မြန်မာပြည်ရဲ့ Public Speaker
တစ်ယောက်ဖြစ်တဲ့ ကာတွန်းမြေဇာဟာ သူ့ရဲ့ facebook
စာမျက်နှာမှာအောက်ပါအတိုင်းရေးပြီး လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့
တပ်ဖွဲ့တွေနဲ့ ပြည်သူတွေ အကြား ကွာဟမှုကြီးသည်ထက်ကြီးလာအောင်
လှုံ့ဆော်ထားတာကို စိတ်မကောင်းစွာ ဖတ်လိုက်ရပါတယ် ။
ခင်ဗျားကို တစ်ခုပဲပြန်မေးချင်ပါတယ်
ခင်ဗျားဘီယာလေး တမျမျ နဲ့ နေနိုင်အောင် နယ်စွန်နယ်ဖျားက စစ်မြေပြင်တွေမှာ
ဒီအမိန့်တွေ လိုက်နာရင်း အသက်ပေးခဲ့ရတဲ့ စစ်သားတွေစာရင်းလည်း စစ်တပ်မှာ
ရှိနေမှာပါဘဲ ... ဒီလူတွေအတွက် ခင်ဗျားပြန်သေပေးမလား ? ၊
"ဒါကတော့စစ်သားအလုပ်ပဲလေ ဆိုတဲ့ ပြီးလွယ်စီးလွယ် စကားတွေနဲ့
ပြီးသွားမယ်ဆိုရင် နောင် စစ်ပွဲတွေဖြစ်လာရင် တိုင်းပြည်အတွက်
အသက်ပေးမယ့်သူတွေ မရှိပဲနေမယ် ဘာလို့လဲဆိုတော့ သေသွားတာတောင်
ကဲ့ရဲ့ခံနေရတုန်းကိုး "လို့ခင်ဗျားကို ပြန်ပြောရင် ခင်ဗျားဘယ်လိုနေမလဲ ၊
တိုင်းပြည်အတွက်အသက်ပေးသွားခဲ့တဲ့
စစ်သည်တွေ အမြောက်အများပါဘဲ ဘယ်စစ်သားရဲ့ ကျန်ရစ်သူမိသားစုကများ
စစ်တပ်ကမတရားလုပ်နေပါတယ်တို့ ၊ တိုင်းပြည်အတွက်သူတို့ သားတွေ၊
လင်ယောင်္ကျားတွေ ၊ အဖေတွေ အနစ်နာခံနေရပါတယ်တို့
လူ့အခွင့်အရေးဆုံးရှုံးနေပါတယ် တို့ အော်တာတွေ့ဘူးလဲ ၊
ဘယ်မှာများကြားဘူးလဲ... မှတ်ထား မောင်မြေဇာ... ပေးဆပ်သူတို့ရဲ့နှလုံးသား ၊ မြင့်မြတ်သူတို့ရဲ့ နှလုံးသားတွေဟာ ဘယ်ပြည်သူရှေ့မှာမှ အမှတ်မယူတတ်ကြဘူး သူလုပ်စရာရှိတာကို လုပ်သွားတာပဲ...ခံစရာရှိတာ ခံသွားတာပဲ ၊ ပေးဆပ်စရာရှိတာ ပေးဆပ်သွားတာပါဘဲ... ဒါကိုမှ သတ္တိလို့ခေါ်တယ်ဗျ။
ဘယ်မှာများကြားဘူးလဲ... မှတ်ထား မောင်မြေဇာ... ပေးဆပ်သူတို့ရဲ့နှလုံးသား ၊ မြင့်မြတ်သူတို့ရဲ့ နှလုံးသားတွေဟာ ဘယ်ပြည်သူရှေ့မှာမှ အမှတ်မယူတတ်ကြဘူး သူလုပ်စရာရှိတာကို လုပ်သွားတာပဲ...ခံစရာရှိတာ ခံသွားတာပဲ ၊ ပေးဆပ်စရာရှိတာ ပေးဆပ်သွားတာပါဘဲ... ဒါကိုမှ သတ္တိလို့ခေါ်တယ်ဗျ။
အစိုးရကိုမထိတထိ ကာတွန်းရေးရဲတာလောက်ကို
သတ္တိထင်နေတဲ့ ခင်ဗျားလို စိတ်ဓါတ်အောက်တန်းကျသူတွေများနေလို့
၊ထောင်ကျတာလောက်ကို ဟိမ၀န္တာစွန့်စားခန်း ထင်နေတဲ့သူတွေများနေလို့
တိုင်းပြည်က ခုလိုဖြစ်နေတာဆိုတာ ကိုယ့်ကိုကိုယ် မသေခင် ဆင်ခြင်မိသွားရင်၊
နောင်ဒါမျိုးစာရေးမယ်ဆိုတိုင်း အမိန့်တွေအောက်မှာအသက်ပေးသွားတဲ့
စစ်သားတွေရဲ့ မျက်နှာတွေ ကျန်ရစ်သူမိသားစုတွေရဲ့ မျက်ရည်တွေကို
အားနာတတ်သွားရင် ဘ၀ကူးတာကောင်း သွားမယ် မောင်မြေဇာ...။
http://doctorsatephwar.blogspot.com/2012/01/blog-post_23.html မှ ကူးယူဖော်ပြသည်။
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။