Jun 22, 2012

KIA တပ်မဟာ(၂) ရင်း(၁၄)မှ ဗိုလ်ကြီး လဗျစိန်နဲ့ ၃ ဦး မိုင်းထောင်ရင်းပေါက်ကွဲပြီး သေဆုံး

ဇွန်လ  ၁၇ရက်နေ့ ညနေ ၇နရီခွဲလောက်မှာ ခေါကြောင်ရွာနားလေးမှာ KIA တပ်မဟာ(၂) ရင်း(၁၄)မှ ဗိုလ်လဗျစိန်နဲ့  ၃ဦး ကမိုင်းထောင်ရင်း မိုင်းပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၄ဦးစလုံး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ရုပ်အလောင်း များကို
၁၈ရက်နေ့ရက်လည် ၁၂နာရီမှာ စစိန်မြို့နယ်မှူး ဗိုလ်ကြီး လဗျယ်နဲ့ ၂၀ဦးလောက်က သယ်ဆောင်ပြီး ၎င်းတို့ရုံး နားလေးမှာဘဲ မြုပ်ခဲ့ပြီးဆုတောင်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
KIA တပ်ဖွဲ့ဝင်တွေက အခုမှ ဒီလိုကိုယ်ထောင်မိုင်းနဲ့သေတာမဟုတ်ရပါဘူး။ အရင်းကတည်းက ရထားလမ်း မိုင်းထောင်ရင်း၊ တံတားတွေမိုင်းထောင်းရင်း၊ ရဲကားကို မိုင်းခွဲဖို့ကြိုးစားရင်းနဲ့ သေဆုံးမှုတွေအများကြီးပါ။

 KIA ဗဟိုက မိုင်းတွေကိုဖောက်ခွဲတဲ့သူပါ သေဆုံးအောင်ပြုလုပ်ထားတဲ့စနစ်ကို အသုံးပြုထားတဲ့သတင်းတွေရပြီး မိုင်းဖောက်ခွဲတဲ့ တာဝန်ခံတွေက မိုင်းဖောက်ခိုင်းတာတွေကိုမလုပ်ဘဲ အမျိုးမျိုးပြပြီးရှောင်နေကြပါ။ အခုလဲ မိုင်းထောင်တဲ့သူတွေကိုယ်တိုင် သေဆုံးခဲ့တယ်ဆိုတော့ တကယ်ဘဲ KIA ဗဟိုက ကိုယ့်ရဲ့တပ်ဖွဲ့ဝင်တွေကို ရက်ရက် စက်စက်လုပ်တာလား ဒါမှမဟုတ် မိုင်ထောင် မိုင်းဖောက်မယ့်သူတွေကို သေသေချာချာမသင်ပေးဘဲနဲ့ လုပ်ခိုင်းတော့ သေကြမှာဘဲလေ။
ဘုရားသခင်ရဲ့ အလိုတော်ကျအတိုင်း မကောင်းတာလုပ်တဲ့သူက မကောင်းတဲ့လမ်းစဉ်နဲ့ ရုပ်ပျက်ဆင်းပျက်
သေကြရတာဘဲလို့ဘဲ မှတ်ယူရမှာဖြစ်ပါတယ်။ ဘုရားသခင်ပြောခဲ့တဲ့ မကောင်းတာ လုပ်ရင်မကောင်းတာ ဖြစ်မယ် ဆိုတဲ့အချက်ကို ရှေ့က လူတွေပြသခဲ့ပြီးပါပြီး နောက်လူတွေက သံဝေဂရပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေသင့်နေပြီးလို့
စစိန်မြို့ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ