Aug 25, 2013

ကေအန်ယူ (KNU) အဖွဲ့မှ ဖမ်းထားသော ထားဝယ်-ထီးခီးလမ်းပေါ်မှ ကားများအားပြန်လွှတ်ပေး

သြဂုတ်လ ၂၂ ရက်နေ့ နေ့လည် ၁ နာရီခွဲတွင် တနသာင်္ရီတိုင်း မေတ္တာမြို့နယ်ခွဲ ဆင်ဖြူတိုင်ရွာအနီး ဒရယ်ကွေ့တွင် ကေအန်ယူ တပ်မဟာ ၄ ၊တပ်ရင်း ၁၀ ၏ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး စောဖိုးလေး နှင့် တပ်ခွဲ ၂ မှ ဗိုလ် လားထော် တို့သည် ထားဝယ်မြို့မှ ထီးခီးလမ်းသို့ မောင်းနှင်လာသော အရပ်ယာဉ်များ လိုင်းကားများကို ဖမ်းဆီထားခဲ့ခြင်းကို တင်ပြခဲ့ပြီဖြစ်ပါသည် ။( ပြန်လည်ဖတ်ရှူရန်-http://mgkyautkhae.blogspot.com/2013/08/knu.html)
ယခု အခါ ၄င်းတို့ဖမ်းဆီးထားသော ကားများထဲမှ ရွှေမင်းသမီးယာဉ်လိုင်း၏ စူပါကာစတန် မှန်လုံယာဉ်တစ်စီးအား ပြန်လညည် လွှတ်ပေးခဲ့ပြီဖြစ်ပါသည်။ထိုကဲ့သို့ဖမ်းဆီရခြင်းမှာ ကေအန်ယူ တပ်မဟာ ၄ ၏တပ်ရင်း ၁၀ မှ ဒုရင်းမှူး ဗိုလ်မူးစောဖိုးလေး ကိုယ်တိုင် လက်မှတ်ရေးထိုးအာမခံပေးထားသော ဝစ်သောက်ကားတစ်စီးအား သရက်ချောင်းရဲစခန်းမှ ဖမ်းဆီးလိုက်ခြင်းကြောင့် ပြန်လည်တုံပြန်ခြင်းဖြစ်ပါသည်။



ယင်းကိစ္စများအား ထားဝယ်မြို့တွင် တနသာင်္ရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ် ဦးမြတ်ကို နှင့်  ကေအန်ယူတပ်မဟာ ၄ ၊ မြိတ်/ထားဝယ်ခရိုင်ဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး စောဆာပီးတုတ်(ခ) ကျော်ဇော်  တို့ တွေ့ဆုံခဲ့ကြပြီး ညှိနှိုင်းခဲ့ခြင်းကြောင့် ယခုလို ဖမ်းဆီးခံရသော အရပ်ယာဉ်တန်းမှ ကားများအား ကေအန်ယူတပ်မဟာ ၄ မှ ပြန်လည်လွတ်ပေးခဲ့ခြင်းဖြစ်ပါသည် ။

ဆွေးနွေးပွဲတွင် ဦးမြတ်ကိုမှ သရက်ချောင်း ရဲစခန်းမှ ဖမ်းဆီးထားသော ကေအန်ယူ၏ ကားကိစ္စအား အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွှက်ပေးမည်ဖြစ်ပြီး နောင်တွင် ထားဝယ်-ထီးခီးလမ်းကြောင်းပေါ်တွင် ယခုကဲ့သို့ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွါးခြင်းမပြုရန် တိုက်တွန်းခဲ့ပါသည် ။ ယခုကဲ့သို့သာ ပြုလုပ်နေမည်ဆိုလျှင် စတင်အသုံးပြုခါစ လမ်းကြောင်းအား ပြည်သူများ အသုံးမပြုတော့ပဲ ဖွံဖြိုးတိုးတတ်မှူ ကုန်စည်ကူးသန်းမှူ များမရှိတော့ပဲ ဒေသသည် ခြောက်ကပ်သွားမည်ဖြစ်ကြောင်းလည်း ကေအန်ယူ အား သတိပေးထောက်ပြခဲ့ကြောင်းသိရပါသည် ။
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ