ပိုသိနိုင်မှာလဲ..အဲဒီသဘောတရားကိုတောင်မသိတဲ့..မြန်မာ့အရေးကျွမ်းကျင်သူတွေ..
စစ်ပြေးတပ်ပြေးလုပ်ပြီး နိုင်ငံခြားမှာ စစ်တပ်အကြောင်း အူမချေးခါးသိချင်ယောင်ဆောင်
နေတဲံကောင်တွေ..အစိုးရအတိုက်အခံတွေ နဲ့ ဝါဒမိုင်းမိနေတဲ့ ကိုယ်ပိုင်စဉ်းစားဥာဏ်မရှိတဲံကောင်တွေ .. မြန်မာနိုင်ငံအရေးကို ကျွမ်းလာပါပြီဆိုပြီး မြန်မာ့မြေကိုမနင်းတဲံကောင်တွေ.ကျောင်းသားမျိုးဆက်တွေကို ကြောက်နေဆဲ
လို့ပြောပြီး မြန်မာ့မြေကို ခြေချရမှာကြောက်နေတဲံကောင်တွေ..
မင်းတို့ကို ပြောလိုက်မယ်..မင်းတို့ ဦးဏှောက်တွေ ချီးစိမ်ထားလိုက်စမ်းကွာ
***************************************************************
၂၀၁၁ ခုနှစ်အတွက် Person of the Year အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အား Weekly Eleven News Journal မှ ရွေးချယ် ဖော်ပြသွားပါသည်။
ငါတို့ သမ္မတကြီး |
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့မှ စတင်ပြီး နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့ကာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပြည်သူ့အသံကို နားထောင်ခဲ့သူ၊ မြစ်ဆုံစီမံကိန်း ကဲ့သို့ စီမံကိန်းကြီး တစ်ခုအား ပြည် သူလူထု၏ ဆန္ဒအတွက် ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သူဖြစ်၍ ၂၀၁၁ ခုနှစ် အတွက် ထင်ရှားသော လုပ်ဆောင်မှု များရှိခဲ့သူ Person of the Year အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှဖွားမြင်ခဲ့သူဖြစ်သည်။ အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း နှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။
ထို့နောက် စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)ရရှိခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း(၁)တွင် ဗိုလ်ကြီးအဆင့်ဖြင့် လည်းကောင်း၊ ၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ် တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ(၈၉)၊ နတခနှင့် ကက(ကြည်း)တို့တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊ ၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊ ၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။