![]() |
NLD ပါတီအမည်ပြောင်းလဲသွားပုံ(အသေအချာမြင်လိုလျှင် ပုံကို click ပါ) |
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် National League for Democracy (NLD) ပါတီကို အမည်ပြောင်းလိုက်ကြောင်း သတင်းရရှိသည်။
NLD ပါတီကို မူလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဟု ခေါ်တွင်ခဲ့သော်လည်း ယခု အချိန်မှ စ၍ "အမျုးသား ဒီမိုကရေစီ အဖွဲ့ချုပ်" ဟု အမည်ပြောင်းလိုက်ပြီဖြစ်သည်။ ယခုအခါ "အမျုးသား" ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်ကို မြန်မာ အဘိဓာန် ပညာရှင်များက အဓိပ္ပါယ် ဖွင့်ဆိုရန် ပြင်ဆင်နေကြကြောင်း သိရသည်။
NLD ပါတီ၏ အမည်သစ်ကို ဒါရိုက်တာ Luc Besson ရိုက်ကူးသည့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရုပ်ရှင် The Lady ဇာတ်ဝင်ခန်း တစ်ခုတွင် အထက်ပါအတိုင်း ပြောင်းလဲလိုက်ကြောင်း တွေ့ရသည်။
ရွှေးကောက်ပွဲအားဆန့်ကျင်ပြီး ပါတီစာရင်းတင်သွင်းခြင်းမပြုလုပ်သော NLD အနေဖြင့် ယခုအခါ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလမ်းကြောင်းတွင် ယခင်ကလို ထင်ရာလုပ်ပြီးအော်ချင်ရာအော်မရနိုင်သောအခါ ပါတီအမည်ပြောင်းကာ တရားဝင်မှတ်ပုံတင်တော့မည့်
အလားအလာများလေလားဟု အကောင်းမြင်ဘက်က တွေးမိနေပါသည် ။

1 ယောက် ဆွေးနွေးခဲ့တယ်:
အဲဒီ့ဇာတ်ကားကို ခင်ဗျားကြည့်ခဲ့တယ်ဆိုရင် ကျုပ်တို့ ပြည်သူတွေကို ဖြန့်ပေးဦးလေဗျာ။ ဟက်ဟက် ..
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။