့်ဘယ်လိုပြောပြောလူလိုနားမလည်တဲ့လူတွေရှိနေသမျှတော့---ဟတ်ဟတ်။အမေကျော်ဒွေးတော်လွမ်း တစ်မျိုးသားလုံးကိုကျွန်လုပ်သွားတဲ့ကောင်တွေကိုတောင်ဖအေခေါ်နေတဲကောင်တွေ ပြတိုက်က ဗိုလ်ချုပ်အောင်ဆန်းအကျီကိုရေစိမ်တိုက်လိုက်လို့သွေးအစိမ်းလိုက်အန်သေမဲ့ကောင်တွေ။သူ့သမီးပါပါသေးတယ်။အမျိုးချစ်လို့နိုင်ငံခြားသားကိုလင်လုပ်ထားတာ။အိုးချင်းထားအိုးချင်ထိတဲ့ပြောသေးတယ်။စိတ်ဓာတ်ကိုကဗိုလ်ချုပ်အောင်ဆန်းသမီးဆိုတာတောင်မယုံချင်ဘူးမွေးစားသမီးဆိုဟုတ်လိမ့်မယ်။ဟဟ

မမ said...

ဖတ်ပြီး ကြက်သီးတွေထတယ် အကို ... မမလေ - မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးကို သိပ်ချစ်ပါတယ်။ ဒါကြောင့် မမတို့အမိအိမ်လေး ပြိုကွဲသွားမှာကို အရမ်း စိုးရွ့မိပါတယ်။

Anonymous said...

အကို့အရေးအသားနဲ့စိတ်ဓါတ်ကိုတော့လေးစားပါတယ်ဗျာ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ