Jan 26, 2012

မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ မှ NLD နှင့်88ကျာင်းသားခေါင်းဆောင်များကို သတိပေး


ပါတီစုံဒီမိုကရေစီစနစ်တွင် ဦးဆောင်ပါတီမရှိ ပြိုင်ဘက်ပါတီသာရှိ

ပါတီ ၂ ရပ်စလုံးကို တည်ထောင်သူများမှာ ၁၉၈၈ ကျောင်းသားဟောင်းများဖြစ်၏။ ကျောင်းသား များ အဖြစ်ထက် နိုင်ငံရေးသမားများ အဖြစ် ခံယူပြီး ပါတီခေါင်းဆောင်အဖြစ်သို့ ပြောင်းလဲတာဝန်ယူကြသည်။ ဤ သို့ဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက် သည်မှာ မှားယွင်းသောမူဝါဒ ဖြစ်သည့်အလျှောက် အချိန်လွန်မှ အမြင်မှန် ရလာကြသော NLD မှ အဖိုးအိုတစ်သိုက် ဒေါ် အောင်ဆန်းစုကြည် ၏ အရှိန်အ၀ါကို သုံး၍ ပါတီထောင် ခြင်း ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်း တို့အား လုပ်ဆောင်လာကြသည့် အခါလည်းဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ NLD ဟူသော နာမည်ကြီး ပါတီနှင့် ရွေးကောက်ပွဲတွင် ထိပ်တိုက်တွေ့ရဦးမည်ဖြစ်ပေသည်။

ပြည်သူများ သိရမည့် အချက်မှာ ဒီမိုကရေစီလောက တွင် ဦးဆောင်ပါတီဟူ၍ မရှိပဲ ပါတီစုံတို့သည် ပြိုင်ဘက်သာလျှင်ဖြစ်ကြကုန်၏။ မဲထဲ့ကြမည့် ပြည်သူတို့သည် မိမိတို့မဲထဲ့မည့် ပါတီ၏ မူဝါဒ နှင့် မိမိ တို့မဲထဲ့မည့် လွတ်တော်ကိုယ်စားလှယ်လောင်း၏ အရည်အချင်း နှင့် မူဝါဒကိုသာ အကဲဖြစ်ရလေ့ရှိပါသည်။ NLD ပါတီအား ဦးဆောင်ပါတီဟု သုံးနှုံးနေခြင်းမှာ မှားယွင်းခြင်းမျှသာဖြစ်ပါ၏။ NLD ခေါင်းဆောင်များက မသိချင်ယောင် ဆောင်ပြီး သူတို့ပါတီသာလျှင်ဦးဆောင်ပါတီဖြစ်သယောင် ခေါင်းဆောင်ပါတီဖြစ်သယောင် ရောချနေကြ၏။
ကျောင်းသားခေါင်းဆောင်ဆိုတာဘာလဲ

ကျောင်းသားခေါင်းဆောင် ဆိုသူများကလည်း NLD ကိုဝန်းရံကြဟူသော မှားယွင်းသည့် မူဝါဒကို ချမှတ်ကြ ၏။ ကြေငြာချက်ထုပ်ကြ၏။ သတင်းစာရှင်းလင်းပွဲတွင် တရားဝင် တင်ပြ ကြ၏။ အမှန်တော့ ကျောင်း သားအဖွဲ့အစည်းဆိုသည်မှာ မည်သည့်ပါတီ၏ လက်ကိုင်ဒုတ် မှ မဖြစ်ရပါ။ ကျောင်းသားခေါင်းဆောင်များ ဟု အမည်ခံထားသူများက
NLD ကိုထောက်ခံမှုပြုခြင်းသည် ၎င်းတို့ ကိုယ်စားပြုသော ကျောင်းသားအဖွဲ့အစည်းများကို ပါ ပါတီတစ်ရပ်အားထောက်ခံစေခြင်းဖြစ်ပါ၏။ ဤသည်ကို မည်သို့မျှငြင်းချက်ထုတ်၍ မရပါ။ အကယ်၍ ကျောင်းသားခေါင်းဆောင် ဆိုသူများအနေဖြင့် နိုင်ငံရေးပါတီတစ်ရပ်ရပ်ကိုထောက်ခံလို လျှင် မိမိတို့ကိုယ်တိုင် ကျောင်းသားခေါင်းဆောင်မဟုတ်တော့ကြောင်း မည်သည့် ကျောင်းသားအဖွဲ့ အစည်းကိုမျှ ကိုယ်စားမပြုတော့ကြောင်းကြေငြာပြီး မှ ပါတီတစ်ရပ်ရပ်အားထောက်ခံသင့်ပေသည်။

သို့မဟုတ်ပါလျှင် ပါတီစုံဒီမိုကရေစီ စနစ်ဆိုသည်မှာ အဓိပါယ် မရှိတော့ပြီ။ ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည် သည်ဆိုခြင်းမှာ လည်း မဟုတ်တော့ပြီ။

သို့ဖြစ်၍ ကျောင်းသားခေါင်းဆောင်ဆိုသူများ အနေဖြင့် NLD ပါတီအားဝန်းရံပါမည်ဆိုခြင်းကို ပယ်ဖျက် ပေးပါရန် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်သော ကျွန်ုပ်တို့ပါတီ မှ တောင်းဆိုလိုက်ပါသည်။

တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကျောင်းသားခေါင်းဆောင်ဆိုသူများလည်း ပါတီတစ်ခုခုကို  တည်ထောင် ကောင်း တည်ထောင်နိုင်ပါသည်။ ထိုအချိန်တွင် ကျောင်းသားအဖွဲ့အစည်းမှ အခြား နိုင်ငံရေးပါတီတစ်ခုကို ထောက်ခံပါသည်၊ ၀န်းရံပါသည်ဟုဆိုလျှင် မည်သို့သဘောထားမည်လဲ ဟု ဖြေကြည့်စေလိုပါသည်။

ကျွန်ုပ်တို့၏ မျိုးဆက်သစ် လူငယ် ကျောင်းသား ခေါင်းဆောင်များကို မည်သို့သင်ကြားပေးမည်နည်း။ မိမိယုံကြည်ရာပါတီ တစ်ခုခုကို ထောက်ခံရမည်ဟု သင်ကြားမည်လား။ ကျောင်းသား အဖွဲ့အစည်းဆိုသည် မှာ လွတ်လပ်စွာရပ်တည်ရမည်ဟုသင်ကြား မည်လား။ အားလုံးစဉ်းစားကြဖို့ဖြစ်သည်။



ကောင်းမြတ်သူ (မူဝါဒရေးရာဌာန)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မှန်ပါသည်။၈၈ ကျောင်းသားဆိုသူများ NLD ပါတီဝင်ချင်ဝင်..ပါတီသစ်ဖွဲ့ ချင်ဖွဲ့ ..တခုခုလုပ်ပါ။
အသက်တွေကလည်း ၅၀ နားတွေရောက်နေကြပြီ..။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ