ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ Plum & Spring Resoot
ဟိုတယ်၌ ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Vijay
Naveiya နှင့် ရှမ်းမျိုးနွယ်စုယဉ်ကျေးမှု ကော်မတီအဖွဲ့ ၀င်များနှင့် သြဂုတ်
၂၇ ရက်နေ့ ညနေ ၅ နာရီခွဲမှ ၆ နာရီ ၅၅ မိနစ်ထိ တွေ့ဆုံခဲ့ကြောင်း
သိရှိရသည်။
ထိုသို့တွေ့ဆုံရာတွင် ရှမ်းမျိုးစုယဉ်ကျေးမှုကော်မတီဝင် ဦးစိုင်းထိန်လင်းမှ Mr.Vijay Naveiya ထံ ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူများသည် ကချင်ပြည်နယ်အတွင်းရှိ လမ်း/ တံတား အစင်းပေါင်း ၂၀၀ ကျော်အား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းနှင့် ရထားလမ်းဖောက်ခွဲဖျက်ဆီးမှု အခြေအနေများအား တင်ပြခဲ့ကြောင်း သိရသည်။
Mr.Vijay Naveiya က အဆိုပါ လုပ်ရပ်များအား လုံးဝမသိရှိခဲ့ပါကြောင်း ၊
ယခုလိုတင်ပြမှသာသိရှိရခြင်း ဖြစ်ကြောင်း ပြန်လည်ပြောကြားသွားခဲ့သည်ဟု
သိရှိရသည်။
ဦးစိုင်းထိန်လင်းမှ ဒုက္ခသည်စခန်းများတွင် ကချင်လူမျိုးရွှေ့ပြောင်းမိသားစု များသာ အများစုနေထိုင်ကြပြီး၊ ကူညီထောက်ပံ့မှုများကို ရယူလက်ခံရန် ရှက်ရွံ့ကြသည့်အတွက် ရှမ်းလူမျိုးရွှေ့ပြောင်းမိသားစု များသည် ရပ်ဆွေ/ ရပ်မျိုးများ၏
နေအိမ်များနှင့် ရှမ်းဘုန်းတော်ကြီးကျောင်းများတွင်သာ နေထိုင်ကြကြောင်း
ဆက်လက်တင်ပြခဲ့ရာ Mr.Vijay Naveiya က ၎င်းအနေဖြင့် လေ့လာမှုအားနည်းခြင်းကြောင့်
ယူခုကိစ္စရပ်များ အား ပြန်လည်တင်ပြမှသာ သိရှိရ၍
ပြန်လည်တောင်းပန်သွားခဲ့ကြောင်း သိရှိရသည်။
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်) မှ Mr.Vijay Naveiya ထံသို့
သြဂုတ် ၂၇ ရက်နေ့ ရက်စွဲဖြင့် ကချင်ပြည်နယ်အတွင်းရှိ
ရှမ်းတိုင်းရင်းသားများ၏ သဘောထားအမြင်အားတင်ပြခဲ့ကြောင်း ၊
ယင်းသဘောထား အမြင်တွင် KIA အဖွဲ့၏ အဖျက်လုပ်ငန်း ပြုလုပ်နေမှုများ
ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများနှင့် ပတ်သက်၍
ရှမ်းလူမျိုးများသည် ငြိမ်းချမ်းရေးကို ပို၍ လိုချင်သူများဖြစ် ကြောင်း၊
KIO/ KIA တို့သည်
ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများအားလုံးကို ကိုယ်စားမပြုနိုင်ဘဲ
ကချင် လူမျိုးများသီးသန့် လွတ်မြောက်ရေးအတွက်သာ ကြိုးပမ်းနေခြင်းဖြစ်သည်ကို
၎င်းတို့၏ ထုတ်ပြန်ကြေငြာချက် များက သက်သေခံလျက်ရှိကြောင်း
ရေးသားဖော်ပြထားသည်ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်) မှ
တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
စိုင်းလှမြင့်
From:[_ Shan News _]
(မောင်ကျောက်ခဲ အဖွဲ့)
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။