Jun 20, 2012

ရခိုင်မှာ ဆရာဝန်တစ်ယောက် ၅ သိန်း-သူနာပြုတစ်ယောက် ၁ သိန်းခွဲ.ချီးမြှင့်ကာ လုပ်အားပေးခေါ်ယူ

ရခိုင်တိုင်းရင်းသား ဒုက္ခသည်များအတွက် ဆရာဝန်နှင့် ဆရာဝန် အကူ သူနာပြုများ အရေးတကြီးလိုအပ်
နေသောကြောင့်ရခိုင်ပြည်နယ် ဘေးဒုက္ခ ကယ်ဆယ်ရေးကော်မတီက ခေါ်ယူလျှက်ရှိကြောင်းသိ၇ပါသည်။
ဆရာဝန်တစ်ဦးလျှင် တစ်လကို ငွေကျပ် ၅၀၀၀၀၀(ငါးသိန်း) နှင့် ဆရာဝန်အကူ သူနာပြုအတွက် တစ်လလျှင် ငွေကျပ် ၁၅၀၀၀၀(တစ်သိန်းခွဲ) တို့အား ချီးမြှင့်မည်ဖြစ်ပြီး ယင်းတို့အတွက် အခြားခံစားမှူများကိုပါ ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရပါသည် ။

အဆိုပါရခိုင်ပြည်နယ် ဘေးဒုက္ခ ကယ်ဆယ်ရေးကော်မတီ ဗဟန်းမြို့နယ် ဦးထောင်ဘိုလမ်း ဓညဝတီသာသနာပြုကျောင်းတိုက်တွင် အလှူငွေများ လက်ခံရန် ဖွင့်လှစ်လျှက်ရှိရာ ဆရာဝန်နှင့် ဆရာဝန်အကို သူနာပြုများ လျှောက်ထားလိုသူတို့က ယင်းကော်မတီသို့ လာရောက် လျှောက်ထားနိုင်ကြောင်း ကော်မတီတာဝန်ရှိသူတစ်ဦးက ဆိုသည် ။


" ဆရာဝန် လိုအပ်ချက်က များတယ် ။ဒါကြောင့်မို့လို့ အခုလိုခေါ်ယူရတာ ဖြစ်ပါတယ် ။ ရခိုင်ပြည်နယ်ရဲ့ ကယ်ဆယ်ရေးစခန်းတွေမှာက ဝမ်းလျှော ဝမ်းပျက်တွေ ဖြစ်နေပြီ ။ ကလေးသူငယ်တွေ ဖျားနာနေကြတယ်။မိုးဦးရာသီဖြစ်တဲံ့အတွက် ကြောင့်လည်း ပါတာပေါ့ ။ ဒါကြောင့် လျှောက်ထားလိုသူတွေအနေနဲ့ အမြန်ဆုံးလာရောက် လျှောက်ထားစေချင်တယ် "
ဟု ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

ရခိုင်တိုင်းရှုးသားများ တိုးတက်ရေး ပါတီ၏ စာရင်း ဇယားများအရ ရခိုင်ပြည်နယ် စစ်တွေ ၊ မောင်တော  ဘူးသီးတောင် ၊ ရသေ့တောင် ၊ ပုဏ္ဍားကျွန်းမြို့နယ်များ အတွင်းတွင် ကယ်ဆယ်ရေး စခန်းပေါင်း ၈၉ ခု ရှိပြီး ၊ ဒုက္ခသည်ပေါင်း ၃၅၀၀၀(သုံးသောင်း ငါးထောင်)ကျော် ရှိမည်ဟု သိရပါသည် ။
ဝမ်းပျက် ဝမ်းလျှောရောဂါများ စတင်ဖြစ်ပေးနေသည့် ကယ်ဆယ်ရေးစခန်းများမှာ စစ်တွေမြို့နယ်မှ ကယ်ဆယ်ရေးစခန်းအချို့တွင် ဖြစ်ကြောင်း သတင်းရရှိပါသည် ။
 (မေငယ်)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ