Aug 27, 2013

အရွယ်မရောက်သေးသူအား ကားသမားသုံးဦးဖြင့် ကာမစပ်ယှက်ခိုင်းသူ သုံးဦးကို ဖမ်းဆီးစစ်ဆေး၊ ကျန်ရှိသူအား စုံစမ်းနေ

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွက် ရှုခင်းသာပတ်လမ်းတွင် နေထိုင်သော အသက်(၁၅)နှစ်ခန့် အမျိုးသမီးငယ် တစ်ဦးအား အိမ်နီးနားချင်းပါ သုံးဦးမှ ခေါ်ဆောင်သွားပြီး
ကားသမား သုံးဦးဖြင့် ကာမစပ်ယှက်ခိုင်းသဖြင့် မိခင်ဖြစ်သူက သမီးဖြစ်သူအား သွေးဆောင်၍ အခကြေးငွေဖြင့် ကာမစပ်ယှက်ခိုင်းသူများအား အရေးယူပေးရန် တိုင်တန်းထားသဖြင့် ဒဂုံဆိပ်ကမ်း
မြို့မရဲစခန်းမှ နှစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်တစ်ဦးအား ဖမ်းမိရေး ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွက်၊ ရှုခင်းသာပတ်လမ်းတွင် နေထိုင်သော ဒေါ်သီတာချို၊ ဆိုင်ကယ်မောင်းတစ်ဦးနှင့် အရွှေဝတ်မှုံတို့ သုံးဦးသည် အရွယ် မရောက်သေးသော အသက်(၁၅)ခန့်ရှိ
အမျိုးသမီးငယ် တစ်ဦးအား သြဂုတ်လ ၂၃ရက်နေ့က ခေါ်ဆောင်သွားကာ ပဲခူးမြစ်ကမ်း၊ ကနောင်ကွေ့မှတ်တိုင် အနီးတွင် ရပ်ထားသော နောက်တွဲမပါ ကွန်တိန်နာတင်ယာဉ် ခေါင်းခန်း အတွင်းသို့
ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်းသုံးဦးဖြင့် ကာမစပ်ယှက်ရန် ထားခဲ့ကြောင်း (၂၄)ရက်နေ့ တွင် ပြန်ရောက်လာသော အဆိုပါ မိန်းကလေးထံမှ မိခင်ဖြစ်သူက သိရှိခဲ့ပြီး ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တန်းများ အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းမှ (ပ)၂၉၁/၁၃၊ ပြစ်မှုပုဒ်မ ၃၆၆-က ဖြင့် ယမန်နေ့က အမှုဖွင့်ခဲ့ပြီး အမှုစစ် ဒုရဲအုပ် ဝဏ္ဏမောင်မောင်မှ ဒေါ်သီတာချိုနှင့်တစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်တစ်ဦးအား ဖမ်းဆီးရမိရေး စုံးစမ်းလျက်ရှိကြောင်း သိရသည်။

မြန်မာ့ခေတ်
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Unknown said...

မိတဲ့သူများအား ဖင်(၇)ရက်လိုးပြီးသတ်ပါ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ