Aug 26, 2013

တောင်ပြုန်းပွဲတော်မှာ ကန်တော့ပွဲပေးခဲ့တဲ့ အနုပညာပျိုးခင်း ရဲ့စင်တင်မင်းသမီး ရွှေမှုံရတီ

ရွှေမှုံရတီက 'အရောင်မဲ့သင်္ကေတ' ဆိုတဲ့ ဇာတ်ကားကို နေတိုးနဲ့ရိုက် ကူးပြီးနောက် မန္တလေးကို ဗီစီဒီရိုက်ကူးဖို့အတွက်သွားရောက်ခဲ့ပါတယ်။မန္တလေး ရောက်ချိန်က တောင်ပြုန်းပွဲတော်လည်းကျင်းပ နေချိန်ဖြစ်နေ တာကြောင့်သွားရောက် ပွဲထိုးပြီး ဆုတောင်းခဲ့ တယ်လို့ဆိုလာ တဲ့ ရွှေမှုံရတီက

"ရွှေမှုံက မန္တလေးကိုဗီစီဒီရိုက်ဖို့သွားရင်း တောင်ပြုန်းပွဲ ကိုပါသွားခဲ့တာ။ မနှစ်ကလည်းသွားဖြစ်တယ်။ ဒီနှစ်က ဒုတိယ၊ ရွှေမှုံရဲ့ဘဝမှာ ပထမဆုံး မှတ်မှတ်ရရပဲ။ တောင်ပြုန်းပွဲသွား ရင်း လမ်းမှာလူတွေ အများကြီးပဲ၊ ကားတွေရော၊ ဆိုင် ကယ်တွေရော အရမ်းကျပ်တာ။လမ်းဆင်း လျှော က်တော့ ပရိသတ်တွေလည်းများလို့ ရွှေမှုံယောက်ျားလေးလို ပုံစံနဲ့ သွားခဲ့ တယ်။ ည ၈နာရီက စသွားတာ မနက် ၂နာရီ လောက်မှ ရောက်သွားတယ်။ အရမ်းလည်း ပျော်ဖို့ ကောင်း တယ်။ အမှတ်တရပဲ။ မနှစ်က ဒီလောက် မများဘူး။ ဒီနှစ် ခြေချစရာနေရာတောင် မရှိဘူး။ ရောက်တော့ပွဲထိုးပြီး ပြန် လာတယ်။ ဆုတောင်းတာက အားလုံးကောင်းဖို့အတွက် ဆုတောင်းခဲ့ပါတယ်။ ပြောပြရင် မပြည့်ဘူးတဲ့" လို့ ပြော ပြပါတယ်။
ရွှေမှုံရတီရဲ့ ဆယ်ကျော်သက်အရွယ် အနုပညာ အလုပ် တွေလုပ်တဲ့ အခါအခက်အခဲတွေကိုရင်ဆိုင်ဖို့ ဘယ်လို ခွန်အားတွေနဲ့ ရှေ့ဆက်ေ လျှာက်လှမ်းဖြစ်လဲ ဆိုတော့... " ရွှေမှုံအနုပညာအလုပ်တွေ စလုပ်တဲ့ အချိန်မှာ ရည်စားထားတဲ့ အခန်း၊ ဗိုက်ကြီးသည်တွေ လုပ်ရတာ အရမ်းခက်တယ်။ ရွှေမှုံအတွက် အမေနဲ့ဆရာတွေက ရွှေမှုံ့ ဘက်မှာရှိ နေတဲ့အတွက် ခွန်အားတွေရခဲ့တယ်။ ရွှေမှုံဒီ ဆရာတွေ နဲ့ တောက်လျှောက် လက်တွဲသွား မှာပါ။ သူတို့က ရွှေမှုံကို အများကြီး သင် ပေးကြတဲ့အတွက် သိပ်ပြီး မစိုးရိမ်ပါဘူး။ ရွှေမှုံကို လိုအပ်တာ တွေ အားလုံး ကိုမိဘတွေ၊ ဆရာတွေက ထောက်ပံ့ ပေးတဲ့ အတွက် အားငယ် စိတ်တွေ လည်း အများကြီး လျှော့ရတယ်။ ရွှေမှုံကို အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။ အမှား တွေရှိရင်လည်း တောင်းပန်ပါတယ်" လို့ ပြောပြခဲ့ပါတယ်။

From:[_ မေမွန်မောင်/Popular Journal _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Unknown said...

ကြိုးစားပါရွှေမှုံ

Unknown said...

ကြိုးစားပါရွှေမှုံ

Unknown said...

dtnkodxvkgx

Unknown said...

ဆက်ကြိုးစားပါအမရွှေမှုံညီမလေးအမြဲတမ်းအားပေးနေပါတယ် နောက်အမရွှေမှုန်သရုပ်ဆောင်လောကမှာအခက်ခဲတွေကိုကျော်လွှားနိုင်ပါစေအမြဲတမ်းလည်းပျော်ရွှင်နိုင်ပါစေပညာရေးမှာလည်းကံကောင်းနိုင်ပါစေဒါတကယ့်စိတ်ထဲကယုံပါဆုတောင်းနေတယ်အမရွှေမှုန်ရတီ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ