ကျွန်တော်က
မလေးကို free calling နဲ့ လာခဲ့တာပါ။ အလုပ်ရွေးနေခဲ့တာနဲ့ နောက်ဆုံး
အလုပ်ရတဲ့အခါမှာ လက်ထဲက ပိုက်ဆံလည်း ကုန်သလောက်ပါပဲ။ အဲဒီအလုပ်အတွက်
စာရွက်စာတမ်းကိစ္စက အနည်းငယ် ငွေလိုပါတယ်။ အိမ်ခန်းအတွက်လည်း ငွေလိုပါတယ်။
ကုန်ကုန်ပြောရင် လက်ထဲမှာက ရင်းဂစ် ၂၀၀မပြည့်ဘူး၊ သုံးရမှာက
ထောင်ကျော်ဖြစ်နေတယ်။ တလွဲဆံပင်ကောင်း ခေါင်းကြောအင်မတန်မာတဲ့ ကျွန်တောဟာ
ဘယ်လိုပဲဖြစ်ဖြစ် အိမ်ကတော့ ပြန်မတောင်းဘူးဟေ့လို့  စိတ်ထဲက တင်ထားပါတယ်။
လက်ထဲရှိတဲ့ငွေလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး
အချိန်ပိုင်းအလုပ်များကို ဟိုရှာဒီရှာ၊ ဟိုမေးဒီမေးပေါ့လေ။ နောက်တော့
အိမ်ခန်းရှာရတော့ အိမ်ခန်းခပေးရတဲ့အတွက် လက်ထဲမှာ ငွေ၃၀ ပဲ ကျန်ပါတော့တယ်။
လဆန်း ၁၂ရက်ပဲ ရှိပါသေးတယ်။ အလုပ်က stock စစ်ဖို့ လိုတဲ့အခါ
ဟိုဟိုဒီဒီ bus ကားစီးပြီး ပြေးရတဲ့အတွက် ဒီပိုက်ဆံကလေးနဲ့ ဘယ်လိုမှ
မလောက်ပါဘူး။ ကျွန်တော်ရဲ့ အခန်းဖော်က စန်းစန်းလို့ ခေါ်ပါတယ်။ KL မှာ
ကျောင်းလာတက် တာပါ။ အသက် ၂၂နှစ်၊ ညိုညိုလေးနဲ့ ချောပါတယ်။ မိဘများက
ရန်ကုန်၊ ၇မိုင်မှာ နေပါတယ်။ ကိုယ့်အပူနဲ့ ကိုယ်ဆိုတော့လည်း သူနဲ့
အဲဒီလောက် စကား မပြောဖြစ်ပါဘူး။ ကျွန်တော့်မှာ လကုန်အထိ ဘယ်လိုလောက်
အောင် စားရမလဲလို့ တနေ့တနေ့ ဦးနှောက်စားရပါတယ်။နောက်ဆုံးမှာတော့
အကြံရပါတယ်။ ကြက်ဥတစ်လုံး ပြား ၃၀၊ ခေါက်ဆွဲခြောက်တစ်ထုပ် ပြား၆၀၊ မနက်
ကြက်ဥတစ်လုံး ခေါက်ဆွဲခြောက်ထုပ် တစ်ဝက်၊ ညနေ ကြက်ဥတစ်လုံး ကျန်တဲ့
ခေါက်ဆွဲခြောက်ထုပ်တဝက်နဲ့ (ခေါက်ဆွဲထဲကို ရေတရဟောနဲ့ ပြုတ်ထားတာပါ)
စခန်းသွားတော့တာပဲဗျို့ ။ မကြာပါဘူး၊ အဲလိုကြီးကို မစားနိုင်တော့ပါဘူး။
အနံ့ရတာနဲ့ကို အန်ချင်လာပါတယ်။ စန်းစန်းက ကျွန်တော့်အဖြစ်ကို
သတိထားမိလာပါတယ်။ တနေ့  သူမေးလာပါတယ်။ အစ်မ ပိုက်ဆံလိုသလား။
ကျွန်တော်လည်း သူ့ ကို ရင်ဖွင့်မိပါတယ်။ သူက အချိန်ပိုင်း လုပ်မလား၊
သူနဲ့ အတူတူတဲ့။ ဘာအလုပ်လဲဆိုတော့ သူက အစ်မ၊ စိတ်မရှိနဲ့နော်ဆိုပြီး
ဇာတ်ဆုံခင်းပါတယ်။ မလေးနိုင်ငံသား ပိုက်ဆံဝါလား များနဲ့ မလေးမှာ
လုပ်ငန်းလာလုပ်သော အခြားနိုင်ငံမှ လူကြီးမင်းများက အဖော်ရှာပါသတဲ့။
သူတို့ က မျက်နှာကြီးများဆိုတော့ အများသွားသော နေရာများကို
မသွားချင်သောကြောင့် မလေးနိုင်ငံသား သူတို့ လို လူများနှင့် ယခင်ကပင်
ပေါင်းသင်းဖူးသော၊အငယ်သဘောဖြင့် လက်ရှိပေါင်းသင်းနေဆဲဖြစ်သော မြန်မာ
မမများမှ တဆင့် အဖော်ရှာပါသတဲ့။ တစ်ပတ် နှစ်ည၊ ထိုသူကလွဲ၍ မည်သူနှင့်မျှ
မတွဲရ၊ တစ်လ ရင်းဂစ် ၈၀၀ မှ ၁၀၀၀ အထိ ပေးတယ်လို့  ဆိုပါတယ်။ပထမတော့
ကျွန်တော်လည်း ခေါင်းခါပါတယ်။ နောက်တော့လည်း ငတ်တဲ့ဒဏ်မခံနိုင်တော့
ပွဲစားမကို သွားတွေ့ဖို့  သဘောတူလိုက်ပါတယ်။ မမကလူကို
အရင်ကြည့်မယ်ပေါ့။ တညနေမှာ မမကို bukit bin tang က ဆိုင်တဆိုင်မှာ
သွားတွေ့ပါတယ်။ သူ့ ကို ပွဲခလည်း ပေးရမှာ ဖြစ်မှာတယ်။ အဲဒီလူတွေနေတဲ့
condominium ကို သူက ဘယ်နေ့ဘယ်ရက်မှာ ခေါ်သွားမယ်လို့ 
ပြောဆိုနေတုန်းမှာ ဆိုင်ထဲမှာ လာစားတဲ့ ကလေးတစ်ယောက်က ထငိုပါတယ်။ သူ
့အင်္ကျီအသစ်လေး အနောက်ဘက်မှာ နည်းနည်း စွန်းပေသွားလို
့ပါ။တော်တော်ကြီးကို အော်ငိုနေပါတာ။ သူငိုတာ ကြားလိုက်ရတဲ့အခါ
ကျွန်တော် အိပ်မက်က လန့် နိုးသွားသလို ဖြစ်ရပါတယ်။ အမေလုပ်သူက သမီးရယ်၊
အင်္ကျီက နောက်မှာ စွန်းတာပါ၊ လူမမြင်ပါဘူးဆိုတော့ သူကလေးက အမေ၊
လူမမြင်ပေမယ့် ပေနေတာကို သမီးသိတယ်တဲ့။ ကျွန်တော် ကြက်သီးမွေးသီး
ထသွားပါတယ်၊ ဒီမှာ ငါဘာလုပ်တယ်ဆိုတာ ဘယ်သူသိမှာလဲ ဆိုတဲ့အတွေးနဲ့ 
ကျွန်တော်ဟာ ဒီလမ်းမှားကို လျှောက်ဖို့  သီသီကလေးပဲ လိုပါတော့တယ်။
ချက်ချင်းပဲ ပွဲစားမမကို ပိုက်ဆံပြန်ပေးပြီး နှုတ်တောင်မဆက်ပဲ
ထွက်လာခဲ့ပါတယ်။ သုံးရက်လောက်အကြာမှာ အချိန်ပိုင်း အလုပ်တစ်ခု ရပါတယ်။
စန်းစန်းကတော့ ဘယ်လိုပင် ဖျောင်းဖျသော်ငြား ခေါင်းမာမာနဲ့ပဲ အဲဒီလမ်းကို
လျှောက်သွားပါတယ်။
သင့်၌ ရွှေးချယ်ခွင့် ရှိပါသည် |
1 ယောက် ဆွေးနွေးခဲ့တယ်:
အဲ့ဒီလိုပဲ ဖြစ်နေရမယ် .... လျှာပေါ် မြက်ပေါက်သွားပါစေ ခန္ဒာကိုယ်ကိုတော့ ဘယ်တော့မှ ရောင်းမစားဘူး ဆိုတဲ့ စိတ်နဲ့ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေကြတဲ့ အမျိုးကောင်းသမီးများအတွက် မမ ဂုဏ်ယူပါတယ် .....
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။