Aug 26, 2013

မွတ်ဆလင်ကုလား အဓီကရုဏ်းများ ဆက်တိုက်ဖြစ်ပေါ်လာနေချိန် ဒေါ်စုကြည် ဥရောပသုံးနိုင်ငံ ခရီးထွက်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့်စက်တင်ဘာလ ဒုတိယအပတ်ထဲ မှာ ပိုလန်၊ ဟန်ဂေရီနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံတွေကို သွားရောက်မယ်လို့ သိရပါတယ်။
ဥရောပ သုံးနိုင်ငံခရီးစဉ်အတွင်း ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့မှာ စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ၃ ရက် ကြာကျင်းပမယ့် Forum 2000 ဖောင်ဒေးရှင်း ညီလာခံကို တက်ရောက်မှာဖြစ် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ပြန်ကြားရေးတာဝန်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ဒီနေ့လွှတ်တော် အစည်းအဝေးပွဲ အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။


“ပိုလန်နိုင်ငံကိုသွားတာက ပိုလန်ပါလီမန်ကို လေ့လာဖို့ရယ်၊ ဝါဆောတက္ကသိုလ်မှာ ဟောပြောပို့ချဖို့အတွက်ပါ၊ နောက်ပြီးတော့ ဟန်ဂေရီကိုသွားတာကျတော့ ဘူတင်ပတ်တက္ကသိုလ်မှာ ဟောပြောပို့ချဖို့ပါ၊ ချက်သမ္မတနိုင်ငံကိုသွားတာကတော့ အဲမှာသုံးရက်ကြာကျင်းပပြုလုပ်မယ့် Forum 2000 Conference ကို သွားပြီးတက်ဖို့ပါ”

ဥရောပခရီးစဉ်အပြီး စက်တင်ဘာလ၂၀ ရက်နေ့ မှာ စင်္ကာပူနိုင်ငံမှာကျင်းပမယ့် The Singapore Summit Connecting Asia & The World ညီလာခံကိုလည်း တက်ရောက်မှာ ဖြစ်တယ်လို့ ဦးဖြိုးဇေယျာသော် က ပြောပါတယ်။


(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ