Aug 27, 2013

ခွင့်ပြုချက်မရရှိဘဲ သတင်းထောက်တွေ စီတန်းလှည့်လည်ကြပြန်ပြီ

၂၀၁၃ခုနှစ်သြဂုတ်လ၂၇ရက်နေ့ နေ့လည်(၂း၅)မိနစ်အချိန်တွင် စမ်းချောင်းမြို့နယ် ရှင်စောပုရပ်ကွက် ပြည်လမ်းနှင့်စမ်းချောင်းလမ်းထိပ်ရှိ လောကနတ် လဘက်ရည်ဆိုင်တွင်စုရပ်ထာရှိပြီး တင်ထွဋ်ပိုင်(Generation Youth)၊လှိုင်မင်းအောင်(G.W)၊စည်သူ(G.Y)၊ကျော်သူ(G.Y)၊ ဒီမိုကရေစီအင်အားစုမှ နီလာဟန်၊ သန်းဆွေ၊ မ၀င်းမော်ဦး(မရမ်ကုန်း(NLD) ၊ကျော်နေ၀င်း(အလုံNLDဟောင်း) ဦးဘမြင့်(အလုံNLDဟောင်း) သန်းလွင်ဦး(စမ်းချောင်းNLD)  ကျော်လင်းနိုင်(ရခိုင်အမျိုးသားကွန်ယက်)၊မသွယ်သွင်(နိုင်/ကျဉ်း)၊ ၊ဒေါ်ဝါ၀ါမြင့်(စမ်းချောင်းNLD) ပါဆန္ဒပြသူဦးရေ(၆၀)ခန့်နှင့်(DVB)၊(7Days)(AP)(ဧရာဝတီ)(ရွှေနိုင်ငံသစ်)(RFA)(Reporter) (ရှေ့ဆောင်)စသောမီဒီယာများမှသတင်းထောက်(၂၀)ဦးခန့်စုစုပေါင်း(၈၀)ဦးခန့်သည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပုဒ်မ(၁၈)ဖျက်သိမ်းရေး ရည်ရွယ်ချက်ဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း၊
ဆန္ဒပြရာတွင်(၃x၂)ပေရှိ ကတ်ထူစက္ကူ အဖြူပေါ်တွင် လက်ရေးဖြင့်ရေးသားထားသောဆိုင်းဘုတ်(၈)ခုကို ကိုင်ဆောင်ကြွေးကြော်ပြီးပြည်လမ်းအတိုင်းရှင်စောပုမိးပွိုင့်ဘက်သို့ ဦးတည် လမ်းလျှောက်ခဲ့ရာ(၁၄း၇)နာရီအချိန်တွင် စမ်းချောင်းလမ်းထိပ်တွင် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးမှ တရားဝင်ခွင့်ပြုချက်ရယူပြီးမှဆောင်ရွက်ရန်ပြောဆိုတားမြစ်ခဲ့ရာ ကျော်နေ၀င်း (အလုံNLDဟောင်း)၊တင်ထွဋ်ပိုင်(Generation Youth)တို့မှ ဖွဲ့စည်းပုံအခြေခံသပဒေမှာပါတဲ့ ပုဒ်မ(၅၄)၊ပုဒ်မ၉၇(ခ)မှာဆိုလျှင်နည်းဥပဒေဟာဖွဲ့စည်းပုံအခြေခံဥပဒေထက်ကျော်လွန်ပြီးလုပ် ဆောင်မရပါဘူးဟုဆိုကာပုဒ်မ(၁၈)ဖျက်သိမ်းရေး(ဒို့အရေး)၂၊ပြည်သူကိုအကျိုးမပြုသော ဥပဒေများ(အလိုမရှိ)၂နိုင်ငံသားအခွင့်အရေးနှင့်လူ့အခွင့်အရေးလေးစားလိုက်နာရေး(ဒို့အရေး)၂ ဖွဲ့စည်းပုံအခြေခံဥပဒေ(၃၅၄)နဲ့အညီလုပ်ဆောင်နေတာဖြစ်တယ်၊တရားဥပဒေစိုးမိုးရေး (ဒို့အရေး)၂၊နော်အုံးလှအပါအ၀င်ပုဒ်မ(၁၈)ဖြင့်မတရားဖမ်းဆီးခ့ရသူများလွှတ်ပေးရေး (ဒို့အရေး)၂စသည့်ကြွေးကြော်သံများကိုကြွေးကြော်ခဲ့ကြပြီးမြို့တော်ခန်းမရှေ့မှလူစုခွဲသွားကြပါတယ် ။
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ