Aug 26, 2013

မျိုးစောင့်ဥပဒေကို ရန်ကုန်တိုင်းက ထောက်ခံသူ အနည်းဆုံး

မျိုးစောင့်ဥပဒေအား အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ယင်းဥပဒေ ကို ထောက်ခံသော ပြည်သူလူထု သုံးသန်းကျော် ၏ ထောက် ခံလက်မှတ်များကိုရရှိထားပြီး ယင်းလက်မှတ်များဖြင့် ဥပဒေအား လွှတ်တော်သို့တင်ပြသွားမည်ဟု ထေရဝါဒဓမ္မကွန်ရက်သြဝါဒါစရိယ ရွှေရတုတိပိဋကဓရဓမ္မဘဏ္ဍာဂါရိက မော်ကျွန်း ဆရာတော်ကြီး ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသက သြဂုတ် ၂၅ ရက် တွင် ပြုလုပ်သော (၅၂)နှစ်မြောက် နိုင်ငံတော် ဘာသာနေ့အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ကြားသည်။


ရန်ကုန်အနည်းဆုံး-
အဆိုပါ ထောက်ခံလက်မှတ် သုံးသန်းကျော်တွင် မန္တလေးတိုင်း ဒေသကြီးမှ ငါးသိန်းရှစ်သောင်းကျော်၊ စစ်ကိုင်းတိုင်း ဒေသကြီးမှငါးသိန်းကျော်၊ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ သုံးသိန်းကျော်စီဖြင့် အသီးသီးထောက်ခံခဲ့ကြသည်။ ထောက်ခံလက်မှတ်များအနက် ရန်ကုန် တိုင်းဒေသကြီးမှာ လက်မှတ် တစ်သိန်းတစ်သောင်းကျော်ခန့်ဖြင့် အနည်းဆုံးဖြစ်သည်ဟု ဆရာတော်ကမိန့်ကြားသည်။

ဥပဒေပညာရှင်များရေးဆွဲ-ယင်းဥပဒေကိုဆရာတော်၊သံဃာတော်များက ရေးဆွဲထားခြင်းမဟုတ်ဘဲဥပဒေပညာရှင်များကသာ
ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ဆရာတော်၊ သံဃာတော်များက ယင်းဥပဒေအတည်ပြုပြဋ္ဌာန်းနိုင်ရေး အတွက်သာ ဦးဆောင်ပါဝင်နေကြခြင်းဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။လွန်ခဲ့သော ၅၂ နှစ်ကျော်ကာလကလည်း ဗုဒ္ဓဘာသာ ကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းပေးရန် ယခုကဲ့သို့ပင် ဆရာတော်၊ သံဃာတော်များကကြိုးစားခဲ့ရသည်ဟု ဆရာတော်က မိန့်ကြားသည်။

မြတ်သူအောင်(၂၅-၈-၂ဝ၁၃)

----------------------------------------------------------------
သြဂုတ် ၂၆ ရက်ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၊
အတွဲ(၂)၊ အမှတ်(၀၄၂)
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ