Jun 15, 2012

မလေးရှားမှာ ဘင်္ဂလီတွေ မြန်မာနဲ့ရခိုင်တွေကို ဒုက္ခပေးနေပြီ

မလေးမှာ ဘင်ဂလီတွေ ရခိုင်တွေ မြန်မာတွေကို ကြုံသလို ကားနဲ့ တင်ဖမ်းပြီး ရိုက်သတ်နေတယ်။ တနေ့  ၂ယောက် ၃ယောက် ရိုက်ခံသတ်ခံနေရပါတယ် လို့ မလေးရှား ရောက် မြန်မာ အသိုင်းအဝိုင်းက ဖုန်းဆက်သတင်းပေးလာပါတယ် ။
လွန်ခဲ့တဲ့ ၇ နာရီခွဲခန့်ကလည်း ကေအယ်လ် တွင် ဘင်္ဂလီ ၄ ဦးမှ ရခိုင်အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး ကာပေါ်တွန်းတင်သွားကြောင်း မျက်မြင်တွေ့ရှိသူများက မြန်မာ အသိုင်းအဝိုင်းကို လာပြောပါတယ်။

ဒီနေ့လည်း မလေးရှားနိုင်ငံ ဂုံဘတ် ဘာတူးအမ်ပတ်မှာနေထိုင်တဲ့ ရခိုင်လူမျိုး ကိုမင်းမင်းထွန်း (ဇာတိ _ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာ) အလုပ်ကအပြန်မှာ ကုလားများ ကားနဲ့ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ အသိတစ်ယောက်က မက့်ဆေ့ခ်ျကနေ လာပြောသွားပါတယ် ။အဲဒီသတင်းကို အတည်ပြုဖို့အတွက် မလေးရှားကအသိတစ်ယောက်ကိုဆက်သွယ်ခိုင်းကြည့်တဲ့အခါ ကိုယ်ဝန်ခုနစ်လနဲ့ ဇနီးဖြစ်သူက ဟုတ်မှန်ကြောင်း ပြောသွားခဲ့ပါတယ်။ ကိုမင်းမင်းထွန်းတို့လင်မယားဟာ UNHCR ဒုက္ခသည်ကတ်ကိုင်ဆောင်ထားသူများဖြစ်ကြပြီး ဇနီးဖြစ်သူဟာ မလေးရှားစကားမပြောတတ်တဲ့အတွက် သက်ဆိုင်ရာကိုတိုင်ကြားဖို့ အခက်အခဲရှိနေတဲ့အပြင် စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ မလေးရှားရောက် ရခိုင်လူမျိုးများဆက်သွယ်ပြီး အကူအညီပေးကြပါလို့လည်း အကုအညီတောင်းခံနေပါကြောင်း အထူးသတင်း ရရှိထားပါတယ် ခင်ဗျာ ။

မောင်ကျောက်ခဲ
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ