Feb 26, 2013

အစိုးရသစ် တာဝန်ယူပြီးနောက် နိုင်ငံရေးအခင်းအကျင်းသစ်အား အပြုသဘောဆောင်ရှုမြင်ခြင်း(၁)

ယနေ့မြန်မာ့နိုင်ငံရေးအပြောင်းအလဲကိုကျနော်တို့ရှုဒေါင့်စုံကနေကြည့်ကြရအောင်။မည်သူမည်သည့်အဖွဲ့အစည်းကိုမျှထိခတ်ပုတ်ခတ်မျက်မှန်စိမ်း
တပ်ပြီးပြောတာကြည့်တာမလုပ်ဘဲအပြုသဘောနဲ့ရှုမြင်ပေးကြပါ။ဘယ်သူတွေဘာပဲပြောပါစေ မြန်မာ့နိုင်ငံရေးအရွေ့ ဟာ နိုင်ငံတကာခေတ်ပြိုင်အပြောင်းအလဲတွေနဲ့ယှဉ်ကြည့်ရင် ငြင်သာစွာပြောင်းလဲနိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒီလိုအခြေအနေမှာ သူ့ကြောင့်ငါ့ကြောင့် သူတို့ကြောင့် ဆိုပြီးနေရာလုတာ ထိုးသွင်းဆွဲတင် အတင်းဝင်ရှုတ်ထွေးခြင်းများစွာဟာ "အမယ်ဘုတ်ရဲ့သူ့ချည်ခင် "လို ဖြစ်မလာခင်အတ္တကို ရှေ့တင်တာတွေကိုလျှော့ပြီး လုပ်ကြ ကိုင်ကြ ပြောကြ ဆိုကြမယ်ဆိုရင်ကျနော်တို့နိုင်ငံကျနော်တို့လူမျိုးကျနော်တို့ ရေမြေသဘာဝအခြေအနေတွေအရ နောက်ကျနေပေမဲ့
အောက်ကျစရာတော့မမြင်ပါဘူး။



ဒီကနေ့ နောက်ပြန်မလှည့်ဘူးဆိုတာခေတ်စားနေချိန်ဆိုတော့ကြိတ်ပြုံးမိတဲ့အတွေးက၀င်လာတော့ ပြောကြည့်ချင်သေးတာ ဘာလဲဆိုတော့သမ္မတကြီးဦးသိန်းစိန်၊" သေချာတယ်လူသာအသေခံမယ်သမိုင်းအသေမခံဘူး"ဆိုတဲ့စိတ်နဲ့ နောက်ပြန်လှည့်ဘူးလို့ယုံတယ်။ တပ်မတော် လက်ရှိကာ/ချုပ် - သူ့အလုပ် ကျေပြွန်စွာလုပ်မဲ့သူနောက်ပြန်မလှည့်ဘူး သေချာတယ်။ ပါတီတွေ နောက်ပြန်လှည့်ဖို့ အရေးလုံးဝမတွေးဘူး သေချာတယ်။တိုင်းရင်သားအရေးဆွေးနွေးဖို့လိုလာပြီ။ ဖဆပလ ၊ ပစသ ၊မဆလ ၊န၀တ ၊နယက ပြန်တွေးနေရင်နောက်ပြန် ရောက်သွားမယ်။ ပင်လုံဟာ မြန်မာဆိုတာ ဖြစ်တည်ဖို့ သန္ဓေတည်ခဲ့တာမှန်ပေမဲ့ အဲဒီခေတ်က" ရောသမ "ခဲ့တဲ့ ပယောဂတွေကြောင့်ပင်လုံပင်စင်ယူပြီး၆ နှစ်ကျော်လာတဲ့အထိပင်လုံနောက်ဆက်တွဲဟာခုထိညှိမရဖြစ်နေတာ
 ငြင်းလို့မရပါ။
ပြောချင်တာ ဒီလိုပါ ။ ပင်လုံဟာ လူမစုံသလို ဖင်မလုံဘူးလို့ဆိုရမှာပါ။လိုရာတွေး အနက်ကောက်ပြောရရင် ပင်လုံဟာမရိုးသားဘူး ။ ဗိုလ်ချုပ်ညံ့လို့တော့မဟုတ်နိုင်ဘူး ။ အဲဒီအချိန်မှာ လွတ်လပ်ရေး ရဖို့အဓိက ထားခဲ့လို့ အဲဒီခေတ် အဲဒီနေရာကိုကြိုရောက်နေတဲ့ ဘူဇွာနဲ့လူစွာ တချို့ရဲ့ ကြိုရေးထားတာတွေကို မသိယောင်ဆောင် ပေးခဲ့တာလို့ထင်ပါတယ်။အငြင်းပွားရန်များစရာတွေအများကြီးဖြစ်လာနိုင်တယ်။ ဒါကိုကျယ်ကျယ်ပြ့န်ပြ့န်ဆွေးနွေးရင် ၁၉၅၈-၁၉၆၂ အခြေအနေပြန်ရောက်သွားနိုင်တယ်။ဒါကြောင့် နောက်ပြန်မလှည့် ကြေးဆိုတာမို့ပင်လုံကိုအသေဆုပ်ကိုင်ပြီး ပြောနေမဲ့အစားပင်လုံကိုလည်းမပစ်ပယ်ပိုကောင်းမဲ့ အတွေးနဲ့ ဆွေးနွေးကြရင်ကောမဖြစ်နိုင်လို့လား။ပင်လုံကိုသွားရင်းနဲ့ နောက်ပြန်လှည့်တာမျိုးဖြစ်မနေသင့်တော့ဟုယူဆပါသည်။


ပြန်ကောက်ကြည့်ရအောင် ။
အစိုးရ ၊ပါတီ ၊လွှတ်တော် ၊ဟိုအော်ဒီအော် အားလုံးကို ဦးဆောင်နေသူများကို ယုံပါသည်ဟုဆိုပါစို့။ သို့ရာတွင် အနှီပုဂ္ဂိုလ် အဖွဲ့အစည်းများအနီးတွင်ဝန်းရံထားသော နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော
ပြည်ဖျက်ပိုးများကို မြင်အောင်ကြည့်တွေ့အောင်ရှာကြည့်ရန်လိုပါမည်။ နိုင်ငံရေး စနစ်သစ် လူမသစ်ပေမဲ့ မူအသစ်နဲ့ လျှောက်လာတဲ့ ခရီးငဲ့စောင်းပြီးကြည့်မှ တချို့တချို့သောအဖွဲ့အစည်း အနီးအဝေး၊
မနီးမဝေးတို့မှာပိုးလောက်တက်စိတ်ဓာတ်နဲ့ဆွဖ-ွကြွလုပ်နေကြတာတွေအတော်ကိုများလာတာမြင်နေရပါပြီ။

ကြီးမားတဲ့အပြောင်းအလဲတွေ ပြန်ကြည့်ရင် မြစ်ဆုံကစလို့စာပေလွတ်လပ်ခွင့်၊အလုပ်သမားအရေး၊ မြေယာအရေး ၊ဆက်သွယ်ရေး၊ ရခိုင်ပြည်နယ်အရေး ၊လက်ပံတောင်းတောင်အရေး၊ ငြိမ်းချမ်ရေး ၊ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်တဲ့အရေး ၊( ကြားဖြတ်ပြီး၁ချက်ပေါ့ ။ နို့နံ့မစင်အတွေးအမြင်မရှိတဲ့ political. standard မရှိသေးတဲ့ကလေးတွေ ကိုယ်ကျင့်တရား လိုအပ်သူတွေပါလာကလွဲလို့ပေါ့) အများကြီးပါ ။ဒီအပြောင်းတွေကို ခုချိန်မှာ အဂတိမပါဘဲ ပြန်သုံးသပ်ကြည့်သင့်တယ်လို့ ထင်ပါတယ်။ အငြင်းပွား အချင်းများဖို့ ဆိုလိုခြင်းမဟုတ်ပါ။ဘာကြောင့် ဖြစ်လာလဲ။



ကောင်းကျိုးဆိုးကျိုး  အကြောင်းပြချက်တွေနဲ့ရလဒ်အရှုံးအမြတ် ဖြစ်သင့်တာလား ၊မဖြစ်သင့်တာလား ။ နိုင်ငံ -ပြည်သူ -သဘာဝပတ်ဝန်းကျင်- လူပုဂ္ဂိုလ် -အဖွဲ့အစည်း- အသိုင်းအ၀ိုင်း - နိုင်ငံရေး- နိုင်ငံတကာရေး -စီးပွားရေး-လူမှုရေး စသည်ဖြင့်ပေါ့ ။ဘယ်သူတွေအကျိုးအမြတ်ရသွားလည်း ။နစ်နာသွားလဲ ။ပေါ်ပေါ်ထင်ထင်လား ။တိုးတိုးတိတ်တတိတ်လား ။ပယောဂတွေရှိသလား ။ဒေါသတွေရှိသလား ။သင်ခန်းစာဖော် ထုတ်မှုကိုအပြုသဘောနဲ့တွေးမြင်ကြည့်မှာမို့ ပါဝင်နိုင်ပါတယ်။ပထမဆုံး မြစ်ဆုံနဲ့ပတ်သက်ပြီး ပထမဆုံး စပြီး အကြောင်းအကျိုးအကောင်းအဆိုးအပြန်အလှန်ဆွေးနွေးကြရအောင်။

မောင်မျက်မှန်(ကွမ်းခြံကုန်း) 
အပိုင်း(၂)ဆက်ပါမည်။
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ