Feb 27, 2013

မြန်မာတပ်မတော်ထံ အလင်းဝင်ရန် ကြိုးစားခဲ့သော KIA တပ်ဖွဲ့ဝင် များအား ကေအိုင်အေမှ သေဒဏ်ပေးခဲ့

ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်းအစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစားခဲ့သည့်ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအ၀င်KIAအဖွဲ့ဝင်(၄၂)ဦးအားသေဒဏ်အပြစ်ပေးရန်အတွက် ဆုံးဖြတ်ခဲ့ကြောင်းသတင်းရရှိသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် အရေးပေါ်စစ်ဆင်ရေးအစည်းအဝေးတွင် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း KIA အရာရှိတစ်ဦးမှ ပြောကြားသည်။
ကေအိုင်အေ မှ သေဒဏ်ပေးလိုက်သော စာရင်းအားထုတ်ပြန်ပြီး ကေအိုင်အေတပ်ဖွဲ့ဝင်များ အလင်းဝင်လျှင် ဤသို့ဖြစ်မည်ဟူသော သဘောဖြင့် ကေအိုင်အေအဖွဲ့အတွင်း ဖော်ပြပါ စာရင်းထုတ်ပြန်လိုက်သည်

ကချင်ခေါင်းဆောင်အချို့မှ ယခုကဲ့သို့သောကချင်လူမျိုးများအတွက်
အရေးကြီးချိန်တွင် ပြင်းထန်သော ပြစ်ဒဏ်များမပေးသင့်ကြောင်း ၀ိုင်ဝန်းကန့်ကွက်ပြောဆိုခဲ့ကြသဖြင့် သေဒဏ်ပြစ်ဒဏ်ပေးခြင်းအားခေတ္တဆိုင်းငံ့ထားကြောင်းသတင်းရရှိသည်။

ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင်များအား
သေဒဏ်မကြာခဏပေးလျက်ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလဲ လိုင်ဇာဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ရ၀မ် လူမျိုး(၂)ဦး အားအစိုးရမှ ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင်ရန် အခြားတပ်ဖွဲ့ဝင်များအားစည်းရုံးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် သေဒဏ်ပေးခဲ့သေးကြောင်း သိရှိရသည်။

KIA အဖွဲ့တွင် တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များပေးနေခြင်းနှင့်ပတ်သက်၍
ကချင် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များမှ မကျေနပ်ကြသော်လည်း KIA ခေါင်းဆောင်များအပေါ် လွန်ဆန်မှု မပြုနိုင်ကြောင်းသိရှိရသည်။

KIAတပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သောလဂျားယန်ဒေသစစ်ပွဲများတွင် အထိအခိုက် အကျအဆုံးများပြားခြင်း၊ လိုင်ဇာမြို့အားထိန်းချုပ်ထားနိုင်သောအရေးကြီးတောင်ကုန်းများသည် အစိုးရစစ်တပ် လက်အောက်သို့ ကျရောက်သွားခြင်း၊ အစားအသောက်နှင့် ရိက္ခာ
ဆေးဝါးများ လုံလောက်စွာမရရှိခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းလာကာ
အစိုးရစစ်တပ်များနှင့် ပူးပေါင်းရန် ကြိုးစားလာသည့် ဖြစ်စဉ်များ များပြားလာကြောင်း သတင်းရရှိသည်။

နော်ဒင်
လိုင်ဇာ
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အဲ..(၄၂)ယောက်လုံး အသတ်မခံရခင်မြန်မာ့တပ်မတော်ထဲအမြန်ဝင်ခိုင်းလိုက်ပါ။ ခွေးမသား ဂမ်ရှောင်ဖင်တွန့်သွားအောင်။

Anonymous said...

ABSDF လူသတ်သမား ဒေါက်တာနိုင်အောင်ေ၇ာ်နယ်အောင်နိုင် တို့က ကျောင်းသားအချင်းချင်း ဇာတ်တူသားစားပီး တော်လှန်ရေးမှာအတူလက်တွဲလုပ်ကိုင်ခဲ့ကြတာကိုမထောက်ထားပဲ လွယ်လွယ်လေး အစိုး၇သူလှျိုလို့စွပ်စွဲ လွယ်လွယ်လေး နှိပ်စက်သတ်ဖြတ်လို့ ကျောင်းသား ၄ဝ သေသွားတာကို KIA ဂမ်ေ၇ှာင်က အားကျနေတယ်

ကေအိုင်အေတပ်သား ၄၂ ယောက်ကို တော်လှန်ရေးမှာအတူလက်တွဲလုပ်ကိုင်ခဲ့ကြတာကိုမထောက်ထားပဲ အစိုး၇ဖက်ကိုအလင်းဝင်ဘို့ကြိုးစားတယ်လို့ လွယ်လွယ်လေး စွဲချက်တင်ပီး လွယ်လွယ်လေး သေဒဏ်ပေးဖို့ပြောနေတယ်

Unknown said...

kia ဆိုတာ ဘာကောင်းကျိုးပြုသလဲလို့ မေးခဲ့ဘူးတယ်လေ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ