Oct 16, 2011

ဘာကြောင့် နိုင်ငံတပ်မတော်က ကျောင်းသားတွေကို cover လုပ်ပြီး မင်းတို့ကို တိုက်ရမှာလဲကွ ။


 ယခင် ပထမ အပတ်က ဖော်ပြပါနေရာမှနေရ်ျ

မြန်မာအစိုးရတပ်ကကျောင်း သားများကိုကျည်ကွယ် ပြုပြီး KIAကို တိုက်

ခေါင်းစဉ်ဖြင့် ရေးသားထားမှုကို ပြန်လည်ကန့်လန့်တိုက်လိုက်ပါသည်။
တပ်မတော်သည် စတင်ဖွဲ့စည်းကတည်းက ယခုအချိန်ထိ စည်းကမ်းနှင့်စိတ်ဓါတ် ကိုအခြေခံသော တပ်မတော်ပင်ဖြစ်သည်။နိုင်ငံတကာတွင်ရှိသော တပ်မတော် များသည်လည်း ယခုကဲ့သို့ပဲ ဖြစ်သည်။
တပ်မတော်ဟူသည် အမိမြေ(တချို့နိုင်ငံများတွင် အဖမြေ ဟူ ခေါ်ကြသည်)နှင့် ပြည်သူလူထုအား ကာကွယ်သောစောင့်ရှောက်သော တခုတည်းသောနိုင်ငံပိုင် လက်နက်ကိုင်ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည်။
နိုင်ငံတနိုင်ငံတွင် တပ်မတော် တစ်ခုသာရှိသည်။ရှိရမည်။ရှိကိုရှိရမည်။ထိုသို့နိုင်ငံပိုင်၊ပြည်သူပိုင်တရားဝင် ကာကွယ်ရေးတပ်ဖွဲ့ နှင့်အပြိုင် တရားမ၀င် လက်နက်ကိုင်အဖွဲ့အစည်းရှိလာလျှင်၊ထိုအဖွဲ့သည် နိုင်ငံနှင့်လူမျိုးအတွက် အန္တရာယ် ပေးနိုင်သည်ဟု တပ်မတော်မှ ဆုံးဖြတ်လျှင် အလိုအလျှောက် ထိုအဖွဲ့ အစည်းသည် သောင်းကျန်သူ (black list)ပင်ဖြစ်သည်။ထိုအဖွဲ့ အားချေမှုန်းရန်တာဝန်ရှိသူမှာလည်း နိုင်ငံတပ်မတော်ပင်ဖြစ်သည်။ဆိုခဲ့သည့်အတိုင်း နိုင်ငံတပ်မတော်သည် ပြည်သူတပ်မတော်ဖြစ်သည်။ထိုပြည်သူတပ်မတော်မှ နိုင်ငံကာကွယ်ရေးအတွက် ကျန် လက်နက်ကိုင်
သောင်းကျန်းသူများအားတိုက်ခိုက်သည်ဟုဆိုလျှင် ပြည်သူလုထုတရပ်လုံးကတိုက်ခိုက်သည့်သဘောပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား မည်သူများလိုလားနေပါသနည်း။
မြန်မာနိုင်ငံလောက် သမိုင်းတွင် များပြားသော လက်နက်ကိုင်သူပုန်များ ၊ များပြားသော ပါတီများ မည်သည့်နိုင်ငံသမိုင်းတွင်ရှာတွေ့နိုင်ပါသနည်း။
စစ် ဟူသည် နိုင်ငံရေး သံတမာန်ရေးနည်း တိုစသည့် ဖြင့် ဖြေရှင်းနိုင်သည့် အရာအားလုံးနှင့် မရတော့သည့်နောက်ပိုင်းတွင်မှ မလွှဲမသွေ ဖြေရှင်းရမည့် နည်းဖြစ်သည်။
စစ်ဖြစ်လာရင်အရင်ဆုံးကျဆုံးသူကား အမှန်တရား ဟူသောဆိုရိုးရှိသော်လည်း
ထိုစကားဆိုလိုရင်းမှာ စစ်ဟူသည်လည့်ဖျားရ်ျတိုက်ရခြင်း ဟူသော စကား၏ ဆင်တူ ပင်ဖြစ်သည်
သို့သော် ယခုအခါ နှစ်ဦးနှစ်ဘက် တိုက်ပွဲဝင်သူတို့၏ လှည့်ဖျားတိုက်နေရခြင်းထက်
တိုက်ပွဲမ၀င် /တိုက်ပွဲမ၀င်ရဲသူ တို့၏ လှည့်ဖျားမှုများကား အော့နှလုံးနာစရာကောင်းလှပါသည်


ယခုလပထမပတ်က  ခေါင်းစဉ်ပါဖြစ်စဉ်သည် လူ့ုအခွင့်အရေးချိုးဖောက်မှုဖြင့် ၊ နိုင်ငံတကာ၏ အသနားခံမှု တို့ကို
ရယူလိုသောကြောင့် စကားကြီးစကားကျယ်သုံးထားသော သတင်း/အတင်း တစ်ပုဒ်ဖြစ်သည်ဟု မောင်ကျောက်ခဲမှ
ဆိုလိုက်ချင်သည်။
မောင်ကျောက်ခဲ အနည်းငယ်ထပ်မံရှင်းပြချင်ပါသည်။
စစ်တိုက်ရာတွင် ခံစစ်တည်ဆောက်ရ်ျ စစ်ပြင်ရသကဲသို့ ထိုသို့ ခံစစ်အား တိုက်ခိုက်ခြင်း
ရန်သူလာရာအားချူံခိုခြင်း တို့စသည်ဖြင့် စစ်တိုက်နည်းဗျူဟာများရှိသည်ကို လူတိုင်းသိရှိပါသည်။
ချူံခိုတိုက်ရာတွင်
၁၊ အမြန်တိုက်(ရန်သူအား)
၂၊အမြန်ကောက်(ရန့်သူလက်နက် ။ ပစ္စည်း စသည်)
၃၊အမြန်ဆုတ်(ပျာယာခတ်သွားသော ရန်သူသည် ပြန်လည်စုစည်းပြီး ပြန်မတိုက်မီ)

                         စသည်ဖြင့် နည်းနာနိသယ ရှိသကဲ့သို့

ခံစစ်ပြင်ဆင်ထားသော စခန်းတခုအား တိုက်ရာတွင် လည်းမိမိဘက်မှ အသာစီးရရန် ထိုစခန်းအားမည်သို့ ရယူရမည်ဟူသော အချက်ကို ဦးစားပေး စဉ်းစားသည်မှာ စစ်တိုက်ဖူးသူတိုင်း
နားလည်တတ်မြောက်ကြပါသည်။ခံစစ် မည်သို့ပြင်ဆင်ရသည်။တိုက်စစ်မည်သို့ပြင်ဆင်ရသည်ကို စစ်ဘက်အသူံးအနှူံးဖြင့် အသေးစိတ်ရေးရန်
မသင့်လျှော်သောကြောင့် နားလည်အောင် ရှင်းပြပါမည်။
ယခုလ ပထမအပတ်က အထက်တွင် ဖော်ပြထားသော မြန်မာစစ်တပ်က ကျောင်းသားများကိုအကာအကွယ်ယူရ်ျ KIA ကိုတိုက် ခေါင်းစဉ်နှင့်ပတ်သတ်ရ်ျ
ဖြစ်စဉ်အသေးစိတ်အား ထိုဒေသတွင် အခြေပြုလှူပ်ရျားသော စစ်ဗျူဟာရုံးခွဲအား ဆက်သွယ်ရာ စစ်ရေးသတင်းများအပြင်သို့ မေ၇ာက်စေရန် ပြောကြားခွင့်မပြုဟု တပ်မတော်မှ(ဗိုလ်ကြီး)အဆင့်ရှိ့အရာရှိတစ်ယောက်က
ပြန်လည်တုံပြန်ပြောကြားပါသည်။
မောင်ကျောက်ခဲထိုဒေသတွင်တိုက်ပွဲမ၀င်ဖူးပါ။သို့သော် ချင့်ချိန်နိုင်သည်။မှန်းဆနိုင်သည်။တွက်ချက်ရှင်းပြနိုင်သည်။ကျွန်တော် တွေးတော့ဆုံးဖြတ်မှုသည် ရာခိုင်နူန်းနီးပါးမျှ-အတိအကျဆိုရပါမှု(၉၉.၅၀ %)မှန်ကန်ကြောင်း ပြောရဲပါသည်။
ခံစစ်ပြင်ဆင်ထားသော စခန်းတခုအား တိုက်ရာတွင် လည်းမိမိဘက်မှ အသာစီးရရန် ထိုစခန်းအားမည်သို့ ရယူရမည်ဟူသော အချက်ကို ဦးစားပေး စဉ်းစားသည် ဟု အထက်တွင်ပြောခဲ့ပါသည်။
ထိုခေါင်းစဉ်၏အောက်တွင်မရေတွက်နိုင်သော ခေါင်းစဉ်ငယ်လေးများစွာရှိနေသည်။
မည်သို့တိုက်မည်နည်း။မည်မျှအင်အားနှင့်တိုက်ရမည်နည်.။မည်သည့်လက်နက်များဖြင့်တိုက်ရမည်နည်း။ရန်သူသည်မည်သို့ပြန်လည် ရင်ဆိုင်မည်နည်း။အကယ်ရ်ျ သိမ်းပိုက်နိုင်ခဲ့သော်--သို့မဟုတ်-မသိမ်းပိုက်နိုင်ခဲ့သော်..
စသည်ဖြင့် များစွာ စဉ်းစားဆုံးဖြတ်ရသည့်တိုက်ပွဲဝင်ခေါင်းဆောင်၏ ခေါင်းမှာ မီးတောက်မတတ်ပူထူနေတတ်သည်။တဖန် အထက်နှင့် အချင်းချင်းနှင့် လက်အောက်စစ်သည်တို့ နှင့် ညှိနိုင်းရပြန်သည်။ထိုသို့အဖက်ဖက်မှ ထောက်ပြသော လက်မခံသော လက်ခံသော အချက်များတဖန်ပေါင်းစပ်ရ်ျ စဉ်းစားပုံဖော်ယူရပြန်သည်။
ထို့နောက် ရန်သူသည် ၄င်းတို့ စခန်းအား မည်သည့်အချိန်တွင် စောင့်ကြည့်မှု ထိန်းသိမ်းမှု အားနည်းသနည်း။
မည်သည့်အချိန်တွင် ၀င်ရောက်တိုက်ခိုက်နိုင်သနည်း။စသည့်အချက်ကို ဦးစားပေးစဉ်းစားရသည်.။
စုဆောင်းသောအချက်အလက်များအရ ရန်သူ သည်(*)အချိန်တွင်ပေါ့လျော့သည် ဟုတွေ့ရှိလျှင်ထိုအချိန်တွင်မလွဲမသွေ တိုက်မည် ဖြစ်သည်။
မိမိဘက်က ရန်သူအား ထိုအချိန်တွင်တိုက်ယူရ်ျရနိုင်သည်ဟု သေချာသည်နှင့် (H-HOUR)သတ်မှတ်လိုက်သည်။
[ ဒုတိယအချက်အနေဖြင့်  ကျယ်ပြန့်သော စစ်မြေပြင်တွင် တပ်ပေါင်းများစွာပါဝင်ရ်ျ တိုက်နေရသောအချိန်တွင် မည်သည့်တပ်က မည်သည့်နေရာကို မည်သည့်အချိန်တွင်း တိုက်ခိုက် /သိမ်းပိုက် /နေရာယူ/ဆုတ်ခွါ ရမည် စသည်ဖြင့် နယ်မြေဒေသကြီးတခုလုံးအလိုက် ကွင်းဆက်မိမိ တိုက်ကွက်ဖော်နိုင်ရန် အချိန် -နေ့ရက်-သတ်မှတ်ပေးလိုက်သည်။ထိုအခါ ထိုအချိန်မှ မိမိ မလှုပ်ရှားလျှင် ကျန်နယ်မြေတွင် လှုပ်ရှားနေသော စစ်ကြောင်းများ တပ်ဖွဲ့များ ကမောက်ကမ ဖြစ်နေတော့မည်။ထို့ကြောင့် ကျောင်းဆင်းချိန် ဖြစ်သည့် ၃နာရီနောက်ပိုင်းတွင် မိမိတို့စစ်ဆင်ရေးစမည့်အချိန် (h-hour)ရောက်ရှိလာရသည်ဖြစ်မည်။] 
ထိုအချိန်အတိ စခန်းအားတိုက်ခိုက်ရမည်။သို့မဟုတ် ရန်သူစခန်းမည်သည့်နေရာအထိတတ်ရောက်ပြီးဖြစ်ရမည်။ယင်းအချက်ကိုစစ်သားတိုင်းနားလည်ပြီးဖြစ်သည်။
ယခုဖြစ်စဉ်သည် KIA သည် ညနေ ၃ နာရီမှနေရ်ျ ညနေ ၆ နာရီနေမ၀င်ခင်အထိ စပ်ကြား ပေါ့လျော့မှု အမြဲရှိနေတတ်သည်ကို တပ်မတော်မှ စုံစမ်းသိရှိပြီး ဖြစ်နေလိမ့်မည်။ထို့ကြောင့်၎င်းတို့ အားနည်းသည့်အချိန် အားလှော့သည့်အပိုင်းအား H-HOUR)နဂိုကတည်းက သတ်မှတ်ပြီးဖြစ်လိမ့်မည်။(D-DAY)တိုက်ပွဲဝင် ရမည့်ရက်သည် သာမာန်ပေါ့လျော့နေသည်ထက် ပိုရ်ျလျှော့နေနိုင်သည်ဟု ယူဆရ်ျ တိုက်ခြင်းဖြစ်သည်။
ကျောင်းသားများအားအဘယ့်ကြောင့်
ကာကွယ်ယူရမည်နည်း။စစ်စည်းကမ်းအပြည့်အ၀ဖြင့်တည်ဆောက်ထားသော ပြည်သူ့တပ်မတော်ဖြစ်သည်။တယောက်ရှိလျှင် တယောက်နှင့်တိုက်သည်။KIAကဲ့သို့ ဒုက္ခသည်အား ရဲဘော်အဖြစ်မစေခိုင်းပါ။ကျောင်းဆင်းလာသောကျောင်းသားများအားအကာအကွယ်ယူသည်ဆိုခြင်းမှာ တပ်မတော်သားများ အတွက် ရီရသောဟာသတပုဒ်ဖြစ်သည်။
ယခုလိုင်ဇာအားလူသားတံတိုင်းဖြင့်ကာရံထားသည်မှာ မည်သူတို့ နည်း။ပြည်သူတို့နေထိုင်ရာအေးချမ်းသော နယ်မြေတွင်ဗုံးကွဲအောင်ပြုလုပ်သည်မှာ မည်သူတို့နည်း။အကယ်ရ်ျ သတင်းဌာနမျာကပြောသည့်အတိုင်းတိုက်ပွဲစချိန်သည်ကျောင်းဆင်းချိန်ဖြစ်သည်မှာသေချာပါက အချိန်တိုက်သွားသည်မှာ တိုက်ဆိုင်မှု သက်သက် ဖြစ်ပေလိမ့်မည်။သို့မဟုတ် ကျောင်းဆင်းလာသော ကျောင်းသားများအတွက် အန္တရာယ် ကင်းသည်ဟု ယတိပြတ် ဆုံးဖြတ်မှုမှန်ကန်သည်ဟု တွက်ချက်ထားမှုကြောင့်ဖြစ်နိုင်သည်။
ကြည့်ပါ။မည်သည့်ကျောင်းသား ထိခိုက်ဒဏ်ရာရပါသနည်း။ထိုတိုက်ပွဲစဉ်တွင် ယင်းကျောင်းသားများအား ငဲ့ကွက်ရ်ျ တိုက်ပွဲတွင် ယခင်စီစဉ်ထားသည့်အတိုင်း စီမံချက်များနှင့် လွှဲရ်ျ ချက်ချင်း အစီအမံပြောင်းကာ တိုက်ရကောင်းတိုက်သွားရပေမည်။ထို့ကြောင့် KIAသည် အချိန်ရသွားသောကြောင့် လူအင်အားလက်နက်အင်အား ပြန်လည်ဖြည့်တင်းကာ ၄င်းတို့စခန်းအား ကာကွယ်သွားနိုင်ရ်ျ တိုက်ပွဲချိန်ကြာမြင့်သွားသည်ဖြစ်သည်။အကယ်ရ်ျ ထိုနေ့က ကျောင်းသားများသာကျောင်းဆင်းချိန်မဟုတ်ဆိုလျှင် ယင်းစခန်းသည် တပ်မတော်လက်အောက်ကျရောက်လာမည်သာဖြစ်သည်။ထိုသို့တိုက်ပွဲ စချိန်တွင်ကျောင်းဆင်းချိန်ဖြစ်သဖြင့် ကျောင်းသားများအား ငဲ့ကွက်ရ်ျတိုက်ပွဲအရှိန် လျှော့လိုက်ခြင်း၊တခြားအစီအစဉ်ဖြင့် နဂိုလမ်းကြောင်းမှသွေဖယ်ကာ နောက်တမျိုးဖြင့်စီစဉ်ကာတိုက်လိုက်ရခြင်း ဖြစ်ပေမည်။ထို့အတွက် ကျောင်းသားများတိုက်ပွဲကြားထဲညှပ်သွားပါသလား။ထိခိုက်ဒဏ်ရာကြေသူရှိသွားပါသလား။
စဉ်းစားကြည့်ပါ။ကျောင်းသားများအားအကာအကွယ်ယူရ်ျတိုက်လျှင် ကေအိုင်အေကရောပြန်မပစ်တော့ဘူးလား။ယခုပြန်ပစ်နေသည်။ပြန်ပစ်လျှင်-တပ်မတော်ကလည်းထပ်မ့ပစ်လျှင် ကျောင်းသားများ ထိခိုက်သွားမှာအမှန်ပင်။
သတင်းဌာနများကလည်း ငါ့စကားနွားရ ပြောနေခြင်းမှာလွန်စွာ ရှက်ဖို့ကောင်းလှသည်။(ဥရောပရုပ်ရှင်ကားများထဲကလို)မျက်နှာအားဆေးဆိုးပန်းရိုက်ကာ လူကိုယ်မူနွဲ့ ပြီး တဖက်လူအားလိင်ဆက်ဆံရန်ဆွဲဆောင်ကာ ဖက်ရမ်းနမ်းရှူပ်ပြိးသကာလ ခါးပိုက်နိုက်တတ်သော လမ်းလျှောက် ပြည့်တန်ဆာမ ကြီးနဲ့တူလှသည့်သတင်းဌာနများပါတကား။
ကေအိုင်အေ အပေါင်းအပါသတင်းဌာနများအနေဖြင့် ရှိသည်ထက်ပိုသော ၊ဖြစ်သည်ထက်ပိုသော၊သတင်းများ ၊
ကိန်းဂဏာန်းများဖြင့် ရွှီးဖြန်းနေသည်မှာ ကိုယ်ပိုင် စဉ်းစားဥာဏ်ရှိသော ပြည်သူများ မြန်မာနိုင်ငံသားများ သိရှိကုန်ပြီဖြစ်သည်။အဘယ့်ကြောင့် ကေအိုင်အေသည် ဆက်လက်ရ်ျ သင်တို့ ဘက်တွင်ထောက်ခံမှုမရှိသော စစ်ကို သင်တို့ အရူံးခံတိုက်နေသနည်းဟု မေးချင်ပါသည်။သင်တို့ ကြောင့်နိုင်ငံတော်သွားနေသောလမ်းသည် ဆူးခလုတ် များ သင့်ကြောင့်ပေါ်လာသည်။ရှင်းလင်းနေရသည်မှာအချိန်လင့်နေပြီ။အမေဗိုက်ကတည်းက ကန့်လန့် မွေးလာသူများမို့ ကန့်လန့်တိုက်နေသော အကျင့်ပါလာလေသလား။မြန်မာသမိုင်းအတွက်
သင်တို့ သည် ရှက်ဖွယ်ကောင်းလှသော ၊ ပြည်ထောင်စုနိုင်ငံသားမပီသသော ၊ သင်တို့ ၏ဆွေစဉ်မျိုးဆက်အား နာမည်ဖျက်ခဲံ့သော သူများပါတကား။
မောင်ကျောက်ခဲ ယခုလိုရေးသားရခြင်း၏ ဆိုလိုရင်းမှာ အထက်ပါ မြန်မာစစ်တပ်က ကျောင်းသားများကိုအကာအကွယ်ယူရ်ျ KIA ကိုတိုက်  သတင်းသည် တပ်မတော်အား ထောက်ခံသော ပြည်သူများ ကိုအမြင်လွှဲမှားစေလိုရ်ျလည်းကောင်း ၊ နိုင်ငံတကာ ၏ သနားကြင်နာမှုရယူလိုသောကြောင့်လည်းကောင်း ပြုလုပ်ပြောဆိုသော
ထွင်လုံး တစ်ခူ ၊ တမင်တကာ ကြံဖန်လီဆယ်မှု(အမှန် ၁ %  +အမှား ၉၉ % )ပြုလုပ်ခြင်းသာဖြစ်ကြောင်း ပြန်လည် တုံပြန်ပြောကြားလိုက်ပါသည်။

Print Friendly and PDF

11 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မိုက်တယ်..စစ်သတင်းလေးတွေ ထပ်သိချင်တယ်

Anonymous said...

KLA ကို ၁၂၂မမ အမြောက်ကြီးနဲ့ ထု၇မှာဗျ...

Anonymous said...

အပေါ်ကလူ... KLA မဟုတ်.. KIA ဗျ... !
KIA က ကောင်တွေခြေကုပ်ယူထားတဲ့ စခန်းတွေအားလုံး လေတပ်ကပါ ဗုံးကြဲလိုက်ရင် သိပ်ကောင်းမယ်...

Anonymous said...

I can provide every weapons.

Anonymous said...

တံမြက်စည်းလှည်းလိုက်ဗျို့ အဲဒီတစ်ဝိုက်ကို..အဲဒါမှနားအေးမယ်..။

Anonymous said...

ဟားဟား အခုတော့ KIA က ဖင်ချတာကြည်းခံနေရတာက မြန်မာ့စစ်တပ် ( Dead Government ) ပါဗျ --------------- ဖင်ခံသောမြန်မာ့စစ်တပ်

Anonymous said...

ုKIA နိုင်တယ်ပြောပြီးပျော်ရွှင်လဘောကျနေတာ့မင်းကရော်ဖင်ချခံနေလို့အချင်းချင်းသိနေတာလား။ မင်းကပြည်ပရောက်မြန်မာလားပြည်တွင်းမြန်မာလားတော့ငါမသိဘူး။ အေးမင်းလဘောကျနေတဲ့ကောင်တွေနိုင်ရင်ပြည်တွင်းကိုKIA အဖျတ်သမားတွေဝင်လာမယ်ဒါဆိုမင်းအမေအမနှမတွေဖင်ချခံရမှာမင်းစဉ်းစားမိလားစစ်တပ်ကိုဘာလုပလုပ်အကောင်းမမြင်နိုင်ဘဲဖင်ပိတ်ဝေဖန်နေတာKIA ကမင်းဖင်ဆို့ထားလို့လား။နေရတိုင်းမှာသူများပါးစပ်ဖျားလမ်းမဆုံးနဲ့ကွကိုယ်တိုင်သိအောင်ကျိုးစားပြီးမှပြောပါ။စစ်သားဆိုတာပြည်တွင်းငြိမ်းချမ်းဘို့အသေခံတိုက်ပေးနေတာလောက်တော့မင်းစဉ်းစားတက်မှာပါ။

Anonymous said...

နိုင်ငံရဲ့ ဆူးညှောင်ခလုတ်၊ ရန်များကို အမြန်ဆုံး တိုက်ခိုက်အောင်မြင်နိုင်ပါစေ။
ပြည်ချစ်သား၊

Anonymous said...

ဘယ်ဘက်မှ ကောင်းတာမဟုတ်ဘူး ... နှစ်ဖက်စလုံး သူတို့လိုဘ အတွက်သူတို့ တိုက်နေကြတာ။ စစ်တပ်ဆိုတာ ပြည်သူတွေရဲ့ အချစ်တော် ရင်နှစ်သည်းခြာ ဘ၀ကနေ ချဉ်ဖတ်ဖြစ်သွားခဲ့တာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပီးကတည်းကပဲ။ ကေအိုင်အေ ဆိုတာကလည်း သူ့တိုင်းရင်းသားတွေကို လည်ပင်းညှစ်နေတဲ့ကောင်တွေ။ သေလေ... ဒါပေမယ့် ဒေသခံတိုင်းရင်းသားတွေကို အရင် ဘေးလွတ်ရာကို ပြောင်းဖို့အချိန်ပေးလိုက်ပါ။ ပီးမှ မင်းတို့ဖာသာမင်းတို့ သေသေကျေကျေ ဘာမှဝင်မစွက်ဘူး။ ငါတို့တွေက ပြည်သူတွေ စစ်သားတွေမဟုတ်သလို ကေအိုင်အေလည်းမဟုတ်ဘူး။

မမ said...

မိုးတွေကလဲ မစဲပဲရွာသွန်းတယ် .... မြစ်ချောင်း အင်းအိုင်ရေတွေပြည့်လို့ ငါတို့တိုက်ရတယ် ... သေပါစေလဲ မကြောက်ပါ ရဲစွမ်းပြနေမယ် .... ...... ငါတို့ စစ်သားရယ် ....

မမတို့ နိုင်ငံနဲ့ မမတို့ လူမျိုးအတွက် တောထဲတောင်ထဲသွားပြီး တိုက်ပွဲတွေ ဆင်နွှဲနေကြရတဲ့ တပ်မတော်မှ အရာရှိ၊ စစ်သည် အားလုံးကို လေးစားလျှက်

Anonymous said...

မင်းကဘာလဲ။ဘယ်ကလဲ။မင်လဲနိုင်ငံသားတစ်ယောက်ပဲကွ။မင်းတစ်နေ့စစ်မှုထမ်းဘူးတဲ့အခါစစ်သားတစ်ယောက်ရဲ့ဘ၀နဲ့အလုပ်ကိုသိလိမ့်မယ်။သေချာတာက မင်းသာစစ်မှုထမ်းဘူးရင်ဒီစကားမျိုးမင်းပြောမှာမဟုတ်ဘူး။မင်းတစ်နေ့သိလာမှာပါကွာ.

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ