Jan 28, 2012

ပိတ်ဆို့မှူဖွင့်ဖို့ အချိန်မတန်သေးဘူးဆိုတဲ့ ဘွားတော်ကြီး နဲ့  ငပွကြီးတွေ ကို ပေးဖတ်လိုက်ပါဗျာ

ကိုယ်ပိုင်တေးစီးရီး ထုတ်ဝေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရော့ခ်တီးဝိုင်းအဖွဲ့ Side Effect ရဲ့ ၀က်ဘ်ဆိုက်လွှင့်တင်ပြီး ရန်ပုံငွေရှာဖွေတဲ့ ကြိုးပမ်း မှုဟာ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့စီးပွား ရေးပိတ်ဆို့မှု စနစ်ရိုက်ခတ်မှုအောက်မှာ အရာမထင် ဖြစ်ခဲ့ရပါတယ်။


Side Effect အဖွဲ့ဟာ အမေရိကန် ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ IndieGoGo မှတစ်ဆင့် သူတို့ရဲ့ဝက်ဘ်ဆိုက်http://www.indiegogo.com/SideEffect Myanmar ကို နိုဝင်ဘာလတွင် စတင် လွှင့်တင်ခဲ့ကာ သူတို့ကို အားပေးသူတွေ ထည့်ဝင်တဲ့ အမေရိကန်ဒေါ်လာ ၂,၈၄၀ ရရှိခဲ့ပြီး ရရှိငွေများကို တေးစီးရီး အတွက်နဲ့ တူရိယာပစ္စည်းအသစ်များ ၀ယ်ယူဖို့ စီစဉ်ခဲ့ကြ တာဖြစ်ပါတယ်။

Side Effect အဖွဲ့သားတွေဖြစ်ကြတဲ့ Darko C ၊ Jozeff K နဲ့ Tser Htoo
ဓာတ်ပုံ - ခရစ္စတိုဖာဒေဗီ

အဲဒီအတွက် အဖွဲ့သားသုံးဦးနဲ့ ဖွဲ့စည်းထားတဲ့ လူငယ်ဂီတအဖွဲ့ဟာ လူတွေ အလှူငွေထည့်ဝင်ချင်လာအောင် သူတို့ လက်မှတ်ထိုး ထားတဲ့ ပို့စကတ်တွေ၊ တီရှပ်တွေ၊ MP3 တွေ၊ ရန်ကုန် မြို့တွင်းအလည်ခရီးစဉ်တွေကို စိတ်ကူး ကောင်းကောင်းနဲ့ စီစဉ်ပြီး ၀က်ဘ်ဆိုက်ပေါ်မှာ ရေးတင်ထားတာ ဖြစ်ပါတယ်။
အဲဒီကြိုးစားမှုကြောင့် သူတို့အဖွဲ့ဟာ ပြည်ပမီဒီယာတွေရဲ့စိတ်ဝင်စားမှုကို ရရှိပြီး မကြာခင်ကပဲ ကမ္ဘာကျော် Wall Street သတင်းစာမှာ ရေးသားဖော်ပြ ခြင်းခံခဲ့ရပါတယ်။

သို့ပေမယ့်လည်း IndieGoGo ဆီက အဖွဲ့ဝက်ဘ်ဆိုက်ကို ဖျက်သိမ်းလိုက်ပြီး စေတနာရှင်တွေ ထည့်ဝင်ကြတဲ့အလှူ ငွေတွေကိုလည်း အဖွဲ့အတွက်သတ်မှတ်ထားတဲ့ ပြည်ပရှိဘဏ်စာရင်းထံ လွှဲပြောင်းမပေးနိုင်ဘူးဆိုတဲ့ အကြောင်းကြားစာကို ဂီတအဖွဲ့ဟာ ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ လက်ခံရရှိခဲ့ပါတယ်။

ဒါ့ပြင် Indie GoGo က သူတို့ဝက်ဘ်ဆိုက်ကို SideEffect အဖွဲ့အသုံးပြုခြင်းဟာ မြန်မာနိုင်ငံသားတွေ အမေရိကန်ဘဏ် စနစ် အသုံး မပြုနိုင်ရန်ပိတ်ပင်ထားခြင်းမှ ချိုးဖောက်ရာရောက်ပြီး အမေရိကန်ရဲ့စီးပွားပိတ်ဆို့မှုကိုလည်း ဆန့်ကျင်ချိုးဖောက်ရာရောက်တယ်လို့ အကြောင်းကြားစာထဲမှာ ရေးသားဖော် ပြခဲ့ပါတယ်။
Indie GoGo ၀က်ဘ်ဆိုက်ဟာ အင်တာနက်ကနေ ရန်ပုံငွေရှာဖွေလိုသူတွေ အသုံးပြုနိုင် ရန်ရည်ရွယ်ကာ ၂၀၀၈ ခုနှစ်ကစပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ အခြေစိုက် လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ရဲ့ ပင်တိုင်အဆိုရှင်ဖြစ်သူ Darko C က မမျှော်လင့်ထားတဲ့ အကြောင်းကြားစာကြောင့် မကြာခင်မှာ အခွေဖြန့်ချိနိုင်ဖို့ ပြင်ဆင် နေကြတဲ့ သူတို့အဖွဲ့သားတွေဟာ အရမ်းအံ့ဩ သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

"အဲဒီသတင်းကို ကြားရချိန်မှာ ငါတို့တော့ သွားပြီလို့ ခံစားလိုက်ရတယ်။ အဲဒီမတိုင်ခင်က ဒီလကုန်ပိုင်းလောက် (ဒါမှမဟုတ်) ဖေဖော်ဝါရီလ ပထမပတ်လောက်မှာ ထွက်ဖို့ပြင်ဆင်နေတဲ့ အခွေအတွက် ကျွန်တော်တို့မှာ စိတ်လှုပ်ရှားပြီး ပျော်နေကြတာ။ ခုတော့ တစ်ပြားမှ မရှိတော့ဘူး။ ဘာလုပ်ရမှန်းမသိတော့ဘူး"လို့ မြန်မာတိုင်း(မ်)ကိုပြောပါတယ်။

"တကယ်တော့ ခုလိုလုပ်ခံရတာ လုံးဝမတရားဘူးလို့ ခံစားရတယ်။ လူတွေက ကျွန်တော်တို့အယ်လ်ဘမ်အတွက် သူ တို့တတ်နိုင် သလောက် ထည့်ဝင်ချင်တယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံက ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဒီဟာက ပြဿနာမဟုတ်ဘူးလို့ ထင်တာပဲ။ ကျွန်တော်တို့က အစိုးရနဲ့အလုပ်လုပ်နေတဲ့သူတွေလည်း မဟုတ်ဘူး။ ကျွန်တော်တို့က အနုပညာသမားတွေ။ ကျွန်တော်တို့က ဘယ်သူ ကိုမှ မမှီခိုတဲ့ လွတ်လပ်တဲ့ ရော့ခ်ကာတွေ"လို့လည်း ဆိုပါတယ်။

ခုလို သူတို့အဖွဲ့ရဲ့ အတွေ့အကြုံကြောင့် ၁၉၉၇ ခုနှစ်ကတည်းက ယခင် အစိုးရနဲ့ နောက်လိုက်နောက်ပါ စီးပွား ရေးလုပ်ငန်းရှင် တွေကို ထိခိုက်စေရန် ရည်ရွယ်ချမှတ်ခဲ့တဲ့ အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုအပေါ် သူ့ရဲ့အမြင်သဘောထားဟာ လုံးလုံးလျားလျား ပြောင်းလဲသွားတယ်လို့လည်း Darko C က ပြောပါတယ်။

"ခုလိုမျိုး ကိုယ်တိုင်မကြုံရခင်က အမေရိကန်ပိတ်ဆို့မှုဟာ ကျွန်တော်တို့လို သာမန်လူတန်းစားတွေကို ထိခိုက်လိမ့်မယ်လို့ လုံးဝ မတွေးမိခဲ့ဘူး။ ခုတော့ အဲဒီပိတ်ဆို့မှုဟာ သူတို့ထိစေချင်တဲ့သူကို မထိဘဲ သာမန်လူတွေကို အဓိက ထိခိုက်နေတယ်"လို့ သူက ဆိုပါတယ်။



"ချမ်းသာတဲ့သူတွေက အဲဒီပိတ်ဆို့ ထားတာတွေကို ကွေ့ကောက်ကျော် ဖြတ်သွားဖို့ နည်းလမ်းတွေရှိတယ်။ ဒါ ကြောင့် စီးပွားရေး လုပ်ငန်းတွေ သူတို့ လုပ်နိုင်တာပေါ့။ ကျွန်တော်တို့လူတွေကျတော့ ဘယ်လိုမဖြစ်နိုင်ဘူး"လို့ လည်း ဆိုပါတယ်။

လတ်တလောမှာတော့ ရော့ခ်အဖွဲ့ဟာ သူတို့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာ www.facebook.com/5ide3ffect ကနေ ငွေထည့်ဝင်ကူညီ သူတွေကို ပြန်ဆက်သွယ်လို့ မျှော်လင့်နေကြပါတယ်။
ဒါပေမယ့် IndieGoGo ဆီကနေ အလှူရှင်တွေနဲ့ ဆက်သွယ်နိုင်မယ့် အီးမေးလ် လိပ်စာတွေကိုပါ မရရှိနိုင်တော့တာကြောင့် အခက်အခဲဖြစ်နေရပါတယ်။
ဒါကြောင့်မို့ အဖွဲ့အနေနဲ့ သူတို့အခွေ ထွက်ရှိနိုင်ဖို့အတွက် ၀က်ဘ်ဆိုက်အစား ရန်ပုံငွေရှိုးပွဲကျင်းပသွားမယ်လို့လည်း ပြောပါတယ်။

လေးဇီးကလပ်တီးဝိုင်းအဖွဲ့မှ ဂီတသမားတစ်ဦးဖြစ်တဲ့ ကိုနိုင်ဇော်က "နိုင်ငံရေးပြဿနာတွေကြောင့် ခုလိုအဖွဲ့ တစ်ဖွဲ့ အခွေထွက်ဖို့ အခက်အခဲဖြစ်ရတဲ့အတွက် စိတ်မကောင်းပါဘူးလို့ ပြောချင်တယ်"လို့ ဆိုပါတယ်။

"ဒါပေမယ့် ပြောချင်တာက အရှုံးမှာလည်း အကျိုးရှိပါတယ်လို့။ ဒီလိုကိစ္စကြောင့် အဖွဲ့ကိုတောင် ကြော်ငြာပေး သလိုတောင် ဖြစ်သွားနိုင်တယ်လေ။ မီဒီယာတွေက သိသွားပြီး သတင်းတွေ ရေးပေးတယ်ဆိုရင်လည်း ဒါဟာရှေ့ ဆက်ဖို့အတွက် အကျိုး အမြတ်ပဲ။ ခု လက်ရှိမှာ နေရာရနေသူတွေကလည်း အခက်အခဲတွေကြားထဲကနေပဲ ရုန်းကန် ထွက်လာကြရသူတွေပါပဲ။ ဒါကြောင့် ဇွဲမလျှော့ဖို့လိုတယ်"လို့ ဆိုပါတယ်။

Side Effect အဖွဲ့ကို ဆက်သွယ်ချင်တယ်ဆိုရင် ဖေ့စ်ဘွတ်ခ် (သို့) အီးမေးလ် (side.effect.indie@gmail.com) ကို ဆက်သွယ်နိုင် ပါတယ်။

မြန်မာတိုင်းမ်(စ်) 
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ