ရခိုင်ပြည်ထဲခိုးဝင်ပြီးရိုဟင်ဂျာဟု၎င်းတို့ဘာသာအမည်တပ်နေသော ဘင်္ဂလီကုလားမိသားစုတစ်စု |
ရခိုင် ပြည်နယ် အတွင်း တိုင်းတစ်ပါး လူဦးရေ ထိန်းချုပ်နိုင်ရေး ဒေသန္တရ အမိန့် ထုတ်ပြန် ရခိုင်ပြည်နယ်အတွင်း တိုင်းတစ်ပါးသား လူဦးရေ ထိန်းချုပ်ရေး ဆောင်ရွက်ရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန် ဆောင်ရွက်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၄ ရက်ကပင် တင်ပြထားရှိပြီး ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှုး ချုပ် ကျော်ဇံမြင့်က ပြောကြားခဲ့သည်။
ဘင်္ဂလီမိသားစုတစ်စု၏ အင်အား |
ရခိုင်ပြည်နယ် နယ်စပ်ဒေသများတွင် လူဝင်မှုကွပ်ကဲရေးဌာနချုပ် နယ်မြေစခန်းများ ဖွင့်လှစ်ပြီး ဘင်္ဂါလီလူမျိုးများ တရားမဝင် ဝင်ထွက်မှု ကာကွယ်တားဆီးရေးအတွက် ကျင့်သုံးဆောင်ရွက်လျက် ရှိသည့် ဒေသန္တအမိန့်ကို သုံးသပ်ပြီး စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်များရှိ နယ်မြေနှစ်ခု၊ စခန်းခြောက်ခု အတွက် တိုင်းတစ်ပါးသား လူဦးရေ ထိန်းချုပ်ဆောင်ရွက်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ဒေသန္တရ အမိန့် ထုတ်ပြန်လျက်ရှိကြောင်း ပြောကြားသွားခဲ့သည်။
ဘင်္ဂလီကုလားများ |
စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်များမှာ ပင်လယ်ကမ်းခြေ ဒေသများဖြစ်ပြီး တိုင်းတစ်ပါးသားတို့ အထိန်းအချုပ်မဲ့ ဝင်ရောက်ရန် လွယ်ကူသည့် နေရာများဖြစ်ကာ ကုလားတန်မြစ်ဝ၊ ဆင်တက်မော်မြစ်ဝနှင့် ဖဒူမြစ်ဝ စသည်များမှာ ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်ကာ ဝင်ထွက်သွားလာရန် လွယ်ကူသည့် နေရာများဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
From:[_ မြန်မာရွှေမြေ _] (မောင်ကျောက်ခဲ အဖွဲ့)
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။