ယခင်က ထိုင်းနိုင်ငံတွင် ဘတ်ငွေ (Thai baht, บาท, sign: ฿; code: THB)ကို သုံးစွဲခဲ့သော်လည်း မကြာမီရက်ပိုင်းမှ စ၍ (Thai baht) အစား (Thai Bakhs)ကို ပြောင်းလဲ အသုံးနေကြောင်း မြန်မာရုပ်ရှင် ဇာတ်လမ်းတို တစ်ခု၏ ဇာတ်ဝင်ခန်းတစ်ခု အရ သိရသည်။
(Courtesy: youtube)
တစ်ချိန်တည်းတွင် စင်ကာပူနိုင်ငံကလည်း ထိုင်းနိုင်ငံကို အားကျပြီး စင်ကာပူငွေကြေးကို ပြောင်းလဲလိုက်သည်။
ယခင် အသုံးပြုနေသည့် စင်ကာပူဒေါ်လာ Singapore dollar (sign: $; code: SGD)ကို ဖျက်သိမ်းပြီး၊ Singaporian dollar ကို ပြောင်းလဲ သုံးစွဲနေကြောင်း အထက်ပါ ဇာတ်လမ်းတိုအရ သိရသည်။
ထိုကဲ့သို့ ငွေကြေးစနစ် ရုတ်တရက် ပြောင်းလဲမှု၏ အကျိုးဆက်အဖြစ် စင်ကာပူနိုင်ငံသား Singaporean များလည်း အမည်ပြောင်းသွားသည်။ မကြာမီ ရက်ပိုင်းအတွင်း၊ ငွေကြေးစနစ်နှင့်အတူ အမည်ပြောင်းလဲ ခံလိုက်ရသော Singaporean ၏ အမည်သစ်မှာ Singaporian ဖြစ်သည်။
http://www.burmastrangenews.com/ မှ သရော်ထားသည်
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။