Aug 27, 2013

နိုင်ငံသား ဖြစ်မှသာ နိုင်ငံရေးပါတီ ထောင်ခွင့် ရှိတော့မည်

ယခင် စစ်အစိုးရလက်ထက်က ထုတ်ပြန်ထားခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အခုတော့ ပြင်ဆင်ဖို့ မူကြမ်း ထွက်ပေါ်လာပါပြီ။


အရင်ကတော့ နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံတင် ဥပဒေမှာ အမည်၊ အဘအမည်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင် တွေနဲ့ အတူ “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူ ဖြစ်ခြင်း” ဆိုတဲ့ စကားရပ်တိုင်းမှာ "နိုင်ငံသားဖြစ်ခြင်း" ဆိုတဲ့ စကားရပ် ကို အစား ထိုး ဖြည့်သွင်းထားတာကို ယနေ့ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာမှာ အများပြည်သူလေ့လာနိုင်ဖို့ ဥပဒေမူကြမ်း အဖြစ် ဖော်ပြထားပါတယ်။

ယခင် စစ်အစိုးရလက်ထက်က နိုင်ငံသားမဖြစ်ပဲ ဧည့်နိုင်ငံသားတွေ၊ ယာယီသက်သေခံခွင့် လက်မှတ်ကိုင်ထားသူတွေက နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရခဲ့ကြတာပါ။ အခုတော့ နိုင်ငံသား ဖြစ်သူမှသာ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် ရကြတော့မှာဖြစ်ပါတယ်။
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ