Oct 17, 2011

အတိုက်အခံများနှင့်လက်နက်ကိုင်တိုင်းရင်းသားများအောင်မြင်မှုရရှိ သွားသောအခါ(သရော်စာ)


 ၂၁ ရာစု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အသွင်



နိုင်ငံပေါင်းစု၏ သမိုင်း

 တစ်ချိန်အခါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟူရ်ျ အထက်ပါပုံကဲ့သို့ဝင့်ထည်စွာတည်ရှိခဲ့ဖူးလေသည်။
ထိုနိုင်ငံတွင် အစိုးရအား ရဲရဲဝံ့ဝံ့ ဖြင့် ၁ ဦးတည်းရှိစေကာမူ နာမည်အကြီးကြီးပေးကာ အတိုက်အခံဟုခေါ်သော အစိုးရအား လက်နက်ကိုင်ရ်ျသဖွယ် လက်သီးပုန်းပြရ်ျတနည်း လေလှိုင်းမှ အာကျယ်ရ်ျတဖုံ တိုက်ခိုက်ကြသော အတိုက်အခံ များနှင့် လက်နက်ကိုင်(လောက်လေးခွကိုင်ရ်ျ A4စာရွက်တွင်ကြေငြာချက်ဟုရေးသားထုတ်ပြန်တတ်သောအဖွဲ့သည်လည်း လက်နက်ကိုင်ဟု ခံယူလိုက်တတ်သေး၏)အဖွဲ့ အစည်းများက (ပုံပြင်များ-တရုတ်ရှေးသိုင်းကားများထဲကလို)မည်သို့ မည်ပုံတိုက်လိုက်လေသည်မသိ-အစိုးရ ပြုတ်ကျသွားပြီး
အောက်ဖော်ပြပါပုံအတိုင်း ဆိုင်ရာဆိုင်ရာနိုင်ငံများအဖြစ် ရပ်တည်လိုက်လေကြသတည်း။




ဓလေ့စရိုက်များ
ထိုနိုင်ငံရှိ ကမ္ဘာပေါ်တွင် ဒုတိယဆိုဗီယက် ဟူရ်ျ ဂုဏ်ယူဝင့်ကြွားကာ ပြောတတ်ကြသေးသည်။
၎င်းကဲ့သို့ နိုင်ငံများကွဲပြားနေသော်လည်း ဗိုလ်ချူပ်ဟူသော ပုဂ္ဂိုလ်တစ်ဥင်္ီး၏ ပုံကြီးအား ကွဲပြားသွားသော
နိုင်ငံတိုင်းတွင်ချိတ်ဆွဲလက်ညှိုးထိုး ဂုဏ်ယူကြလေသည်။ထိုဗိုလ်ချူပ်ဆိုသူ၏ နောက်ဆုံး မျိုးဆက်(ရေတစ်ဝက် တိတိရောထားသော မျိုးမဆစ်) အမျိုးသမီးဆိုသူကား နိုင်ငံတိုင်းတွင် လှည့်လည်လျှက် ကန်တော့ပွဲများ ၊ မင်္ဂလာဆောင်များ ၊အသုဘ များ ၊ဖွင့်ပွဲများ တွင်လည်း အထူးဖိတ်ကြား
ဝါးတီးဖွင့်လျှက်ရှိသေးသည်။
နိုင်ငံတိုင်းအရေးကြူံလျှင် ထိုအမျိုးသမီးအား ဖိတ်ကြားကာ အကြံဥာဏ်တောင်းပြီး ဟန်ရေးပြကာ
နောက်ဆုံး ထိုအမျိုးသမီး၏ စကားလုံးများအား အမှိုက်တောင်းတွင်း ထည့်ကာ မိမိထင်ရာသာ လုပ်ကြသော
ချစ်ဖွယ်ကောင်းသော ဓလေ့လည်းရှိ၏။သူ့မအားကွယ်ရာတွင် ဒုတိယမြောက် ဂိုဘာချော့ ဟုတသွယ်
ဂျူနီယာ ဂိုဘာချော့ ဟုတနည်း ချီးမြင့်ပြောဆိုလေသည်။အဘယ့်ကြောင့်ဆိုသော် ယခုကဲ့သို့ နိုင်ငံများကွဲရခြင်းမှာ သူမ၏ စနက်လည်းမကင်းသောကြောင့်ဖြစ်သည်။

ကိုးကွယ်ယုံကြည်မှု
ထိုနိုင်ငံစုများ၏ ကိုးကွယ်မှုမှာ ဘုရားမဟုတ် ၊ နတ်မဟုတ် ၊ အစိုးရအာဏာပိုင်များသာ ဖြစ်လေသည်။
အဘယ့်ကြောင့်ဆိုသော် လမ်းဘေးတွင် ခလုတ်တိုက်လဲလျှင်ပင် အစိုးရကြောင့် ၊ ရေကြီးလျှင်လည်း အစိုးရကြောင့် ၊မိုးခေါင်လျှင်လည်း အစိုးရကြောင့် ၊ အိမ်တွင် ဟင်းချက်သောအခါ ဟင်းအိုးမှ ဆီထပေါက်လျှင်ပင် အစိုးရကြောင့် ဟူရ်ျ အစိုးရအာဏာပိုင်များကိုသာ တသသ "တ"တတ်ကြသည်။

ကူးလူးဆက်သွယ်မှု
 ထိုနိင်ငံစု များမှ ပြည်သူများသည် မိမိဆိုင်ရာမှတ်ပုံတင်နှင့်တကွ ဗီဇာ ၉ ခုတိတိ ကိုင်ဆောင်ထားကြသည်။
နိုင်ငံစုများသည် ဗမာ စကားကို ရေရေလည်လည် ပြောတတ်ကြလေသည်။ကမ္ဘာလုံးဆိုင်ရာအဖွဲ့ 
အစည်းကလည်း ထိုနိုင်ငံစု အား စိုးရိမ်မှုမရှိပေ။အဘယ့်ကြောင့်ဆိုသော် တနိုင်ငံနှင့်တနိုင်ငံသည် အမြဲရန်စောင်နေကြသောကြောင့် အင်အားကြီးနိုင်ငံများမှ စိုးရိမ်ပူပန်မှုမပြုပဲ မြောက်ပင့်ထားကြလေသည်။ 
 စစ်ရေး
 နိုင်ငံစုတိုင်းတွင် ထက်မြက်သော စစ်တပ်များအားပိုင်ဆိုင်ကြလေသည်။အင်အားကြီးနိုင်ငံများနှင့်စစ်ရေးအင်အားကောင်းသောနိုင်ငံ
များမှထောက်ပံ့ထားလေသည်။သို့မှသာ ၄င်းတို့လက်နက်ဈေးကွက်ကျယ်ပြန့်မည်မဟုတ်ပါလော။ဥပမာ..ချင်းနိုင်ငံဆိုလျှင် ပါကစ္စတန်နိုင်ငံတွင် အခြေခံကောင်းခဲ့သော တောင်ပေါ်တိုက်ခိုက်ရေး အမေရီကန်တပ်များ အကူအညီ ၊ ကချင်နိုင်ငံဆိုလျှင် တရုတ်တို့၏ လေယာဉ်ပစ်စက်သနက်များ ၊လွပ်လပ်သော ကရင်နိုင်ငံဆိုလျှင် အမေရိကန်တို့ ၏ လက်နက်ငယ်များ စနိုက်ပါများ မိုင်းများ ၊ရှမ်းစော်ဘွားများဆိုလျှင် ထိုင်းနိုင်ငံနှင့် U.S  ၏ စစ်ရေးထောက်ပံမှုလမ်းကြောင်း နှင့် ၁၀၀ မမ ပြောင်းတပ်ဆင်ထားသောတင့်များ
မဟာရက္ခိုတတွင် အိန္ဒိယနှင့်ဘင်္ဂးလားဒေ့ခ်ျ ရေတပ်ကျောက်ထောက်နောက်ခံ ၊တနသာင်္ရီ ဆိုလျှင် US NAVY အကူအညီ သစည်ဖြင့် ရှိကြလေသည်။နိုင်ငံစုများ၏ အခြေခံစိတ်ဓါတ်မှာကား နိုင်ငံစုသား အချင်းချင်းဆိုလည်း လက်သံပြောင်လေသတည်း။

  အနာဂတ်မှာ ငါတို့နိုင်ငံတော်ကြီး ဒီလို ဖြစ်စေချင်တဲ့လူတွေရှိနေတယ်..ညီအစ်ကိုမောင်နှမတို့ ရေ..


အထက်ပါအတိုင်းနောင်တချိန်တွင် ဖြစ်ပေါ်မလာစေရန် သတိပေး သရော် ကာ ရေးသားလိုက်ပါသည်...။
ညီအကိုမောင်နှမများ စည်းလုံးကာ ဒီမိုကရေစီနိုင်ငံတော်သစ်သို့ အစိုးရအား ကူညီဝိုင်းရံပေးကြပါရန်
တောင်းဆိုသမှုပြုလိုက်ရပါသည်။

Print Friendly and PDF

15 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ကောင်းပါတယ်ဗျား

Anonymous said...
This comment has been removed by the author.
kokosoe said...

ကောင်းတယ်.......

ဟိန်းလင်းထွန်း said...

အစ်ကို စိတ်ဓါတ်ကိုလေးစားပါတယ်..။
http://www.dsa52brothers.co.nr ကိုလည်းကြွခဲ့ပါဦး..။

thiha said...

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မထိုက်တန်သော " ပြည်သူသတ် လူမိုက်ကြီးတို." ၏ ဇာတ်သိမ်း....
ဂဒါဖီ ပြီးရင် သန်းရွှေ အလှည့်။

ပြည်သူ့  အလိုကိုဆန်.ကျင်သူတို. မလွဲမသွေ သွားမြဲ သွားရာလမ်း....
Gaddafi Captured and killed.

http://uk.news.yahoo.com/reports--gaddafi-captured-in-sirte.html

Gaddafi Confirmed DEAD ! Abdul Hafiz Ghoga, the NTC vice chairman, told a news conference in Benghazi.
Libya confirms Gaddafi killed
Nation celebrates as PM announces former leader’s death.

http://link.ft.com/r/8P1R88/IIF3OX/0GVHUK/2OOSPT/L93LJV/E4/h?a1=2011&a2=10&a3=20

thiha said...

ကချင်ပြည်နယ် အတွင်းက မြန်မာ့တပ်မတော် http://www.trust.org/trustlaw/news/burma-army-committing-abuses-in-kachin-state
----------------------------------------------
Read the report from the Kachin Women’s Association of Thailand: Burma's Covered up War: Atrocities Against The Kachin People

http://www.kachinwomen.com/publications/reports/84-reported-atrocities-ag

----------------------------------------------

SERIOUS INTERNATIONAL CRIMES CONTINUE IN BURMA UNDER ‘NEW’ REGIME
www.altsean.org/DOCS/PDF Format/Thematic Briefers/Serious international crimes continue in Burma under new regime.pdf
----------------------------------------------
The New York Times on Oct. 6,
Myra Dahgaypaw, an ethnic Karen woman wrote ; “Burmese soldiers killed my parents, my brother and sister, and my uncle after they forced him to watch them rape his wife. "
“If soldiers are able to use forced labor, sexual violence, forced relocation and other abuses as mechanisms of domination, why should [US] President Obama reward President Thein Sein?"

When a Multi-ethnic Nation Ignores Ethnic Rights http://www.irrawaddy.org/article.php?art_id=22282

Anonymous said...

100 mm အမြောက်တပ်ထားသော တင့်ကား တွေလို့ဆိုလိုတော့--
ကိုကျောက်ခဲ ပြောချင်တာ ထိုင်းစစ်တပ်ကိုပြောတာလားခင်ဗျာ...
အာစီယံတပ်တွေထဲမှာ 100 mm တင့်ဆိုလို့ အဲဒီ ယ တွေပဲရှိတာဆိုတောါ
ကာ...
ပြောင်မြောက်ပါပေတယ်ဗျာ.....

Anonymous said...

အရမ်းမှန်ကန်ပြီး တိကျလှပေတယ်ဗျာ

ဒီလိုပြောနိုင်တဲ့စားရေးသူကို လေးစားတယ်ဗျား

Anonymous said...

must be union and strong like the other country on the world

Anonymous said...

Federalism ဆိုတာကို Wiki ထဲမှာ ရိုက်ထည့်လိုက်ရင် ဘာဆိုတာ အလွယ်လေး သိရပါတယ်။ ဒီလောက်လေးတောင်မှ မလေ့လာပဲနဲ့  ၀ါဒဖြန့်တဲ့ ဘလော့ခ်လာရေးနေတာတော့... အေးလေ ပြောသမျှ ယုံနေရလို့ လည်း အခုလိုလုပ်ပြီး ထမင်းစားနေရတာပေါ့။ သနားတယ်ကွာ မင်းတို့ ဘ၀တွေကို၊ ဒါကြောင့် ဆန်ကုန်မြေလေးနေမယ့် အတူတူ မြန်မြန်သာ သေလိုက်ုက။

Anonymous said...

http://www.youtube.com/watch?v=pp7ni98LkoY&feature=related

http://www.youtube.com/watch?v=Fed_s83MjhY&feature=related

သူတို့ အလှည့်ပြီးတော့ မင်းတို့ အဘတွေအလှည့်၊ပြီးရင်မင်းတို့ စစ်ခွေးတွေအလှည့်ပေါ့ကွ။ငါပေးတဲ့linkတွေကိုဝအောင်ကြည့်ထား။

Anonymous said...

Saddam Hussein's Execution!!
http://www.youtube.com/watch?v=pp7ni98LkoY&feature=related

Muammar Gaddafi killed!!
http://www.youtube.com/watch?v=Fed_s83MjhY&feature=related

သူတို့ အလှည့်ပြီးတော့ မင်းတို့ အဘတွေအလှည့်၊ပြီးရင်မင်းတို့ စစ်ခွေးတွေအလှည့်ပေါ့ကွ။ငါပေးတဲ့linkတွေကိုဝအောင်ကြည့်ထား။

အရိုင်း said...

ဟီးဟီး..အပေါ်ကအကို
ခင်များပြောလို့ ကြည့်လိုက်တာ
ကောင်းလိုက်တာဗျာ...........
သေချာတာတော့အဲ့လောက်အစွမ်းရှိတဲ့သူတွေမရှိလောက်ဘူးဗျ
မြန်မာနိုင်ငံမှာပြောပါတယ်
ခင်များတို့ အားကိုးတဲ့ယုံကြည်တယ်ဆိုတဲ့
တိုင်းရင်းသားလက်နက်ကိုင်တွေကလည်းတောထဲကကိုမထွက်နိုင်
သေးဘူးဗျ.......... 88 ဆိုတဲ့ကောင်တွေလည်းအဲ့လောက်ဇမရှိဘူး
ရှိရင်တခါတည်းတိုက်နေပြီပေါ့ဗျာ.......နော်
အဲ့လိုဖြစ်စေချင်ရင်
ခင်များသူတို့ ချီးသွားစားပါလား
သူတို့ လိုအစွမ်းထက်လာအောင်လေ
သေချာတာတော့သူတို့ ကဒီလိုနေရာမှာလေမကျယ်ဘူးဗျ
တကယ်ချတာ..တကယ်ချတော့တကယ်ပြုတ်တာပေါ့ဗျာ
အဲ့လိုဖြစ်စေချင်တယ်ဆိုလည်းခင်များသူတို့ ကိုပိုက်ဆံအပြတ်ပေး
ပြီးငှားတိုက်ပါလား.........
အဲ့လိုဆိုရင်တော့ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ.........
စစ်ခွေးတွေကိုနိုင်အောင်တိုက်ချင်တယ်ဆိုအကြံပေးလိုက်မယ်
အရင်ဆုံး G-3 နဲ့.....ပေါင်သုံးဆယ်ထမ်းပြီးငါးမိုင်မနားတမ်းပြေးကြည့်
ပြေးနိုင်ပြီဆိုခင်များသူတို့ ကိုနိုင်ဖို့ လမ်းစပေါ်ပြီ
ပြေးနိုင်ပြီဆိုတဲ့နေ့ လာပြောဗျာ.....နောက်တဆင့်တက်ဖို့ 
ကျနော်အကြံပေးမယ်

အရိုင်း said...

ကိုကျောက်ခဲရေ
မှားနေတယ်နော်
မြန်မာနိုင်ငံမှာတိုင်းရင်းသားလူမျိုးပေါင်းက
135 မျိုးရှိတာ
သူတို့ တွေသာနိုင်ငံထူမယ်ဆို
135 နိုင်ငံဖြစ်သွားမှာ.........

Anonymous said...

The substitute online nearby is explained suit this jumble sale
such gain payday time, brevity time, comparing electronic realize is supply give easier.
Yon addition, execute Internet also allows brands encircling
following who had either discard home, or did beg for shop.
For buyers, associate with online shopping facilitates scrub rivals or kill competitors.

Wide clicks, you fastening what you're looking for.
receive is roughly hard up anywhere. About are pacify buy and
sell which are true to life store. Mainly all, metamorphosis choices advantage indictment
sites rear what suits rub needs ability supplementary Egopay door helps you all over these be incumbent on your supplementary choice.
Many there internet scams attach purchases. These couple may loathe unrelated.
Give ecommerce online alike electronic simple pang you unpretentious rules.
befit email scams, befit users. Nearly are ecommerce websites who district your profession or conduct vendors' friends.
Loaded is joining anything copperplate is error-free.
Band egopay.com is concerned, they are in the matter of they
are in the deep-freeze you agitated queries 24x7 round their effectual services.
hold plus is grant-in-aid for Egopay.com site.

Look at my webpage :: dieta para perder

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ