Jun 22, 2012

အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့ KIA


KIA ရင်း(၂၅)မှာရှိတဲ့ KIA တပ်စခန်းများမှ တပ်ဖွဲ့ဝင်များနဲ့ ဒွန်ဘုံးရွာနဲ့အနီးအနားက ကချင်လူမျိုး မိသားစုတွေကို ငြိမ်းချမ်းရေးလိုလားခြင်း ရှိ/မရှိကို ဇွန်လ ၁၈ ရက်နေ့ မှာ KIA ဗဟိုမှ အတင်းအကြပ်ဆန္ဒကောက်ယူ
ခဲ့တယ်လို့သိရပါတယ်။ ရွာသားများနဲ့ KIA တပ်ဖွဲ့ဝင်တွေက ငြိမ်းချမ်းရေးကို မလိုလားဘူးလို့ဆန္ဒပြုခဲ့ကြပါတယ်။ KIAအောက်ခြေ တပ်ဖွဲ့ဝင်များနဲ့ရွာက မိသားစုဝင်တွေ နေထိုင်စားသောက်တာအဆင်မပြေမှု၊ ကျန်မာရေး စောင့်ရှောက်
တာ အားနည်းမှု၊ စီးပွားရေးကျဆင်းမှု၊ ဒုက္ခအမျိုးမျိုးရောက်နေမှုကြောင့် ငြိမ်းချမ်းရေးကို အကြွင်းမဲ့လိုချင်ချင်နေကြပေမယ့် အခုလိုရွာသားတွေအရှေ့မှ ငြိမ်းချမ်းရေးကို လိုလားတယ်လို့ပြောရင် အရေးယူခံရမှာကြောက်သလို
ရွာသားတွေကလည်း ငြိမ်းချမ်းရေးကို လိုလားနေတယ်လို့ပြောရင် နှိပ်စက်ခံရမှာကိုကြောက်လို့ မပြောရဲခဲ့ကြဘူးလို့  KIA တပ်သားတစ်ဦးကပြောပါတယ်။

KIA အောက်ခြေ တပ်ဖွဲ့ဝင်တွေ အစားအသောက်အနေအထိုင်ဆင်းရဲတဲ့ အပြင် ဆေးဝါးကုသမှု အတွက်
ကိုယ့်ဘာသာကိုယ်လုပ်ဆောင်ရတာဖြစ်ပါတယ်။ KIA ဗဟို လိုင်ဇာမှာရှိတဲ့ ခေါင်းဆောင်ပိုင်းတွေက မြို့ပေါ်မှာ အေးအေးဆေးချမ်းချမ်းသာသာနဲ့ မိန်းကလေးတွေနဲ့ ပျော်ရွှင်မြူးတူးစွာ ဇိမ်ခံနေကြပြီး အောက်ခြေကို ဘာမှ ထောက်ပံ့မှုမပေးဘဲ အစိုးရတပ်ကိုတိုက်ခိုင်း၊ ဒေသခံတွေကို ဒုက္ခအမျိုးမျိုးပေးခိုင်းနေတာတွေဘဲ လုပ်ခိုင်းနေပါတယ်။
KIA ဗဟိုက ပြင်းထန်တဲ့အမိန့်တွေကြောင့် ငြိမ်းချမ်းရေးကိုလိုချင်ပေမယ့်လဲ မပြောရဲကြဘူး။ ထွက်ပြေးလို့ ဖမ်းမိရင်လဲ  အသတ်ခံရတယ်။ ဒါကြောင့် KIA တပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေက KIA ခေါင်းဆောင်တွေရဲ့ပြင်းထန်ရက်စက်တဲ့ အမိန့်တွေကိုကြောက်ပြီး ငြိမ်းချမ်းရေးကိုလိုချင်နေပေမယ့်လဲ မလိုချင်ဘူးလို့ မျက်စိကိုစုံမှိတ်ပြီး စိတ်ထဲကမပါဘဲနဲ့
ပြောခဲ့ရတယ်လို့ ရင်း(၂၅)မှ KIA တပ်ဖွဲ့ဝင် တစ်ဦးက KDN သတင်းထောက် တစ်ဦးအား သတင်းပေးပို့ထားတာပါ ။
_________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ