Nov 27, 2012

မိုဘိုင်းအင်တာနက် အသုံးပြုမှု ကျသင့်ငွေအတွက် Volume ဖြင့် ကောက်ခံမည့် ယာယီဈေးနှုန်း သတ်မှတ်

မိုဘိုင်းအင်တာနက် အသုံးပြုမှုကျသင့် ဘီလ်(ငွေ)ကိုမိနစ်ဖြင့်ကောက်ခံနေရာမှအသုံးပြုသည့် Volume အလိုက် ပြောင်းလဲကောက်ခံမည့် အစီအစဉ်ကို လာမည့် ဒီဇင်ဘာလအတွင်း စတင်ကျင့်သုံးသွားမည်
ဖြစ်ကြောင်း၊ Volumeစနစ်ဖြင့်ကောက်ခံမည့်ဘီလ်နှုန်းထားများကိုလည်းယာယီအဆင့်သတ်မှတ်ပြီးစီးနေပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

“လျာထားတာက 100 Kbyte ကို ၂ ကျပ်၊ 1 M ကို ၂၀ ကျပ်၊ လစဉ် 100 M ကို ၁၅၀၀ ကျပ် ဒါမှမဟုတ် ၁၈၀၀ ကျပ်လောက် ကောက်ခံဖို့ စီစဉ်ထားတယ်။ ဈေးနှုန်းတွေက များများသုံးရင် လျှော့ပေးထားတယ်ဆိုတဲ့ သဘောပဲ” ဟု အင်ဂျင်နီယာချုပ်က ဆိုသည်။


မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုမှုဘီလ်စနစ်
ပြောင်းလဲကောက်ခံခြင်းသည် အင်တာနက်စနစ်ကို မိုဘိုင်းဖုန်း၌ ဖွင့်ထားရုံဖြင့် ဘီလ်ပေးဆောင်ရခြင်းမရှိဘဲ အင်တာနက်စနစ်ကို ဝင်ရောက်အသုံးပြုမှသာလျှင် ဘီလ်ပေးဆောင်ရသည့်အတွက် အသုံးပြုမှုများ အနေဖြင့် ပိုမိုအဆင်ပြေလာနိုင်သည်ဟု နေ့စဉ်မိုဘိုင်း အင်တာနက်အသုံးပြုသူ တချို့က ပြောသည်။

“အရင်က 3G သုံးတဲ့ WCDMA တွေဟာ GSM ကွန်ရက်ထဲကို ရောက်
သွားရင်Speed က နည်းသွားတယ်။ ဒါပေမယ့်လည်း သူက တစ်မိနစ် ၄ ကျပ်နှုန်း ပေးနေရတဲ့အတွက် နစ်နာမှုရှိတယ်။ အင်တာနက်စနစ်ကို ဖွင့်ပြီး မပိတ်မိသူတွေ အတွက်လည်း နစ်နာမှုက ရှိနေတယ်။ အခုက Download ဝင်လုပ်မှ ပေးရတဲ့ သဘောမျိုး ဖြစ်သွားတယ်” ဟု ဦးဌေးဝင်းက ပြောသည်။

လက်ရှိ သတ်မှတ်ထားသော ယာယီဈေးနှုန်းများသည် အင်တာနက် အသုံးပြုသည့် GSM, WCDMA, CDMA 800 စသည့် မိုဘိုင်းဖုန်း အားလုံးအတွက် အကျုံးဝင်ကြောင်း၊ ဈေးနှုန်း အတည်သတ်မှတ်ပြီးပါက ယခင်ခွဲခြား သတ်မှတ်ထားသည့် တစ်မိနစ် ၂ ကျပ်၊ တစ်မိနစ် ၄ ကျပ်ဟူသော ဈေးနှုန်းများကို ပယ်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဆက်သွယ်ရေးက သူတို့ဘက်မှာ Loading အရမ်းများလို့ Volume အလိုက်ကောက်တာ ဖြစ်နိုင်တယ်။ သာမန် Facebook၊ Gtalk သုံးသူလောက်တော့ အဆင်ပြေတယ်။ ကျွန်တော်တို့ အတွက်တော့ သိပ်အဆင်မပြေလောက်ဘူး။ ဘာလို့လဲဆိုတော့ ios Firmware တစ်ခုကိုတောင် 1G, 2G လောက်ရှိနေတယ်” ဟု Golden Wave မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာ အရောင်းဆိုင်မှ ကိုနေဇော်လွင်က ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

From:[_International Social Network Myanmar_]
(မောင်ကျောက်ခဲ အဖွဲ့)
_______________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ