Oct 12, 2011

KIA ဘယ်မှာ ပုန်းမလဲ


လက်တွေ့စစ်မြေပြင်တွင် ရင်ဆိုင်တိုက်ပွဲများ ရှူံးဆုံးလျှက်ရှိသော ကေအိုင်အေ အနေဖြင့် ချူံခိုတိုက်ပွဲများ နှင့် မိုင်းစစ်ဆင်ရေး များ စတင်ပြုလုပ်နေသည်မှာ နိုင်ငံအ၀ှမ်း အသိပင်ဖြစ်ပါသည်။တဖန် မီဒီယာ ၀ါဒါဖြန့်ချီခြင်းအနေဖြင့် website များ blog များ သတင်းဌာနများ မှတဆင့် မဟုတ်တမ်းတရား လျှာအရိုးမရှိ လေလွှင့်နေခြင်းဖြင့် မျောက်သစ်ကိုင်းလွှတ် ဘဝ တဖြည်းဖြည်း ရောက်ရှိလာနေသည်။ ငြင်းဆိုလိုပါသလား။ဒီမှာကြည့်ပါ။အစိုးရစစ်တပ်အား ချူံခိုတိုက်ခိုက်ခြင်း မိုင်းဆွဲခြင်းများ ပြုလုပ်ပြီး အမှန်တကယ် ထိခိုက်ကျဆုံးသည်ထက် အဆပေါင်းများစွာ ကျဆုံးသည် ဒဏ်ရာရ သည်ဟု ကိန်းဂဏာန်းကြီးများ ပြ ပြီး အောင်မြင်မှုရရှိသည်ဟု ဝါဒဖြန့်ချီနေပါသည်။
ကေအိုင်အေတို့၏ အဆိုပါ မိုင်းဆွဲ ချူံခို ချောင်း ပစ်ပြေး မီဒီယာ ၀ါဒဖြန့်မှုတို့ကြောင့် အောင်မြင်မှုများ
ဆက်တိုက်ဆိုသလိုရရှိလာပါသည်။ကေအိုင်အေ တပ်မဟာ ၄ ဌာနချူပ် နှင့် ရင်း (၉) ဌာနချူပ်သည်လည်းတပ်မတော်၏အောင်လံစိုက်ထူခြင်းသို့ အောင်မြင်စွာရောက်ရှိခဲ့ပါသည်။ထို့အပြင် ကချင်ပြည်သူတို့၏ ကေအိုင်အေအား ဆန္ဒပြရှူတ်ချခြင်းကိုအောင်မြင်စွာ ရရှိလိုက်ပါသည်။
မြန်မာ့တပ်မတော်အနေဖြင့် ယခုကဲ့သို့ ဖြစ်ပွားနေသောစစ်ပွဲ များအား ဂရူတစိုက် အလေးထား(အထူးသဖြင့်
ပြည်သူများ ဒုက္ခမရောက်စေရန်)စီစဉ်ပြီးမှ တိုက်ပွဲဝင်ခဲ့ပါသည်။ကေအိုင်အေအနေဖြင့် ၄င်းတို့ ရွာသားအသွင်ဆောင်ကာ လှုပ်ရှားရမည်ဖြစ်သောကြောင့် အစိုးရစစ်တပ်မှ လက်နက်ကြီးဖြင့် တိုက်ခိုက်ပါက ရွာသားများထိခိုက်မည်ဆိုသော အကြောင်းပြချက်ဖြင့် ဒုက္ခသည်စခန်းသို့အတင်းအကျပ်ပို့ဆောင်လျှက်ရှိသည်။ မြန်မာတပ်မတော် နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများတွင် အိမ်ပြန်ခွင့်ပျောက်ဆုံးနေတဲ့ ဒုက္ခသည်များ၏
အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးနေပါသည်။အိုးအိမ်ပစ်ခွာ ထွက်ပြေးသူများ၏ အနာဂတ်မှာလည်း မရေရာမသေချာသော အတွေးများနှင့် ပြည့်နှက်နေသည်။ယင်းဒုက္ခသည်များ၏ အခြေအနေကို ပိုင်နိုင်စွာဆုပ်ကိုင်ခဲံ့သော ကေအိုင်အေအနေဖြင့် လက်ရှိအစိုးရအား တန်ပြန်ရင်ဆိုင်နိုင်ခြင်းမရှိသောအခါ အဆိုပါ    ဒုက္ခသည်များအားဗန်းပြကာ “ မျောက်ပြဆန်တောင်း”သည့်ဘ၀ရောက်ရှိလာရုံတင်မက နိုင်ငံတကာဂရုဏာသက်မှု ရရှိရန်ကြိုးပမ်းနေလျှက်ရှိပါသည်။တပ်မတော်အား တပ်သားသစ်စုဆောင်းမှုများဖြင့် တဖက်တလမ်း အာကျယ် ပေးခဲံသော ကေအိုင်အေအနေဖြင့် ဒုက္ခသည်စခန်းများအား ၄င်းတို့အတွက် ရဲဘော်ထုတ်လုပ်ရေးအလုပ်ရုံသဖွယ်အသုံးချခဲံကြပြန်သေးသည်။
ငြင်းဆိုမှုရှိလျှင် ဒီနေရာ နဲ့ ဒီနေရာလေး ကိုသွားရောက်ကြည့်ပါ။ 
တိုက်ပွဲစဉ်အတွင်း တပ်မတော် လှုပ်ရှားမှု
တပ်မတော်အနေဖြင့် ပြည်နယ်လူထုထိခိုက်စေမည့် တိုက်ပွဲစဉ်များအားအတတ်နိုင်ဆုံးရှောင်ရှားရမည် ဆိုသော  အသိဖြင့် တိုက်ပွဲဝင်နေပါသည်။ဒီနေရာ မှာတော့ တပ်မတော်၏ လက်နက်ကြီးကျည်ကြောင့်ကလေးငယ်တစ်ဦး
ဒဏ်ရာရရှိလို့ဖော်ပြထားပါတယ်။စဉ်းစားကြည့်ပါ။တပ်မတော်တွင် ကေအိုင်အေထက် ကောင်းမွန်သော တိကျသော ခေတ်မီသော လက်နက်ကြီးများရှိပါသည်။အဆိုပါလက်နက်ကြီးများ ပစ်ခတ်သော စစ်သည်များမှာလည်း အထူးလေ့ကျင့်ကျွမ်းကျင်မှုရှိသူများဖြစ်ပါသည်။တိုက်ပွဲများစတင်ကတည်းက ရန်သူတောင်ကုန်းများနှင့်စခန်းများ ဆုတ်ခွါရာလမ်းကြောင်းများကိုသာ ပစ်ခတ်စေရန် အမိန့်နှင့်တကွ
တိုက်ပွဲဝင်ခေါင်းဆောင်များမှလည်းနှုတ်မှမချတမ်းသတိပေးနေသည်။တဖန်ကျည်တစ်လုံးပစ်ခတ်တိုင်း
၎င်းကျည်ကျနေရာအားအတိအကျသတင်းပို့ရပါသည်အထက်ပါအခြေအနေတွင် ၄င်းရွှာထဲသို့ကျသောကျည်မှာ တပ်မတော်၏ ကျည်လား ၊ ဖြီးဖြန်းသော"လေ"ကျည်လား၊ကေအိုင်အေတို့၏ ကိုယ်ပိုင်ကျည်လားဟု တွေးတောနိုင်ပါသည်။(ကေအိုင်အေအနေဖြင့်ယခုအခါကိုယ့်မိုင်းကိုယ်တိုင်နင်းမိနေသောအခြေအနေ
တွင် ၄င်းကျည်မှာလည်း ?????)။
စည်းကမ်းမရှိတဲ့မှောင်ခိုဓါးပြသာသာ ကေအိုင်အေ

အထက်ပါအတိုင်း ကေအိုင်အေတို့ သည်၎င်းတို့၏ကျဆုံးခန်းကိုမြင်လာသောအခါ သွေးရူးသွေးတန်းဖြင့် ထင်ရာလုပ်ပါတော့သည်။ယင်းမှာ တပ်မတော်နဲံအစိုးရအား ပြည်တွင်းအထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် မိုင်း/ဗုံးထောင်ခြင်းဟူသောအနှောင့်အယှက်တခု ထပ်ပေးခြင်းဖြစ်သည်။အောက်တိုဘာ ၃ ရက်နေ့ကလည်း မိုးမောက်မြို့အလင်းကောင်ရပ် ဗန်းမော်-လွယ်ကျယ်နှင့် မိုးမောက် မြစ်ကြီးနား ကားလမ်းဆုံရှိ မြို့ဝင်ကျောက်တိုင်အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။ရွှေလီရေအားလျှပ်စစ်စက်ရုံကိုဖောက်ခွဲမယ်ဆိုလို့လည်း ပြည်သူတွေထိတ်လန့်ရပါသည်။ယခုလ ၉ ရက်နေ့ကလည်း လမုန်ရွှာနဲ့ကျောင်းကုန်းရွာကြားက တံတားကိုမိုင်းထောင်ခဲ့ပေမဲ့ယမ်းအားမပြင်းတဲံအတွက်တံတားပျက်စီးချြင်းမရှိခဲ့ပါဘူး။
တံတားများလမ်းများအားမိုင်းထောင်ရန် ထွက်လာသော KIA သောင်းကျန်သူများ
ဂ ရက်နေ့ကလည်း
တနိုင်း ရှင်ဘွေဟန်လမ်းဘေးက ဘရန်ခ နဲ့ ဘရန်ကွဲ တံတားများကိုမီးရှို့ခဲ့ပါသေးတယ်။တပ်မတော်ထိုးစစ်ကိုရပ်တန့်ဖို့မိုင်းထောင်သည်ဆိုသော ကေအိုင်အေ သည် အဘယ့်ကြောင့် နမ္မတီးဘူတာ နှင့် မရမ်းရွှာကြား၊ မိုးကောင်း-ထိုမူးဘူတာကြားက ရထားသံလမ်းများ
ကိုမိုင်းခွဲခဲ့သနည်း။ကေအိုင်အေပြောသော ငြိမ်းချမ်းရေးမှာ မည်သို့နည်း။





မိမိ ပဲ့တင်သံ မိမိထံပြန်
  
  ကေအိုင်အေ အနေဖြင့် အာရုံလွှဲသည်ဟုဆိုသော မိုင်းများမှာတကယ်တမ်းတွင် တပ်မတော်သို့  ၃ % မျှသာ ထိရောက်ပြီး ကချင်ပြည်သူလုထုသာ မသွားရဲံမလာရဲနှင့်ကျီးလန်စာ စားနေရသောဘ၀ ရောက်သွားခဲ့ပါသည။မြစ်ကြီးနားမြို့သို့ မိုင်းလာထောင်သော ကေအိုင်အေ ရဲဘော် ဘာဖြစ်သနည်း။
သူမိုင်းသူဘာသာကွဲပြီး သေသည်။တပ်မဟာ ၄ တာဝန်ခံ ဗိုလ်ကြီးဇော်ရော တပ် ဘာဖြစ်သနည်း။ကိုယ်ထောင်သောမိုင်းကိုယ်နင်းပြန်သည်။ လွယ်ဂျာရွှာနားမှာရှိသည့်တပ်မတော်စခန်းအနီး
သို့မိုင်းလာထောင်သော ကေအိုင်အေ ပြည်သူ့ စစ် ဘာဖြစ်သနည်း။ကိုယ်တိုင်ထောင်သော မိုင်း မိမိဘာသာ နင်းပြန်သည်။ကေအိုင်အား ဘုရားရိုက်ပြီ ဟုပြောလျှင်ကား ရပေသည်။
မိုင်းလာထောင်တဲ့ KIA သူပုန် သူမိုင်း သူကွဲသေ
ကေအိုင်အေတို့ရဲ့ ကိုယ့်မိုင်းကိုနင်းမိတဲ့လူတွေလည်း ဒီမှာ ဆေးပြန်ကုနေရတယ်

( စကားကြုံသောကြောင့်ရေးပါမည်။တပ်မတော်တွင် မိုင်း အားစနစ်တကျ သုံးစွဲပါသည်။ရန်သူလာရာလမ်းအားထောင်ပြီးပါက ၄င်းမိုင်းအား အချိန်ပြည့်စောင့်ကြည့်ရပါသည်။
စခန်းပတ်လည်တွင်အသုံးပြုမည်ဆိုလျှင်မိုင်းထောင်ပြီးပါက စာရင်းမြေပုံအတိအကျ ရေးသွင်းရပါသည်။သို့မှသာ မိုင်းပြန်ဖော်ယူသည့်အခါ စနစ်တကျ အန္တရာယ်ကင်းစွာ ပြန်လည်ဖော်ယူနိုင်ပေမည်။ဆိုလိုသည်မှာမိုင်းတစ်လုံးအား မြေသို့မြှူပ်လိုက်ချင်းပင် မိုင်းမှတ်ပုံတင်စာရင်းထဲသို့ အချိန် ၊ နေရာ ၊မိုင်းအမျိုးအစား နှင့်တကွ ရောက်ရှိသွားသည်။ပေါက်ကွဲပြီးသော
မိုင်းမှလွဲရ်ျ ကျန်မိုင်းများအား စစ်ဆင်ရေးတာဝန်ပြီးသည်နှင့် ချက်ချင်းဖော်ယူရပါသည်။အကယ်ရ်ျ တာဝန်ထမ်းဆောင်ဆဲ တပ်အပြောင်းအလဲရှိပါက အရေးကြီး အနေဖြင့် ၄င်းမှတ်ပုံတင်အား တိတိကျကျလွဲအပ်ရပါသည်။၎င်းစာရင်းသည် စစ်သည်အနေဖြင့် ၄င်းအသက်ထက် တန်ဖိုးထား၏။)

ကေအိုင်အေ ဘယ်သွားဦးမလဲ

 ယခုအခါ ကေအိုင်အေအနေဖြင့် တပ်မဟာ ၄ နယ်မြေအား တပ်မတော် မှ သိမ်းပိုက်လိုက်ပြီဖြစ်သည်။
လိုင်ဇာမြို့ အား လူသားတံတိုင်းဖြင့် ကာရံပြီး မြို့ပိတ်ကာ လှောင်အိမ်ထဲမှ အသတ်ခံရနီး ၀က်များလို အော်နေတော့မည်လား။ဒုက္ခသည်များအား ကေအိုင်အေ အတွင်းအတင်းသွတ်သွင်းမှုများဖြင့် အင်အားရယူ
နေပါသလား။အထူးတပ်သားများစေလွှတ်ရ်ျ မိုင်းခွဲကြမည်လား။နောက်ကိုလှည့်ကြည့်လိုက်ပါ။အသင် ကေအိုင်အေ နောက်မှ ရှိနေသည်ဟုဆိုသော ကချင်ပြည်သူလူထု၏ မျက်လုံးများကို စေ့စေ့ကြည့်ပါ။သူတို့ဘာကိုတောင့်တနေကြပြီလဲ။ကေအိုင်အေ သင့်အတွက် ငြိမ်းချမ်းရေးမှတပါး အခြားမရှိပြီ။တပ်မဟာ ၄ နယ်မြေ မှာ အစိုးရအနေဖြင့် အသင်တို့ ဘာလုပ်သွားသည် ကို သိရှိပြီဖြစ်သည်။

မူးယစ်ဆေးဝါးနှင့်ပတ်သတ်ရ်ျ အမှုဖွင့်အရေးယူတော့မည်။လုပ်စရာကျန်ပါသေးသည်။လက်ထဲမှာရှိသော
လက်နက်များ တပ်မတော်ထံအပ်နှ့ပြီး အစိုးရသစ်နှင့် လက်တွဲပါ။သို့မဟုတ်က အသင်တို့အတွက် ပြေးစရာမြေမရှိပြီ။တနိုင်ငံလုံး တပြည်လုံး အသင် ကေအိုင်အေ အား ဆက်လက်ချေမှုန်းရန် ထောက်ခံနေသည်ကို အသင်ကေအိုင်အေ သေသေချာချာနားထောင်ကြည့်ပါက ကြားနိင်ပါသည်။၎င်းတိုက်တွန်းသံနှင့်အတူ အသံတစ်သံရှိနေပါသည်။
  
လက်နက်များ အတွေးဟောင်းများ စွန့်လွတ်ပြီး အစိုးရသစ်နှင့်လက်ဆွဲနှုတ်ဆက်လိုက်ပါ   



                  
Print Friendly and PDF

17 ယောက် ဆွေးနွေးခဲ့တယ်:

dinn said...

BULLSHIT BLOG,,,WASTE THE TIME,,,SHOULD NOT VIST HERE,,,BURMESE JUNTA'S POLICY

Anonymous said...

ငါလိုးမှ သန်းရွှေ လရည်နဲ့ လူလုပ်နေရတဲ့ ဒီဘလော့ပိုင်ရှင် ... ဒီလို တိုက်ပွဲတွေ ဖြစ်နေရတာ မင်းသောက်နေကျ လရည်တွေရဲ့ ပိုင်ရှင် စစ်အစိုးရကြောင့်ဆိုတာရော စဉ်းစားဦး .. လရည်တွေကို နတ်သုဒ္ဓါမှတ်ပြီး တောင်အော် မြောက်အော် မအော်နဲ့ ..

KNC said...

Hi blogger well done,i can accept your topic.
Carry On.
ALL KIA,KNU,SSA all are shit,they destroy our country's image.

Anonymous said...

မင်းတို့ဒီမိုကရေစီဆိုပြီးအော်နေတဲ့ဆိုဒ်တွေမှာကော မင်းတို့ရေးထားတဲ့ကောမန့်သွားရေးရင် တင်ပေးရဲလား စောက်ရှက်မရှိတဲ့ပြည်ပြေးသူတောင်းစားတွေ

Anonymous said...

မှန်လိုက်လေဗျာ

kyauktawthar said...

တကယ်လို့ တိုင်းရင်းသားတွေဘက်က ဗမာနဲ့ လုံးဝလက်မတွဲနိုင်တော့ဘူးဆိုရင်ရောဗျာ။ ကျွန်တော်တို့ ကိုယ့်လမ်းကိုယ်သွား ခွင့်မရှိဘူးလား။ ခင်ဗျားတို့ သနားစရာမလိုပါဘူး။ ဖြစ်ချင်တာဖြစ်ပါ။ ကဲ ကိုရွှေဗမာ ခင်ဗျားတို့ မျက်နှာဖုံးအောက်မှာ ဘာရှိတယ်ဆိုတာ ခုချိန်မှာ တိုင်းရင်းသားတွေ အကုန်လုံးနားလည်သွားပါပြီဗျာ။ ဖြီးနေလဲ အပိုပါဘဲ။ သမိုင်းကပေးတဲ့ အသိကြောင့် ဗမာ နဲ့ ပေါင်းရင် ကိုယ်ဘဲ နာမယ်ဆိုတာ ကျွန်တော်ကတော့ ကောင်းကောင်းသိတယ်။

Anonymous said...

ကျနော်လည်း တိုင်းရင်းသား တစ်ယောက်ပါပဲဗျာ ဗမာနဲ့ တွဲရင် နာမယ် ဆိုတာကိုတော့ မယူဆစေချင်ဘူးဗျာ..... အဲဒီစိတ်ဓါတ်တွေဟာ ကိုလိုနီတွေ သွေးခွဲခဲ့တဲ့ စကားတွေပါ.... ကျနော်တို့ အကုန်လုံးဟာ ညီအစ်ကိုတွေ ပါပဲဗျ..... ''နွားကွဲရင် ကျားဆွဲတယ်"ဆိုတဲ့ စကားပုံလေးတော့ မမေ့သင့်ပါဘူး.... မြန်မာနိုင်ငံဟာ လူမျိုးတစ်မျိုးတည်း ရပ်တည်ထားတဲ့ နိုင်ငံမဟုတ်ပါဘူး ရှေး ပဝေသဏီကာလကတည်းက တိုင်းရင်းသားပေါင်းစုံနဲ့ ပေါင်းစည်းလာခဲ့တဲ့ ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်... ကိုယ့်လူမျိုးကိုယ့်နိုင်ငံ ကိုယ့်သဘောနဲ့ သူတလူ ငါတမင်း လုပ်ရင် ဘာဖြစ်သွားမလဲ ဦးနှောက်သုံးပြီးစဉ်းစားပါ ... ကိုယ့်ဖက်ပဲ ကြည့်ပြီး ကိုယ်ကောင်းစားဖို့ တစ်ကွက်ပဲ မြင်ပြီးမပြောပါနဲ့..... အစွန်းရောက်ဝါဒတွေ မစွဲပါနဲ့.... ညီအစ်ကိုတွေ စည်းစည်းလုံးလုံးရှိကြပါ... ကောင်းတဲ့ သူ ရှိသလို မကောင်းတဲ့ သူလည်း ဒွန်တွဲရှိမှာပါပဲလေ.... ဒါတွေကို စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းသွားရင် အဆင်ပြေပါတယ်..... တစ်နပ်စား မလုပ်ကြနဲ့ပေါ့ဗျာ...

Anonymous said...

ဗမာကမင်းကိုဘာလုပ်သွားလို့လဲကျောက်တော်သားရ
တိုင်းရင်းသားတွေကဘာတွေနားလည်သွားတာလဲဖြေကြည့်ပါဦး
ဘယ်သမိုင်းကပေးတဲ့အသိလဲပြောပါဦး
ခင်ဗျားသမိုင်းအသစ်တွေသင်၇တယ်ထင်တယ် ဘယ်တုန်းကသင်ရတာလဲ
ဟိုလိုဒီလိုလျောက်မပြောပဲ သမိုင်းတကယ်သိ၇င်သေချာေ၇းပါပြောပါ
သွေးမခွဲပါနဲ့

Anonymous said...

KIA ကျဆုံးရန် အချိန်မဝေးတော့ပြီ......ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို ခံရတော့မည့် KIA အမြန်ကျဆုံးပါစေ...

daddy guy said...

ဟား ..ဟား....KIA ကျဆုံးရန် အချိန်မဝေးတော့ပြီ တဲ့...ရီ၇တယ်..
.KIA ပြုတ်ရင် စစ်တက်လဲ ပြုတ်ပြီ..
ဗမာဗမာ..ချီတက်လာ
ဆွမ်ပရာဘွမ်ကမြေသြဇာ..တဲ့..

Anonymous said...

KIA ဆိုတဲ့ခွေးမသားတွေ။သတောင်းစားသာသာလောက်ရှိတဲ့ကောင်တွေ။မင်းတို့ကိုယ်မင်းတို့ဘာထင်နေလဲ။ဘိန်းကျွေးပြီးတော့ခိုင်းနေတာကိုသောင်မှန်းကမ်းမှန်းမသိပဲလိုက်လုပ်နေတဲ့ကောင်တွေ။ညီအကိုချင်းမလို့ကြည့်နေတာ။မင်းတို့KIAလောက်ကတော့သေနတ်တောင်မလိုဘူး။လောက်လေးခွလောက်နဲ့ဝါးချမ်းပြားနဲ့တောင်တက်ရိုက်ရတယ်။ခွေးသးတွေရဲ့။

ဇတ်ဆ၇ာ said...

တိုင်း၇င်းသားသွေချင်း ညီအကိုများ၏ စည်းလုံးညီညွတ်မှုကို ပြိုကွဲစေသော လူမျိုး
ေ၇းအမြင်ကျဉ်းဝါဒ သမားများအား ပြင်းထန်စွာ ၇ှုတ်ချပါသည်၊ပြည်ထောင်စု ပြိုကွဲ၇န် မည်သည့်လုပ်ဆောင်မှု့မှ လက်မခံပါ၊ကျောက်တော်သားလို အမြင်ကျဉ်းတဲ့လူတွေကြောင့် ဒီလိုစစ်ပွဲတွေ
ဖြစ်နေကြတာပါ၊ကျနော်လည်း တိုင်း၇င်းသားပါပဲ....

Anonymous said...

မောင်ကျောက်ခဲ(မြန်မာပြည်)ရဲ့ဆိုဒ်ကလေးတင်ပြပုံကောင်းပါတယ်။ဒါမှလည်း
စစ်ရေးသဘောမသိနားမလည်၊တွေ့ကြုံဖတ်ရှု့မိခြင်းမရှိသေးသောပြည်သူတွေ
အတန်အသင့်သိနားလည်ကာယုတ္တိမတန်သောသတင်းဖြန့်ချိမှု့မှိုင်းမှလွတ်ကင်း
ကာအမှန်ဖြစ်စဉ်တရားကိုသိနားလည်လာနိုင်ကြမည်။ပိုပြီးထိမိတိကျမှု့ရှိမည့်
သတင်းဓါတ်ပုံ၊သရုပ်ပြပုံကြမ်းများဖြင့်ဝေေ၀ဆာဆာလေးရှိအောင်ကြိုးစားတင်ပြ
ပေးပါအုန်းညီလေးတို့။နောက်တစ်ခုက..တပ်မတော်ကဘယ်မှာဖြင့်အဓမ္မကျင့်လိုက်ပြန်ပြီ၊ရွာသူရွာသားကိုဖြင့်သတ်လိုက်ပြန်ပြီအစရှိသဖြင့်အော်နေဟစ်
နေကြတာလေးတွေကိုချေဖျက်ပြဘို့ဒို့တပ်မတော်ဟာရန်သူအပေါ်နေလိုမီး
လိုကျင့်ကြံသလောက်ပြည်သူအပေါ်လလိုရေလိုကျင့်ကြံတယ်၊ရောက်တဲ့နေ
ရာမှာရောက်နေတဲ့ဒေသခံတို့ဓလေ့၊ထုံးစံကိုလေးစားလိုက်နာလေ့အစဉ်
အမြဲရှိတယ်ဆိုတာပြသတဲ့သတင်းဓါတ်ပုံအထောက်အထားလေးတွေကိုပါ
ဖေါ်ပြပေးနိုင်အောင်ကြိုးစားစေချင်ပါတယ်။

Anonymous said...

ဒီမိုကရေစီ အတွက် ရေးတဲ့ ငတိတွေက ညစ်ညစ်ပတ်ပတ်ပဲ ရေးတတ်ပုံရတယ်နော်. မြန်မာ့တပ်မတော် အင်အားဘယ်လောက်ရှိတယ်ဆိုတာသိရဲ့လား. အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် တပ်က လျော့ပေးနေတာကို ကမ်းတက်နေကြတာကိုကွ. wikipediaမှာ သွားကြည့်လို့ရတယ်.ciafactbook မှာ သွားကြည့်လို့ရတယ်. အင်အားဘယ်လောက်ကွာတယ်ဆိုတာ. အခုချက်ချင်း ထတိုက်လိုက်ရင် ကြောင်ကြီးက ကြွက်ကလေးကို ဖမ်းသလိုကို ရတယ်. တိုင်းရင်းသားချင်း အထိနာမှာစိုးလို့ လျှော့ပေးနေတာကို သဘောက မပေါက်ဘူး.တော်တော်ဝေးတဲ့ ဒီမိုအညံ့စားငတိလေးတွေ..

Anonymous said...

စစ်ဆို ရင် တော့ မဖြစ်တာ အကောင်းဆုံးးပါ ပဲ တဖက်နဲ့ တဖက် မတိုက်ခိုက်ပဲ ငြိမ်းချမ်းရေးး ဘက် ကို လှမ်းးသင့် ပါ ပြီ ၂ ဖက် လုံးးကခေါင်းဆောင်ကြီးးတွေ ဆွေးနွေးပြီးး သူ များနိုင်ငံတွေ လို တိုးတက်အောင် လုပ်ဆောင်သင့် ပါပြီ..ကျွန်တော်တို့ နိုင် ငံဟာအဲဒီစစ်ပွဲတွေ ဖြစ်နေလို့ မိုးတက် မှုတွေ မရှိတာလို့ ကျွန်တော် ကတော့ မြင်တယ်...

Anonymous said...

( စကားကြုံသောကြောင့်ရေးပါမည်။တပ်မတော်တွင် မိုင်း အားစနစ်တကျ သုံးစွဲပါသည်။ရန်သူလာရာလမ်းအားထောင်ပြီးပါက ၄င်းမိုင်းအား အချိန်ပြည့်စောင့်ကြည့်ရပါသည်။
စခန်းပတ်လည်တွင်အသုံးပြုမည်ဆိုလျှင်မိုင်းထောင်ပြီးပါက စာရင်းမြေပုံအတိအကျ ရေးသွင်းရပါသည်။သို့မှသာ မိုင်းပြန်ဖော်ယူသည့်အခါ စနစ်တကျ အန္တရာယ်ကင်းစွာ ပြန်လည်ဖော်ယူနိုင်ပေမည်။ဆိုလိုသည်မှာမိုင်းတစ်လုံးအား မြေသို့မြှူပ်လိုက်ချင်းပင် မိုင်းမှတ်ပုံတင်စာရင်းထဲသို့ အချိန် ၊ နေရာ ၊မိုင်းအမျိုးအစား နှင့်တကွ ရောက်ရှိသွားသည်။ပေါက်ကွဲပြီးသော
မိုင်းမှလွဲရ်ျ ကျန်မိုင်းများအား စစ်ဆင်ရေးတာဝန်ပြီးသည်နှင့် ချက်ချင်းဖော်ယူရပါသည်။အကယ်ရ်ျ တာဝန်ထမ်းဆောင်ဆဲ တပ်အပြောင်းအလဲရှိပါက အရေးကြီး အနေဖြင့် ၄င်းမှတ်ပုံတင်အား တိတိကျကျလွဲအပ်ရပါသည်။၎င်းစာရင်းသည် စစ်သည်အနေဖြင့် ၄င်းအသက်ထက် တန်ဖိုးထား၏။)

မယုံကြည်ပါ။ မိုင်းအသုံးမပြုရေးနိုင်ငံတကာညီလာခံမှာ မြန်မာအစိုးရ လက်မှတ်မထိုးထားပါ။ ဘယ်သူမှတကူးတက ပြန်ဖေါ်မသွားပါ။ အတွင်းသိဖြစ်ပါသည်။ KIA မိုင်းရော၊ မြန်မာစစ်တပ်ထောင်တဲ့မိုင်းရော ရောနေပါသည်။

ကွမ်လုံ ရက် ၄၀ တိုက်ပွဲမှာ ထောင်ခဲ့သောမိုင်းများ တိုက်ပွဲပြီးသည့်နောက်ပိုင်း ပြန်မဖေါ်နိုင်ခဲ့ကြောင်းကြားဖူးပါသည်။

မြန်မာစစ်တပ်ရော၊ KIA ရော မိုင်းအသုံးပြုခြင်းကို ကန့်ကွက်ပါသည်။

မောင်ရွှေရိုး said...

သူ့ဟာသူဖော်ချင်ဖော်မယ် ၊ မဖော်ချင်နေမယ် ၊မင်းစောက်ပူ တစ်ပြားသားမှမပါဘူး ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ