Aug 28, 2013

ကျဉ်ဆံလှဆွေတို့များ ကိုယ့်မြေးအရွယ် လောက်တောင် ဦးနှောက် မရှိ


အန်ကယ်ခင်ဗျား။လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ကိုယ့်ခံယူချက်နဲ့ ပြတ်ပြတ်သားသားရပ်တည်ပြီး ဖြေရှင်းတဲ့အတွက် ၀မ်းသာပါတယ်။ အန်ကယ်က ခံယူချက်နဲ့ ဘင်္ဂါလီ White Card ကိုင်ဆောင်ထားသူတွေ ပါတီထောင်ခွင့် ဥပဒေကို ပြုပြင်ဖို့အတွက် ကန့်ကွက်မဲပေးခဲ့တာကို အန်ကယ့်ဘက်က အမြင်ကိုရှင်းထားတာတွေ့ရတာ ကောင်းပါတယ်။ပထမဆုံးအန်ကယ်ဟာ လွှတ်တော်အမတ်တစ်ဦးဖြစ်တယ်ဆိုတာကို အရင် ဆုံးထောက်ပြချင်ပါတယ်။ လွှတ်တော်ထဲမှာရှိတဲ့အန်ကယ့်အနေနဲ့ တာဝန်ယူရမည့် အပိုင်း နဲ့ အကျိုးဆက်ဟာ လွှတ်တော်ပြင်ပမှာရှိတဲ့ သာမန်လူတစ်ဦးတစ်ယောက် ထက်တော့ ပိုတယ်ဆိုတာသေချာပါတယ်။ ဒီကိစ္စမှာ အန်ကယ်သုံးသပ်ရပ်တည်ခဲ့တာဟာ အရမ်းကို ယေဘူယျဆန်လွန်းနေပါတယ်။

အန်ကယ်ကဒီဘင်္ဂါလီအရေးကို ထွက်ပေါက်ပေးဖို့ လမ်းကြောင်းတစ်ခုတည်းရှိတယ်လို့ ယူဆထားပြီး အဲဒီလမ်းကြောင်းကလည်း ဘင်္ဂါလီတွေကို နိုင်ငံသားပေးမှဖြစ်လိမ့်မယ်ဆိုတာမျိုး စဉ်းစားပါတယ်။ ဖြေရှင်းစရာလမ်းကြောင်းရှိတယ်ဆိုတာအမှန်ပါ။ ဒါပေမယ့် ဘင်္ဂါလီတွေကို နိုင်ငံသားအကုန်စုပေးလိုက်ရုံနဲ့ တော့ ပြီး သွားမယ့်ပြဿနာတစ်ခုတော့မဟုတ်ပါဘူး။ ဘူးသီးတောင်
မောင်းတောနေရာတွေမှာ လူဦးရေတိုးတက်လာမှု ဆယ်စုနှစ်အခြေဇယားကိုကြည့်ရင် ဒီလူတွေဟာ နှစ်ရှည်လများဒီမှာ Origin လုပ်ခဲ့သူတွေမဟုတ်ဘူးဆိုတာသိသာပါတယ်။ ရခိုင်လူမျိုးအများစုအခြေအနေကနေ ဘင်္ဂါလီလူမျိုး အများစုအခြေအနေဖြစ်လာတာဟာ တစ်ဖက်ခြမ်းက စိမ့်ဝင်လာခဲ့တဲ့သူတွေ လူဦးရေအင်အားနဲ့ဖိတွန်းလို့ဖြစ်လာတာဆိုတာအသိသာကြီးပါ။ ဒီအတွက်
ဖြေရှင်းတဲ့နေရာမှာ သူတို့ကို နိုင်ငံသားပေးရုံနဲ့ဖြေရှင်းလို့မရဘဲ ဘင်္ဂလားဒေ့ရှ် နဲ့သက်ဆိုင်မှုရှိတဲ့အချက်ကိုပါ ထည့်သွင်းစဉ်းစားရပါလိမ့် မယ်။ 
 


ဒီလိုမဟုတ်ဘဲ နိုင်ငံသားပေးနေမယ်ဆိုရင်တော့ ဘင်္ဂါလီဝင်တာ ကို ထိန်းသိမ်းဖို့နိုင်မယ်တောင်မထင်ပါဘူး။ ပြီးတော့ ဒီကျူးကျော် ၀င်ရောက်နေ သူတွေက အေးအေးဆေးဆေးနေဖို့ထက် အစ္စလာမ်မစ်နိုင်ငံတော်တည်ထောင်ရေးဆိုတာမျိုးတွေ လုပ်နေတယ်ဆိုတာလည်း အန်ကယ်ကြားမိမှာပါ။

အဲလိုအချိန်မှာ လွှတ်တော် တာဝန်ရှိသူအနေနဲ့တောင် တိုင်းရင်းသားတွေဘက်က၊ နိုင်ငံဘက်က အကာအကွယ်တွေမလုပ်ဘူးဆိုရင်၊ အဲဒီနေရာက လူတွေကို လွှတ်တော်ထဲကို ၀င်ရောက်လာခွင့်ပေးမယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ အန္တရာယ် ရှိလာနိုင်မယ့် အနေအထားဖြစ်ပြီး ရခိုင်တွေအတွက် မတရားရာကျပါလိမ့်မယ်။

နောက်တစ်ချက် အန်ကယ့်အနေနဲ့စဉ်းစားရမှာက ၀ှိုက်ကဒ်ကိစ္စကို အတော်ကြီးတောင့် ခံထားလို့သာ နိုင်ငံတကာဖိအားတွေဒီလောက်နည်းနေတာပါ။တကယ်လို့သာ ကျွန်တော်တို့နိုင်ငံဘက်က အလျှော့ပေးလိုက်တာနဲ့ရိုဟင်ဂျာဆိုတဲ့လူမျိုးနဲ့ အတင်းကာရောကြီး ဖိအားပေးလက်ခံခိုင်းမယ့်
သူတွေ အများကြီးစောင့်နေတယ်ဆိုတာလည်း အသိသာကြီးပါ။

ကျွန်တော့်အနေနဲ့က၀ှိုက်ကဒ်ကိုင်ဆောင်ထားသူတွေအကုန်လုံးကိုမျက်စိမှိတ်နှင်ထုတ်ဖို့ဆိုတဲ့အဖြစ်မျိုးပြောနေတာမဟုတ်ပါဘူး။ ၀ှိုက်ကဒ်သမားတွေကို ၈၂ဥပဒေနဲ့ စိစစ်ရပါလိမ့်မယ်။ အဲလိုစိစစ်ပြီး နိုင်ငံသားပေးသင့်တာပေးရမယ်။

ဒါပေမယ့် သေချာတာက ဒီလူသိန်းပေါင်းများစွာလုံးဟာ နိုင်ငံသားဖြစ်ခွင့်မကိုက်ညီပါဘူး။တချို့ဆိုရင် ဗမာစကားတောင် နကန်းတစ်လုံးမတတ်ဘဲ ၀ှိုက်ကဒ်ကိုင်ဆောင်ထားသူတွေရှိပါတယ်။ အန်ကယ်က ဒါကို ဖြေရှင်းရေး ထွက်ပေါက်တစ်ခုအဖြစ်သုံးသပ်ခဲ့တယ်။ ဒါပေမယ့် ၀ှိုက်ကဒ်တွေကို ပါတီ ထူထောင်ခွင့်ပေးခြင်းက နိုင်ငံတော်ကာကွယ်ရေးနဲ့ တိုင်းရင်းသားအရေးကို ပိုမိုအားပျော့လာစေရုံကလွဲလို့ ဘာအတွက်မှအဖြေဖြစ်လာနိုင်မယ်လိုကျွန်တော်တော့မမြင်မိပါဘူး။White Card ဟာ Green Card ရဲ့ အခြေခံဖြစ်နေ ပါစေဦး။ နောက်ဆုံးကုန်ကုန်ပြောရရင် Green Card သမားဆို ရင်တောင်
နိုင်ငံ သားမဟုတ်သေးပါဘူး။ ကျွန်တော်နားလည်တာက Green Card ဟာ  permanent resident သဘောမျိုးနဲ့ပုံစံတူတယ်ထင်ပါတယ်။ ကျွန်တော်သိရသလောက် အမေရိကန်လိုနိုင်ငံမျိုးမှာ PR တွေရှိပါတယ်။ ဒါပေမယ့် သူတို့နိုင်ငံသားဖြစ်ခွင့်မရသမျှ PR တွေတောင်မှ မဲပေးခွင့်မရှိပါဘူး။

အခုက ဥပဒေက ၀ှိုက်ကဒ်ကိုမဲပေးခွင့်တင်မဟုတ်ဘဲ ပါတီထောင် ခွင့်လိုမျိုး ပါ ပေးထားတယ်ဆိုတာဟာ အရမ်းလွန်တယ်လို့ အန်ကယ်မထင်မိဘူးလားခင်ဗျာ။ လူဦးရေပေါက်ကွဲမှုနဲ့ကြုံနေရတဲ့နိုင်ငံကြီးတွေကြားထဲမှာ နေပြီး ၀ှိုက်ကဒ်လိုမျိုးကိုပါတီထောင်ခွင့်ပေးထားမယ်ဆိုရင်တော့ နိုင်ငံသားမဟုတ်တဲ့ပါတီတွေအများကြီးဖြစ်လာနိုင်တဲ့အခြေအနေရှိနေမှာပေါ့ခင်ဗျာ။ နောက်တစ်ချက်က အခုလက်ရှိ လွှတ်တော်ထဲမှာရှိနေတဲ့ အန်ကယ်တို့ပါတီက အမတ်၃ယောက် ဘယ်လောက်မွှေနေလဲဆိုတာလည်း အန်ကယ့်အမြင်ပါ။

ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုတွင်တွင်ကျယ်ကျယ်သုံးပြီး နိုင်ငံခြားရုပ်သံနဲ့အစီအစဉ်မှာ ဘာသာရေးလွတ်လပ်ခွင့်မရှိဘူး ဘာညာနဲ့ပြောသွားတာ အန်ကယ်မမေ့လောက်ပါဘူး။ ကမ္ဘာပေါ်မှာလည်း အတော်ဂယက်ရိုက်ခဲ့ရပါတယ်။ ဒါဆို အန်ကယ်မှန်းတဲ့ အများဆုံး နှစ်ယောက် သုံးယောက်ပဲ ၀င်တာ ပြဿနာမရှိလောက်ပါဘူးဆိုတဲ့ မှန်းချက်က ယုံရခက်နေ ပါ တယ်

နောက်ဆုံးအနေနဲ့ကတော့ အန်ကယ်က တကယ့်အခြေအနေကို ထဲထဲဝင်ဝင်မသုံးသပ်ဘဲ အပေါ်ယံရှပ်သုံးသပ်နေတဲ့အခါမှာ ဘင်္ဂါလီတွေအတွက် ၀ှိုက်ကတ်ပေး၊ ဂရင်းကတ်ပေး၊ ပါတီထောင်ခွင့်ပေးလိုက်မယ်ဆိုတဲ့ ဖြေရှင်းနည်းကြီးက အလုပ်မဖြစ်နိုင်လောက်ဘူးလို့ ကျွန်တော်ထင်ပါ
တယ်။ အန်ကယ့်အနေနဲ့ လွတ်လပ်စွာ ကွဲလွဲနိုင်ပေမယ့် အန်ကယ့်လို လုပ်ပိုင်ခွင့်ရှိသူတစ်ယောက်အနေနဲ့ တိုင်းရင်းသားနဲ့ နိုင်ငံတော်အရေးကို အရင်ဦးစားပေးပြီးမစဉ်းစားဘူးဆိုရင်တော့ ကျွန်တော်တို့နိုင်ငံ အန္တရာယ်ရှိ သလိုခံစားရပါတယ်။ အင်အားမကြီးထွားလာစေသင့်တဲ့အရာကို အင်အားကြီးထွားလာစေခဲ့မိလို့ မှားမှန်းသိတဲ့အချိန် နောင်တရတဲ့အချိန်ပြုပြင်လို့မရတော့မှာကို စိုးမိပါတယ်။
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

မြန်မာ့စေတမန် said...

ပညာရှိသတိဖြစ်ခဲတဲ့ ဒါပေမဲ့ဦးလှဆွေသတိဖြစ်
ခဲတာကတော့အန္တရာယ်ရှိပါတယ် အမျိုးသား
ရေးကိုဘေးဖယ်ထားပြီးအမှန်တရားဘက်ကနေစဉ်းစားကြရ
အောင်ဗျာ အန်ကယ်ဖြေပေးပါ
ရခိုင်ကအိမ်ရှင်လားဘင်္ဂါလီကအိမ်ရှင်လား
အိမ်ရှင်အိမ်ငှားအဆင်မပြေရင်ဘယ်လိုဖြေရှင်းကြသလဲ
စပေါ်ပြန်ပေးပြီးနှင်တာရယ်နှစ်စေ့အောင်စောင့်ပြီးနှင်တာရယ်
ဒါပဲရှိတယ်မဟုတ်ဘူးလား
ကိုယ်နယ်မြေထဲကျူးကျော်နေထိုင်တဲ့တစ်ဘက်နိုင်ငံကလူမျိုး
တစ်မျိုးကိုကိုယ့်သားသမီးတွေနဲ့တန်းတူအခွင့်အရေးပေးရ
မယ်ဆိုတာသဘာဝကျရဲ့လား
ဘယ်သူတွေကိုဘယ်လိုတန်ရာတန်ကြေးပေးပြီးနေခဲ့တယ်
ဆိုရင်တောင်အိမ်ငှားလို့ပဲသတ်မှတ်ရမှာမဟုတ်ဘူးလား
မြန်မာလူမျိုးတွေသူများနိုင်ငံမှာအုပ်စုဖွဲ့ပြီးအိမ်ရှင်နိုင်ငံတွေကို
စော်ကားတာကျေးဇူးကန်းတာလူပါးဝတာကြားဖူးသလား
ကိုယ့်နိုင်ငံမဟုတ်မှန်းသိလျှက်လက်နက်ကိုင်ပုန်ကန်တဲ့
RSOသူပုန်တွေရဲ့လုပ်ရပ်ကကောသဘာဝကျရဲ့လား
မရှင်းလို့မေးပါရစေနော်ကိုယ့်လူမျိုးကချင်သူပုန်ကိုတိုက်ဖို့
အားတက်သရောတိုက်တွန်းခဲ့တဲ့အန်ကယ်ကလူမျိုးခြား
ဘင်္ဂါလီတွေကျမှကာကွယ်ပေးချင်တာကဘာကြောင့်ပါလဲ
တစ်မျိုးတော့မထင်ပါနဲ့အန်ကယ်ရယ်အခုဘင်္ဂါလီတွေကိုကာ
ကွယ်ပြောဆိုပေးတဲ့အတွက်ဒေါ်လာဘယ်လောက်ရပါသလဲ
မြန်မာနိုင်ငံအရှည်တည်တံ့ဖို့အန်ကယ်ဘယ်လောက်ထိစဉ်း
စားဖူးပါသလဲ
နောက်ဆုံးမေးချင်တာကတော့အန်ကယ်ပြည်ထောင်စုကို
တစ်ကယ်ချစ်ရဲ့လားတပ်မတော်သားအရာရှိဟောင်းတစ်
ယောက်ရဲ့မျိုးချစ်စိတ်ကသည်လောက်ပဲလား

Anonymous said...

nld က ကုလားကို နိုင်ငံသားဖြစ်အောင်လုပ်ပေးမယ်တို့ အားနည်းသူများကို
အနိုင်မကျင့်ပါနဲ့တို့ ပြောပြီး ဆွဲဆောင်နေတော့သူကလည်း ကြံ့ဖွံ့ဖက်ကနေပြီး အသေအလဲဆွဲဆောင်နေတာနေမှာပေါ့။ အကျိုးဆက်ကတော့ ဗမာတွေက ကြံ့ဖွံ့ရော nldကိုရောမဲမပေးရုံပေါ့။

Anonymous said...

ဘင်္ဂါလီ ကုလား လူ့အခွင့် အ ရေးနဲ့ တန်လား ။ စီးကမ်း
ရှိ့လား ထားပါ လူထဲက လူတော့လူ ပါပဲ ။ ဒါပေမဲ့ ဗျာ
ဒေါ်စု ပြောနေတဲ့ လူများစုက လူနဲစုကို ညှာတာရမယ်တဲ့
ဗျာ ။ ဟုတ်ပါ ပီ ရခိုင် ဘူးသီးတောင် မှာ ကုလား ဦးရေက
ကြောက် စရာ ကောင်းလောက်အောင် ကို လူ့အခွင့်အ ရေး
ဆို ပီးမွေး နေလိုက် ကြတာ ။ ပညာမတတ် ရင်နေပ စေ
ကြက်လည်လှီး နွားပေါ် တတ် ရင် ပီးရော ဆိုပီး မွေးနေလိုက်
ကြတာ တစ်ကယ်တွေး ကြည့်တော့ လူဦးရေ အရမဲပေးရင်
တစ်ချိန်ကြ ကုလားတွေ သမ္မတ မဖြစ်ဘူး လို့ ပြောနိုင် လား
လူ အခွင့် အ ရေးဆို ပီးအော်နေတဲ့ လူအခွင့် အ ရေးသမား
တွေ ဒို့မြန်မာ ရခိုင်တွေ လဲ လူတွေ မြန်မာနိုင် ငံသားတွေ
လဲ လူတွေ ခွေးဇတ်ထုတ် တော့ မခင်းကြပါနဲ့ ဗျာ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ