Jun 22, 2012

KIA တပ်ဖွဲ့ဝင်များပါ ငြိမ်းချမ်းရေးကို မျှော်လင့်နေကြပြီ

ဇွန် ၂၁ရက် နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၉/၂၀ ရက်လောက်မှာ KIO/KIA မှ ခေါင်းဆောင်များနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဘို့အတွက် ဗန်းမော်-လွယ်ဂျယ်မှတစ်ဆင့် မိုင်ဂျာယန် ဘက်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။ KIA တပ်မဟာ(၃)မှူး ဒုတိယဗိုလ်မှူးကြီး မရန်တောင်လာကလည်း သူ့ရဲ့လက်အောက်ခံ တပ်ရင်းမှူး တွေကို ငြိမ်းချမ်းရေးဆွေးနွေးနေကြလို့ အထင်အမြင်လွဲမှားစေနိုင်တဲ့ ကိစ္စရပ်တွေမလုပ်ဘို့၊ မတော်တဆ စစ်ကြောင်း တွေနဲ့ တွေ့ခဲ့ရင် တောင်ရှောင်ပေးဘို့ လက်အောက်ငယ်သားတေကွ ကို ပါ ညွှန်ကြားထားတဲ့အတွက် ဒီရက်ပိုင်းအတွင်း အိပ်ရေး၀၀အိပ်ပြီးအနားရကြောင်း မိုင်ဂျာယန်ဒေသမှာရှိတဲ့ KIA အရာရှိငယ် တစ်ဦးကဆိုလာပါတယ်။ ကချင်ပြည်နယ်အတွင်း ထာဝရငြိမ်းချမ်းရေးရဖို့အတွက် စစ်ဘေးဒုက္ခသည် ပြည်သူလူထုရော နိုင်ငံရေး ပါတီတွေရော၊ NGO အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေရော ၀ိုင်းဝန်းကြိုးပမ်းနေကြတဲ့အပြင် KIA အဖွဲ့အစည်းအတွင်းမှာရှိတဲ့ တပ်မှူးတပ်သားတေပွါ ငြိမ်းချမ်းရေးကို နှစ်နှစ်ကာကာလိုလားတောင့်တနေကြကြောင်း ဇွန်လ ၂၀ ရက်နေ့က လွယ်ဂျယ်မြို့မှ ဒေသခံတစ်ဦးက KDN ကို သတင်းပေးပို့လာပါတယ်။

___________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ