Oct 14, 2011

အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြည်သူ့လုံခြုံရေး



သီတင်းကျွတ် လပြည့်နေ့ဟာ ( အဘိဓမ္မာ အခါတော်နေ့) ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားတဲ့ နေ့တစ်နေ့ ဖြစ်ပါ တယ်။ ဗုဒ္ဓ ဘာသာဝင် မြန်မာတို့ တန်ဖိုးထား ဆင်နွှဲကြတဲ့ လတွေထဲမှာ တစ်လ အပါအဝင် ဖြစ်သလို (၁၂)လ ရာသီတွေ ထဲမှာ (၇)လမြောက်လလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း မပျက် ကုသိုလ် ဘာဝနာ ပွားများ အားထုတ်နိုင်ကြတဲ့ အခါသမယလည်း ဖြစ်ပါတယ်။

အဲ ဒီလိုအခါသမယမှာပဲ " ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက အကျဉ်းသား(၆၃၅၉)ဦး လွတ်ငြိမ်းသာခွင့်ပြု နိုင်ငံတော်၏ စေတနာကို နားလည်ပြီး နိုင်ငံအကျိုးအတွက် ပြည်သူများနှင့်အတူ တာဝန်ထမ်းဆောင်" ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်တဲ့ မြန်မာအစိုးရသစ် လက်ထက်မှာ အကျဉ်းသားတွေကို လွတ်ငြိမ် ချမ်းသာခွင့် ပေးခဲ့တာ ဒါဟာ ဒုတိယ အကြိမ်မြောက် ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွတ်မြောက်လာတဲ့ အကျဉ်းသား တွေရဲ့ ကိုယ်စား ဝမ်းသာမိပါတယ်။

မြန်မာမှု နယ်ပယ်မှာလည်း အပျော်ဆုံးနေ့တွေထဲမှာ ထောင်က လွတ်တဲ့နေ့ကလည်း တစ်နေ့ အပါအဝင်ပဲ မဟုတ်လား။ အခုလို အဘိဓမ္မာ အခါတော်နေ့၊ နေ့ထူးနေ့မြတ်မှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တာဟာ ပေးလိုက်တဲ့ သူတွေ အတွက်လည်း နတ်လူသာဓု ခေါ်မယ့် လုပ်ရပ်မျိုးကို လုပ်လိုက်တာလို့ မြင်မိသလို၊ လွတ်မြောက် လာသူတွေ အတွက်လည်း သူတို့ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ကျေးစေတမန် အဖွဲ့သားများက ဝမ်းသာမိပါတယ်။ လှောင်အိမ်ထဲက လွတ်လာတဲ့ ငှက်ကလေးဟာ စိတ်လွတ် ကိုယ်လွတ်နဲ့ လိုရာကို ပျံသန်းနိုင်သလိုပဲ အကျဉ်းထောင်က လွတ်လာတဲ့ အကျဉ်းသားတွေဟာလည်း စိတ်လွတ် ကိုယ်လွတ်နဲ့ သွားနိုင်ပါပြီ။ တိုင်းကျိုးပြည်ကျိုးကို သယ်ပိုးနိုင်ပါပြီ။ လွတ်လပ်ခြင်းရဲ့ တန်ဖိုးကို မလွတ်လပ်တဲ့ အခါကျမှသိ ဆိုတာလို လွတ်လပ်ခြင်းရဲ့ တန်ဖိုးကို အကျဉ်းထောင်တဲ့ ရောက်တဲ့ အခါကျ ပိုပြီး သိခဲ့ကြမှာ ဖြစ်ပါတယ်။ အခုလို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ တန်ဖိုးကိုသိပြီး တန်ဖိုးရှိတဲ့ အချိန်တွေကို အကျဉ်းထောင်ထဲမှာ မကုန်ဆုံးစေပဲ နိုင်ငံနဲ့ လူမျိုးအတွက် အမှန်တကယ် အကျိုးရှိတဲ့ နေရာ တွေမှာ အသုံးပြုနိုင်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။

ဒါပေမယ့် လူ့အကြိုက် နတ်မလိုက်နိုင် ဆိုတာလို အားလုံးကြိုက်အောင်တော့ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရ ပဲဖြစ်ဖြစ်၊ ဘယ်အစိုးရပဲ ဖြ
စ်ဖြစ် စွမ်းဆောင် နိုင်လိမ့်မယ်လို့တော့ မထင်ပါဘူး။ အခုလွတ်မြောက်လာတဲ့ အကျဉ်းသား တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရတဲ့သူတွေလည်း ပါပါတယ်။ ဒီလိုပါလာပြန်တော့လည်း အထွေထွေ လွတ်ငြိမ်ချမ်းသာခွင့် မဟုတ်လို့ဆိုပြီး ဖြစ်လာကြပြန်တယ်။ သမ္မတသစ် တစ်ယောက်တက်လို့၊ အစိုးရသစ် တက်လို့ဆိုပြီး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးတယ်ရယ်လို့ အမေရိကန်ပြည်ထောင်စု မှာလည်း မကြားမိပါဘူး။ အိမ်နီးချင်း နိုင်ငံတွေမှာလည်း မကြားမိပါဘူး။ ကောင်းတာကတော့ အကျဉ်းထောင်ထဲမှာ တစ်ယောက်မှ မရှိလေ ကောင်းလေပေါ့။ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အကျဉ်ထောင်ထဲကို ရောက်လာ ခဲ့ကြတော့လည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံကြရတာပေါ့။ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို မခံရဘဲ ရောက်လာတဲ့ အကျဉ်းသားတိုင်းကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးနေမယ်ဆိုရင် နိုင်ငံတော် တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးဟာ ဘယ်လိုဖြစ်သွား မလဲ၊ ဘာဖြစ် သွားမလဲ၊ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ကိုရော ထည့်မစဉ်းစားကြတော့ဘူးလို့ ဆင်ခြင်မိပါတယ်။

လောကမှာ လူသားတွေဟာ စည်းမျဉ်း စည်းကမ်း ကျင့်ဝတ် ဘောင်တွေကို ကျော်ပြီး အကြောင်းပြချက် မျိုးစုံနဲ့ လူတစ်ဦး တစ်ယောက်ရဲ့ စိတ်ဆန္ဒကို ဦးစားပေးလို့ ပတ်ဝန်းကျင်နဲ့ လူအများရဲ့ သောကတွေကို ဖန်တီးနေမယ် ဒုက္ခတွေကို ပေးဝေ နေမယ်ဆိုရင် ဒီလူကို ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူမှု ပြုကြရတာ ဓမ္မတာပါပဲ။ အဲဒါကို တရားဥပဒေ ဆိုတဲ့ ပြဌာန်းချက်နဲ့ ကန့်သတ် ကာကွယ်ပေးထားတာပါ။ ဒါဟာ အများ ပြည်သူနဲ့ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ရင်အုပ်မကွာ ကာကွယ်ပေးတဲ့ သဘောပါ။ ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရရဲ့ စေတနာနဲ့ တာဝန် ဖြစ်ပါတယ်။ ဒီတော့ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ဒီမိုကရေစီ နည်းလမ်းတကျ နိုင်ငံရဲ့ ပြုမူ ဆောင်ရွက်ချက်တွေ မှန်သမျှ ပြည်သူ့ဆန္ဒ ပြည်သူ့ဘ၀တွေကို ထင်ဟပ်စေမယ် ဆိုတာ အပြော မဟုတ် အလုပ်နဲ့ မြန်မြန် ဆန်ဆန် သက်သေပြနေတာကို ပြည်သူတွေ နားလည်နေကြပါပြီ။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး ဟာ ဒီမိုကရေစီ စနစ်ကို ပီပီပြင်ပြင် ဖော်ဆောင် လျှောက်လှမ်းနိုင်ကြဖို့အတွက် ပြည်သူတွေက အပြုသဘောဆောင်တဲ့ အမြင်တွေ ပူးပေါင်း ပါဝင်မှုတွေနဲ့ အတူတကွ လျှောက်လှမ်း ဖြတ်သန်းကြပါမှ ဒီခရီး ပန်းတိုင်ဟာ ချောချော မွေ့မွေ့ ငြိမ်းငြိမ်းချမ်းချမ်း အရောက်လှမ်းကိုင်နိုင်ကြမယ် ဆိုတာကို စေတနာတရား ရှေ့ထားပြီး ရေးသား တင်ပြ လိုက်ရပါတယ်။
                                                                                 ကျေးစေတမာန်

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ