Aug 28, 2013

မျောက်သ၀ဏ်လွှာ

လွန်ခဲ့သော ငါးကမ္ဘာခန့်က သ၀ဏ်လွှာဆိုတာဘာလဲကွ
ဆိုသော မေးခွန်းသည် မျောက်များအကြား အထူးရေပန်းစားနေသည်။ ဘာကြောင့်မှန်းတော့ မသိ။ ပို့မယ်၊ မပို့ဘူး။ စသည်ဖြင့် မျောက်များဆွေးနွေးသည်။
သ၀ဏ်လွှာကို ဘယ်ကို ပို့မည်နည်း။ နှစ်ပတ်လည်ပွဲတစ်ခုသို့ ပို့ရန်ဖြစ်သည်။ ပွဲက တောဘုရင် မဆလာဆင်ကြီး ကို တစ်တောလုံးက ဆန့်ကျင် တော်လှန်ခဲ့သည့် နေ့ထူးနေ့မြတ် နှစ်ပတ်လည် ဖြစ်သည်။
ထိုပွဲကို ခြင်္သေ့၊ ကျား၊ ဒေါင်း၊ မြေခွေး၊ ၀ံပလွေ၊ လူဝံ၊ ယုန် စသည်ဖြင့် တစ်တောလုံးက တိရိစ္ဆာန်တွေ မီးခိုးလွတ် အကုန်သွားကာ ကိုယ်စီကိုယ်ငှ ဟောင်ကြ၊ အူကြ၊ ဟိန်းကြ၊ ဟောက်ကြ မည်ဖြစ်သည်။ ထိုပွဲကလည်း ထူးခြားသည် ၂၅ နှစ်မှ တကြိမ်ကျင်းပသည့် ငှက်ပျောသီးရတုဖြစ်သည်။

ယင်းသို့ ၂၅ နှစ်ကြာသွားရခြင်းမှာ ဆင်မရှိခင်စပ်ကြား ခြင်္သေ့က မင်းမူနေခြင်းကြောင့်ပင်။ ယခုတော့ ဆင်ကြီးလည်း မရှိတော့သဖြင့် တိရိစ္ဆာန်များ ညီညွတ်ကုန်ကြပြီ။ထိုပွဲကို မျောက်တို့ လက်မလွှတ်လို။ ထိုပွဲတွင် မျောက်တို့ကို အခြားတိရိစ္ဆာန်များသိရန် အရေးကြီးသည်။ မျောက်တို့သည် ဆင်ကို တော်လှန်းတုန်းက မပါခဲ့ကြ။ ဆင်ကြီးလက်ထက်တွင် မျောက်များ မျိုးတုန်းကုန်သောကြောင့်
ဖြစ်သည်။


မျောက်တို့သည် ခြင်္သေ့လက်ထက်တွင် မျောက်ရာဝင်ခဲ့ပြီး ယခု ခြင်္သေ့အာဏာလွတ်ချိန်တွင် တိရိစ္ဆာန်အရာသို့ အသိအမှတ်ပြုကာစအချိန်လည်းဖြစ်သည်။ ထို့ပြင် မျောက်တို့သည် အခြားတိရိ စ္ဆာန်များကဲ့သို့ တောတွင်း အလုပ်များကိုလည်း မလုပ်နိုင်သဖြင့် သစ်ပင်အမြင့်သို့ တတ်ကာ တောတွင်းဖြစ်ပျက်သမျှကို တိရ စ္ဆာန်အမျာကြားနိုင်ရန် အော်ဟစ်ရသည်။
ထို့ကြောင့် မျောက်တို့ ပျော်ကြသည်။ တတ်ကြွကြသည်။ ကြွတတ်သဖြင့် ဖိထားရဖြန်သည်။

ပြန်ကောက်ရလျှင် မျောက်တို့၏ ပို့မယ်၊ မပို့ဘူး။ တ၀ူးဝူးနှင့် ငြင်းခုန်ပွဲသည် မျောက်တို့ချင်းသာသိကြသည်။ အပြင်သို့ မထွက်။ သို့သော်လည်း ၀ူးဝူးဝါးဝါးအော်သံများကိုကာ ကြားသူတို့က ကြားကြသည်။မျောက်ဖင်နီများက မျောက်တို့အကြားတွင် အာဏာရှိနေသည်။ ထိုမျောက်ဖင်နီများက သ၀ဏ်လွှာကို ပို့ချင်ကြသည်။ သို့သော် မျှောက်လွှဲကျော်များက မပို့လို။မျောက်ဖင်နီတို့၏ အဆိုကား ဒီပွဲတွင် သ၀ဏ်လွှာဖတ်ပါက မျောက်များကို တခြားတရိစ္ဆာန်များသိမည်။ ထို့ပြင် တော်လှန်ရေးကြီးအတွင်း စွန့်လွှတ်အနစ်နာခံခဲ့သူများကို အသိအမှတ်ပြုရန်လည်း လိုသည်ဟု ထောက်ပြခဲ့ကြသည်။မျောက်လွှဲကျော်တို့ကား မဆလာဆင်ကြီး တော်လှန်တုန်းက ကျုပ်တို့မရှိ။ ကျုပ်တို့နဲလည်း မဆိုင်။ ကိုယ့်ဘာသာကိုယ် သစ်ပင်ပေါ်တတ်အော်ရေးသာ မှန်မှန်လုပ်ဖို့လိုသည်။ ကောက်ကျစ်တဲ့ အသားစားတိရ စ္ဆာန်တွေနဲ့ ရောနှောရန်မလိုဟု ဆိုကြပြန်သည်။

ဟိုဘက်သစ်ပင်နှင့် ဒီဘက်သစ်ပင်အကြား အော်ဟစ်ပြီး သကာလ မဲခွဲ ဆုံးဖြတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ပို့မည့်သူသစ်ပင်ပေါ်တတ်။မပို့ချင်သူသစ်ပင်အောက်ဆင်းမဲခွဲနည်းဖြင့်ဆုံးဖြတ်ခဲ့ကြသည်။ မျောက်ဖင်နီမှာ
 မျောက်နည်းစုဖြစ်သည့်အတွက်သစ်ပင်ပေါ်တွင် မျောက်နည်းပြီး သစ်ပင်အောက်တွင် မျောက်များနေသည်။ ထို့ကြောင့် မပို့လိုသောမျောက်များနိုင်သွားသဖြင့် ၀မ်းသာကြသည်။သို့သော်............. မျောက်ဖင်နီတို့ကား မကျေနပ်။ ထို့ကြောင့် မျောက်ဖင်နီများ၏ ဆုံးဖြတ်ချက်ဖြင့် သ၀ဏ်လွာကို ပို့လိုက်ကြလေသည်။ နှစ်ပတ်လည်တွင် သ၀ဏ်လွှာကို ဖတ်မဖတ်မသိရ။ မျောက်တို့နာမည်ကြီးမကြီးမသိ။သို့သော်.............သ၀ဏ်လွှာကြောင့် မျောက်တို့အကြား သဘောထားကွဲကြလေပြီ။


အစကတည်းက မျောက်ဖင်နီတို့ပို့မည်ဆိုလျှင်ဘာကြောင့်မဲခွဲနေသလဲ။အပင်ပေါ်တတ်ရဆင်းရတာ ညောင်းသည်။ မျောက်ဖင်နီတို့ လုပ်ချင်ရာသာလုပ်ဟုဆိုကာ မျောက်လွှဲကျော်တို့ စိတ်ဆိုးကြသည်။မျောက်ဖင်နီတို့ကလည်း ငါတို့ မျောက်များ ကောင်းစားရေးအတွက် လုပ်ခြင်းဖြစ်သည်။ မျောက်များ ပျက်စီးရာပျက်စီးကြောင်းကို လုပ်ခြင်းမဟုတ်။ အခြားတိရိစ္ဆာန်များဖြင့် သင့်မြတ်ပါက ငါတို့ မျိုးမတုန်းနိုင်ဟု ပြန်လည်ရှင်းလင်းသည်။

ထို့သို ဖြစ်ပြီး သကာလ မျောက်တို့ ကျက်စားရာ မဟော်ဂနီ ပင်ကြီးတွင် မျောက်များ သိပ်မတွေ့ရတော့ မျောက်တို့ အလာကြဲသွားသည်။

ထို့သို့ မျောက်တို့အကြား သဘောထားကွဲလွဲရခြင်းကို မျောက်ပညာရှိများက အဖြေရှာကြရာတွင် ... အဖြေပေါ်လေသည်။ ထိုမျောက်များ စိတ်ဝမ်းကွဲမှု လေ့လာသုံးသပ်ရေးကော်မရှင်၏ အစီရင်ခံစာတွင် အောက်ပါအတိုင်းရေးထားသည်။"ရှေးပဝေသဏီကတည်းက မျောက်မျိုးနွယ်အဆင့်အတန်းမခွဲခြားဘဲ တန်းတူရှိလာခဲ့ကြသည်။ သို့ရာတွင် သ၀ဏ်လွှာဟူသော အကြောင်းအရာ ပေါ်လာသည့်နောက် စတင်စိတ်ဝမ်းကွဲခြင်းဖြစ်သည်။ ထိုသ၀ဏ်လွှာ မရှိလျှင် စိတ်ဝမ်းကွဲရန် မရှိ။ထိုသ၀ဏ်လွှာရှိလာစေရန်အတွက် လုပ်ဆောင်သော နှစ်ပတ်လည်ပွဲကြီးကြောင့်လည်း ဖြစ်သည်။ ထိုနှစ်ပတ်လည်ပွဲကြီး ပေါ်ပေါက်ရန် ခွင့်ပြုပေးလိုက်သော တိရိစ္ဆာန်များလည်း အပြစ်မကင်း။ ထို့ပြင်တ၀ ထို ငှက်ပျောသီးရတု ဖြစ်ပေါ်စေရန် လွန်ခဲ့သော ၂၅ နှစ်က မဆလာဆင်ကြီးကို ဆန့်ကျင်ခဲ့သူများလည်း အပြစ်ရှိသည်။အစီရင်ခံစာ၏ နိဂုံးချုပ်အနေဖြင့် မျောက်တို့ စိတ်ဝမ်းကွဲခြင်းအတွက် မျောက်တို့တွင် အပြစ်မရှိ။ ငှက်ပျောသီးရတု ဖြစ်ပေါ်စေရန် စလယ်ဆုံး လုပ်ဆောင်သည့် ခြင်္သေ့၊ ကျား၊ ဒေါင်း၊ မြေခွေး၊ ၀ံပုလွေ၊ လူဝံ၊ ယုန် စသည့် တိရိစ္ဆာန်များတွင်သာ အပြစ်ရှိကြောင်း အစီရင်ခံ တင်ပြအပ်ပေသည်။ "

ထိုအစီရင်ခံစာ ထွက်လာပြီးနောက်ပိုင်းတွင်တော့ မျောက်တို့ ကျင်လည်ရာ မဟောဂနီပင်ကြီးတွင် မျောက်များ ပျော်ရွှင်စာ အော်ဟစ် ဆော့ကစား ငြင်းခုန်ရင်းဖြင့် ဖင်နီနှင့် လွှဲကျော်တို့ ပြန်လည် သင့်မြတ်သွားကြသည်ဟူ လို.....။

မျောက်ဆိုးပေ
၁၀ ရက် ၈ လ မနက် ၀၀နာရီ ၂၈ မိနစ်

လွန်ခဲ့သော ငါးကမ္ဘာက အဖြစ်အပျက်ကို ရေးခြင်းဖြစ်သည်။ တိုက်ဆိုင်ပါက ခွင့်လွှတ်ကြပါရန်။ အခြားသော မျောက် စတိုရီများလည်း ရှိသေးသည်။

 From:[_သတင်းထောက်များ စောင့်ကြည့်ရေး ကော်မတီ _] 
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

သြော်မျောက်မျောက်တယ်ဆော့ကြသကိုး
ပုံထဲမှာတော့မြောက်အိုကြီးတွေလဲမြင်သဗျို့
အင်းသိပ်တော့မဆော့နိုင်လောက်တော့ပါဘူး

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ